အားနည်းသူကို အနိုင်ကျင့်ခြင်းလား
Vol. 33 Ch. 452
ကောင်းကင်ယံ တစ်ခွင်လုံး သွေးမှုန်များဖြင့် ပြည့်သွားကာ အလောင်းက မြေပြင်သို့ ကျလာ၏။
ထိုတခဏတွင် မြို့စားအိမ်တော်၌ ရှိနေသုများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကုန်ကြတော့သည်။
လောထျန်းက တစ်လုံးချင်း ပြောလာ၏။
" ပထမ တစ်ယောက်... "
သူ့စကားသံမှာ အားလုံး၏ ရင်ထဲ၌ မိုးထစ်ချုန်းသံကြီး လိုပါပင်။
တစ်ချိန်တည်း၌...
ဝှစ်...
လောထျန်းက တည်နေရာရွှေ့ပြောင်း၍ တာအိုဘုန်းတော်ကြီးရှေ့သို့ ရောက်လာပြန်၏။
" အား.... "
တာအိုဘုန်းတော်ကြီး လန့်သွားပြီး တစ်ခုခု အော်ပြောရန် ပြင်လိုက်စဉ်မှာပင်...
လောထျန်းက သူ့အား ကန်ထုတ်လိုက်တော့သည်။
ဘုန်း...
ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ တာအိုဘုန်းတော်ကြီး၏ ခန္ဓာကိုယ်က သွေးမှုန်များအဖြစ် ပေါက်ကွဲထွက်သွားကာ အရိုးအချို့သာ အောက်ပြန်ကျလာ၏။ သူ့ သေဆုံးမှုမှာ အလွန် ဆိုးရွားသည်ဟု ပြောရမလိုပင် ။
" နှစ်ယောက်... "
လောထျန်းက အေးစက်စက် ပြောလိုက်ပြန်သည်။
မြို့စားအိမ်တော်၌ ရှိနေသူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ကြောက်လန့်သွားကြ၏။
ဝှစ်... ဝှစ်...
ထိုစဉ်မှာပင် သားရဲသခင် နှစ်ယောက်က အခြေအနေ မကောင်းသည်ကို သတိထားမိသွားပြီး ထွက်ပြေးရန် ပြင်လိုက်ကြသည်။
သို့သော်...
ဝှစ်...
ထိုစဉ်တွင် လောထျန်းက သူတို့ထဲမှ တစ်ယောက်ရှေ့သို့ တည်နေရာရွှေ့ပြောင်း ရောက်သွားကာ လက်ဖျောက်တစ်ချက် တီးလိုက်၏။ ချက်ချင်းမှာပင် တဖက်လူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်၌ အပေါက်များ ပေါ်လာပြီး ထိုသူ သေဆုံးသွားရပြန်တော့သည်။
" သုံးယောက် "
လောထျန်း က အေးစက်စက်ပြောကာ နောက်တစ်ယောက်၏ အနောက်ဘက်တွင် ပေါ်လာပြန်၏။
ဖြန်း..
လက်ဝါးချက် တစ်ချက်နှင့်အတူ လေထဲတွင် ရှိနေသော ထိုလူ မြေကြီးပေါ် ကျသွားပြီး အပိုင်းပိုင်း ဖြစ်သွားတော့သည်။
" လေးယောက်... "
လောထျန်းက အေးစက်စက် ထပ်ပြော၏။
သိုင်းကွက် လေးကွက်နှင့် လူလေးယောက်အား သတ်ပစ်နိုင်ခဲ့လေပြီ ။
သိုင်းကွက် တစ်ခုစီမှာလည်း သေသပ်ကျနပြီး မည်သို့သော တုန့်ဆိုင်းမှုမျိုးမှ မရှိခဲ့ပါ။
ထိုအချိန်တွင် ရှောက်ထျန်းလုံအား ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့် အဖွဲ့ထဲမှ ကျန်သားရဲသခင် ၃ ဦးမှာ အလွန်ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
" သူ့ကို တိုက်ကြမယ် "
တစ်ယောက်က ပြောလိုက်သည်။
" သတ်ကြမယ်ဟေ့ "
ကျန်နှစ်ယောက်ကလည်း ထိစကား တစ်ခွန်းသာ ပြောပြီး လောထျန်းဆီသို့ ပြေးဝင်သွားကြ၏။
သို့သော်... သူတို့၏ ကြိုးစားမှုက အလကားပါပင်...
