← Chapters

အခန်း (၁၂၉၁-၁၂၉၆)

Vol. 84 Ch. 1291-1296

အခန်း (၁၂၉၁-၁၂၉၆)

Vol. 84 Ch. 1291-1296

အပိုင်း 1291 ဂိမ်းကြော်ညာ

အခြေခံအားဖြင့် ဖျော်ဖြေရေးနယ်ပယ်တွင် အတွေ့အကြုံရှိ သရုပ်ဆောင်အရေအတွက်ထက် တက်သစ်စသရုပ်ဆောင်အရေအတွက်ကပိုများသည်။

သွမ့်လီရှင်းက "ဘော့စ် ..ဘော့စ်စိတ်မရှိရင် သူ့အတွက် နောက်ထပ်ဇာတ်ကွက်တွေ ထပ်ထည့်လို့ရတယ်။"

“မင်း ဆုံးဖြတ်ချက် ချနိုင်တယ်။ ငါဘယ်လိုလူစားမျိုးလိုချင်လဲဆိုတာ မင်းသိပါတယ်” ဟု ကုနင်း ပြောလိုက်သည်။

သူမသည် လီမြောင်ကျား အပေါ် ကောင်းမွန်သည့်အမြင်ရှိသော်လည်း လီမြောင်ကျား၏ ကျွမ်းကျင်မှုကိုလေ့လာရန် အချိန်လိုအပ်နေသေးသည်။ လီမြောင်ကျားသည် သရုပ်ဆောင်ပိုင်းကို အမှန်တကယ်ကျွမ်းကျင်သည်ဆိုလျှင် ကုနင်း သူမနှင့် စာချုပ်ချုပ်မည်ဖြစ်သည်။

"ပြဿနာမရှိပါဘူး" လုကျန်း နှင့် သွမ့်လီရှင်း တို့က သဘောတူခဲ့ကြသည်။

လီမြောင်ကျားသည် လူများစွာအပေါ်တွင် သူမသည် လေးနက်သော ထင်မြင်ချက်တစ်ခု ချန်ထားခဲ့သည်ကို သတိမထားမိသည့်အပြင် မကြာမီတွင် သူမသည် ကျော်ကြားလာဖွယ်ရှိသည်ကိုလည်းမသိခဲ့ပေ။

ကျန်းရှောင်ယသည် သူမ၏ စိုးရိမ်ပူပန်မှုများ အမှန်တကယ်ဖြစ်လာတော့မည်ကို မသိခဲ့ပေ။

ကုနင်းသည် နေခဲ့ပြီး ရိုက်ကွင်းရှိ ဘဝအတွေ့အကြုံကိုခံစားလိုခဲ့သည်။ သို့သော် ထန်ချင်းယန်က သူမအား ဖုန်းဆက်ပြီး အတူတူ ထမင်းစားရန် ဖိတ်ခေါ်ခဲ့သည်။ ထန်ချင်းယန်သည် ကုနင်း မြို့တော်တွင် ရှိနေသည်ကို ထိုအချိန်အထိ မသိခဲ့ပေ။

ထန်ချင်းယန်၏ခေါ်ဆိုမှုကိုလက်ခံရရှိပြီးနောက် ကုနင်း ထွက်ခွာသွားခဲ့သည်။

သူမ အပြင်ထွက်သည့်အချိန်အထိ လူအများစုသည် သူမကို ဓာတ်ပုံရိုက်နေကြဆဲဖြစ်သည်။ ကုနင်းသည် သူတို့အပေါ် အရမ်းသဘောကောင်းကာ လမ်းတစ်လျှောက် သူတို့ကို ပြုံးပြသည်။

သူမသည် မိန်းမလှလေးဖြစ်သည့်အတွက် သူမပြုံးလိုက်သည့်အခါ အားလုံးမှင်သက်သွားကြသည်။ သို့သော် ကောင်းယိ နှင့် ချောင်ယကြောင့် မည်သူမျှ အနီးသို့ မကပ်ဝံ့ကြပေ။

ကုနင်း၏ပရိသတ်များသည် သူမ၏ ဓာတ်ပုံတွေကို Weibo မှာ တင်ခဲ့ပြီး အင်တာနက်အသုံးပြုသူ အများအပြားကို မနာလိုဖြစ်စေခဲ့သည်။

ထန်ချင်းယန်သည် ကုနင်း ထက်စောပြီး ချိန်းထားသော ဟိုတယ်သို့ ရောက်ရှိလာသည်။

ဟမ့်ဒျန့်ဝေါဒ်စတူဒီယိုသည် ချိန်းထားသည့် ဟိုတယ်နှင့် အနည်းငယ်ဝေးသောကြောင့် ထန်ချင်းယန်ရောက်ပြီး နောက်ထပ် မိနစ် ၄၀ အကြာတွင် ကုနင်း ရောက်ရှိလာသည်။

ပါးထျန်းယန်သည် ထန်ချင်းယန်၏နောက်တွင်ရပ်ကာ ကုနင်းကို လေးလေးစားစားနှုတ်ဆက်လိုက်သည်။

သူတို့မရှိလျှင် ကုနင်း နှင့် ထန်ချင်းယန်တို့ စီးပွားရေးကိစ္စ ပြောရန်မဖြစ်နိုင်သည့်အတွက်ကြောင့် သူတို့သည် သီးသန်းခန်းထဲတွင်နေခဲ့သည်။

"ဒီရက်ပိုင်း မြို့ထဲမင်းရဲ့ အခြေအနေဘယ်လိုရှိလဲ?" ကုနင်း မေးလိုက်သည်။

ထန်ချင်းယန် နှုတ်ခမ်းတွန့်ကာပြုံးလိုက်သည် "ကုမ္ပဏီမှာ ငါက အသုံးမကျတဲ့လူလိုပဲ။"

"စိတ်မပူပါနဲ့..မကြာတော့ပါဘူး" ကုနင်း သူ့ကိုအားပေးလိုက်သည်။ မြို့တော်သို့ သူမရောက်သည်နှင့် ထန်လုပ်ငန်းစုကို သူမ စတင်တိုက်ခိုက်ပေမည်။

ထန်ချင်းယန်သည်လည်း သိတာကြောင့် သူ ထပ်မတွေးတော့ပေ။ ကုနင်းကို သူယုံကြည်သည်။

"အိုး..ချီကျီယွဲ့ နဲ့ ထန်ယရှင်းတို့ နောက်လ ဆယ့်ရှစ်ရက်နေ့ဆိုလက်ထပ်တော့မှာ..ရက်နှစ်ဆယ်လိုသေးတယ်။" ထန်ချင်းယန်ပြောသည်။

"လက်ထပ်မယ်"ကုနင်း မကောင်းဆိုးဝါးဆန်ဆန်ပြုံးလိုက်သည်။ "ကောင်းတယ်..ငါသူတို့ကိုလက်ဆောင်ကောင်းကောင်းလေးပေးရမှာပေါ့.."

သူမသည် သူတို့၏လက်ထပ်ပွဲကို အချိန်အတော်ကြာစောင့်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ သူတို့အတွက် မေ့လို့မရနိုင်မည့်လက်ဆောင်ပေးရမည်။

ကုနင်း မည်သည့်လက်ဖွဲ့ပေးမည်ကို ထန်ချင်းယန် မသိပေ။ သို့သော် ထိုလက်ဖွဲ့သည် သေချာပေါက် ထန်မိသားစုအတွက် သတင်းဆိုးဖြစ်လိမ့်မည်။

"နင်ပြင်ဆင်ထားသင့်တယ်..ငါနင့်ကိုတခုခုအတွက်လိုအပ်လာနိုင်တယ်။" ကုနင်း ပြောလိုက်သည်။

"ဒါပေါ့" ထန်ချင်းယန် ခေါင်းညိမ့်လိုက်သည်။ သူ အစောကြီးထဲက ပြင်ဆင်ထားပြီးဖြစ်သည်။

ထန်ချင်းယန်နှင့်နေ့လယ်စာစားပြီးနောက် ကုနင်း ရှန်းနဉ်လုပ်ငန်းစု သို့ပြန်သွားသည်။ ယခု သူမသည် မြို့တော်ထဲရောက်နေ၍ သူမ ရှန်းနဉ်လုပ်ငန်းစုတွင် စတင်အလုပ်လုပ်သင့်သည်။

သူမ၏ရုံးခန်းသည် အပေါ်ဆုံးအထပ် ဆယ့်ရှစ်ထပ်တွင်ဖြစ်ပြီး ကောင်းယိနှင့်ချောင်ယသည် သူမ၏ အတွင်းရေးမှူးအဖြစ်လုပ်ဆောင်ကြသည်။

ကုနင်း ပေါ်လာသည်နှင့် ကေသည် သူတို့၏ ဂိမ်းကြော်ညာအကြောင်း သူမထံလာရောက်ဆွေးနွေးသည်။ သူတို့၏ဂိမ်းကို ဈေးကွက်အတွင်းမသွင်းခင် အရင်ကြော်ညာရန်လိုအပ်သည်။

