မသေမျိုး အစီအမံကို တစ်ချက်ကန်ပြီး ဖျက်ဆီးခြင်း
Vol. 33 Ch. 457
" ဒါ.... "
ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် ကြက်သေ သေသွားသည်။
၎င်းမှာ ထိုတိုက်ခိုက်မှုက အစွမ်းထက်လွန်းသောကြောင့် မဟုတ်ပါ...
ထို အနီရောင် ကြိုးများကို သူမ ရင်းရင်းနှီးနှီး သိနေသောကြောင့်ပင် ။
၎င်းမှာ သူမ စောင့်ကြပ်ခဲ့ရသော နတ်ဆိုးဘုရင် ခန္ဓာကိုယ်၏ ထူးခြားချက်တစ်ခု ဖြစ်ပါသည်။
ယခု သူမရှေ့တွင် ရောက်နေသော သားရဲကြီးက ဘာပါနည်း။
မိစ္ဆာဝိဥာဥ်လား.... သို့မဟုတ်... နတ်ဆိုးဘုရင်မျိုး
နွယ်၏ အကြွင်းအကျန် စိတ်ဝိဥာဥ်ပေလား ။
ပန်းလင်မှာ ထိုတခဏ၌ မည်သို့မှ မလုပ်နိုင်ဘဲ အတွေးများသွား၏။
သို့သော် ထိုစဥ်မှာပင် လောထျန်းက လှုပ်ရှားလိုက်သည်။
သူ လက်ဝါးဖြန့်လိုက်ပြီး သားရဲကြီးအား ရိုက်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်လိုက်ပါ၏။
သို့သော်... ၎င်းက အပိုင်းပိုင်း ဖြစ်သွားသည့်တိုင်.. ထိုအပိုင်းများက ခေတ္တမျှ တွန့်လိမ်နေပြီးနောက် ယခင် မူလအသွင် ပြန်ရောက်သွား၏။
" ဝေါင်း.... "
၎င်းက တစ်ချက်အော်ကာ လောထျန်းတို့ နှစ်ယောက်ဆီသို့ အရှိိန်ဖြင့် ပြေးဝင်လာပြန်သည်။
" သခင်လေး လောထျန်း ၊ အဲ့ကောင်ကြီးက မိစ္ဆာဝိဥာ
ဥ်နဲ့ တူတယ်။ စိတ်ဝိဥာဥ်အစွမ်း မပါဘဲ သူ့ကို သတ်လို့ရမယ် မထင်ဘူး "
ပန်းလင်က ဘေးမှ သတိပေးလိုက်၏။
လောထျန်းမှာလည်း ထိုအချက်ကို သတိထားမိပြီး ဖြစ်သဖြင့် စိတ်ဝိဥာဥ်အစွမ်းအား ထုတ်လွှတ်ထားပြီး ဖြစ်သည်။
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ ကြောက်မက်ဖွယ် စိတ်ဝိဥာဥ််အစွမ်းက အရိပ်သားရဲကြီးဆီသို့ တိုးဝင်သွား၏။
ဤတစ်ကြိမ်တွင်မူ အလုပ်ဖြစ်သွားခဲ့လေပြီ ။
အား....
သားရဲကြီး အော်ဟစ်ကာ လေထဲ တွန့်လိမ်သွားသည်။
နောက်ဆုံးတွင်ကား... ၎င်းမှာ ဆက်တောင့်မခံနိုင်
တော့ဘဲ စိတ်ဝိဥာဥ်အစွမ်းကြောင့် ပြာမှုန့်အဖြစ် လောင်ကျွမ်း ပျောက်ကွယ်သွားတော့သည်။
ဝုန်း..