ထိုသုံးယောက်က လောထျန်းအား ကျော်သွားပြီး သူ့အနောက်ဘက် ဆယ်ပေအကွာမှသာ ရပ်သွားကြသည်။
" ခုနစ်ယောက်.... ပြီးသွားပြီ "
လောထျန်း တစ်လုံးချင်း ပြောလိုက်၏။
ဘုန်း... ဘုန်း.... ဘုန်း...
ထိစဉ်မှာပင် သူ့အနောက်ဘက်နားရှိ လူသုံးယောက်၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားသည့် အသံ ထွက်ပေါ်လာတော့၏။
" ဒါ.... "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသားပင်...
ထိုအနီးနားတဝိုက်တွင် လူပေါင်းများစွာ ရှိနေကြသည့်တိုင် လောထျန်း မည်သို့ လှုပ်ရှားလိုက်သည်ကို မည်သူကမှ မမြင်လိုက်ကြပါချေ။
တဖက်မှ အစွမ်းထက် ကျင့်ကြံသူ သုံးဦးက ဤမျှ ဆိုးရွားစွာ သေဆုံးသွားခဲ့ရ သတဲ့လား..
ထိုသားရဲ သခင် ၇ဘယောကျမှာ မကြာသေးမီ အချိန်ကပင် မောက်မာခက်ထန်သော မျက်နှာထားများ ကိုယ်စီဖြင့် ရှိနေခဲ့ကြပြီး နိုင်မည်ကို သေချာနေသယောင် ယုံကြည်ချက်အပြည့် ဖြစ်နေခဲ့ပါသေးသည်။
သို့သော် မကြာခင် အချိန်တိုလေးအတွင်း သူတို့အားလုံး သေသွားကြရမည်ဟု မည်သူကမှ ထင်မထားမိခဲ့ကြပါ။
ထိုအချိန်တွင် လေထဲမှ တိုက်ပွဲမှာလည်း အခြေအနေ ပြောင်းနေခဲ့လေပြီ။
အမည်းရောင် ရေခဲငှက်ကြီးသည် နောက်ဆုံးတွင် မြွေဖြူ၏ ရေခဲအစွမ်းနှင့် ရင်ဆိုင်ရာ၌ အခြေအနေ မဟန်တော့ပါချေ ။ သူ့တောင်ပံများ တစ်ဝက်မှာလည်း မြွေဖြူ၏ ထျန်းရွှမ်းဖန်ပုလင်းနှင့် ထိမိသွားခဲ့ကာ အေးခဲသွားခဲ့၏။
ထိုအချိန်တွင် တဖက်မှ ရှောက်ထျန်းလုံက အခွင့်အရေးကို အမိအရယူပြီး အမည်းရောင် ရေခဲငှက်ကြီးရှေ့သို့ ပျံသန်းရောက်ရှိလာသည်။
ချွှင်...
သူ့လက်ထဲတွင်လည်း ဓားတိုလေးတစ်လက် ရှိနေပြီး ၎င်းအား လေထဲမြှောက်၍ ရှေ့သို့ လွှဲခုတ်လိုက်၏။
ဇွပ်...