ကောဆုနည်းပညာသည် တရားဝင် ဝက်ဘ်ဆိုက်နှင့် weibo အကောင့်ရှိသောကြောင့် သူတို့၏ဂိမ်း၏နောက်ဆုံးရသတင်းကိုကြေညာရန် weibo ကို အသုံးချနိုင်သည်။ ထို့အပြင် သူတို့၏ဂိမ်းကိုကြေညာရန် အကြီးမားဆုံး ဗီဒီယို ဝက်ဘ်ဆိုက်များနှင့်အလုပ်လုပ်နိုင်သည်။

ဂိမ်းထုတ်မည့်အချိန်မှာ တစ်ပတ်အကြာတွင် ဖြစ်သည်။ ထို့ကြောင် ဤတစ်ပတ်အတွင်း ကြော်ညာရန် အာရုံစိုက်နိုင်သည်။

ထို့နောက် ကုနင်းသည် ထန်လုပ်ငန်းစု၏စီမံခန့်ခွဲမှုကို သေချာစုံစမ်းရန် ကေကို ပြောလိုက်သည်။ အထူးသဖြင့် ချီကျီယွဲ့ နှင့် ထန်ယရှင်းကိုဖြစ်သည်။

ချီကျီယွဲ့ နှင့် ထန်ယရှင်း နှစ်ယောက်စလုံးသည် သစ္စာရှိသူများမဟုတ်ကြောင်း ကုနင်း သိသည်။ ထို့ကြောင့် သူတို့၏ ညစ်ပတ်သည့်လျို့ဝှက်ချက်များကို ဖော်ထုတ်ရန်လွယ်ကူသင့်သည်။

ကေသည်လဲ ထိုအရာမှာ သူ့အတွက် အလွန် လွယ်ကူ၍ လက်ခံလိုက်သည်။

ကုနင်း သူ့အား ဖြေးဖြေးချင်းသာရှာဖွေရန်ပြောခဲ့သည်။ အကြောင်းကတော့ လုံလောက်သည့် သက်သေများ ပိုလိုချင်၍ဖြစ်သည်။ ထို့ကြောင့် ကေအတွက် ဤတာဝန်ကို မြန်မြန်ဆောင်ရွက်ရန်မလိုအပ်ပေ။

ငါးနာရီတွင် ကုနင်း နဉ်ချန်းခိုင်ဆီမှ ဖုန်းခေါ်ဆိုမှုလက်ခံရရှိကာ မိတ်ကပ် စစ်ဆေးမှုရလဒ်အဖြေထွက်လာပြီဟု သိလိုက်ရသည်။

"ကောင်းတယ်..အဲ့တာကို ဈေးကွက်မတင်သွင်းခင် သတင်းစာရှင်းလင်းပွဲစီစဉ်လိုက်ပါ.. အိုး.. အဲ့တာကို မြို့တော်နဲ့ B မြို့မှာရှိတဲ့ ခိုကျီစတိုးဆိုင်တွေမှာ လျှော့ဈေးနဲ့အရင်တင်လိုက်။"

"ကောင်းပြီ" နဉ်ချန်းခိုင်လက်ခံလိုက်သည် ။ ထိုအရာသည် သူမ တခြားသူနှင့် အလောင်းအစားလုပ်ထား၍ အလေးအနက်ထားနေကြောင်း နဉ်ချန်းခိုင် သိသည်။

နောက်ထပ်တစ်ပတ်အကြာတွင် အရာအားလုံးအဆင်ပြေချောမွေ့လာကာ ကောဆုနည်းပညာသည်လည်း နာမည်ကြီး ဗီဒီယို ဝက်ဘ်ဆိုက် တစ်ခုနှင့် စာချုပ်ချုပ်လိုက်သည်။ မကြာခင်တွင် ‘ကောင်းကင်တိုက်ပွဲ’ အတွက် ကြော်ငြာသည် ဗီဒီယို ဝက်ဘ်ဆိုက်တွင် ပြသလာသည်။

***

အပိုင်း 1292 လှပပြီး ကျက်သရေရှိတယ်..

တစ်ချိန်တည်းတွင် ကောဆုနည်းပညာသည် ၎င်း၏တရားဝင်ဝက်ဘ်ဆိုဒ်နှင့် Weibo အကောင့်တွင် သတင်းကိုတင်ခဲ့သည်။

ကောဆုနည်းပညာသည် အသစ်တည်ထောင်ထားသော ကုမ္ပဏီဖြစ်သောကြောင့် ၎င်းတွင် ဖော်လိုဝါများစွာမရှိပေ။ ထို့ကြောင့် ကုနင်းနာမည်အောက်ရှိကုမ္ပဏီများသည် ဂိမ်းအသစ်ကို ကြော်ညာရန် ကူညီရာတွင် မနှောင့်နှေးစေပဲ weibo တွင် ဖောလိုးလုပ်လိုက်သည်။ ကုနင်းသည်လည်း weibo တွင် ဖောလိုးလုပ်လိုက်သည်။

ကောဆုနည်းပညာသည် သတင်းပို့စ်ကိုတင်ပြီးသည်နှင့် ဖုန့်ဟွာအန်တာတိန်းမန့် နှင့် ကုနင်း၏တရားဝင်အကောင့်ကို မန်းရှင်းကာ ပြန်တင်လိုက်သည်။

လုကျန်း၊ထန်ရှောင်ရှောင်၊ စုထုံနျို၊ နှင့် တခြားနာမည်ကြီးသရုပ်ဆောင်များကိုမန်းရှင်း၍ ပြန်တင်ကြသည်။

ထိုသူတို့သည်လည်း ပို့စ်ကိုမြင်သည်နှင့် ပြန်တင်ပေးကြသည်။ သူတို့တင်မကပဲ ကုနင်း၏ဖောလိုဝါများသည်လည်း ပြန်တင်ကြသည်။

သူမ၏ဖောလိုဝါများတွင် ထန်ဟွမ်လုပ်ငန်းစု၊ ကျင်းလင်လုပ်ငန်းစု၊ ရှန်းရှစ်လုပ်ငန်းစု၊ ချင်ဟွာလုပ်ငန်းစု၊ ဟယ့်ချီလုပ်ငန်းစု..အစရှိသည်တို့ပါဝင်သည်။

အထက်ပါ စီးပွားရေးလုပ်ငန်းများ၏ တရားဝင် weibo အကောင့်များသည် နာမည်ကြီးများ၏ အကောင့်များကဲ့သို့ ဖော်လိုဝါမများသော်လည်း သူတို့တွင်လည်း လွှမ်းမိုးနိုင်စွမ်းရှိသည်။

ကုနင်း weibo ပေါ်တွင် ပို့စ်တင်သည်မှာရှားသော်လည်း သူမတွင် ဖော်လိုဝါဆယ်သန်းကျော်ရှိသည်။ ထို့ကြောင့် အဆိုပါ ပို့စ်သည် အချိန်တိုအတွင်း Weibo တွင် လှုပ်ခတ်သွားစေခဲ့သည်။

ကောဆုနည်းပညာကို ကုနင်းပိုင်သည်ဟု လူတချို့က ထင်ခဲ့ကြသော်လည်း ၎င်းတို့တွင် သက်သေ အထောက်အထားမရှိသည့်အပြင် ကုနင်းသည်လည်း ထိုမေးခွန်းကို ပြန်ဖြေရန် စိတ်မ၀င်စားပေ။

အင်တာနက်အသုံးပြုသူအချို့ကတော့ ကုနင်းကို ဂိမ်းကစားမှာလားဟု မေးခဲ့ကြသည်။

ကုနင်းက သူမ ကစားမည်ဟုပြန်ဖြေခဲ့တာကြောင့် အင်တာနက်အသုံးပြုသူများကလည်း သူတို့လည်းကစားမည်ဟု ပြန်ပြောလာကြသည်။

ဤပို့စ်ကို weibo တွင် အရူးအမူးပြန်တင်နေကြချိန် လူတော်တော်များများသည် ကြော်ညာ၏ ဆွဲဆောင်မှုကိုခံလိုက်ရသည်။

ဂိမ်းထဲရှိ ဇာတ်ကောင်များ၏ ဆန်းသစ်သည့် ဒီဇိုင်းနှင့် အသွင်အပြင်သည် အလွန်မိုက်သည်ဟုခံစားရသည်။ ထို့အပြင် ဂိမ်း၏ နောက်ခံတီးလုံး ရုပ်ပုံအရည်အသွေးနှင့် အသံထည့်သွင်းချက်များသည် အလွန်အံ့သြဖွယ်ကောင်းသည်။

လူတိုင်းသည် ဂိမ်းကစားရသည်ကိုကြိုက်နှစ်သက်သူများမဟုတ်သော်လည်း လူတော်တော်များများသည် ဤအရာမျိုးကိုစောင့်မျှော်နေကြသည်။

အချို့သော ဂိမ်းကုမ္ပဏီများသည် ဤသတင်းကို သတိပြုမိပြီး ဖိစီးမှုခံစားလာရသည်။ ၎င်းတို့သည် ဂိမ်းလောကတွင် ကျင်လည်နေကြ၍ ဤကြော်ညာမှတဆင့် ‘ကောင်းကင်တိုက်ပွဲ’ သည် အဆင့်မြင့်ဂိမ်းတစ်ခုဖြစ်ကြောင်းပြောနိုင်သည် ဤဂိမ်းသည် စွမ်းလန်းစရာကောင်းသည်နှင့် သေချာပေါက်ကျော်ကြားလာလိမ့်မည်။

