← Chapters

မသေမျိုးအဆင့် တစ်ဝက် ခန္ဓာကိုယ်

Vol. 33 Ch. 453

မသေမျိုးအဆင့် တစ်ဝက် ခန္ဓာကိုယ်

Vol. 33 Ch. 453

ဟယ်ချုံ့ရှင်းတစ်​ယောက် အသေ ရိုက်သတ်ခံလိုက်ရသော်လည်း...

မည်သူကမှ ဂရုမစိုက်ကြပေ.. ။

အားလုံး၏ အာရုံမှာ အခြားအရာတစ်ခု အပေါ်တွင်သာ ရှိနေပါသည်။

" ခုနက သခင်လေး လောထျန်းက ဘာပြောလိုက်တာလဲ... "

" သူ့အသက် ၁၈ နှစ်လို့ ပြောလိုက်တာလား "

" ၁၈ နှစ်..... ဘယ်လို ၁၈ နှစ်လဲ.... "

" အသက် ၁၈ နှစ်တဲ့... "

" အသက် ၁၈ နှစ်.... နောက်နေတာလားကွာ။ အဲ့လိုဆို.. သူက ငါ့မြေးထက်တောင် ငယ်တာပေါ့... ။ ငါ့မြေးကဖြင့် အခုမှ စိတ်စွမ်းအင် စုဆောင်းခြင်းအဆ

င့်မှာပဲ ရှိသေးတယ် "

" ငါ့မြေးကတော့ နည်းနည်းလေး ပိုအစွမ်းထက်တယ်ကွ။ စိတ်စွမ်းအင် အသွင်ပြောင်းခြင်း အဆင့် ၂ မှာ... "

" ဟား ဟား.. ငါ့မြေးကတော့ အသက် ၂၂ နှစ်နဲ့ စိတ်စွမ်းအင်အသွင်ပြောင်း အဆင့် ၉ ထိပ်ဆုံးကို ရောက်နေပြီ။ သူက သူ့ဂိုဏ်းရဲ့ လူငယ်မျိုးဆက်သစ်ထဲမှာတော့ ထိပ်ဆုံးပါရမီရှင် သုံးယောက်ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သခင်လေး လောထျန်းနဲ့ ယှဥ်လိုက်ရင်တော့.... လက်မခံနိုင်စရာကြီးကွာ "

" ပါရမီရှင် ဆိုတဲ့အဓိပ္ပါယ်ကို အရင်က သေချာမသိခဲ့ဘူး။ ဒီနေ့မှပဲ သေချာနားလည်လိုက်ရတော့တယ် "

" အမှန်ပဲ ၊ ခုချိန်က စပြီးတော့ ငါ့ရှေ့မှာ ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ ခေါ်ရဲတဲ့ကောင် မှန်သမျှကို မျက်နှာကို တံတွေးနဲ့ ထွေးပစ်ဦးမယ် "

အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြပြီး တစ်ချိန်တည်းမှာပင် လောထျန်းအား ယခင်နှင့် မတူ

သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ထိုစဥ် တဖက်မှ လောထျန်းမှာ ရှေ့သို့ ဆက်လျှောက်သွား၏။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း... တတိယမင်းသားက နောက်သို့ ခြေတစ်လှမ်း ဆုတ်နေသည်။

" လောထျန်း.. မင်း ဘာလုပ်မလို့လဲ "

တတိယမင်းသားက လောထျန်းအား ကြောက်လန့်တကြား ကြည့်၍ ပြောလိုက်သည်။ သူ့ရင်ထဲတွင်လည်း ကြောက်ရွံမှုတို့ဖြင့် ပြည့်​နေပါ၏။

သို့သော် လောထျန်းကမူ သူ့အမေးကို လျစ်လျူရှုထားပြီး ရှေ့သို့သာ ဆက်လျှောက်လာသည်။

ထိုတခဏ၌ တတိယမင်းသားမှာ လဲကျတော့မလိုပါပင်..

သို့သော်.. ထိုအချိန်တွင်...

ဝုန်း..

