သွေးကြွေး
Vol. 33 Ch. 458
သို့သော် သူ ထိုသို့ ပြောလေလေ.. ပန်းလင် ပို၍ ထွက်မသွားချင်လေပင် ။
" လီအိုလေး.. အခု ဘယ်မှာလဲ "
ပန်းလင် ဘေးဘီသို့ ဝေ့ဝဲကြည့်ပြီး ရှာဖွေလိုက်ရာ အသံက ကြေးနီတိုင်တစ်ခု၏ အောက်ခြေမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
၎င်းကို တွေ့ပြီးနောက်တွင်မူ ပန်းလင်တစ်ယောက် တောင့်တောင့်ကြီး ဖြစ်သွားသည်။
ထို ကြေးနီတိုင်မှာလည်း အခြားသော ကြေးနီများနှင့်မခြားဘဲ... သားရဲနှင့်တူသည့် အကောင်ကြီး တစ်ကောင်အား ချုပ်နှောင်ထားပါ၏။
တစ်ခုတည်းသော ကွာခြားချက်မှာ ထိုကြေးနီတိုင်တွင် ချုပ်နှောင်ခံထားရသည့် သားရဲက အခြားသားရဲများကဲ့သို့ လုံးဝ စိတ်လွတ်သွားပုံ မရခြင်းပင်။
၎င်းမှာ အခြားသားရဲများလို မဟုတ်ဘဲ ၊ အစွယ်များသိမ်း၍ လောထျန်းတို့ လူစုအား စကားပြောနေပါသည်။
သူ့အသွင်မှာ လူမြင် မခံလိုဟန်လည်း ရှိ၏။
ပန်းလင်က ထိုသားရဲအား ကြည့်ရင်း ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" နင်... ရှောက်လီကျီလား... "
ထိုစကားကို ကြားသည့်အချိန်တွင််မူ တဖက်သားရဲ တောင့်သွား၏။
" ဘာဖြစ်လို့လဲဗျာ ၊ ကျုပ်က ဒီလောက် ထွက်သွားပါလို့ ပြောနေရက်သားနဲ့ ထွက််မသွားခဲ့ဘူး ။ အခုတော့ ကျုပ်ရဲ့ ရုပ်ဆိုးတဲ့ မျက်နှာကြီးကို မြင်ရပြီ "
လီလေးက ခါးသက်သက် ပြောကာ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
သူ့မျက်နှာကို မြင်သည်နှင့် ပန်းလင်တစ်ယောက်
ကြက်သေ သေသွား၏။
လီလေး၏ မျက်နှာမှာ ပျက်စီးယိုယွင်းပြီး ပုံပျက်ပန်းပျက် ဖြစ်နေသည့်တိုင် ယခင် ရှိခဲ့ဖူးသော ပုံရိပ်ဟောင်းက ထင်ဟပ်နေဆဲပါပင်။
သူ့ မျက်နှာ အသွင်အပြင်မှာ လီလေး၏ မျက်နှာဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုပါချေ။
သူမတို့ ဂိုဏ်းမှ သူမနှင့်အတူ အခက်အခဲပေါင်းစုံကို ဖြတ်ကျော်လာခဲ့သော သူမ၏ မိတ်ဆွေ.... လီလေး က..
ယခု ဤအခြေအနေသို့ ရောက်အောင်ထိ နှိပ်စက်ခံနေရလေပြီ။
ပန်းလင်၏ မျက်လုံးများ နီရဲလာကာ သူမ၏ အရောင်အဝါလည်း မတည်မငြိမ် ဖြစ်လာ၏။
ဝုန်း...
သူမသည် သဘာဝ စိတ်ဝိဥာဥ်တစ်ယောက် ဖြစ်သ
ည့်အတွက် သူမ၏ စိတ်စွမ်းအင်မှာလည်း မတည်မငြိမ် ဖြစ်တတ်သည့် သဘောသဘာဝ ရှိပါ၏။
" သူ့ကို မြန်မြန်တားလိုက် "
၎င်းကို မြင်သောအခါ လီလေးက ချက်ချင်း အလန့်တကြား အော်လိုက်သည်။
သဘာဝ စိတ်ဝိဥာဥ်တစ်ယောက်၏ စိတ်စွမ်းအင်သာ မတည်မငြိမ် ဖြစ်သွားပါက.. အနည်းဆုံး ဆိုလျှင်ပင် သူမ၏ ကျင့်ကြံခြင်း၌ ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်သွားနိုင်ကာ ... အဆိုးဆုံး ဆိုလျှင် သူမ၏ စိတ်စွမ်းအင် အသိဉာဏ် ဆုံးရှုံးသွားနိုင်ပါသည်။
လောထျန်းသည်လည်း ၎င်းက မည်မျှ အန္တရာယ်များကြောင်း သိသဖြင့် ချက်ချင်း လက်ဆန့်ထုတ်ပြီး ပန်းလင်၏ ခေါင်းပေါ်မှ အုပ်မိုး၍ ဖိနှိပ်ထားလိုက်၏။
ဝီ...