ထိုအချိန်မှာပင် အစောက အဝေးသို့ လွင့်ထွက်သွားခဲ့သည့် မျောက်က အပြေးအလွှား ပြန်ရောက်လာ၏။
" မျိုးမစစ်ကောင်... ဘယ်ရောက်သွားတာလဲကွ။ မင်းအဖိုး ၊ မျောက်ကို နောက်ထပ် အကြိမ်သုံးရာလောက် ထပ်လာတိုက်ခိုက်ဦးလေ "
မျောက်က ဒေါသတကြီး အော်လိုက်သည်။
ပန်းလင်က သူ့အား တစ်ချက်လှည့်ကြည့်ကာ ပြန်ပြော၏။
" အော်မနေနဲ့တော့.. အားလုံး ပြီးသွားပြီ "
" ဘယ်လို... ပြီးသွားပြီ.. ဟုတ်လား "
ထိုစကားကြောင့် မျောက်မှာ မခံမရနိုင်ပုံ ဖြစ်သွားသည်။
" ဘာဖြစ်လို့လဲ "
ပန်းလင် မျက်မှောင်ကြုံ့သွား၏။
သို့သော် ထိုအချိန်မှာပင်..
" အခု ဘာလုပ်ချင်လို့လဲ ၊ သားရဲကောင်တွေ "
တောင်ခြေမှ ဒေါသဖြင့် ပြည့်နေသည့် အသံကျယ်တစ်သံ ထွက်လာသည်။
ထို့နောက်..
ချွှင်...
ဓားသံတစ်သံလည်း ပေါ်လာ၏။
ပြီးနောက်တွင်ကား... ဓားစွမ်းအင်တစ်ခု ဝီခနဲ တိုးဝင်လာတော့သည်။
လောထျန်းက သူ့ဆီသို့ တိုးဝင်လာသည့် ဓားစွမ်းအင်ကို ကြည့်ရင်း နေရာမရွှေ့ဘဲ အေးအေးဆေးဆေးသာ နေလိုက်သည်။
ခွပ်...
ဓားစွမ်းအင် သူ့ကိုယ်ပေါ်သို့ ကျလာသည့် အချိန်တွင်မူ... ကျွတ်ဆတ်ဆတ်အသံတစ်သံနှင့်အတူ ၎င်းဓားစွမ်းအင် ပြိုကွဲသွားတော့သည်။
လောထျန်း၏ အကာအကွယ် အစွမ်းမှာကား နည်းနည်းလေးပင် ထိခိုက်မသွားခဲ့ပါ။
" ဘယ်လို မိစ္ဆာသက်ရှိမျိုးပဲ ဖြစ်ဖြစ်... ငါ့ကို တိုက်ခိုက်ရဲတာဆိုတော့.. သေရမယ်သာမှတ် "
လောထျန်းက အေးစက်စက်ပြောကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်..
ပန်းလင်က လောထျန်းရှေ့၌ ရုတ်တရက် ဝင်ရပ်လိုက်၏။
" သခင်လေး လောထျန်း ၊ ခဏလေး နေပါဦး ။ မတိုက်ခိုက်နဲ့ဦး... "
သူမ၏ အသံမှာလည်း အနည်းငယ် တုန်ယင်နေသယောင်.. ။
" ဟင်... "
လောထျန်း အံ့အားသင့်သွားကာ ပန်းလင်အား ကြည့်လိုက်သည်။
ပန်းလင်က အသံတုန်တုန်ဖြင့် ပြန်ပြော၏။
" ခုနကသုံးသွားတဲ့ ဓားသိုင်းက... လင်ယွမ်ဓားသိုင်းပဲ.. ။ ဟေ့.. မင်း ဘယ်သူလဲ ၊ ဘာလို့ အဲ့လိုဓားသိုင်းမျိုး သုံးရတာလဲ "
ထိုမေးခွန်းကို ကြားသောအခါ တောင်ကြားထဲမှ အသံက ခေတ္တမျှ တုန့်ဆိုင်းသွားဟန် တူ၏။
" မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ ။ မင်း... မင်း ဘယ်သူလဲ "
၎င်းက အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလာသည်။
ထိုအသံကို နားထောင်ပြီးနောက်တွင်မူ ပန်းလင် ရုတ်တရက် ပြောလိုက်၏။
" မင်းက.... လီလေး မဟုတ်လား "
ထိုနာမည်ကို ပြောလိုက်သည်နှင့် တောင်ကြားထဲ၌ ရုတ်ချည်း တိတ်ဆိတ်သွားသည်။