သူ့အနောက်ဘက်ရှိ လျှို့ဝှက်အခန်း တစ်ခုမှ အစွမ်းထက်သော အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။

တတိယမင်းသား၏ မျက်နှာ ပျော်ရွှင်မှုကြောင့် ချက်ချင်း ဝင်းပသွားသည်။

" အဖေ ၊ ဦးလေး.... ကျုပ်ကို ကယ်ပါဦး "

ဓ့စကားဆုံးသည့် အချိန်မှာပင်.. လျှို့ဝှက်ခန်းထဲမှ အေးစက်စက် အသံတစ်သံ ထွက်လာ၏။

" ငါ ခုနလေးတင် ကျင့်ကြံဖို့အတွက် ဝင်သွားခဲ့တာကို အပြင်ဘက်မှာ ဆူဆူညံညံအသံတွေ ကြားနေရတယ်။ ဘယ်အကန်းက ယွမ်ရှောက်မြို့ထဲလာပြီး ဆူဆူပူပူ လုပ်ရဲနေတာလဲ "

ထိုစကားကို ပြောလိုက်သူမှာ ယွမ်ရှောက်မြို့စားကြီး ဖြစ်ကြောင်း အားလုံး မပြောဘဲ သိလိုက်ကြသည်။

သို့သော် ယခင်နှင့်မတူသည်မှာ ယွမ်ရှောက်မြို့စားပြီး စကားပြောလိုက်စဥ်၌ သူ့အသံထဲတွင် ပါဝင်သော အထက်ဆီးဆန်သည့် ဟန်က ယခင်ထက် ပို

တိုးနေခြင်း ဖြစ်၏။

ထိုစဥ် အခြားတစ်ဖက်မှ အသံတစ်သံလည်း ထွက်လာသည်။

" မင်း ဘယ်ကောင်လဲ ဆိုသာ ငါ ဂရုမစိုက်ဘူး။ ငါ့အတွက် ဒီလောက်အရေးကြီးတဲ့အချိန်မှာ လာနှောင့်ယှက်ရဲတာဆိုတော့ ဒီနေ့ မင်းကိုငါ သတ်မယ်။ မြင့်မြတ်နယ်မြေက ဆိုရင်တောင် မင်းအသက်ကို ချမ်းသာမပေးနိုင်ဘူးမှတ် "

ထိုအသံပိုင်ရှင်မှာမူ ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်ပင်...

သူ ပြောလိုက်ချိန်တွင်... သူ့လေသံမှာ ယခင်ကဲ့သို့ သူ့သားသမီးကို အလွန်ချစ်တတ်သော သူတစ်ယောက်၏ လေသံမျိုး ဟုတ်မနေဘဲ လူသတ်အရိပ်အငွေ့ အပြည့်ပါနေ၏။

" အဖေ... ဦးလေး... ဒါက... "

တတိယမင်းသားက ရှင်းပြရန် ကြိုးစားလိုက်သည်။

သို့သော်.. သူ မပြောရသေးခင်မှာပင် ယွမ်ရှောက်

မြို့စားကြီး၏ အသံ ထပ်ထွက်လာပြန်၏။

" တူလေး.. ဘာမှ စိတ်မပူနဲ့။ မင်းအဖေရော ၊ ငါရောက အရင်နဲ့ လုံးဝ မတူတော့ဘူးကွ။ ငါတို့ကို တားနိုင်တဲ့သူ ဒီကမ္ဘာပေါ်မှာ အများကြီး မရှိတော့ဘူး "

တတိယမင်းသား အံ့သြမှင်သက်သွားရသည်။

ထိုစဥ်မှာပင် ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်၏ အသံ ထပ်ထွက်လာပြန်၏။

" မြို့စားကြီး ၊ ခင်ဗျား မသေမျိုးတစ်ယောက် ဖြစ်သွားပြီလား "

ယွမ်ရှောက်မြို့စားကြီးက ရယ်၍ ပြန်ပြောသည်။

" မဟုတ်ဘူးဗျ ၊ မသေမျိုးအဆင့် တစ်ဝက်မှာပဲ ရှိသေးတယ်။ ဒါပေမယ့် ကျုပ် မသေမျိုးအစွမ်းကို လုံးဝ အသုံးချတတ်သွားပြီမို့ တိုက်ခိုက်စွမ်းရည်မှာတော့ မသေမျိုးတစ်ယောက်ထက် မနိမ့်တော့ဘူး "

ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်ကလည်း ရယ်ရင်း ပြန်ပြော၏။

" ကျုပ်ရောပဲဗျာ "