အမည်းရောင် ရေခဲငှက်ကြီး၏ ခေါင်း ချက်ချင်း နှစ်ပိုင်းကွဲသွားတော့သည်။
ရှောက်ထျန်းလုံလေး ခပ်မြန်မြန်ပင် လှုပ်ရှားသွားကာ အမည်းရောင် ရေခဲငှက်ကြီး၏ အလောင်းအား ဟင်းလင်းပြင် လက်စွပ်ထဲသို့ ပစ်ထည့်၍ မြွေဖြူအား မထုံတက်တေး မျက်နှာဖြင့် ကြည့်လိုက်သည်။
မြွေဖြူမှာ စစချင်း အံ့သြမှင်သက်နေသော်လည်း ခပ်မြန်မြန်ပင် ခေါင်းယမ်း၍ ပြောလိုက်၏။
" ကျုပ် မင်းနဲ့ ပြိုင်ပြီး မလုချင်ပါဘူး... "
နတ်ဘုရားသားရဲ တစ်ကောင်၏ ခန္ဓာကိုယ်မှာ ရတနာများဖြင့် အပြည့်ဖြစ်သော်လည်း မြွေဖြူအတွက်မူ များစွာ အသုံးမဝင်လှပေ။
ထို့အပြင် သူ့ရှေ့မှ ကောင်လေးက သူ့အစာသူ အလွန်ကာကွယ်တတ်သူ ဖြစ်ရာ သူ့ထံမှ လုယူရန် ကြိုးစားလိုက်ပါက မိမိကိုယ်ကို သေကြောင်းကြံလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်မှသာလျှင် အစောက နတ်ဘုရားသားရဲ ခုနစ်ကောင်လုံးမှာ ရှောက်ထျန်းလုံ လက်ချက်ကြောင့် သေဆုံးသွားခဲ့ကြရပြီမှန်း လူများ သတိထားမိလိုက်ကြပါ၏။
သူတို့စိတ်ထဲ ရှောက်ထျန်းလုံလေးအပေါ် ပိုလေးစားသွားကြသည်။
ထိုကောင်လေး၏ အစွမ်းက ကောင်းကင်ဘုံ နဂါးပြိုင်ပွဲ၏ နံပါတ်၁ နေရာ ရထားသူ ပီသစွာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပါတကား....
ဝှစ်..
ထိုစဥ်တွင် ရှောက်ထျန်းလုံလေးက ကျေနပ်နေသည့် မျက်နှာဖြင့် လောထျန်းပုခုံးပေါ်သို့ ပျံသန်းသွားလိုက်သည်။
လောထျန်းက သူ့အား အပြုံးဖြင့် ကြည့်၏။
" တော်တယ် ကောင်လေး "
ထို့နောက် သူ ချက်ချင်း ခေါင်းလှည့်ကာ မြို့စားအိမ်တော်မှ ကျန်နေသူများအား အေးစက်စက် ကြည့်လိုက်သည်။
ထိုသူများမှာ လောထျန်းအကြည့်ကြောင့် ချက်ချင်း
လက်နက်ချလိုက်ကြ၏။
" သခင်လေး လောထျန်း ၊ ဒီကိစ္စက ကျုပ်တို့နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ။ ယွမ်ရှောက်မြို့စားကြီးရဲ့ အကြံအစည်တွေကို ကျုပ်တို့ တကယ်မသိပါဘူး "
" ဟုတ်ပါတယ် ၊ ကျုပ်က ဒီတိုင်း တံခါးစောင့်တစ်ယောက်ပါ။ ကျုပ်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး "
" ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်လေး "
သူတို့အားလုံး တိုက်ခိုက်လိုစိတ် မရှိကြတော့ဘဲ ဒူးထောက် သနားခံလိုက်ကြတော့သည်။
လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်၏။
" မင်းတို့ရဲ့ မြို့စားကြီးက အခု ဘယ်မှာလဲ "
တစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။
