← Chapters

အခန်း (၁၃၀၃-၁၃၀၈)

Vol. 84 Ch. 1302-1308

အခန်း (၁၃၀၃-၁၃၀၈)

Vol. 84 Ch. 1302-1308

အပိုင်း ၁၃၀၃ အဲ့ဒါအမှန်တရားပဲ..

ထို့အပြင်..သူမသည် ကုနင်း၏ သန်ဘက်ခါအတွက် အချိန်ဇယားကိုပါပေးလိုက်သည်။

သူမတွင် ကုနင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်မရှိသော်လည်း သူမသည် လုပ်ကြံသူကို အချက်အလက် အလုံအလောက်ပေးခဲ့သည်။

ကျန်းရှူးယွမ် ထမင်းစားခန်းသို့ပြန်သွားကာ စားချင်စိတ်မရှိတော့သော်လည်း သူမကိုယ်သူမ တစ်ခုခုစားရန် တွန်းအားပေးလိုက်သည်။

အချိန်အနည်းငယ်ကြာသော် သူတို့ ထမင်းစားပြီး၍ နားနေခန်းသို့ အတူတူ သွားကြသည်။

လင်ယွမ်ချန်သည် အစောပိုင်းဖြစ်ခဲ့သည့်ကိစ္စများကို သဘောမကျသော်လည်း ဘာမျှမပြောပေ။ သူသည် လင်ရှောင်းထင်နှင့် ကုနင်းကို မတွေ့ချင်တော့သည့်အတွက် ခွင့်တောင်းကာ အခန်းသို့ပြန်ခဲ့သည် သူသည် ကုနင်းနှင့် လင်ရှောင်းထင်၏စေ့စပ်ကြောင်းလမ်းကိစ္စကို သခင်ကြီးလင်အား အသေးစိတ်မေးရန် အလုပ်ရှုပ်မခံပေ။ သခင်ကြီးလင်သည်လည်း သူ့အားမပြောပြချင်သည်ကိုသိသည်။ စင်စစ်သူသည်လည်း ထိုကိစ္စကိုစိတ်မဝင်စားပေ။

ကျန်းရှူးယွမ်သည်လည်း အကြောင်းပြချက် ပေးပြီး မကြာခင် ထွက်သွားသည်။

သို့သော် မည်သူမျှ ၎င်းတို့ကို ဂရုမစိုက်ကြပေ။ သူတို့ထွက်သွားသောအခါ အခြားသူများမှာပို၍ပင်စိတ်ပေါ့ပါးသွားကြသည်။

"ဒေါ်လေးယင်၊ ခိုကျီရဲ့မိတ်ကပ်ပစ္စည်းတွေက ဈေးကွက်ပေါ်တင်ကာစရှိသေးတာ.. ကျွန်မ ဒေါ်လေးနဲ့ ရှောက်ရှီအတွက် နှစ်စုံဝယ်လာခဲ့တယ်.. စမ်းကြည့်ပြီး .. ထင်မြင်ချက်လေးပြောပေးပါဦး။" ကုနင်းသည် လက်ဆောင်နှစ်ထုပ်ကို ယွီယင်ထံလှမ်းပေးရင်းပြောလိုက်သည်။

အင်တာနက်ပေါ်တွင် ခိုကျီအကြောင်း ကောလဟာလတစ်ခုရှိခဲ့သော်လည်း ယွီယင်သည် သူမအား သံသယဖြစ်လိမ့်မည်ဟု ကုနင်း မထင်ပေ။ ယွီယင်သည် သူမကိုယုံကြည်မည်ဖြစ်သလို နှင့် ခိုကျီ၏ အရည်အသွေးကိုလည်း ယုံကြည်လိမ့်မည် ။

ထိုအချိန်တွင် ယွီယင်သည် ခိုကျီ၏ ကောလဟာလကို မသိသလို သိလျှင်ပင် သူမသည် ကုနင်း ယုံကြည်ရန် ရွေးချယ်မည်ဖြစ်သည်။ "ကျေးဇူးတင်ပါတယ်" ယွီယင် အံ့သြပြီး စိတ်လှုပ်ရှားသွားသည်။

ကုနင်း လင်မိသားစု၏ အိမ်သို့လာလည်သည့်အကြိမ်တိုင်း လက်ဆောင်များ ပေးတတ်သော်လည်း သူမသည် ကုနင်းအား ပထမဆုံးတွေ့ဆုံမှုတွင်သာ စာအိတ်အနီကို ပေးခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် မကြာမီ မိသားစုတစ်ခုတည်းဖြစ်လာတော့မည်ဖြစ်၍ ကိစ္စမရှိပေ။

"ရပါတယ်" ကုနင်း ပြုံးလိုက်သည်။

ယွီယင်သည် ကျန်းရှူးယွမ်ထက် ကုနင်း အပေါ် များစွာ ကြင်နာတတ်သောကြောင့် ကုနင်းသည် ယွီယင်ကို ကောင်းမွန်စွာ ဆက်ဆံလိုပါသည်။

"နင်းနင်း မင်းရဲ့လက်ဆောင်ကိုအရမ်းသဘောကျတာပဲ..ငါဒီညပဲစမ်းကြည့်မယ်" ယွီယင် အရမ်းစိတ်လှုပ်ရှားသွားသည်။