ထိုစကားကို ကြားသည့်အချိန်တွင်မူ တတိယ

မင်းသား၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားသည်။

သို့သော် ချက်ချင်းမှာပင် သူ မျက်နှာ ပြန်ညိုသွားပါ၏။

" အဖေနဲ့ ဦးလေး ၊ ရန်သူက အစွမ်းထက်လွန်းတယ်ဗျ။ အဖေတို့ မြန်မြန်ထွက်သွားမှ ဖြစ်မယ် "

သူ့အဖေက မသေမျိုးတစ်ယောက် ဖြစ်လာလျှင်ပင် လောထျန်းနှင့် ယှဥ်နိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိသည် မဟုတ်ပါလား။

သို့သော် ယွဲ့လွင်ဘုရင်မင်းမြတ်ကြီးက လှောင်သံဖြင့် ပြန်ပြောလာသည်။

" အစွမ်းထက်လွန်းတယ် .. ဟုတ်လား။ အခု အဲ့စကားကို ပြောရမယ့်သူက ငါပါကွ။ မသေမျိုးအစွမ်းကို ကောင်းကောင်းကြီး အသုံးချတတ်သွားတဲ့နောက်မှာ ငါ့ကိုယ်ငါ အရမ်းအစွမ်းထက်လာသလို တကယ်ခံစားနေရတယ်။ ဒီနေ့တော့ ရန်သူက ဘယ်သူပဲ ဖြစ်ဖြစ် သတ်ပစ်မှာ "

ဝုန်း..

ထိုသို့ ပြောပြီးပြီးချင်း သူ့ကိုယ်ထဲမှ လူသတ်အရိပ်အငွေ့ကို ထုတ်လွှတ်လိုက်သဖြင့် ကြောက်မက်ဖွယ် အစွမ်းတစ်ခု ကောင်းကင်ယံသို့ ရုတ်ချည်း မြင့်တက်လာသည်။

" အမှန်ပဲ ၊ ယွမ်ရှောက်မြို့ထဲကို ကျူးကျော်လာတဲ့ ဘယ်သူမဆို ဒီနေ့ သေရမယ်သာမှတ် "

ဝုန်း..

ယွမ်ရှောက်မြို့စားကြီးကလည်း လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်လိုက်သည်။

ကြောက်မက်ဖွယ် အရောင်အဝါ နှစ်ခုက ချက်ချင်း ပေါင်းစည်းသွားပြီး ကောင်းကင်ယံသို့ မြင့်တက်သွား၏။

ထို့နောက်တွင်ကား.. လျှို့ဝှက်အခန်းများ အတွင်းမှ လူနှစ်ယောက် တစ်ပြိုင်နက်တည်း ထွက်လာကြ၏။

" တူလေး ၊ ဘယ်အကန်းက မင်းကို တိုက်ခိုက်ခဲ့တာလဲ "

ယွမ်ရှောက်မြို့စားကြီးက မျက်နှာထား တင်းတင်းဖြင့် မေးလိုက်သည်။

ယွဲ့လွင်ဘုရင်မင်းမြတ်ကလည်း ကြည့်လာ၏။

တတိယမင်းသားမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး လောထျန်းဘက် လက်ညိုးထိုးပြလိုက်သည်။

လူကြီးနှစ်ယောက်က သူ လက်ညိုးညွှန်သည့်ဘက် လှောင်ပြုံးဖြင့် လှည့်ကြည့်လိုက်ကြ၏။

ထို့နောက်တွင်မူ... လူအုပ်ကြားထဲမှ လောထျန်းအား တွေ့သွားပြီး...

သူတို့ မျက်နှာထက်မှ အပြုံးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။

" လော.... လောထျန်း.... "

ယွမ်ရှောက်မြို့စားကြီးက အသံတုန်တုန်ဖြင့် စကားစ

လိုက်သည်။

" မဖြစ်နိုင်တာ... သခင်ကြီး လွေ့နန်က... လုပ်ထားတယ် မဟုတ်ဘူးလား "

ယွဲ့လွင်ဘုရင်မင်းမြတ်မှာလည်း အသံများ တုန်နေ၏။

လောထျန်းက လက်နှစ်ဖက်ကို နောက်ပစ်၍ လူကြီးနှစ်ယောက်အား ကြည့်ကာ ပြောလိုက်သည်။

" ခင်ဗျားကြီးတို့နှစ်ယောက် ဟန်ဆောင်လို့ ပြီးပြီလား "