နေ့တစ်ဝက်တည်းနှင့် မရေမတွက်နိုင်သောလူများသည် ထိုပို့စ်ကိုပြန်တင်ကြသည်မှာ အချိန်အနည်းငယ်ကြာပြီးသည်နှင့် ‘ကောင်းကင်တိုက်ပွဲ’ အတွက် ကြော်ငြာသည် အဟော့ဆုံး ခေါင်းစဉ်များထဲမှတစ်ခုဖြစ်လာသည်။

ကေနှင့်အတူ ကောဆုနည်းပညာမှဝန်ထမ်းများအားလုံးသည် ဤတုံ့ပြန်မှုကိုမြင်ရသည့်အတွက် ပီတိဖြစ်နေကြသည်။

ကေသည် ဤဂိမ်းအတွက် တာဝန်ယူထားသူဖြစ်သောကြောင့် Weibo မှာ အာရုံစိုက်ခံရသည့်အခါ ဂုဏ်ယူမိသည် ထို့ကြောင့် ကေသည် သူ၏ဝန်ထမ်းများနှင့် ကုနင်းကို အတူတူထမင်းစားရန် ဖိတ်ကြားခဲ့သည်။

ကုနင်းသည်လည်း အားနေ၍ ကောင်းယိ၊ချောင်ယတို့နှင့်အတူသွားရောက်ခဲ့သည်။

သို့သော်လည်း သူမ စားသောက်ဆိုင်သို့ရောက်သွားချိန်မှာတော့ ချီကျီယွဲ့ နှင့် ထန်ယရှင်းတို့နှင့် ဆုံရလေသည်။

ကုနင်းသည် လင်ရှောင်းထင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ချီကျီယွဲ့သိသော်လည်း သူသည် သူမကို စိတ်ဝင်စားဆဲဖြစ်သည်။

ထန်ယရှင်းသည် ပုံမှန်အတိုင်း ကုနင်းကို မုန်းတီးပြီး လင်ရှောင်းထင်နှင့်ကုနင်းအတူရှိနေချိန်မှသာ သူတို့ကိုယ်သူတို့ထိန်းသိမ်းကာ ဟန်ဆောင်ပြုမူတတ်သည်။

ကုနင်း သူတို့အနားမှ ဖြတ်လျှောက်သွားကာ သူတို့ကို တိုက်ရိုက် လျစ်လျူရှုခဲ့သည်။ သူမအနေနှင့် ယခုအချိန်တွင် သူတို့နှင့် ရင်ဆိုင်ရန် အချိန်မတန်သေးပေ။

"ဘယ်လောက်တောင်လှတဲ့ အလှလေးလဲ!"

ချီကျီယွဲ့၏သူငယ်ချင်းများသည် ကုနင်းကို မသိခဲ့သောကြောင့် သူမ၏ ပြောင်မြောက်သော အလှအပကြောင့် အံ့အားသင့်ခဲ့ကြသည်။

ယနေ့တွင် ကုနင်းသည် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦးကဲ့သို့ ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်ထားသောကြောင့် သူမသည် လျစ်လျူရှုရန် ခဲယဉ်းပြီး ထင်းလို့နေသည်။

"တကယ်ကို လှပပြီး ကျက်သရေရှိတာပဲ။” ဟု အခြားအမျိုးသားတစ်ဦးက ပြောသည်။

ထိုစကားကိုကြားသော် ထန်ယရှင်း မကျေမနပ်ဖြစ်သွားတော့သည်။ အထူးသဖြင့် ကုနင်းကို ချီကျီယွဲ့ ကြည့်နေသည်ကို သူမ သတိပြုမိသွားသောအခါတွင်ပင်။

ထန်ယရှင်းလည်း ချီကျီယွဲ့ကို တံတောင်နှင့်တွက်ကာ စူးစူးရဲရဲကြည့်လိုက်သည်။

ထမင်းစားပြီးနောက် ကေနှင့် သူ့ဝန်ထမ်းများသည် အတူတူ သီချင်းဆိုရန် သွားခဲ့သော်လည်း ကုနင်းကတော့ အိမ်သို့ ပြန်သွားခဲ့သည်။

နောက်တစ်နေ့ မနက်အစောတွင် ကုနင်း ပြေးနေစဉ် ပိုင်လီကျုံးရန် နှင့် ထပ်မံတွေ့ဆုံခဲ့သည်။

"ပြန်တွေ့ရတာဝမ်းသာပါတယ် မစ္စကု၊" ပိုင်လီကျုံးရန်သည် သူ့ဘက်မှ စတင်၍ သူမကို နှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာပိုင်လီ။"

“အိုး... မင်း တခြားသူတွေကို ကယ်တင်တဲ့ ဗီဒီယို တော်တော်များများကို ငါကြည့်ဖူးတယ်။ မင်းက တကယ်ကောင်းတဲ့ မိန်းကလေးပါ။ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ငါသဘောကျတယ်။ မင်းစိတ်မရှိရင် ငါတို့ အပျော်တမ်းပြိုင်လို့ရမလား.."

စင်စစ် မနေ့က ကုနင်းကိုတွေ့စဉ်ကတည်းက ထိုအတွေးရှိခဲ့ခြင်းဖြစ်သည်။ ကုနင်းသည် ကိုယ်ခံပညာကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူသိသည်။

"ဒါပေါ့" ကုနင်း သဘောတူလိုက်သည်။

သူမသည်လည်း စမ်းကြည့်ချင်သောကြောင့် သူ့ကို မငြင်းခဲ့ပေ။ ပိုင်လီကျုံးရန်သည် ကိုယ်ခံပညာတွင် မည်မျှကောင်းကြောင်း သူမ သိချင်နေခဲ့သည်။

ကုနင်းသည် ပိုင်လီကျုံးရန်နှင့် ယှဉ်ပြိုင်ရန် သဘောတူခဲ့သော်လည်း သူ့ဘက်က ခွန်အားကို အပြည့်အ၀ အသုံးပြုမည်မဟုတ်ကြောင်း သူမသိသည်။ ထို့ကြောင့် သူမသည်လည်းထပ်တူလုပ်ရန်ဆုံးဖြတ်ခဲ့သည်။

စင်စစ် သူမသည် သူမ၏ အင်အားကိုအပြည့်အဝအသုံးချလျှင်ပင် သူ့ကိုအနိုင်ရမည်ဟုမသေချာပေ။ ပိုင်လီကျုံးရန်သည် ကျင့်ကြံခြင်းလောကတွင် အထူးချွန်ဆုံးကျင့်ကြံသူဖြစ်ကြောင်းသူမသိသည်။

သူမသည် ကျင့်ကြံသူများနှင့်ပတ်သက်၍ ဗဟုသုတနည်းပါးသော်လည်း သူတို့ သာမန်လူများမဟုတ်ကြောင်းမှန်းတော့ သူမသိသည်။

***

အပိုင်း 1293 နင်မှန်တယ်..

သူမသာ အမှန်တကယ် နိုင်ချင်လျှင် နတ်ဆိုးကျောင်းက သူမကိုကူညီနိုင်သည်။ သို့သော် လိုအပ်သည်ဟုမထင်မိပေ။ အနည်းဆုံးတော့ ပိုင်လီကျုံးရန်သည် ယခုအချိန်ထိ သူမအပေါ် ညှာပေးမှာပင်။

ထို့နောက် နေရာလွတ်တစ်ခုကို ရှာဖွေကာ ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေသည်။

နှစ်ယောက်စလုံးသည် တစ်ဦးကိုတစ်ဦး အရည်အချင်း စမ်းသပ်လိုသည်ဖြစ်၍ အစပိုင်းတွင် သူတို့၏ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ခွန်အားကို ပိုမိုအသုံးချလာကြသော်လည်း ပြိုင်ပွဲသည် သရေကျနေဆဲဖြစ်သည်။

သူတို့၏ မှော်စွမ်းအားများအစား သူတို့၏ ကာယခွန်အားကိုသာ အသုံးပြုကြသည်။

ကုနင်းနှင့်ပိုင်လီကျုံးရန်တို့သည် နှစ်ဦးစလုံး တစ်ယောက်မှ အားနည်းသောပြိုင်ဘက် မဟုတ်ကြသည်ကိုသိလာသည်။

ပိုင်လီကျုံးရန်သည် ကျင့်ကြံသူဖြစ်ကြောင်း ကုနင်း သိသော်လည်း ကုနင်းတွင် မှော်အစွမ်းရှိကြောင်းကိုတော့ဖြင့် ပိုင်လီကျုံးရန် မသိပေ။ ထို့ကြောင့် ကုနင်းသည် ပိုင်လီကျုံးရန်၏ခွန်အားကိုမအံ့သြသော်လည်း ပိုင်လီကျုံးရန်သည်တော့ ကုနင်း၏ခွန်အားကြောင့် ..အလွန်အံ့သြသွားသည်။