အချိန် အတန်ကြာသွားပြီး နောက်မှသာ တုန်ယင်နေသည့် အသံတစ်သံ ထွက်လာ၏။
" ခင်ဗျားက... သခင်မကြီး ပန်းလင် မဟုတ်လား။ သခင်မကြီး အသက်ရှိနေသေးတာလား.. "
ထိုစကားကြောင့် ပန်းလင်စိတ်ထဲ ပိုသေချာသွားရပါသည်။
သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ချက်ချင်း ပြည့်လာ၏။
စစချင်းတွင် သူမတို့ ဂိုဏ်းမှ လူများအားလုံး အသတ်ခံလိုက်ရသည့် ဖြစ်နိုင်ချေအတွက် သူမစိတ်ထဲ ကြိုပြင်ဆင်ထားခဲ့ပါသည်။
သို့သော်.. မျှော်လင့်မထားစွာပင် အသက်ရှင် ကျန်ရစ်သူ ရှိနေပါသေး၏။
" လီလေး... "
သူမ အော်ကာ တောင်ကြားဆီသို့ ပြေးသွားလိုက်သည်။
သို့သော်... သူမ ခြေလှမ်း ဆယ်လှမ်းကျော်မျှသာ ရှေ့တိုးရသေးသည့် အချိန်မှာပင်... အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။
" ဒီကို မလာခဲ့နဲ့.... ဒီကနေ မြန်မြန်ထွက်သွားတော့ ။ နောက်လဲ ဒီကို ဘယ်တော့မှ ပြန်မလာပါနဲ့ "
ထိုအသံထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ အပြည့် ပါနေပါသည်။
ပန်းလင်မှာလည်း ထိုစကားကြောင့် အံ့သြမှင်သက်သွားပြီး နေရာတွင် တောင့်တောင့်ကြီး ရပ်မိသွား၏။
သူမတို့ချင်း အချိန်အလွန်ကြာမှ ပြန်တွေ့ရသည်ကို တဖက်လူက အဘယ့်ကြောင့် သူမအား မတွေ့ချင်ဘဲ ငြင်းနေရပါသနည်း။
ထိုစဥ် တဖက်မှ လောထျန်းက သူမကို ကြည့်ကာ ပြောလိုက်၏။
" သွားပြီးတော့ ကြည့်ကြည့်မယ်လေဗျာ "
" ကောင်းပြီ "
ပန်းလင်မှာ မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်သော်လည်း လောထျန်း၏ စကားအတိုင်း ရှေ့ဆက်တိုးသွားလိုက်သည်။
သို့သော်..
ဝီ...
သူမ တောင်ခြေနားသို့ ချဥ်းကပ်လာချိန်မှာပင် .. အောက်ဘက်မှ အစွမ်းထက်သော အလင်းတန်းတစ်ခု ရုတ်တရက် တိုးထွက်လာပါ၏။
ခပ်ဝေးဝေးတွင် ရှိနေသော လောထျန်းတို့ လူစုထံသို့လည်း ကြောက်မက်ဖွယ် ဖိအားတစ်ခု တိုးဝင်လာသည်။
" မြန်မြန် ထွက်သွားကြပါတော့။ ဒါ အရပ်တစ်သောင်း သားရဲအစီအမံပဲ။ မသေမျိုးအဆင့် နီးပါး အစီအမံတစ်ခုလို့ ပြောလို့ရတယ်။ ခင်ဗျားတို့ ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး "
တောင်ခြေဘက်မှ လီလေး၏ အသံက ပိုပို၍ စိုးရိမ်
လာဟန် ပေါက်နေသည်။
သို့သော် လောထျန်းတို့ လူစုကမူ နောက်ဆုတ်ရန် ဆန္ဒ အလျဥ်းပင် ရှိဟန်မတူပါ။
" သွားကြတော့... "
လီလေးက ရှိသမျှ အသံကုန် ထုတ်သုံးကာ အော်လိုက်ပြန်၏။
ထို့နောက်တွင်ကား...