" ယွမ်ရှောက်မြို့စားကြီးနဲ့ ယွဲ့လွင်နိုင်ငံ အရှင်မင်းမြတ်တို့က အခု သီးသန့် ကျင့်ကြံနေကြပါတယ် "
" သီးသန့် ကျင့်ကြံနေကြတယ်.. ဟုတ်လား "
လောထျန်း မျက်မှောင် ထပ်ကြုံ့သွား၏။
သူ့အနောက်ဘက်တွင် ရှိနေသော သူများလည်း ဒေါသူပုန် ထကုန်ကြသည်။
" ဒီ မျိုးမစစ်နှစ်ကောင်က ငါတို့တွေကို ထောင်ချောက်ဆင် အကွက်ချပြီးတော့ အခု သီးသန့်တောင် သွားကျင့်ကြံနေကြသေးတယ်တဲ့ "
" ခွေးမ $## တွေ ၊ နှစ်ကောင်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်မယ် "
လောထျန်းကလည်း မျက်မှောင်ကြုံ့ရင်း ပြောလိုက်၏။
" ငါ့ကို အဲ့နေရာဆီ ခေါ်သွားပါ "
" ဟုတ်ကဲ့ပါ... "
တဖက်လူမှာ မည်သို့မှလည်း ပြန်မပြောဝံ့သဖြင့် ခေါင်းသာ ညိတ်၍ နောက်လှည့်ကာ လောထျန်းအား ဦးဆောင်ခေါ်သွားလိုက်ရသည်။
မကြာမီမှာပင်... မြို့စားအိမ်တော် အနောက်ဘက်ရှိ
လျှို့ဝှက်အခန်းတစ်ခုဆီသို့ သူတို့လူစု ရောက်လာ၏။
သို့သော် သူတို့ အနီးသို့ ရောက်သည့်အချိန်မှာပင် လူတစ်ယောက်က တားသည်။
" ရပ်စမ်း ၊ ငါ့အဖေက တစ်ယောက်တည်း ကျင့်ကြံနေတယ်။ ခုချိန်ကြီး ဒီကိုလာတာ သေချင်လို့လား "
အသံတစ်သံ ထွက်လာသည်။
" ဟုတ်တယ် ၊ မင်းတို့က ဘယ်သူတွေလဲ ။ ကိုယ့်ရှေ့မှာ ရှိနေတဲ့သူက ဘယ်သူမှန်းတောင် မသိဘူးလား။ သူက ယွဲ့လွင်နိုင်ငံရဲ့ တတိယမင်းသားကွ။ အခု ချက်ချင်း ဒူးထောက်ကြစမ်း "
အခြား အသံတစ်သံကလည်း ပထလူ၏ နောက်လိုက်ခွေးတစ်ကောင်အလား အော်ပြောလာသည်။
ထိုအသံကို ကြားသည်နှင့် လောထျန်း ရုတ်တရက် လှုပ်ရှားသွားကာ အသံလာရာဘက် လှမ်းကြည့်လိုက်၏။
သူနှင့် ရင်းနှီးနေသည့် မျက်နှာနှစ်ခု....
သူတို့ထဲမှ တစ်ယောက်မှာ သွေး နီယူနီကွန်း၏ ပိုင်ရှင် ၊ ယွဲ့လင်နိုင်ငံ၏ တတိယမင်းသား ဖြစ်ပြီး...
ကျန် သူ့နောက်လိုက်ခွေးကို လောထျန်း ပို၍ပင် ရင်းနှီးပါသည်။
ထိုသူမှာ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲအတွင်း သူ့အား သင်ခန်းစာပေးရန် တတိယမင်းသားက ခိုင်းခဲ့သည့် ဟယ်ချုံရှင်းပါပင် .. ။
ယခု သူတို့၏ အခြေအနေကို ကြည့်ရသည်မှာ ဟယ်ချုံရှင်းက တတိယမင်းသား၏ ယုံကြည်မှုကို ရထားဟန်တူပြီး .. မင်းသား၏ သြဇာအရှိန်အဝါကို သုံးကာ လူများအား ဆရာကြီး လုပ်နေဟန် ရှိပါ၏။
သို့သော် အားလုံးက သူ့ကို ပြန်ကြည့်လိုက်သည့် မျက်လုံးများကမူ သနားစရာ သတ္တဝါလေးတစ်ကောင်ကို ကြည့်သည့်အကြည့်ဖြင့် တူနေပြီး ရန်စလှောင်ပြောင်လိုဟန် အငွေ့အသက်လည်း ပါဝင်နေသည်။