သူ၏မျက်လုံးများထဲတွင် ကုနင်းသည် သာမန်မိန်းကလေးတစ်ယောက်ဟု ထင်ရသော်လည်း သူမသည် သူ့လောက်နီးနီး သန်မာသည်။ သူ၏ခွန်အားကို အပြည့်အ၀အသုံးမချထားသော်လည်း ကုနင်းသည် သူ့အတွက် အလွန်တော်သည့် ပြိုင်ဘက်ဆိုသည်မှာ သံသယဖြစ်စရာမရှိပေ။

ပိုင်လီကျုံးရန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ထုတ်ဖော်ပြသရန် ဆန္ဒမရှိသောကြောင့် နောက်ပိုင်းတွင် သူရပ်လိုက်သည်။ "လုံလောက်ပြီထင်တယ်။"

“ဟုတ်ပါတယ်။” ကုနင်းလည်း ရပ်လိုက်သည်။

"မစ္စကု မင်းရဲ့ခွန်အားက အံ့အားသင့်စရာပါပဲ" ပိုင်လီကျုံးရန် ပြောသည်။

"မစ္စတာ.. ပိုင်လီ ရှင်လည်း အရမ်းထူးချွန်ပါတယ် ” ဟု ကုနင်း ယဉ်ကျေးစွာပြောခဲ့သည်။

"မင်း ငယ်ငယ်ကတည်းက ကွန်ဖူး လေ့ကျင့်ခဲ့တာလား" ပိုင်လီကျုံးရန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟုတ်ကဲ့" ကုနင်း က ဖြေသည်။

ပိုင်လီကျုံးရန် ခေါင်းညိတ်ပြီး ဆက်မမေးတော့ပေ။ သူသည် ကုနင်း၏ မိသားစုနောက်ခံကို ရှာဖွေရန် ရည်ရွယ်ချက်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် သူမနှင့် ရန်စမရှိသောကြောင့်ဖြစ်သည်။

"မင်းနဲ့ ဂုဏ်ယူစွာမနက်စာစားရတဲ့အခွင့်အရေးမျိုးရနိုင်မလား?" ပိုင်လီကျုံးရန် က ထပ်မေးသည်

"တောင်းပန်ပါတယ် ကျွန်မ ဒီနေ့ အိမ်မှာပဲစားရမှာမို့လို့ပါ။" ဟု ကုနင်း ကပြောလိုက်သည်။

"ကောင်းပြီ..ဒါဆို..နောက်တခေါက်ပေါ့" ပိုင်လီကျုံးရန် စိတ်ပျက်သွားပုံမပေါ်ပေ။

"ကိစ္စမရှိပါဘူး"ကုနင်း လက်ခံလိုက်သည်။

သခင်ကြီးရှုကြောင့် ရှုချင်ယင်း သည် ယခု ကုနင်း မြို့တော်တွင် ရှိနေကြောင်း သိလိုက်ရသည်။ သူမသည် ကုနင်းကို ချက်ချင်းဖုန်းဆက်ပြီး ထိုညနေတွင် အတူတူထမင်းစားရန် ဖိတ်ခေါ်ခဲ့သည်။

ရှုချင်ယင်းသည် ရှန်းနဉ်လုပ်ငန်းစုတွင် ယခင်ကရောက်ဖူးသောကြောင့် ကောဆုနည်းပညာကို ကုနင်းမှပိုင်ဆိုင်ကြောင်း သူမသိသည်။ ကောဆုနည်းပညာ သည် ယခု Weibo တွင် အကျော်ကြားဆုံးအကြောင်းအရာများထဲမှ တစ်ခုဖြစ်သောကြောင့် ကုနင်းသည် ဤရက်ပိုင်းအတွင်း အလွန်အလုပ်များနေမည်ကို သူမစိုးရိမ်မိသည်။

ကုနင်း သူမအပြည့်အဝအားသည့်အချိန်တွင် ရှုချင်ယင်းနှင့် ကူအန်းနာတို့နှင့် ထမင်းစားရန်စီစဉ်ခဲ့သော်လည်း ရှုချင်ယင်း မှသူမအား အရင်ဖိတ်ခဲ့သောကြောင့် ရှုချင်ယင်း၏ဖိတိကြားမှုကိုလက်ခံလိုက်သည်။

ထို့နောက် အနောက်တိုင်းစားသောက်ဆိုင်တစ်ခုတွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။

နေ့ခင်းဘက်တွင် ကုနင်း သည် ကောင်းယိနှင့် ချောင်ယကို သူမထက်အရင် အိမ်ပြန်ရန် ပြောပြီး ရှုချင်ယင်းကို သွားတွေ့သည်။

ရှုချင်ယင်းတစ်ယောက် ကုနင်းကိုတွေ့လိုက်သည်နှင့်၊ "နင်းနင်း ...နင်... ရှန်ပိုင်ရှန်းကို မှတ်မိသေးလား... အရင်တခေါက်.. ငါနင်တို့ကုမ္ပဏီကို နင့်ကို တွေ့ဖို့လာတုန်းက တွေ့ခဲ့တဲ့လူလေ ..."

"အင်း.. ဘာဖြစ်လို့လဲ သူ မင်းကို နှောက်ယှက်နေသေးလို့လား" ကုနင်း က မေးသည်

"နင်မှန်တယ် ဒီရက်ပိုင်း သူနဲ့ မကြာခဏ တွေ့တွေ့နေတယ် .ငါကတော့ တိုက်ဆိုင်မှုလို့ မထင်ဘူး.. သူက ငါနဲ့ စကားပြောဖို့ အမြဲကြိုးစားနေပြီး သူအခု ဘယ်လောက်တောင် နောင်တရနေတယ်ဆိုတာ ပြောပြတယ်..ငါ့မိသားစု နောက်ခံအကြောင်း သူသိသွားလို့ဖြစ်မယ်ထင်တယ်။” အခြေခံအားဖြင့်..ရှုချင်ယင်းသည် မတုံးအပေ။

"အင်း.. သူက နင့်ရဲ့မိသားစုနောက်ခံကို သိသွားလို့ မင်းကို လက်မလွှတ်ချင်ဖြစ်နေတာနေမယ်.." ကုနင်း နှုတ်ခမ်းတွန့်၍ပြုံးလိုက်သည်။

"ငါလည်း အဲ့လိုပဲထင်တယ်.." ကူအန်းနာက သူတို့၏ ဆွေးနွေးမှုမှာ ပါဝင်လာသည်။

“သူက ရှင်းရှင်းလင်းလင်း မပြောဘူးလေ..အဲ့ဒါကြောင့် ငါ သူ့ကို ဘယ်လို ငြင်းရမှန်း မသိဘူး” ဟု ရှုချင်ယင်း ဆိုသည်။

"ဒါဆို သူ့ကို လျစ်လျူရှုထားလိုက်" ကုနင်း ပြောသည်။

"ဒါက ငါ အခုလုပ်နိုင်တဲ့တစ်ခုတည်းသောအရာပဲ" ရှုချင်ယင်း သက်ပြင်းချလိုက်သည်။

သူတို့..ညစာစားချိန်ပြီးချိန်သည် အိမ်ပြန်ရန် စောနေသေးသည်မို့ အတူတူ ဈေးဝယ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ည ၁၁ နာရီမတိုင်ခင်အထိ အိမ်မပြန်ခဲ့ကြပေ..

နှစ်ရက်အကြာတွင် ခိုကျီ၏မိတ်ကပ်ထုတ်ကုန်များအကြောင်း သတင်းစာရှင်းလင်းပွဲကိုကျင်းပခဲ့သည်။

ကုနင်းသည် ကျန်းကျားမင်ကို ထိုသတင်းစာရှင်းလင်းပွဲကို အာရုံစိုက်ရန် မက်ဆေ့ချ်ပို့လိုက်တယ်။

ကျန်းကျားမင်သည် သူမ၏ အိပ်ခန်းမှ တစ်ရေးတစ်မော အိပ်ပြီး ပြန်လာသောအခါ ကုနင်း၏မက်ဆေ့ချ် ဖတ်လိုက်ရသည်။ ဤသတင်းကြောင့် သူမ အံ့အားသင့်သွားပြီး သတင်းစာရှင်းလင်းပွဲ ဗီဒီယိုကို ချက်ချင်း သွားကြည့်ခဲ့သည်။

အံ့အားသင့်ဖွယ်ကောင်းစွာ ခိုကျီသည် တစ်လအတွင်း မိတ်ကပ်ပစ္စည်းများကို ထုတ်လုပ်ခဲ့သည်။ ဆိုလိုသည်မှာ အလောင်းအစားတွင် ကျန်းယွီထုန် ရှုံးသွားပြီဖြစ်သည်။

ကျန်းကျားမင်သည် အလွန်ကျေနပ်သွားပြီး ကျန်းယွီထုန်ကို မဆိုင်းမတွပင် ပြေးမြင်မိလေသည်။

အပိုင်း ၁၂၉၄ ကျန်းယွီထုန် အလောင်းအစားမှာရှုံးသွားပြီ..

ထိုအချိန်တွင် ကျန်းယွီထုန်သည် သူမ၏ သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ဖို့ ပြင်နေခြင်းဖြစ်သော်လည်း ကျန်းကျားမင်က သူမကို တားလိုက်ကာ "ဟေး...ဟိုနေ့က ကုနင်း နဲ့ မင်းလောင်းထားတာကို မှတ်မိသေးလား.."