ဝုန်း...
အရပ်တစ်သောင်း လူသတ်အစီအမံ အသက်ဝင်လာတော့၏။
ထိုအစီအမံ၏ အစွမ်းက ဧရာမ သားရဲကြီး ဆယ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ လောထျန်းနှင့် ကျန်သူများအား ဝါးမြိုရန် တိုးဝင်လာကြသည်။
" သွားပါပြီကွာ... "
လီလေး၏ အသံမှာ စိတ်ပျက်ဝမ်းနည်းမှုနှင့် ယူကြုံးမရ ဖြစ်နေဟန် အပြည့်ပါပင်။
သို့သော်.. ထိုအချိန်တွင် လေထဲမှ ခြေထောက်တစ်ချောင်း ကျလာ၏။
ဘုန်း...
ဧရာမ သားရဲကြီး ဆယ်ကောင်မှာ အပိုင်းပိုင်း ဖြစ်သွားအောင် အကန်ခံလိုက်ရတော့သည်။
ခြေထောက်ကြီးက ဤမျှနှင့် ရပ်မသွားသေးဘဲ အစီအမံတစ်ခုလုံးကိုပါ ပြိုကွဲသွားအောင် ကန်ပစ်လိုက်ပါ၏။
ချက်ချင်းမှာပင်.... ရှုပ်ထွေးနက်နဲလှသော အစီအမံကြီးက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
" ဟင်... "
လီလေး ခေတ္တမျှ အံ့သြမှင်သက်သွား၏။
ပြိုင်ဘက်ကင်း အစွမ်းထက်သည်ဟု သူ ယူဆထားခဲ့သော အစီအမံက ထိုသို့ အလွယ်တကူ ပျက်စီးသွားခဲ့
သတဲ့လား။
သူ အမြင်မှားနေသည်များလား...
ထိုစဥ် အစီအမံအား တစ်ချက်တည်းကန်ပြီး ဖျက်ဆီးပစ်လိုက်သော လောထျန်းထံမှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။
" အိုး... "
သူ ထိုသို့ပြောပြီး တောင်အောက်သို့ ပြေးဆင်းလာ၏။
ပန်းလင် ရုတ်တရက် လန့်သွားရကာ သူ့နောက် အပြေးလိုက်ပြီး သတိထား မေးလိုက်သည်။
" ဘာဖြစ်လို့လဲ သခင်လေး လောထျန်း "
လီလေးမှာလည်း မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို မမြင်လိုက်သည့်အတွက်... လောထျန်းက ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့သောကြောင့် အော်လိုက်သည်ဟု ထင်ကာ စကားမဆိုနိုင် ဖြစ်သွားသည်။
လောထျန်းက အောက်မှ ပြိုကွဲသွားသော အစီအမံ
အား မျက်မှောင်ကြုံ့ကြည့်ရင်း ပြော၏။
" ကျုပ်က အစီအမံကို ဖိနှိပ်ရုံပဲ ဖိနှိပ်ပြီးတော့ ဘာတွေထူးခြားလဲ ကြည့်မလို့။ ဒါပေမယ့် ကန်တာ ပြင်းသွားတော့ အစီအမံရဲ့ အခြေခံအုတ်မြစ် တစ်ဝက်လောက်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားရော "
ထိုစကားကို ကြားသောအခါ ပန်းလင်တစ်ယောက် နေရာ၌ တောင့်တောင့်ကြီး ဖြစ်သွားသည်။
" အဲ့လိုကြောင့် အော်လိုက်တာလား "
သူမ လောထျန်းအား မကျေမနပ်ကြည့်၍ ပြောလိုက်၏။
လောထျန်းက အူကြောင်ကြောင်အကြည့်ဖြင့် ပြန်ပြောသည်။
" ဘာဖြစ်လို့လဲ ။ ဒါ.. မသေမျိုး အစီအမံ တစ်ခုလေဗျာ "