"ဟင်.. မင်းတို့ကောင်တွေက ဘာကြည့်နေကြတာလဲ။ သေချင်နေကြပြီလား ။ မင်းတို့ခေါင်းဆောင်က ဘယ်သူလဲ ၊ ထွက်လာခိုင်းလိုက်စမ်း "
ဟယ်ချုံရှင်းမှာ တတိယမင်းသားကို အားကိုး၍ ရသည်ဟု သဘောထားကာ မည်သူ့ကိုမှ မကြောက်တော့ဘဲ အားလုံးကို အော်ပြောလိုက်၏။
၎င်းကို မြင်သောအခါ လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံး လူအုပ်အနောက်နားလေးတွင် ရှိနေသည့် လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။
" ဟား ဟား... ဘယ်ကောင် အဲ့လောက် ကန်းနေတာလဲဆိုတာ ကြည့်...... "
ဟယ်ချုံရှင်းက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
သို့သော် တဖက်မှ လောထျန်းအား တွေ့သည့်အချိန်တွင်မူ သူ နေရာတွင်သာ ကြက်သေ သေသွားပါ၏။
သူနှင့် မလှမ်းမကမ်းရှိ တတိယမင်းသားမှာလည်း တုန်လှုပ်သွားပြီး ချက်ချင်း မတ်တပ်ထ၍ လောထျ
န်းအား မယုံနိုင်စွာ ကြည့်လိုက်သည်။
လောထျန်းက သူတို့နှစ်ယောက်အား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဟယ်ချုံရှင်း ရှိရာဆီသို့ လျှောက်သွား၏။
ဟယ်ချုံရှင်းမှာ သူ့ဆီသို့ လာနေသော လောထျန်းကို ကြည့်ရင်း ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
" လောထျန်း ၊ မင်း ငါ့ကို တိုက်ခိုက်လို့ မရဘူးနော် "
၎င်းကို ကြားသောအခါ လောထျန်းက စိတ်ဝင်တစားဟန်ဖြင့် ပြန်မေး၏။
" ဟုတ်လား... ဘာဖြစ်လို့လဲ "
ဟယ်ချုံရှင်းက အချိန်အတန်ကြာ စဥ်းစားနေပြီးမှသာ အကြောင်းပြချက် ရှာတွေ့သွားဟန်ဖြင့် ပြန်ပြော၏။
" အဲ့ဒါက ရှင်းပါတယ်ကွာ။ ငါ ဟယ်ချုံရှင်းက အခုမှ အသက် ၅၇ နှစ်ပဲ ရှိသေးတာလေ။ အသက် ငယ်ငယ်လေးပဲလရှိသေးတာ။ အဲ့တော့ မင်းသာ ငါ့ကို တိုက်ခိုက်ရင် အနိုင်ကျင့်တာ ဖြစ်သွားမှာပေါ့။ လူတွေက မင်းကို ပြောဆိုကြမှာ မကြောက်ဘူးလား "
ထိုစကားကို ကြားသည့်အချိန်တွင်ကား လောထျန်း လုံးဝပင် ဆွံ့အသွားရပါသည်။
" မင်ငးက အသက် ၅၇ နဲ့.. ငယ်ငယ်လေး ရှိသေးတယ် ၊ ဟုတ်လား "
သူ မျက်မှောင်ကြုံ့၍ မေးလိုက်၏။
ဟယ်ချုံရှင်းက ခေါင်းညိတ်၍ ပြန်ပြောသည်။
" အမှန်ပဲ ။ ငါ့ကို လျှော့မတွက်နဲ့နော်.... ငါက အင်မတန် ပါရမီထူးလို့လဲ ကျင့်ကြံခြင်း အဆင့်မြင့်မြင့် ရောက်နေပေမယ့် အသက်ကတော့ အခုမှ ကလေးအရွယ်ပဲ ရှိသေးတယ်။ မင်းက အသက်ဘယ်လောက် ရှိနေပြီလဲ "
လောထျန်း နှုတ်ခမ်းမဲ့ကာ ပြန်ဖြေ၏။
" ငါက ၁၈ နှစ် "
ထိုသို့ ပြောပြီးပြီးချင်းမှာပင် သူ ဟယ်ချုံရှင်းအား ရိုက်လိုက်တော့သည်။