ကျန်းယွီထုန် မျက်မှောင်ကြုတ်ပြီး ကျန်းကျားမင်ဆိုလိုချင်သည်ကို သူမ ချက်ချင်း နားမလည်ခဲ့ပေ။ ခိုကျီသည် တစ်လအတွင်း မိတ်ကပ်ပစ္စည်းများကို အမှန်တကယ်ထုတ်လုပ်နိုင်မည်ဟု သူမသံသယရှိသော်လည်း သူမအနေနှင့် ထိုအချက်ကိုလက်မခံချင်ခဲ့ပေ။

"အဲ့ဒီတော့.." ကျန်းယွီထုန် မျက်ခုံးပင့်လိုက်သည်။

"ကောင်းတယ်.. ခိုကျီ ထုတ်ကုန် အစုံတစ်ရာဝယ်ဖို့ ပိုက်ဆံနည်းနည်းလောက် ချွေတာလိုက်ဦး.." ကျန်းကျားမင်မှာ ကျန်းယွီထုန်၏ရှုံးနိမ့်မှုကို ကျေနပ်အားရစွာ ပြောလိုက်သည်။

"နင် ဘာကိုဆိုလိုတာလဲ?" ကျန်းယွီထုန် ထိတ်လန့်သွားသည်။ ခိုကျီ သည် တစ်လအတွင်း မိတ်ကပ်လိုင်းကို အမှန်တကယ်ထုတ်ခဲ့သည်ကို သူမ မယုံနိုင်ပေ။

ထိုသို့ဆိုလျှင် သူမ ပိုက်ဆံအများကြီး ဆုံးရှုံးရလိမ့်မယ်။

“ဘာလို့လဲဆိုတာ..နင်သိပြီးသားဖြစ်မှာပါ..ခိုကျီက မနေ့က သူ့ရဲ့မိတ်ကပ်ထုတ်ကုန်တွေအကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးပြီ..အဲ့ဒီအကြောင်းကို သူ့ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ နင် ရှာကြည့်လို့ရတယ်။” ကျန်းကျားမင် ပြောပြီးသည်နှင့် ပြန်လှည့်ထွက်သွားလေသည်။

ကျန်းယွီထုန်လဲ ခိုကျီ၏ သတင်းစာရှင်းလင်းပွဲကို ကြည့်ရှုရန် သူမ၏ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။

ဗီဒီယိုကိုကြည့်ပြီးနောက် အလွန်ထိတ်လန့်သွားသည်။ တစ်ချိန်တည်းမှာပင် သူမသည် ခိုကျီကို ဒေါသထွက်သွားသည်။ သူမ၏ရှုံးနိမ့်မှုအတွက် ခိုကျီကို အပြစ်တင်လိုခဲ့ပြီး တကယ်တမ်း ခိုကျီကို ကုနင်း ပိုင်ကြောင်း သူမမသိပေ။

အခြားအမျိုးသမီးများသည် ခိုကျီ၏မိတ်ကပ်ထုတ်ကုန်များကိုမြင်တွေ့ရန်စိတ်လှုပ်ရှားနေကြသည်။

အများစုမှာ ခိုကျီ ကောင်တာများသို့ ပြေးသွားကြသည်။ သို့သော်.. အလှကုန်ကောင်တာများတွင် ထုတ်ကုန်အသစ်များရောက်ရှိရန် တစ်ပတ်ခန့် အချိန်ယူခဲ့ရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာ ခိုကျီ၏တိုက်ရိုက်ရောင်းချသည့် စတိုးဆိုင်များတွင် ထုတ်ကုန်အသစ်များ နောက်တနေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအချက်သည် တိုက်ရိုက်ရောင်းချသည့်ဆိုင်များ၏ အားသာချက်ဖြစ်သည်။

ခိုကျီသည် လက်ရှိတွင် တိုက်ရိုက်ရောင်းချသည့်ဆိုင် နှစ်ဆိုင်သာရှိသေးသော်လည်း.. စျေးဝယ်စင်တာကြီးများရှိ အလှကုန်ကောင်တာများတွင် ခိုကျီ၏ ထုတ်ကုန်များကို ရောင်းချနေဆဲဖြစ်သည်။ ထိုအရာကို စီစဉ်ရန်မှာ နဉ်ချန်းခိုင် ၏တာဝန်ဖြစ်သည်။

စင်စစ် အလှကုန်ကောင်တာတိုင်းကို အမှတ်တံဆိပ်က တိုက်ရိုက်စီမံခန့်ခွဲကြသည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတဝှမ်းတွင် ဈေးဝယ်စင်တာတွေအများအပြားရှိသောကြောင့်ဖြစ်သည်။

ခိုကျီသည် ယခုအချိန်တွင် အလွန်လွှမ်းမိုးနိုင်သော အမှတ်တံဆိပ်မဟုတ်သေးသောကြောင့် အချို့သော စျေးဝယ်စင်တာကြီးများတွင် အလှကုန်ကောင်တာ အနည်းငယ်သာ ရှိသည်။ အခြေခံအားဖြင့် ကုန်အမှတ်တံဆပ်တစ်ခုအနေနှင့် နာမည်ကြီးကုန်တိုက်ကြီးများတွင်နေရာတစ်ခုရရန်မလွယ်ကူပေ။

သို့သော် ခိုကျီသည် နာမည်ကြီးသထက်ကြီးလာသောကြောင့် တွဲဖက် လုပ်ဆောင်ချင်သည့် စျေးဝယ်စင်တာများများသထက်များလာသည်။ ထို့ကြောင့် ခိုကျီသည် မြို့ကြီးပြကြီးများရှိ နာမည်ကြီး စျေးဝယ်စင်တာများစွာတွင် နေရာတစ်ခုရနိုင်သေးခြင်းဖြစ်သည်။

အလှကုန်ကောင်တာများအပြင် ခိုကျီ အမှတ်တံဆိပ် တိုက်ရိုက်ရောင်းချသည့်ဆိုင်များလည်း များသထက်များလာသည်။

ခိုကျီ ပရိသတ်အချို့သည် ထုတ်ကုန်အသစ်များကို နောက်တနေ့တွင် ခိုကျီ၏တိုက်ရိုက်ရောင်းချသည့်စတိုးဆိုင်များသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကြားသိရသောအခါတွင် စိတ်လှုပ်ရှားသွားကြသည်။

သို့သော် ပစ္စည်းပျက်မည်စိုး၍ ဤသတင်းကို တခြားသူများကိုမပြောကြပေ။

ခိုကျီ၏ ဝန်ထမ်းတစ်ဦးမှ ခိုကျီ မိတ်ကပ်အလှကုန်ပစ္စည်းများ၏ ပထမအသုတ် ပမာဏမှာ အကန့်အသတ်ရှိသည်ဟုပြောထားခဲ့သောကြောင့် ထိုသတင်းကို မည်သူမှ တခြားတယောက်ကိုမှ မပြောပြလိုခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ခိုကျီ၏တိုက်ရိုက်ရောင်းချသည့်စတိုးဆိုင်များ၌ တံခါးမဖွင့်မီနံနက်စောစောတွင်ပင် တံခါးဝတွင် အမျိုးသမီးအများအပြားစောင့်ဆိုင်းနေကြသည်။ ထုတ်ကုန်အသစ်များကို မည်သည့်အချိန်တွင် ပို့ဆောင်မည်မှန်း မသိကြသော်လည်း လက်လွှတ်လိုက်ရမည်ကိုစိုးရိမ်နေကြသည်။ ထို့အပြင် သူတို့သည် ထုတ်ကုန်အသစ်အတွက် အချိန်အကြာကြီးစောင့်ဆိုင်းရန်လည်း ဆန္ဒရှိသည်

စင်စစ် ဝန်ထမ်းများသည် မနေ့က သန်းခေါင်ယံတွင် ကုန်ပစ္စည်းအသစ်တွေကို စင်ပေါ်တင်ရန်အတွက် အလုပ်ရှုပ်နေခဲ့ကြသည်

ခိုကျီ၏တိုက်ရိုက်အရောင်းဆိုင်များကို နံနက် ၈း၃၀ တွင်ဖွင့်လှစ်ပြီး ဝန်ထမ်းများသည် ည ၉ နာရီတွင် စတင်အလုပ်,လုပ်ကိုင်သောကြောင့် တံခါးဖွင့်လာသူဝန်ထမ်းတစ်ဦးသည် ခိုကျီ ပရိသတ်အုပ်စုကြီးကိုတွေ့ကာ အံ့အားသင့်သွားသည်

ထုတ်ကုန်အသစ်အတွက် သူတို့ဒီကိုရောက်လာခြင်းဖြစ်ကြောင်း သူမ မကြာခင်မှာ သဘောပေါက်သွားသည်။ ခိုကျီ၏ကျော်ကြားမှုကို သူမ သိပြီးသားဖြစ် သော်လည်း ရှည်လျားသောလူအုပ်ကြီးကြောင့် သူမ အံ့အားသင့်နေဆဲဖြစ်သည်။

သူမသည် ထသွားထလာ ၀တ်စုံကို ဝတ်ဆင်ထားသောကြောင့် သူမသည် ခိုကျီ၏ ဝန်ထမ်းတစ်ဦးဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။ ထို့ကြောင့် တံခါးဖွင့်ရန် အမျိုးသမီးအုပ်စုကြီးကို ဖြတ်ကျော်ရန် ကြိုးစားသောအခါ သူမကို အမျိုးသမီးများက ဒေါသတကြီးနှင့် ဝိုင်းရံခဲ့ကြသည်။

ဝန်ထမ်းသည် ကြောက်လန့်ကာ တံခါးဖွင့်ရန်လာခြင်းဖြစ်ကြောင်း အမြန်ရှင်းပြရတော့သည်..