ယွမ်ရှောက်မြို့စားကြီး တစ်ကိုယ်လုံး တုန်သွာယကာ ချက်ချင်း ခေါင်းငုံ့သွားသည်။

" သခင်လေး လောထျန်း ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ။ ဒီကိစ္စက.. ကျုပ်အပြစ် မဟုတ်ပါဘူး ။ ဒါတွေအားလုံးက ဟို လွေ့နန် ဆိုတဲ့လူကြီး အတင်းဖိအားပေးလို့ ဖြစ်သွားရတာပါ... "

" ဟုတ်ပါတယ်၊ ကျုပ်လဲ ဒီ အစီအစဥ်ကို အစောတည်းက ခါးခါးသီးသီး ငြင်းခဲ့တာပါ။ ဒါပေမယ့် လွေ့နန်က အရမ်း ရက်စက်ယုတ်မာလွန်းတယ်ဗျ။

သူက ကျုပ် မိသားစုရဲ့ အသက်နဲ့ ခြိမ်းခြောက်လာလို့မို့ ကျုပ် နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်ဘဲ သူ့စိတ်နိုင်းကျ လုပ်ပေးခဲ့ရတာပါ "

ယွဲ့လွင်ဘုရင်မင်းမြတ်ကလည်း မျက်နှာငယ်လေးဖြင့် ပြောလာသည်။

ယခင်က သူတို့၏ မောက်မာခက်ထန်သော မျက်နှာထားများလည်း လုံးဝ ရှိမနေတော့ပေ။

ထိုအစား.. ကြောက်ရွံမှုတို့သာ နေရာယူနေခဲ့လေပြီ။

လောထျန်းက ထိုနှစ်ယောက်အား တစ်ချက်ဝေ့ကြည့်ကာ ပြော၏။

" ခင်ဗျားတို့နှစ်ယောက် နောက်ဆုံးစကား ပြောလို့ပြီးပြီလား "

လူကြီးနှစ်ယောက် ချက်ချင်း ကြက်သေ သေသွားကြသည်။

" ဒါဆို ငရဲကိုပဲ သွားလိုက်ကြတော့ "

လောထျန်းမှာ ထိုလူများနှင့် အဓိပ္ပါယ်မရှိသော စကားများကို ဆက်မပြောလိုတော့သောကြောင့်

လက်ကိုသာ ဖြည်းညင်းစွာ ​မြှောက်လိုက်သည်။

သို့သော်.. ထိုအချိန်မှာပင် ယွမ်ရှောက်မြို့စားကြီးက ရုတ်တရက် ဒေါသတကြီး ပြောလာ၏။

" လောထျန်း ၊ မင်း ငါ့ကို သတ်ရဲရင် သတ်ကြည့်လိုက်စမ်း။ ငါ့ကို လွယ်လွယ်နဲ့ သတ်လို့ရမယ် မထင်နဲ့။ ငါ မင်းကို မသတ်နိုင်ရင်တောင်မှ ငါ့ကိုယ်ငါ ပေါက်ကွဲသွားအောင်တော့ လုပ်လို့ရတယ်ကွ "

သူ ထိုသို့ပြောကာ အဝတ်အစားများအား ဆွဲဖြဲလိုက်ပြီး မျက်လုံးပြူးပြူးဖြင့် သူ့ကိုယ်ပေါ်မှ အဓိက သော့ချက်နေရာများအား လက်ဖြင့် လိုက်နှိပ်လိုက်သည်။

လောထျန်းနောက်မှ လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားကုန်၏။

လက်ရှိတွင် ယွမ်ရှောက်မြို့စားကြီး၏ ကိုယ်ထဲ၌ မသေမျိုးအစွမ်းများ အပြည့်ရှိနေပြီး မသေမျိုးအဆင့် တစ်ဝက်သို့ ရောက်နေကြောင်း သူတို့သိထားရပြီ မဟုတ်ပါလား။

အကယ်၍ သူသာ သူ့ကိုယ်သူ ပေါက်ကွဲအောင် လုပ်လိုက်မည် ဆိုပါက မသေမျိုးအစစ်တစ်ယောက်၏ ပေါက်ကွဲခြင်းနှင့် ခြားမည် မဟုတ်ပါ။

သို့ဆိုလျှင် ယွမ်ရှောက်တစ်မြို့လုံးပင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားနိုင်ပါသည်။

