← Chapters

မြို့စားဟောင်းကြီး

Vol. 33 Ch. 454

မြို့စားဟောင်းကြီး

Vol. 33 Ch. 454

" အစွမ်းနိမ့်လိုက်တာ... "

လောထျန်း သူ့လက်ဝါးသူ ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။

အားလုံးမှာ သူ့စကားကြောင့် အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

အစွမ်းနိမ့်တယ် တဲ့လား..

ဤနေရာတွင် ရှိနေကြသော သူများအားလုံးနီးပါးမှာ ယွမ်ရှောက်မြို့စားကြီးအား ရင်းရင်းနှီးနှီး သိထားကြပါသည်။

ထိုသူမှာ ယခင်ကတည်းက ကောင်းကင်ဘုံတံခါးဝအဆင့် ထိပ်ဆုံးသို့ ရောက်ထားသူဖြစ်ပြီး...

ဘယ်သောအခါမှ အစွမ့်နိမ့်သည့်ထဲ မပါခဲ့ပါချေ။

ယခုဆိုလျှင်လည်း သူ မသေမျိုးအစွမ်း များစွာကို စုပ်ယူထားသေးပါ၏။ သူ ထိုမသေမျိုးအစွမ်းများ

အား သန့်စင်ပြီး မသေမျိုးတစ်ယောက် ဖြစ်လာရန် အချိန်မရခဲ့သည့်တိုင်...

ယခင်ထက်မူ များစွာ ပိုအစွမ်းထက်နေခဲ့လေပြီ။

ထိုသို့သော လူတစ်ယောက်ကို အစွမ်းနိမ့်သတဲ့လား..

ထိုစကားမှာ လုံးဝ မမှန်ပါ။

လောထျန်းက အစွမ်းထက်လွန်းနေ၍သာ ထိုသို့ ထင်နေခြင်းပင် ။

ယွမ်ရှောက်မြို့စားကြီး ကိစ္စကို ရှင်းပြီးသည်နှင့် လောထျန်း၏ အကြည့်က ယွဲ့လွင်ဘုရင်မင်းမြတ်ဆီသို့ ရောက်သွားသည်။

ယွဲ့လွင်ဘုရင်မင်းမြတ်မှာ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာကြီး ဖြစ်နေပြီး ခုခံရန်ပင် မေ့လျော့နေပါ၏။

" သေစမ်းကွာ "

လောထျန်းက စကားများစွာ ပြောမနေဘဲ ယွဲ့လွင်

ဘုရင်မင်းမြတ်အား ရိုက်လိုက်တော့သည်။

ဝုန်း...

ယွဲ့လွင်ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲထွက်သွားကာ နေရာတွင်ပင် သေဆုံးသွားတော့၏။

" အဖေ... "

ထိုမြင်ကွင်းကို ကြည့်နေသော တတိယမင်းသားထံမှ အော်ငိုသံကြီး ထွက်လာသည်။

လောထျန်းက သူ့ဘက် လှည့်ကြည့်ရင်း ပြော၏။

" ငိုမနေနဲ့ ၊ မင်းကိုလဲ သူနဲ့ တွေ့ရအောင် လုပ်ပေးမယ် "

ဖြန်း...

ထို့နောက်တွင်မူ တတိယမင်းသားလည်း သူ့အဖေ၏ ဇာတ်သိမ်းအတိုင်း လိုက်သွားတော့၏။

ထို့နောက်တွင်မူ လောထျန်းက ဘေးဘီသို့ ဝေ့ဝဲကြ

ည့်၍ သက်ပြင်းချလိုက်သည်။

" လွေ့နန်ရဲ့ အရောင်အဝါ မရှိနေတာ နှမျောစရာပဲ "

သူ ကမ္ဘာငယ်ထဲမှ လွတ်လာသည့် အချိန်မှာပင် လွေ့နန်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံမှတဆင့် ထွက်ပြေးသွားခဲ့သည်ကို သူ မသိပါချေ။

အမှန်တွင် လွေ့နန်မှာ ကြောက်လွန်းလှသဖြင့် ကျုံ့ကျိုးဒေသမှ ခွာပြီး အနောက်ပိုင်းဒေသအထိပင် ထွက်ပြေးသွားခဲ့ပါ၏။

ထိုအချိန်မှာပင်..