ထိုကဲ့သို့သိလိုက်ရသည့်အခါ အမျိုးသမီးများသည် စိတ်လှုပ်ရှားပြီး သူမကိုလမ်းဖယ်ပေးကြသည်။

ဝန်ထမ်းသည် သူတို့၏ အမူအရာကို ရယ်ချင်သွားပြီး တံခါးကို ချက်ချင်းဖွင့်လိုက်သည်။ သူမသည် အမျိုးသမီးတစ်ဦးလည်းဖြစ်သော်လည်း ခိုကျီအပေါ် အမျိုးသမီးများ၏ စွဲလမ်းမှုကို သူမ နားမလည်နိုင်သေးပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ကော်မရှင်ပိုရနိုင်သောကြောင့် ခိုကျီကို အမျိုးသမီးများ ထိုသို့အရူးအမူးဖြစ်နေသည်ကို သဘောကျပါသည်။

တံခါးဖွင့်လိုက်သည်နှင့် အမျိုးသမီးအုပ်စုကြီးသည် အထဲသို့ တိုးဝင်လာသည်။ သူတို့သည်မြင်မြင်သမျှကို လုယက်တော့မည့်သဖွယ်ဖြစ်နေသည်။

ရှေ့သို့တိုးနေသူများလွန်း၍ အရပ်ပုသောမိန်းကလေးတစ်ယောက်သည် ဘာမှမမြင်ရတော့ပေ။ သူမ ရုတ်တရက် အော်ပြောလိုက်သည် "အရောင်တစ်ခုစီကိုနှုတ်ခမ်းစီတစ်ချောင်းစီယူမယ်.. အိုင်းရှဲဒိုးကိုလည်း အရောင်အစုံယူမယ်..နောက်ပြီး..အဖြူဆုံးပေါင်ဒါမှုန့်"

ခိုကျီ နှုတ်ခမ်းနီသည် အရောင်၁၂ရောင်ရှိသည်။ အိုင်းရှဲဒိုး တွင် အညို ၊ မက်မွန် နှင့် နီညိုဟူ၍ သုံးမျိုးခွဲထားကာ အိုင်းရှဲဒိုး တစ်ဘူးစီတွင်အရောင် ၁၂ရောင်ပါရှိသည်။

မိန်းကလေးတိုင်းလိုလို အနည်းဆုံး ပေါင်ဒါမှုန့်တစ်ဘူးစီလဲ ဝယ်သွားကြသည်။

***

အပိုင်း ၁၂၉၅ အလောင်းအစား

"ရပါတယ် မိန်းကလေး ဒါပေမယ့် မင်းရဲ့ရှေ့မှာလူတွေအများကြီးရှိသေးတဲ့အတွက် နည်းနည်းတော့စောင့်ဖို့လိုဦးမယ်။" ဝန်ထမ်းသည် ဤမိန်းကလေး၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် မလွယ်ဟု ခံစားရသည်။ ယခု စတိုးဆိုင်တွင် သူမတစ်ယောက်တည်းသာရှိသည်။

"ကောင်းပြီ ဒါပေမယ့် ငါလိုချင်တာကို ပေးဖို့ မမေ့နဲ့။" ကောင်မလေး နားလည်သည်။ သူမသည် ခိုကျီ၏ ထုတ်ကုန်အသစ်များကိုသာ လိုချင်သောကြောင့် ဝန်ထမ်းတစ်ဦးကို ခက်ခဲရန်မလုပ်ချင်ပေ။

"ဟုတ်ကဲ့ပါ" ဝန်ထမ်းကသဘောတူလိုက်သည်။

တခြားအမျိုးသမီးများသည် ဤမိန်းကလေးကဲ့သို့ လုပ်ချင်သော်လည်း သူတို့အတွက် မိတ်ကပ်ပစ္စည်း အများကြီး မလိုအပ်ပေ။

ခဏအကြာတွင် အခြားဝန်ထမ်းများသည်လည်း အလုပ်သို့ရောက်လာပြီး ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ အလုပ်ချိန်မရောက်သေးသော်လည်း သူတို့အလုပ်စတင်လုပ်ရတော့မည်ဖြစ်သည်။

ပထမဝယ်ယူသူအုပ်စုသည် သူတို့လိုချင်သည်ကိုမရသေးခင် နောက်ဝယ်ယူသူအုပ်စုထပ်ရောက်လာသည်။

ဝယ်ပြီးသားသူများသည် ခိုကျီ ရဲ့ မိတ်ကပ် ဓာတ်ပုံများကို ကြွားဝါရန် သူတို့၏ လူမှုကွန်ရက်မှာ ချက်ချင်းတင်လိုက်သည်။ သူတို့သည် ခိုကျီမိတ်ကပ်ကို ပထမဆုံးဝယ်ယူနိုင်သည့်အုပ်စုဖြစ်သည်။

အချိန်တိုအတွင်း သူတို့သည် တခြားသူများ လာရောက်ဝယ်ယူရန်ဆွဲဆောင်နိုင်ခဲ့သည်။

ဤနေ့တွင် ခိုကျီ၏ တိုက်ရိုက်စတိုးဆိုင်များသည် လူများပြည့်နှက်နေခဲ့သည်။

အလောင်းအစားရှုံးပြီးနောက် ကျန်းယွီထုန် ဝယ်ယူရမည့်သော ခိုကျီ ထုတ်ကုန် အစုံ ၁၀၀ကို နောက်ပိုင်းတွင်မှ ၎င်းတို့ကို ပို့ပေးရန် ကုနင်းဆုံးဖြတ်ခဲ့သည်။ အကြောင်းကတော့ ကိုလိန်းစက်ရုံမှထုတ်လုပ်မှုမှာ အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။

ခိုကျီသည် ၎င်း၏မိတ်ကပ်ပစ္စည်းများကို ရောင်းမလောက်ဖြစ်နေ၍ စင်ပေါ်၌ပင် မထားရှိနိုင်သည့် သတင်းသည် မကြာမီ ပျံ့နှံ့သွားသည်။ ဝယ်ယူလိုသူ ပိုမိုများပြားလာသော်လည်း ပစ္စည်းပြတ်သွားသည်။

အရေးအကြီးဆုံးမှာ တိုက်ရိုက်ရောင်းသည့်စတိုးဆိုင်များသည် မြို့တော်နှင့် Bမြို့တွင်သာရှိပြီး ခိုကျီတွင် တရားဝင်ဝက်ဘ်ဆိုဒ်တစ်ခုရှိသော်လည်း ထိုမိတ်ကပ်ထုတ်ကုန်များသည် နေရာတိုင်းတွင် ပစ္စည်းပျက်ကုန်သည်။

ကျန်းယွီထုန်သည် ခိုကျီ နှင့်ပတ်သက်သည့်သတင်းကို နောက်ပိုင်းတွင်ကြားသိခဲ့ရသော်လည်း သူမသည် သူမ၏ကတိကိုမဖြည့်ဆည်းလိုအပြင် ငြင်းဆိုရန်ပင်စီစဉ်ခဲ့သည်။ သို့သော်လည်း ကုနင်း၏ မိသားစုနောက်ခံကြောင့် သူမသည် ကုနင်းကို ဒေါသမထွက်စေလို၍ ချောင်ပိတ်မိနေသည်ဟု ခံစားရသည်။

ကျန်းကျားမင်က သူမကိုပြောသည် "အင်း.. နင် အလောင်းအစားကို မမေ့ဘူး မဟုတ်လား?"

"အခု ပစ္စည်းပြတ်သွားပြီ။" ကျန်းယွီထုန် ငြင်းခုံသည်။

“အဲ့ဒါ ကိစ္စမရှိပါဘူး.. နင်စပေါ်ငွေကို အရင်ပေးလိုက်.. သုံးရက်အတွင်း နင့်အတွက် ခိုကျီ အစုံ၁၀၀ ရလိမ့်မယ်”

“နင်…” ကျန်းယွီထုန်မှာ ကျန်းကျားမင် ရည်ရွယ်ချက်ရှိရှိပြောသည်ကို သူမသိသောကြောင့် ဒေါသထွက်သွားသည်။

သူတို့နှစ်ဦးသည် ဧည့်ခန်းထဲမှာ စကားပြောနေကြသည်ဖြစ်၍ သူတို့၏မိခင်တွေလည်း ထိုစကားကို ကြားသည်။

ကျန်းယွီထုန်၏မိခင်သည် သူမကို စိုက်ကြည့်လိုက်သည်။ "ဘာ.. ခိုကျီ အစုံ ၁၀၀တောင် ဘာလို့ ဝယ်ချင်ရတာလဲ? အဲ့လောက်အများကြီးဘာလုပ်ဖို့လဲ?"