ပန်းလင်ကိုယ်ထဲမှ ရုန့်ရင်းကြမ်းတမ်းသော စိတ်စွမ်းအင်များ ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရတော့သည်။
" ဟင်.. "
လီလေးမှာ ၎င်းကို မြင်သောအခါ မနေနိုင်ဘဲ လောထျန်းအား တအံ့တသြ ထပ်ကြည့်လိုက်မိ၏။
ပန်းလင်၏ကိုယ်ထဲမှ စိတ်စွမ်းအင်က မည်မျှ အစွမ်းထက်သည်ကို သူ ကောင်းကောင်းကြီး သိထားပြီး ဖြစ်ပါသည်။ အကယ်၍ ထိုစွမ်းအင်များသာ ထိန်းချုပ်မရ ဖြစ်သွားခဲ့ပါက သူ ၎င်းအား ဤမျှ အလွယ်တကူ ဖိနှိပ်နိုင်မည် မဟုတ်ပါ။
သို့သော် လောထျန်းက ပန်းလင်အား ဘာမှ မထူးခြားသည့် ပုံစံဖြင့် အေးအေးဆေးဆေး ဖိနှိပ်ထားနိုင်ခဲ့ပါ၏။
လောထျန်း၏ အစွမ်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်မှာ အသိသာပင် ။
ထိုစဥ်တွင် ပန်းလင်တစ်ယောက် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားပြီး အံကြိတ်၍ ပြောလာ၏။
" လီလေး.. အခုလိုတွေ ဖြစ်သွားရတာ ဘယ်သူ့လက်ချက်လဲ ။ သူတို့က မင်းကို ဘာတွေ လုပ်ခဲ့ကြ
တာလဲ။ ဂိုဏ်းကရော ဘာလို့ အခုလိုကြီး ဖြစ်သွားခဲ့တာလဲ "
မေးခွန်းများက များနေသဖြင့် လီလေးမှာ ဘယ်ကစဖြေရမည်မသိပင် ဖြစ်သွားရသည်။
အချိန် အတန်ကြာပြီး နောက်မှသာ သူ ဖြည်းဖြည်းချင်း စကားစလိုက်တော့သည်။
" ဒီအကြောင်းက ပြောရရင် အရှည်ကြီးပါပဲဗျာ။ အရင်က မိစ္ဆာနတ်ဆိုးကို လွတ်မိပြီးသွားတဲ့ အချိန်မှာ ကျုပ်တို့ဂိုဏ်း ဖျက်ဆီးခံခဲ့ရတာ သခင်မကြီးလဲ သိတာပဲ ။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်အသစ်က ဂိုဏ်းကို ပြန်တည်ဆောက်မယ် ဆိုပြီး ပြောလို့ ကျုပ်တို့ထဲက တစ်ဝက်က မိစ္ဆာနတ်ဆိုးကြီးရဲ့ ဇစ်မြစ်ကို လိုက်ရှာဖို့ ထွက်သွားကြပြီးတော့ ကျန်တဲ့ တစ်ဝက်က ဂိုဏ်းကို ပြန်တည်ဆောက်ဖို့ နေခဲ့ကြတယ်လေ "
" အဲ့တုန်းက တိုက်ပွဲမှာ ဂိုဏ်းက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးနဲ့ ကြုံခဲ့ရတယ် ဆိုပေမယ့်... အခြေခံက ကောင်းထားတော့.. သိပ်မကြာခင် အချိန်မှာပဲ ကျုပ်တို့ဂိုဏ်း အများကြီး ပြန်ကောင်းလာခဲ့တယ် "
" အဲ့အချိန်မှာပဲ မိစ္ဆာနတ်ဆိုးနဲ့ ပတ်သက်တဲ့ စုံစမ်း
စစ်ဆေးမှုကလဲ တိုးတက်လာခဲ့တာပဲ။ အဲ့ဒီ မိစ္ဆာနတ်ဆိုးတွေက သမိုင်းကြောင်း အရှည်ကြီး ရှိတယ်ဆိုတာကို ကျုပ်တို့ သိခဲ့ရတယ်။ ဒီကောင်တွေက ဟိုး ရှေးခေတ်တည်းက အစောဆုံး ပေါ်လာခဲ့ကြတာ "