" သခင်လေး လောထျန်း ၊ အခြေအနေတော့ မကောင်းတော့ဘူးဗျ။ အပြင်ကနေ နောက်ထပ် လူတစ်စုလဲ လာနေကြတယ် "

တစ်ယောက်က အော်ပြောလာသည်။

" ဘယ်လို... နောက်လူစုတွေ.. ဟုတ်လား။ ဒါ.. မြို့စားအိမ်တော်ရဲ့ နောက်လိုက်အပေါင်းအပါတွေများလား "

တစ်ယောက်က အလန့်တကြား မေးလိုက်သည်။

ပထမလူက ​မြန်မြန်ပြန်ဖြေ၏။

" အဲ့ဒါတော့ မသိဘူးဗျ။ အဲ့လူတွေအားလုံးက အစွမ်းထက်ကြတယ်။ ဒါပေမယ့်.. နည်းနည်းလေးလဲ ထူးဆန်းသလိုပဲ "

" ထူးဆန်းတယ်... ဘယ်လို ထူးဆန်းတာလဲ "

အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။

ပထမလူက ပြန်ဖြေသည်။

" အဲ့လူတွေက ဘာလက်နက်မှ သယ်မလာဘူးဗျ။ သူတို့တစ်ယောက်ချင်းစီက... အိတ်လေးတွေပဲ သယ်လာကြတာ "

" အိတ်တွေ... အဲ့ဒါ ဘယ်လို သဘောလဲ "

အားလုံး နားရှုပ်သွားကြပါ၏။

ထိုစဥ် လောထျန်းတစ်ယောက်တည်းကသာ ခေါင်းညိတ်၍ ပြောသည်။

" ဟေးဟေး ကောင်းတယ် ၊ ငါ့လူတွေ ရောက်လာကြပြီပဲ "

ထို့နောက်တွင်မူ လေထုကို ဖြိုခွင်း၍ လာနေသောအသံများ ထွက်လာပြီး ထောင်နှင့်ချီသော လူအုပ်ကြီး ပျံသန်းရောက်လာကာ မြေပြင်သို့ ဝုန်းခနဲ ဆင်းသက်လိုက်ကြသည်။

" အရိုအသေပြုပါတယ် သခင်လေး "

အားလုံး သံပြိုင် အော်လိုက်ကြ၏။

ထိုသူများမှာ ပျောင်ပိုင်မြို့မှ လူများပင်..

" သူတို့တွေက ဘာလို့ ဒီကိုရောက်နေကြတာလဲ "

ထိုစဥ် ပန်းလင်က လောထျန်းဘေး ရောက်လာပြီး မေးလိုက်သည်။

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ကျုပ် ခေါ်လိုက်တာလေ "

ထိုသူများကို သတင်းပို့ကာ ခေါ်နေခဲ့သည့် အတွက်ကြောင့်လည်း ရှောက်ထျန်းလုံလေး၏ တိုက်ပွဲကို သူ နောက်ကျသွားခဲ့ရခြင်းပါပင်။

ထို့နောက်တွင် လောထျန်းက လူအုပ်နှင့် သူတို့ သယ်

လာကြသည့် အိတ်များကို ကြည့်ရင်း ကျေနပ်ပြုံးဖြင့် ခေါင်းညိတ်လိုက်၏။

" ကဲ.. အားလုံး အလုပ်စဖို့ ပြင်ကြတော့ "

" ဟုတ်ကဲ့ပါ "

စကားဆုံးပြီး နောက်တွင်မူ ပျောင်ပိုင်မြို့မှ လူများအားလုံး ကိုယ်စီအလုပ်ရှုပ်သွားကြပါ၏။

ယွမ်ရှောက်မြို့မှ လူများမှာကား အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

အလုပ်တဲ့လား....

ဘာအလုပ်ကို ပြောချင်ပါသနည်း...