သူမတွင် ခိုကျီ မိတ်ကပ်အစုံများစွာရှိသော်လည်း ၁၀၀သည် အလွန်များသည်။ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အားလုံးကို ကုန်အောင် အသုံးမပြုနိုင်ပေ။

ကျန်းယွီထုန် ခဏတုံ့ဆိုင်းသွားသည်။ သူမ၏အမေကို မည်သို့ရှင်းပြရမည်မသိဖြစ်နေစဉ် ကျန်းကျားမင် ဝင်နှောက်ယှက်လိုက်သည် "ကျန်းယွီထုန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ကုနင်းနဲ့အလောင်းအစားလုပ်ခဲ့တယ် ခိုကျီရဲ့မိတ်ကပ်အသစ်ကို တစ်လအတွင်း စျေးကွက်မှာတင်ရင် ကျန်းယွီထုန် ရှုံးပြီး ခိုကျီကထုတ်ကုန်အားလုံးရဲ့ အစုံ ၁၀၀ကိုဝယ်ရမယ် မဟုတ်ရင် ကုနင်းက ခိုကျီ ထုတ်ကုန်အားလုံးရဲ့ အစုံ ၁၀၀ ကို ကျန်းယွီထုန် ဆီကိုပို့ပေးမှာ...အဲ့ဒါ သူတို့ သဘောတူထားတာဖြစ်ပြီး လူတော်တော်များများလည်းသိတယ် ခိုကျီ က တစ်လအတွင်း မိတ်ကပ်အသစ်ကို တကယ်ထုတ်လိုက်တဲ့အတွက် ကျန်းယွီထုန်က ကတိအတိုင်း ဖြည့်ဆည်းပေးရတော့မယ်”

ကျန်းကျားမင်သည် ကျန်းယွီထုန်၏ ရှုံးနိမ့်မှုအတွက် အားတက်သရောဖြစ်နေသည်ကို ဖုံးကွယ်ရန် မကြိုးစားပေ။

ကျန်းကျားမင်နှင့် ကျန်းယွီထုန်သည် တစ်ယောက်နှင့်တစ်ယောက် မည်သည့်အချိန်ကမှ မတည့်ဖူးသည်ကို ကျန်းမိသားစုမှ သိထားသောကြောင့် သူတို့သည် ထိုငြင်းခုံခြင်းကို ကျင့်သားရနေပြီဖြစ်သည်။

"ဘာ..ကုနင်းက ဘာလို့ ယွီထုန်နဲ့ဒီလိုအလောင်းအစားလုပ်ရတာလဲ?"ကျန်းယွီထုန်၏မိခင်သည် သူမ၏မကျေနပ်ချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြကာမေးသည်။

ထိုစကားကိုကြားသော် ကျန်းကျားမင် သည် ကျန်းယွီထုန် ၏မိခင်က ကုနင်းကိုအပြစ်တင်လိုသည်ကို သဘောပေါက်ကာ ထပ်ရှင်းပြလိုက်သည် "အဲ့တာ ကုနင်း အပြစ်မဟုတ်ပါဘူး..ကျွန်မနဲ့ ကုနင်းတို့ ခိုကျီ အကြောင်းပြောနေချိန် ကျန်းယွီထုန်ရောက်လာပြီး ကုနင်းကိုစိန်ခေါ်ခဲ့တာ.."

ကျန်းယွီထုန် မငြင်းနိုင်ခဲ့ပေ။

ထိုတော့မှ ကျန်းယွီထုန်အမေလဲ ပါးစပ်ပိတ်သွားသည်။ ထိုသို့ဆိုလျှင် ကျန်းယွီထုန် မှားသည်မှာ ပြောစရာမလိုပေ။

"အင်း ဒါက.. ယွီထုန်အမှားပါ ဒါပေမယ့် အစုံ ၁၀၀ ကတော့ အရမ်းများလွန်းပါတယ်" ကျန်းယွီထုန်၏မိခင်က ပြောသည်။ သူမသည် ကုနင်းကို အပြစ်တင်ချင်နေသေးသည်။ "ကုနင်းက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲ သူမအဲ့လောက်ထိ မရက်စက်သင့်ပါဘူး"

ကျန်းယွီထုန် ၏မိခင်သည် ခိုကျီ အစုံ ၁၀၀ ဝယ်လျှင် ပိုက်ဆံများစွာကုန်ကျမည်ဖြစ်၍ သူမ၏သမီးကို ထိုပိုက်ဆံ မပေးစေလိုပေ။

ကျန်းယွီထုန် ၏မိခင်သည် ကုနင်းကို မစော်ကားဝံ့သောကြောင့်သာ သူမ၏ဒေါသကို ထိန်းချုပ်ထားချင်းဖြစ်သည်။ မဟုတ်လျှင် ဤရယ်စရာကောင်းသောလောင်းကြေးကို တိုက်ရိုက် လျစ်လျူရှုမိလိမ့်မည်။ ကုနင်း၌ နောက်ကွယ်တွင် ပံ့ပိုးကူညီနေသည့် ထန်မိသားစု ရှိပြီး ထန်မိသားစုတွင် သူမသည် အလွန်အရေးပါသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။

"ခိုကျီရဲ့ မိတ်ကပ်ပစ္စည်းထုတ်လုပ်မှု ကွန်ဖရင့် အကြောင်း ကုနင်းက ကျွန်မကို ပြောပြတယ်.. ဒီအတိုင်းတော့.လွှတ်ပေးမယ်မထင်ဘူး။” ဟုကျန်းကျားမင် က ပြောသည်

“အင်း…” ကျန်းယွီထုန်၏မိခင် မျက်မှောင်ကြုတ်လိုက်သည်။

ခိုကျီ ထုတ်ကုန်အားလုံး၏ အစုံ100ကို အမှန်တကယ်ဝယ်ရမည်လား။ သူတို့သည် ထိုပိုက်ဆံကို တတ်နိုင်သော်လည်း.. အနည်းဆုံး ယွမ် နှစ်သန်းလောက် ကုန်ကျမည်ဖြစ်သည်။

"ထန်မိသားစုရဲ့မျက်လုံးထဲမှာ ကုနင်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မမေ့နဲ့ဦးနော်" ဟု ကျန်းကျားမင် ထပ်လောင်းသတိပေးလိုက်သည်။

***

အပိုင်း၁၂၉၆ ကျန်းယွီထုန် က ကတိပေးထားတာကိုတည်လိုက်တယ်..

ကျန်းယွီထုန်၏မိခင်သည် ထန်မိသားစုသည် သူတို့သွားရှုပ်၍ရသည့် မိသားစုမဟုတ်သောကြောင့် တွန့်ဆုတ်မနေရဲတော့ပေ။

ကျန်းယွီထုန် ကိုယ်တိုင် မတတ်နိုင်သောကြောင့် သူမ၏အမေထံ အကူအညီတောင်းရတော့မည်။ ကျန်းယွီထုန်၏မိခင်သည် သူမ၏ကိုယ်ပိုင်စုငွေ ရှိသော်လည်း ၎င်းကိုသုံးရန် နှမြောနေသည်။ ဆုံးရှုံးမှုကို လျှော့ချရန်အတွက် အစုံ ၁၀၀ ကို အခြားသူများထံ ရောင်းချနိုင်မည်ဟု သူမ တွေးလိုက်သည်။ ထိုအရာသည် ဤအလောင်းအစား၏ အဆုံးအဖြတ်ဖြစ်သည်။

ကျန်းယွီထုန်၏မိခင်သည် ကုနင်းကိုအပြစ်တင်ချင်နေဆဲဖြစ်သော်လည်း ကျန်းကျားမင်သည် ကုနင်းကိုပြောပြပြီးသူမတို့ကို ဒုက္ခဖြစ်စေမည်ကိုစိုးရိမ်၍ အသံကျယ်ကျယ်မပြောဝံ့ပေ။

ထို့နောက်တွင် ကျန်းယွီထုန်၏မိခင်သည် ကျန်းယွီထုန်၏ဖခင်ဖြစ်သူကိုဖုန်းခေါ်လိုက်သည်။ ကျန်းယွီထုန်၏ဖခင်သည် အချိန်အတော်ကြာ ဒေါသထွက်ကာ သမီးဖြစ်သူကိုဆူခဲ့သော်လည်း ရွေးချယ်စရာမရှိသောကြောင့် အဆုံးတွင် သူသဘောတူခဲ့သည်။

ကျန်းယွီထုန်သည် သူ၏သမီးဖြစ်ပြီး သူမ၏အကျင့်စရိုက်ကို ကောင်းစွာသိသောကြောင့် ဤသည်မှာ ကျန်းယွီထုန် ၏အမှားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။