ယွမ်ရှောက်မြို့စားကြီးက မျက်ခုံးပင့်၍ ပြောလာ၏။

" လောထျန်း ၊ ငါ့ကို အသာတကြည် လွတ်ပေးလိုက်နော်။ မဟုတ်လို့ကတော့ မင်းကိုငါ မသတ်နိုင်ရင်တောင် မင်းသူငယ်ချင်းတွေကို ဖောက်ခဲဲပီး သတ်ပစ်မှာ "

သူ ဆုံးဖြတ်ချက်ချကာ လောထျန်းအား ခြိမ်းခြောက်လိုက်သည်။

သို့သော်... ထင်မှတ်မထားစွာပင် လောထျန်း​က သူ့စကားများကို လစ်လျူရှု၍ လက်တစ်ဖက် ဆန့်ထုတ်ကာ သူ့အား ဖမ်းဆုပ်လာပါ၏။

ဝီ..

တစ်ချိန်တည်းမှာပင် ရွှေရောင် ဧရာမ လက်ဝါးကြီးတစ်ခုလည်း ပေါ်လာသည်။

" ဘယ်လိုဖြစ်ပြီး..... လောထျန်း၊ မင်းက မင်းမိတ်ဆွေရဲ့ အသက်ကိုတောင် ဂရုမစိုက်ဘူးပေါ့ "

ယွဲ့လွင်ဘုရင်မင်းမြတ်ပါ အံ့အားသင့်သွားရပါ၏။

ယွမ်ရှောက်မြို့စားကြီး၏ ခြိမ်းခြောက်မှုက လောထျန်း လက်လျှော့အရှုံးပေးသွားအောင် လုပ်နိုင်မည်ဟုသာ သူ ထင်ထားခဲ့ပါသည်။

သို့သော် လောထျန်းက သူ့စကားကိုလည်း မမှုဘဲ အလွန်လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားသွားပြီး ယွမ်ရှောက်မြို့စားကြီးအား ဖမ်းဆုပ်လိုက်၏။

" လောထျန်း ၊ ငါ မင်းကို လိမ်နေတာ မဟုတ်ဘူးနော်။ ငါ့ကိုယ်ငါ တကယ်ကြီး ဖောက်ခွဲပစ်လိုက်မှာ "

ယွမ်ရှောက်မြို့စားကြီးက ချုပ်နှောင် ခံထားရသည့်တိုင် ဒေါသတကြီး အော်လိုက်သည်။

သို့သော် လောထျန်းက ပြုံး၍ ပြန်ပြောလာပါ၏။

" လုပ်လေ... ကိုယ့်ဟာကိုယ် ဖောက်ခွဲချင်တယ်ဆိုလဲ ဖောက်ခွဲလိုက်။ ကျုပ်ကလဲ မသေမျိုးအဆင့် ပေါက်ကွဲတာရဲ့ အစွမ်းကို သိချင်နေတာ "

" မင်းက.. အရူးပဲကွ ၊ တကယ့် အရူးပဲ "

ယွဲ့လွင်ဘုရင်မင်းမြတ် အလွန် အံ့သြတုန်လှုပ်သွားရတော့သည်။

ယွမ်ရှောက်မြို့စားကြီးမှာလည်း လောထျန်းလက်ထဲ ရောက်သွားချိန်တွင် အဆုံးသတ်လှမည် မဟုတ်ကြောင်း သိလိုက်ပါသည်။

ထို့ကြောင့် သူ့စိတ်ကို ဆုံးဖြတ်ချက်ချကာ ဒေါသတကြီး ပြောလိုက်၏။

" ကောင်းပြီလေ.. ဒါဆိုလဲ ငါတို့အားလုံး သေကြတာပေါ့ "

ချက်ချင်းပင် သူ ဖောက်ခွဲရေး အဓိကနေရာများအား အသက်သွင်းလိုက်သည်။

ဘုန်း...

ထို့နောက်တွင်မူ...

ယွမ်ရှောက်မြို့စားကြီးမှာ လောထျန်း၏ ရွှေရောင်လက်ဝါးထဲတွင်ပင် ပေါက်ကွဲသွားတော့၏။

သို့သော်.. ထိုပေါက်ကွဲမှု၏ အကျိုးဆက်က လောထျန်း၏ လက်ချောင်းကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါချေ။

ဖွတ်...

ပေါက်ကွဲသွားပြီးနောက် မီးခိုးအနည်းငယ်မျှသာ လောထျန်း၏ လက်ချောင်းများကြားမှ ထွက်လာ၏။

All Chapters