သို့သော် မကြာမီမှာပင်... ထိုစကား၏ အဓိပ္ပါယ်ကို သူတို့ ကောင်းကောင်းကြီး နားလည်လိုက်ရတော့သည်။

ပျောင်ပိုင်မြို့မှ လူများမှာ အစီအစဥ်တကျဖြင့် ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေကြ၏။

" ဒါ... သူတို့က မြို့စားအိမ်တော်ရဲ့ ကျမ်းစာတိုက်ကို ခနလေးနဲ့ အပြောင်ရှင်းလိုက်တာလား... "

တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

" ကြည့်ရတာ... ရတနာတိုက်လဲ ပြောင်သွားတဲ့ပုံပဲ ။ သူတို့ လှုပ်ရှားသွားတဲ့ နှုန်းက ကြောက်စရာတောင် ကောင်းတယ်.... "

" ဟင်.. သူတို့က ဘာတွေလုပ်နေကြတာလဲ ၊ ရတနာတိုက်က ပြောင်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ အဲ့ကိုသွား.... ။ ဟာ... သူတို့က ရတနာတိုက်ကိုပါ တစ်စစီ ဖျက်ဆီးကြမလို့လား "

" ဟင်... ဖျက်ဆီးသွားတာလဲ မြန်လိုက်တာ။ အဆောက်အဦးရဲ့ အခြေခံအုတ်မြစ်ကိုပါ တူးသွားကြတာ "

ယွမ်ရှောက်မြို့မှ လူများမှာ ထိုသို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ကြိမ်မှ မမြင်ခဲ့ဖူးသဖြင့် အလွန် အံ့သြတုန်လှုပ်ကုန်ကြပါတော့သည်။

" ဟေ့... ဘေးဖယ်ကြဦး ၊ ကျုပ်တို့က ဒီ လမ်းခင်းကျောက်ပြားတွေကိုရော ယူမှာ "

လောမိသားစုမှ လူငယ်တစ်ယောက်က အော်ပြောလာ၏။

လမ်းပေါ်တွင် ရပ်နေကြသော လူစု အံ့သြမှင်သက်သွားရပြန်ကာ ချက်ချင်း ဘေးဖယ်ပေးလိုက်ကြသည်။

ထို့နောက်တွင်မူ လောမိသားစုမှ လူငယ်ဆယ်ယောက်ကျော်က လမ်းခင်းကျောက်ပြားများ ၊ ခြံဝင်းတံတိုင်းများနှင့် ခြံထဲရှိ အခြားအရာများ အားလုံးကိုပါ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဖယ်ရှားရှင်းလင်းနေကြသည်ကို သူတို့ မြင်လိုက်ရပါ၏။

" ဒါ..... "

ကျန်လူများ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ လှည့်ကြည့်လိုက်ကြသည်။

ဤမျှနှင့် ပြီးမသွားသေးပါချေ...

" ဝေးဝေးနေကြနော်.. ကျုပ်တို့ ချီးတွင်းကိုပါ မွှေတော့မှာ "

လောရုံက ပြောလာ၏။

ထို့နောက်... အားလုံး၏ အကြည့်အောက်မှာပင် အိမ်သာတွင်းအား သူ စတင်မွှေနှောက်ရှာဖွေလိုက်တော့သည်။

လေထဲတွင် အီးနံ့များ လှိုင်သွား၏။

လောရုံက လက်နောက်ပစ်ထားရင်း ပြောင်ရှင်းသွားသော အိမ်သာတွင်းကို ကြည့်၍ တံတွေးထွေးလိုက်သည်။

" ထွီ.... ပြောတော့ မြို့စားအိမ်တော်တဲ့ ၊ အိမ်သာတွင်းထဲမှာ အမွေအနှစ်ပစ္စည်း အရိပ်အယောင်လေးတောင် ရှိမနေပါလား "

ထိုသို့ပြောပြီးနောက် သူ အခြားဘက်လှည့်ထွက်သွား၏။

ကျန်ခဲ့သော သူများသာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးဖြင့် ကြည့်လိုက်ကြသည်။