ထို့နောက် ကျန်းကျားမင်သည် ဤရလဒ်ကို ကုနင်းကို ပြောပြသည်။

ကုနင်းသည် ခိုကျီ အစုံ ၁၀၀ကိုကျန်းယွီထုန် အမှန်တကယ် ဝယ်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ကျန်းယွီထုန် ဤသို့လုပ်သည်ကိုလည်း သူမ သဘောကျသည်။

ကုနင်းသည် ခိုကျီ အစုံ ၁၀၀ ကို ကျန်းယွီထုန် မည်သို့ကိုင်တွယ်မည်ကို ဂရုမစိုက်ပေ။ ၎င်းသည် သူမ၏ပြဿနာမဟုတ်သောကြောင့်ပင်။

ကျန်းယွီထုန် နှင့်သူမ၏မိခင်သည် နောက်တစ်နေ့နံနက်တွင် ခိုကျီ၏တိုက်ရိုက်အရောင်းဆိုင်သို့သွားခဲ့သည်။

ခိုကျီ၏ထုတ်ကုန်အများအပြားသည် ယခုပစ္စည်းလက်ကျန်ပြတ်နေသော်လည်း အချို့မှာ စင်ပေါ်၌ ကျန်ရှိနေဆဲဖြစ်သည်။

ဥပမာအားဖြင့် အနီရောင်သည် လူတိုင်းအတွက် သင့်လျော်သောကြောင့်အမျိုးသမီးအများစုသည် အနီရောင်နှုတ်ခမ်းနီကို ကြိုက်နှစ်သက်ကြသည် သို့သော် လူတိုင်း အနီရောင်ကို ရွေးမည် မဟုတ်ပေ။

မတူညီတဲ့ လူတွေမှာ မတူညီတဲ့ အကြိုက်တွေ ရှိကြသည်

ယခုပြတ်နေသည့် ပစ္စည်းများအတွက် ဝယ်ယူသူများသည် စပေါ်ငွေကို ဦးစွာပေးချေနိုင်သည်။ ပုံမှန်အားဖြင့် ခိုကျီသည် ၎င်း၏စင်များပေါ်တွင် သုံးရက်အတွင်း သို့မဟုတ် အများဆုံးတစ်ပတ်အတွင်း ဖြည့်ဆည်းပေးနိုင်သည်။

ခိုကျီ၏သစ္စာရှိဖောက်သည်များသည် တစ်ပတ်ကြာစောင့်ဆိုင်းရန် ကိစ္စမရှိပေ။ သူတိုသည် စပေါ်ငွေပေးချေထားသည့်အတွက် နောက်အသုတ်ရောက်သည့်အခါ သူတို့လိုချင်သည့်ပစ္စည်းကို သေချာပေါက်ရလိမ့်မည်။

ကျန်းယွီထုန် နှင့် သူမ၏အမေသည် ကောင်တာဆီသွားပြီး စတိုးဆိုင်ထဲရှိ ခိုကျီ ထုတ်ကုန်အားလုံး၏ အစုံ ၁၀၀ကို ဝယ်သည်။

ဆိုင်ထဲရှိ ဝန်ထမ်းများအားလုံး လန့်သွားကာသူတို့၏ နားကိုပင် မယုံနိုင်ဖြစ်သွားသည်

ကျန်းယွီထုန်နှင့် သူမ၏အမေသည် သူတို့၏မှာယူမှုကို နောက်တစ်ကြိမ်ပြောပေးရသည်။ သို့သော် ယခု ဆိုင်တွင် ပစ္စည်းအများကြီးမရှိ၍ သူတို့အနေနှင့်စောင့်ရန်လိုအပ်သည်။

ထို့နောက် ဆိုင်မန်နေဂျာမှ ရုံးချုပ်ကို ဖုန်းဆက်သည်။

ကုန်ပစ္စည်းများစွာမှာယူသောကြောင့် သူတို့အနေနှင့် ရက်သတပတ်ကြာစောင့်ရန်လိုအပ်ပြီး စက်ရုံမှတိုက်ရိုက်ပို့ပေးမည်ဖြစ်သည်။ ထို့အပြင် ကျန်းယွီထုန်သည် စပေါ်ငွေ 20% ပေးဆောင်ရန် လိုအပ်သည်။

အကယ်၍ သူမ စိတ်ပြောင်းသွားပြီး ကုန်ပစ္စည်းမဝယ်ရန် ဆုံးဖြတ်ပါက စပေါ်ငွေကို ပြန်မရနိုင်ပေ။

ကျန်းယွီထုန်သည် အစုံ ၁၀၀ ဝယ်ယူခဲ့ရပြီး ခိုကျီ၏ပိုင်ရှင်မှာ ကုနင်း ဖြစ်သည်ကို သူမ မသိခဲ့ပေ။ ထို့ကြောင့် သူမသဘောတူခဲ့သည်။

ကျန်းယွီထုန်နဲ့သူမ၏အမေ ထွက်သွားသည်နှင့် စတိုးဆိုင်ထဲရှိ ဝန်ထမ်းများသည် သူတို့၏အကြောင်း စတင်ပြီးပြောကြတော့သည်။

"ဘုရားသခင်.. ခိုကျီ အစုံအများကြီးကို ဘာလုပ်ဖို့များဝယ်တာပါလိမ့်?"

“သူတို့ လက်ဆောင်ပေးဖို့အတွက် ဝယ်တာဖြစ်နိုင်တယ်။”

"သူတို့က ချမ်းသာတဲ့သူတွေဖြစ်ရမယ်။"

ကျန်းယွီထုန် နှင့် သူမ၏အမေ ခိုကျီ အစုံတွေအများကြီးဝယ်ရသည့် အကြောင်းရင်းအစစ်မှန်ကို သူတို့ မသိကြပေ။

ယခုအချိန်တွင် ခိုကျီ ၏စက်ရုံသည် ၎င်း၏မိတ်ကပ်ထုတ်ကုန်များထုတ်လုပ်ရန် အလွန်ပင် အလုပ်များနေသည်

ခိုကျီသည် မိတ်ကပ်ထုတ်ကုန်များကို ၎င်းတို့၏လုပ်ငန်းမိတ်ဖက်များကို မပေးအပ်မီ ကျန်းယွီထုန်အတွက် ဦးစွာထုတ်လုပ်ရန် လိုအပ်သည်။

ကံကောင်းစွာဖြင့် ခိုကျီသည် ၎င်း၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကို အချိန်အကြာကြီးမစောင့်ဆိုင်းစေခဲ့ပေ။ အကြောင်းမှာ ၎င်းတွင် အဆင့်မြင့်ဆုံးစက်များနှင့် ထုတ်လုပ်မှုစက်ပစ္စည်းများရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် ခိုကျီသည် အလွန်ရေပန်းစားနေသောကြောင့် ၎င်း၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များသည် စောင့်ဆိုင်းရသည်ကိုမမှုပေ။

လင်ရှောင်းထင်သည် ထိုနေ့ နံနက် ၁၀ နာရီတွင် ပြန်ရောက်လာပြီး ကုနင်းကို တွေ့ရန် သူမ၏ကုမ္ပဏီသို့ တိုက်ရိုက်သွားခဲ့သည်။

တစ်ယောက်ကိုတစ်ယောက် မတွေ့တာကြာပြီဖြစ်၍ ပွေ့ဖက်ပြီး နမ်းရှိုက်လိုက်သည်။ ထို့နောက် သူမကိုဖက်ပြီးသည့်နောက် လွှတ်မပေးချင်တော့ပေ။

သခင်ကြီးလင်သည် သူတို့ကို လင်မိသားစုအိမ်တွင် ထမင်းစားရန်ဖိတ်ခေါ်လိုက်သည်။ ကုနင်း တစ်ယောက်တည်းရှိစဉ်တွင် သခင်ကြီးလင်သည် သူမ ကြောက်ရွံ့နေမည်ကို စိုးရိမ်သောကြောင့် အတူတူထမင်းစားရန် ဖိတ်ကြားခြင်းမပြုခဲ့ပေ။ လင်ရှောင်းထင် ပြန်ရောက်နေပြီဖြစ်၍ အတူတူထမင်းစားနိုင်ပြီဖြစ်သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ လင်မိသားစုအိမ်သို့ရောက်သည့်အချိန်သည် အလွန်စောနေသေး၍ အခြားလူများစွာလည်း မရောက်ကြသေးပေ။

သခင်ကြီးလင်သည် အိမ်တွင် အမြဲတစေ တစ်ယောက်တည်းနေနေရ၍ ငြီးငွေ့လာသည်။ သူ့တွင် မိတ်ဟောင်းဆွေဟောင်း အများအပြားရှိသော်လည်း အားလုံးသည် နေ့တိုင်း မစုဝေးနိုင်ပေ။ သူတို့သည် လူအိုတွေဖြစ်သည့်အလျှောက် ခရီးဝေးဝေးလံလံ ကို မသွားနိုင်ကြပေ။

ကုနင်း ဝမ်းသာအားရ သဘောတူလိုက်သည်။

အမှန်တွင် သူမသည် သူမ၏သဘောဆန္ဒအရ သခင်ကြီးလင်ဆီသို့ အလည်အပတ်သွားမည်ဖြစ်သော်လည်း သူမဒီရက်တွေမှာ မအားလပ်ခဲ့ပေ။

All Chapters