" အဲ့ မိစ္ဆာနတ်ဆိုးတွေက ထျန်းယွမ်ကမ္ဘာထဲက ထူးခြားတဲ့ နေရာတစ်ခုမှာ မွေးဖွားခဲ့ကြတာဗျ။ သူတို့မျိုးနွယ်ရဲ့ ရည်ရွယ်ချက်ကတော့ ချုပ်နှောင်ခံထားရတဲ့ သူတို့ရဲ့ ဘိုးဘေးကို ပြန်လွတ်မြောက်အောင် လုပ်ပေးဖို့ လို့ ပြောတယ်။ အဲ့ဘိုးဘေးက နတ်ဆိုးဧကရာဇ်လို့ ခေါ်တယ် "
ထိုစကားကို ကြားသည့်အချိန်တွင်မူ လောထျန်းနှင့် ပန်းလင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
လီလေးက စကားဆက်၏။
" ဒါပေမယ့် ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုက တခြား အဖွဲ့တချို့ရဲ့ အာရုံကိုလဲ ဖမ်းခေါ်လိုက်သလို ဖြစ်သွားခဲ့တယ်ဗျ ။ သူတို့တွေကလဲ အဲ့ဒီ မိစ္ဆာနတ်ဆိုးတွေကို လေ့လာနေခဲ့ကြတာ... ပြီးတော့ သူတို့က မိစ္ဆာနတ်ဆိုးတွေကို ကျုပ်တို့ထက်တောင် ပိုနားလည်
သေးတယ် "
" အဲ့လိုနဲ့ တစ်ညကျတော့ အဲ့ကောင်တွေက ကျုပ်တို့ဂိုဏ်းရဲ့ ညစာစားပွဲ တစ်ခုကို အခွင့်ကောင်း ယူပြီးတော့ ကျုပ်တို့ဂိုဏ်းကို တိုက်ခိုက်ခဲ့ကြတာပဲ။ ဂိုဏ်းထဲက လူတွေအားလုံးနီးပါးလဲ သူတို့ ဖမ်းတာကို ခံခဲ့ကြရတယ် "
လီလေးက ထိုစကားအား တည်တည်ငြိမ်ငြိမ်သာ ပြောနေသော်လည်း သူ့လေသံထဲတွင် ပါဝင်နေသည့် အမုန်းတရားများကို လောထျန်းတို့ ကောင်းကောင်းကြီး ခံစားမိလိုက်ကြသည်။
" ဒါဆို... ဒီလူတွေအားလုံးကို သူတို့ သတ်ခဲ့တာလား "
ပန်းလင် မေးလိုက်၏။
လီလေးက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ဗျ ၊ အဲ့လူတွေက အင်မတန်ကို အစွမ်းထက်ကြတယ်။ အဲ့ထက်ပိုပြီး ကြောက်စရာကောင်းတာက... သူတို့ကို ကူညီပေးနေတဲ့ မသေနိုင်တဲ့ သားရဲတွေ ရှိနေတာပဲ။ ကျုပ်တို့တွေ အဲ့ကောင်
တွေကို ဘယ်လောက်ပဲ ကြိုးစားပြီး တိုက်ခိုက် တိုက်ခိုက် ၊ လုံးဝကို သတ်လို့မရဘူး "
" အဲ့တိုက်ပွဲက ခုနစ်ရက်နဲ့ ခုနစ်ည တိုင်တိုင် ကြာသွားခဲ့ပြီးတော့ နောက်ဆုံးမှာ ကျုပ်တို့တွေ ရှုံးနိမ့်သွားခဲ့ရတာပဲဗျာ။ လုံးဝ အတုံးအရုံးကို ရှုံးနိမ့်သွားခဲ့တာ။ ဒါပေမယ့် တဖက်က သားရဲတွေက.... "
လီလေးမှာ ထိုသို့ပြောနေရင်း ဒေါသထွက်စရာ တစ်ခုကို ပြန်တွေးမိသွားပုံရကာ သွေးများ ဆူပွက်လာ၏။ ပျက်စီးနေသော သူ့မျက်နှာမှာလည်း ပို၍ပင် ယိုယွင်းလာသည်။