ပန်းလင်မှာ မည်သို့ ပြောရမည် မသိတော့ဘဲ ခေါင်းသာ ယမ်းလိုက်သည်။
ထိုအချိန်တွင် လောထျန်းက အစီအမံကို ပြုလုပ်ထား
သည့် အခြေခံ ပစ္စည်းများအား ကောက်ကိုင်လိုက်၏။
စိတ်စွမ်းအင် ကျောက်တုံးများပေါ်မှ ထွင်းစာများမှာ တချို့တဝက် ပျက်စီးနေပြီ ဖြစ်သော်လည်း အချို့က အကောင်းတိုင်း ကျန်နေသေးသဖြင့် ဖတ်မည်ဆိုပါက ခဲခဲယဥ်းယဥ်း ဖတ်၍ ရပါသည်။
လောထျန်း သက်ပြင်းချလိုက်ပြီး ထိုထွင်းစာများအား ဟင်းလင်းပြင်လက်စွပ်ထဲ ပစ်ထည့်ကာ ပန်းလင်ဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
" သွားကြစို့ "
ပန်းလင် ခေါင်းညိတ်လိုက်ပြီး လောထျန်းနှင့်အတူ တောက်ခြေအောက်ထိ လိုက်ဆင်းသွားလိုက်သည်။
သို့သော်.. သူတို့ တောင်ခြေသို့ ရောက်သည့်အချိန်မှာပင် ပါးစပ်အဟောင်းသား ဖြစ်သွားရပါ၏။
အဘယ့်ကြောင့်ဆိုသော်.. ထိုနေရာ၌ အရိုးများနှင့် အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေသောကြောင့်ပင်..
မြေပြင်တွင်လည်း အဆုံးမသတ်နိုင်သော သွေးများ စွန်းထင်းနေပါသေး၏။ တောင်ကြားထဲမှ သဘာဝပတ်ဝန်းကျင် အခြေအနေကြောင့် ထိုသွေးများမှာ ခြောက်ကပ်မနေဘဲ ဆိုးရွားသော ပုပ်အဲ့အဲ့ အနံ့တစ်ခု လှိုင်လှိုင် ထွက်နေသည်။
၎င်းမှာ ကမ္ဘာပေါ်မှ ငရဲခန်း တစ်ခုလိုပါပင်...
ဝုန်း... ဂျုန်း...
ထိုစဥ်မှာပင် ချိန်းကြိုးသံများ ထွက်လာသဖြင့် လောထျန်းတို့လူစု ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ကြသည်။ သူတို့ ကျောထဲမှလည်း ချမ်းစိမ့်သွားကြပါ၏။
ထို့နောက်တွင်မူ ထောင်နှင့်ချီသော ကြေးနီတိုင်ကြီးများ တောင်ကြားထဲမှ ထိုးထိုးထောင်ထောင် ထွက်လာသည်ကို သူတို့ မြင်လိုက်ရတော့သည်။
ထို ကြေးနီတိုင် တစ်ခုချင်းစီတွင်လည်း မရေမတွက်နိုင်သော ချိန်းကြိုးများ ရှိနေပါ၏။
အချို့ချိန်းကြိုးများ၌ အလောင်းများပင် ရှိနေပါသေးသည်။
အချို့သော ချိန်းကြိုးများကလည်း မိစ္ဆာဝိဥာဥ်နှင့် တူသည့် သားရဲအချို့ကို ချုပ်နှောင်ထားသေး၏။
ထိုအထဲမှ ကြေးနီတိုင် တစ်ခု၏ ချိန်းကြိုးများကမူ ပျက်စီးနေပါသည်။
လောထျန်းတို့ လူစုကို တိုက်ခိုက်ခဲ့သည့် သားရဲက ထိုကြေးနီတိုင်မှ လွတ်မြောက်လာသည်မှာ သံသယဖြစ်စရာ မလိုပါချေ။
" သခင်မကြီး ပန်းလင် ၊ ဒီကို မလာပါနဲ့ဗျာ။ ဝေးဝေးသာ သွားပါ "
ထိုစဥ်... လီလေး၏ အသံ ထပ်ထွက်လာပြန်၏။