" အိမ်သာတွင်းထဲမှာ .... အမွေအနှစ် ပစ္စည်း မရှိတာက... ပုံမှန်ပဲ မဟုတ်ဘူးလား "

အဘိုးအိုတစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် ပြောလာသည်။

ထိုစဥ် လောရုံရှင့် ပျောင်ပိုင်မြို့မှ အခြားသူများမှာ လောထျန်းရှိရာဆီသို့ ရောက်နေကြပြီ ဖြစ်၏။

" အကိုထျန်း ၊ မြို့စားအိမ်တော်ထဲမှာတော့ အဖိုးတန်တာ ဘာမှ မရှိတော့ဘူးဗျ။ ဒါပေမယ့်... မြို့ကြီးကတော့ အကြီးကြီးပဲနော် "

လောရုံက ဘေးသို့ တစ်ချက်ဝေ့ကြည့်ရင်း ဆိုသည်။

ထိုစကားကို ကြားသည့်အချိန်တွင်မူ ယွမ်ရှောက်မြို့သားအချို့၏ မျက်နှာများ သွေးဆုတ်ဖြူရော်သွားပါ၏။

သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် မြို့စားကြီးအိမ်တော်က တခဏအတွင်း အပျက်အစီးများအဖြစ် ရောက်သွားခဲ့ရသည် မဟုတ်ပါလား။

ထိုသူများ၏ ကျွမ်းကျင်ပုံကို ကြည့်၍ ပြောရပါကလည်း... သူတို့သာ အမှန်တကယ် လှုပ်ရှားမည် ဆိုပါက ယွမ်ရှောက်မြို့ကြီး တခဏအတွင်း ပျက်စီးသွားမည်ပင်။

သို့သော်.. ကံကောင်းစွာပင် လောထျန်းက ခေါင်းယမ်း၍ ပြောလာသည်။

" အဲ့လိုလုပ်ဖို့ မလိုဘူး ။ ဒီတစ်ခေါက် ငါတို့ကို စော်ကားခဲ့တဲ့သူတွေက ယွမ်ရှောက်မြို့စားကြီးနဲ့ ယွဲ့လွင်နိုင်ငံရဲ့ တော်ဝင်မိသားစုပဲ။ အခု လူနည်းနည်းခေါ်ပြီး ယွမ်ရှောက်မြို့စားကြီး ပိုင်တဲ့ဟာတွေကို သွားဖျက်ဆီးလိုက်ကြ။ ကျန်တဲ့အိမ်တွေကိုတော့ မထိနဲ့ဦး ။ ယွမ်ရှောက်မြို့စားကြီး ပိုင်တာတွေကို ဖျက်ဆီးပြီးသွားပြီဆိုမှ ယွဲ့လွင်နိုင်ငံရဲ့ နန်းတော်ကို တစစီ သွားလုပ်လိုက်ကြ "

" ဟုတ်ကဲ့ပါ "

လောရုံက ချက်ချင်း အမိန့်နာခံကာ ယွမ်ရှောက်မြို့သားများထဲမှ မြို့အကြောင်း ကောင်းကောင်းသိသည့် လူအချို့အား ရွေးလိုက်သည်။

ပြီးနောက်... ထိုသူများ၏ ဦးဆောင်လမ်းပြမှုနှင့်အတူ ယွမ်ရှောက်မြို့စားကြီး၏ ပိုင်ဆိုင်မှုများအား သူတို့ စတင်ဖျက်ဆီးလိုက်ကြတော့၏။

ထိုစဥ်... လောထျန်းက မျက်မှောင်ကြုံ့ရင်း ရုတ်တရက် တစ်နေရာသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

" ထွက်လာခဲ့ "

ထို့နောက်တွင်မူ သူကြည့်နေသည့် နေရာဘက်မှ အသက်ကြီးကြီး လယ်သမားတစ်ယောက် ရှက်ရွံ့နေသော မျက်နှာဖြင့် ထွက်လာ၏။

" သခင်လေး လောထျန်းက တကယ်ကို အမြင်စူးရှတဲ့သူပါပဲဗျာ။ ကျုပ် သခင်လေးကို တကယ်လေးစားပါတယ် "