သူ့ပါးစပ်မှလည်း ဘာမှန်း မသိသော အရည်များ ထွက်ကျလာ၏။
" လီလေး... ဘာတွေ ဖြစ်နေတာလဲ "
ပန်းလင် လန့်သွားကာ ချက်ချင်း စိုးရိမ်တကြီး မေးလိုက်သည်။
လီလေးက အချိန်အတန်ကြာသည်အထိ အန်နေပြီးမှသာ ပြန်တည်ငြိမ်သွားပြီး ပြောလာ၏။
" စိတ်မပူပါနဲ့... ကျုပ် ဒီလိုဖြစ်နေတာ ကြာပြီမို့ အသားကျနေပါပြီ။ ကျုပ် စကားဆက်မယ်နော် "
" အဲ့ကောင်တွေက ကျုပ်တို့ကို ဖမ်းခေါ်သွားပြီး နောက်ပိုင်းမှာ တိုက်ရိုက် မသတ်ခဲ့ဘူးဗျ။ အဲ့အစား.. ကျုပ်တို့ကို ဒီကြေးနီတိုင်တွေမှာပဲ ချုပ်နှောင်ထားပြီးတော့ ထူးဆန်းတဲ့ ဆေးတွေ တိုက်ခဲ့တယ်။ ကျုပ်တို့ကိုယ်ထဲကိုလဲ ဘာမှန်း မသိတဲ့ ဆေးရည်တွေ ထိုးသွင်းခဲ့သေးတယ်ဗျ "
" တချို့ ဂိုဏ်းထဲက တပည့်တွေဆိုရင် အဲ့ဆေးရည်ရဲ့ ဒဏ်ကို မခံနိုင်လို့ နေရာမှာတင် ချက်ချင်း သေသွားခဲ့ကြတယ်... "
သူ ထိုသို့ ပြောနေရင်း ခပ်လှမ်းလှမ်းတွင် ရှိနေသော အရိုးဖြူများကို ကြည့်ကာ ထိုစဥ်က မြင်ကွင်းအား ပြန်မြင်ယောင် နေဟန်ပါပင်။
" ကျန်တဲ့ လုံလောက်အောင် အစွမ်းထက်တဲ့သူတွေကတော့ ဆေးရည်ကြောင့် မသေခဲ့ကြပေမယ့် ၊ သေတာထက် ပိုနာကျင်ရတဲ့ ဒုက္ခတွေကို ကြုံတွေ့ခဲ့ရတာပေါ့ဗျာ "
" အဲ့လူတွေရဲ့ ခန္ဓာကိုယ် တဖြည်းဖြည်းချင်း ပုပ်သိုးလာတာကို ကျုပ်က ဒီတိုင်းကြီး ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရတာဗျ။ ဒါပေမယ့် သူတို့တွေက ချက်ချင်းလဲ မသေနိုင်ကြဘဲ အဲ့တိုင်း အကြာကြီး နှိပ်စက်ခံခဲ့ကြရတယ်။ တချို့တွေဆိုရင် နှစ် လေး၊ငါး ဆယ်... တချို့ကျတော့လဲ နှစ်တွေရာချီပြီး နှိပ်စက်ခံခဲ့ကြရပြီးမှ နောက်ဆုံး သေသွားခဲ့ကြတာ "
" သူတို့အတွက်တော့ သေဆုံးခြင်းကတောင် အများကြီး ပိုသက်သာရာ ရတာပါ "
" အဲ့နောက်ပိုင်းမှာတော့ ကျုပ်တို့ကို ဖမ်းထားတဲ့ သူတွေက တစ်ခါတလေပဲ လာပြီးတော့.. တစ်ခါ လာတိုင်းလဲ ထူးဆန်းတဲ့ ဆေးတွေ ယူလာပြီး တိုက်ခဲ့ကြတယ်။ နောက်တော့.. ဂိုဏ်းခေါင်းဆောင်ကြီး သားရဲတစ်ကောင်အဖြစ် ပြောင်းသွားတာကို ကျုပ် ဘာမှမတတ်နိုင်ဘဲ ကြည့်ခဲ့ရပြန်တယ်ဗျာ။ ပြီးတော့ တခြား အကြီးအကဲတွေလဲ သားရဲတွေအဖြစ် ပြောင်းခဲ့ကြသလို... ကျုပ်လဲ နောက်ဆုံး သားရဲတစ်ကောင်အဖြစ် ပြောင်းသွားခဲ့တာပဲ "
စကားဆုံးအောင် နားထောင်ပြီး နောက်တွင်ကား..
ပန်းလင် တုန်သွားကာ ဘေးဘီမှ ကျန်နေသေးသော သားရဲများအား ဝေ့ဝဲကြည့်လိုက်သည်။
" ဒါဆို.... ဒီသားရဲတွေက.... "
လီလေးက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ ၊ အဲ့ဒါတွေအားလုံးက ကျုပ်တို့ ဂိုဏ်းက မိတ်ဆွေတွေပေါ့ဗျာ "
ထိုစကားအား ကြားသည့်အချိန်တွင်မူ ပန်းလင်၏ ခန္ဓာကိုယ် ယိုင်သွားကာ မေ့လဲကျတော့မလိုပင် ဖြစ်သွားတော့သည်။
ပြီးနောက်.. သူမ၏ မျက်လုံးများ နီရဲလာပြန်ပြီး အံကြိတ်ကာ မေးလိုက်၏။
" အဲ့လူတွေက ဘယ်သူတွေလဲ "
သူမ၏ ဂိုဏ်းမှ မိတ်ဆွေများကို ယခုအခြေအနေသို့ ရောက်အောင် နှိပ်စက်ထားသူအား အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဖြတ်ပစ်ချင်လှပါ၏။ ထိုသူ၏ အရိုးများကိုလည်း အမှုန့်ဖြစ်သွားအောင် ဖိချေပစ်ချင်ပါသည်။
လီလေးက အောင့်သက်သက် အပြုံးဖြင့် ပြန်ပြောရှာသည်။
" သခင်မကြီး ပန်းလင် ၊ ကျုပ်တို့အတွက် လက်တုန့်ပြန်ဖို့ စဥ်းတောင် မစဥ်းစားပါနဲ့ဗျာ။ အဲ့လူတွေက အစွမ်းထက်လွန်းတယ်ဗျ "
ပန်းလင် အသက်ပြင်းပြင်း ရှိုက်ကာ ထပ်ပြောလိုက်သည်။
" ဘယ်သူတွေလဲ ဆိုတာ ငါ့ကို ပြောပါ။ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ အားလုံး ငါ့လက်ချက်နဲ့ သေရမယ်။ သူတို့ကို နင်တို့တွေ ခံစားခဲ့ရတာထက် အဆတစ်ထောင် ပိုခံစားရအောင်ကို လုပ်ပစ်မယ် "
လီလေးက အောင့်သက်သက်အပြုံးဖြင့် ပြန်ငြင်း၏။
" မဖြစ်ဘူးဗျ... သခင်မကြီး လုပ်နိုင်မှာ မဟုတ်ဘူး "
ထိုစကားကို ကြားသည့်အချိန်တွင်မူ ပန်းလင် မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။
" လီလေး... ငါပြောတာကို ယုံစမ်းပါ။ တကယ်လို့ ငါ မလုပ်နိုင်ဘူး ဆိုရင်တောင် သခင်လေး လောထျ
န်း လုပ်နိုင်တယ် "
" လောထျန်း. ဟုတ်လား.. ၊ သူလား... "
လီလေးက ခေါင်းဖြည်းဖြည်းချင်း မော့ပြီး လောထျန်းအား မယုံနိုင်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
ပန်းလင်က လီလေး၏ ယုံကြည်ချက်အား ပိုတိုးလာစေချင်ပုံဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ပြပြီး ပြန်ပြော၏။
" အမှန်ပဲ ။ နင်အစောက ပြောခဲ့တဲ့ နတ်ဆိုးဧကရာဇ်ဆိုတဲ့ ကောင်ကြီးက သူ့လက်ချက်ကြောင့် သေသွားခဲ့ရတာ "