လယ်သမား အဘိုးအိုက ဆိုလိုက်သည်။

လောထျန်း မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

" ခင်ဗျားက ဘယ်သူလဲ "

လယ်သမားအဘိုးအိုက တီးတိုးပြန်ပြော၏။

" ကျုပ်က ယွမ်ရှောက်မြို့ရဲ့ အရင် မြို့စားဟောင်းကြီးပါဗျာ "

လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းများ ဖျတ်ခနဲ လက်သွားကာ အဘိုးအိုအား စူးရှသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

လူသတ် အရိပ်အငွေ့တစ်ခုလည်း စုစည်းလာ၏။

လယ်သမား အဘိုးအိုမှာ ၎င်းကို တွေ့သောအခါ အလွန်ကြောက်ရွံ့တုန်လှုပ်သွားပြီး လက်ကာပြ၍ အမြန်ရှင်းပြလိုက်ရသည်။

" သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့ဗျာ။ ကျုပ်မှာ သခင်လေးကို ထိခိုက်အောင် လုပ်ချင်တဲ့စိတ် လုံးဝ မရှိပါဘူး.

သူ့နဖူးတွင် ဇောချွေးများ ပြန်လာကာ နှလုံးခုန်နှုန်းလည်း မြန်လာ၏။

အစပိုင်းတွင်မူ သူသည် လောထျန်း၏ ပြိုင်ဘက် မဟုတ်သည့်တိုင်... အချိန်မရွေး ထွက်ပြေးနိုင်သည်

ဟု ခန့်မှန်းတွက်ချက်ထားခဲ့ပါသည်။

ထို့ကြောင့်လည်း သူ လောထျန်းအား မလှမ်းမကမ်းမှ နောက်ယောင်ခံ လိုက်ကြည့်ရဲခြင်းပင်။

သို့သော်... ယခု လောထျန်း၏ အရောင်အဝါဖြင့် ချုပ်နှောင်ခြင်း ခံရပြီး နောက်တွင်ကား... သူ့အတွေး မှားသွားခဲ့ကြောင်း သေချာ သဘောပေါက်လိုက်ရလေပြီ။

ထိုစဥ် လယ်သမားအဘိုးအိုမှာ လောထျန်း၏ စူးရှရှအကြည့်အောက်၌ ဘာကိုမှ ဖုံးကွယ်မထားနိုင်သလို ခံစားလိုက်ရပြီး သူ့အကြောင်းအားလုံးကို လောထျန်း သိနေသကဲ့သို့လည်း ခံစားလိုက်ရပါ၏။

အကယ်၍ လောထျန်းကသာ သူ့အား သတ်လိုပါက.. အတွေးဖြင့်ပင် သတ်နိုင်မည်ကဲ့သို့လည်း သူ ခံစားလိုက်ရသည်။

သူ့အတွက် လွတ်လမ်း လုံးဝ မရှိပါချေ...

" သခင်လေး လောထျန်း ၊ ကျုပ် ယွမ်ရှောက်မြို့စား

ကြီး ရာထူးကနေ အနားယူထားတာ နှစ်တွေထောင်နဲ့ချီပြီး ကြာသွားခဲ့ပါပြီဗျာ။ မြို့စားအိမ်တော်က သူတွေကလဲ ကျုပ် အသက်ရှင်နေသေးမှန်း မသိကြတာမို့ သူတို့နဲ့ကျုပ် လုံးဝ အဆက်အသွယ် မရှိပါဘူး။ ကျိန်ဆို ကျိန်ရဲပါတယ် ၊ ဒီတစ်ခေါက် ဝမ်ဟွန်းကွေ့ယီဂိုဏ်းက သခင်လေးကို ထောင်ချောက်ဆင် အကွက်ချခဲ့တဲ့ ကိစ္စကို ကျုပ် လုံးဝ မသိခဲ့ရပါဘူး "

လယ်သမား အဘိုးအိုမှာ ငိုချလိုက်တော့မလိုပင် ။

All Chapters