ကျန်းရှူးယွမ် သူမ၏အခန်းသို့ မပြန်ပဲ လင်ယွမ်ချန်၏ စာကြည့်ခန်းသို့ သွားခဲ့သည်။

"ယွမ်ချန် အခု ကျွန်မတို့ ဘာလုပ်သင့်လဲ။ ကုနင်းက ထန်ယွင်ဖန်း ၏သမီးအရင်းတဲ့ လင်ရှောင်းထင်သာ အနာဂတ်မှာ သူမကို အမှန်တကယ်လက်ထပ်ရင် ထန်မိသားစုရဲ့ ပံ့ပိုးကူညီမှုကိုရလိမ့်မယ်.. အဲ့ကြရင် သူက တားလို့မရလောက်အောင် အင်အားကြီးလာလိမ့်မယ်။” ကျန်းရှူးယွမ် အမှန်ပင် စိတ်ပူနေသည်။ နေရာတိုင်းတွင် သူမ၏သားသည် လင်ရှောင်းထင်ထက် ပိုတော်ရမည်ဟု သူမမျှော်လင့်ထားသော်လည်း ကံမကောင်းစွာဖြင့် လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

"ငါကဘယ်လိုလုပ်သိမှာလဲ ဘာလုပ်ရမှန်းကိုမသိဘူး။" လင်ယွမ်ချန် မျက်မှောင်ကြုတ်လိုက်သည်။

လင်ယွမ်ချန်ပင်လျှင် ဘာလုပ်ရမှန်းမသိဖြစ်နေသောကြောင့် ကျန်းရှူးယွမ် ပိုလို့ကနာမငြိမ်ဖြစ်သွားသည်။

"လင်ရှောင်းထင်က ကုနင်း နဲ့လက်မထပ်ရင်တောင် ရှောက်မင်ထက် ပိုသာနေသေးတယ်။" လင်ယွမ်ချန် ပြောလိုက်သည်။ ဝန်မခံချင်သော်လည်း ထိုအရာသည် ငြင်းမရသော အမှန်တရားတစ်ခုဖြစ်သည်။

လင်ရှောင်းထင်သည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့သည်။ ထို့ကြောင့် လင်ရှောက်မင်သည် လင်ရှောင်းထင်နှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

"ကျွန်မတို့သားကို ရှင်..ဘာလို့အဲ့လိုပြောနိုင်တာလဲ.. ရှောက်မင်က အဲ့လောက်မဆိုးပါဘူး။" ကျန်းရှူးယွမ် ပြောလိုက်သည်။ သူမ နားမထောင်ချင်ပေ။

"အဲ့ဒါအမှန်တရားပဲလေ။"

ကျန်းရှူးယွမ် မကျေနပ်သော်လည်း မငြင်းနိုင်တော့ပေ။

"ကောင်းပြီ မင်း အခုထွက်သွားတော့.. ငါအလုပ်လုပ်ရဦးမယ်။”

ထို့နောက် ကျန်းရှူးယွမ် ထွက်သွားသည်။

သူမအခန်းထဲပြန်သွားပြီးနောက် ကျန်းရှူးယွမ်သည် လင်ရှောက်မင်ကို ပြောပြသင့်သည်ဟုထင်သောကြောင့် လင်ရှောက်မင်ကို ချက်ချင်းဖုန်းဆက်လိုက်သည်။

"မေမေ ဘာကိစ္စရှိလို့လဲ?" လင်ရှောက်မင်သည် သူ၏အမေမှာ စကားပြောလျှင် အတောမသတ်၍ သူမနှင့်စကားမပြောချင်ပေ။

" ရှောက်မင် အခုလေးတင်.. မင်းအဘိုးက ကုနင်းနဲ့ လင်ရှောင်းထင်ရဲ့ စေ့စပ်ကြောင်းလမ်းဖို့ကိစ္စ ဆွေးနွေးတော့မယ်လို့ ပြောခဲ့တယ်။" ကျန်းရှူးယွမ် ပြောလိုက်သည်။

"ဗျာ.. ကုနင်းက ၁၉ နှစ်ပဲ ရှိသေးတယ်မဟုတ်လား?" လင်ရှောက်မင် အံ့သြသွားသည်။

"ဟုတ်တယ် လင်ရှောင်းထင်က မစောင့်နိုင်တော့ဘူး။ ဘာလို့ဆို သူက ဒီအခွင့်အရေးကြီးကို လက်လွတ်မခံချင်ဘူးလေ.." ကျန်းရှူးယွမ် က အညှာအတာမဲ့စွာ ပြောလိုက်သည်။ "ကုနင်းက ထန်ယွင်ဖန်းရဲ့ သမီးအရင်းဆိုတာ မင်းသိလား..? သူမက B မြို့က ထန်မိသားစုနောက်ခံရှိတယ်..." ကုနင်း၏ မိသားစုနောက်ခံကြောင့် လင်ရှောင်းထင်သည် ကုနင်း နှင့် စေ့စပ်ရန် စိတ်အားထက်သန်သည်ဟု ကျန်းရှူးယွမ် ယုံကြည်ခဲ့သည်။

"ကုနင်းက ထန်ယွင်ဖန်းရဲ့ သမီးအရင်းလား?" လင်ရှောက်မင် အံ့သြသွားရသည်။

"သူ့နာမည်က ကု မဟုတ်ဘူးလား.. သူက Fမြို့က မဟုတ်ဘူးလား.. သူမ ဘယ်တုန်းက B မြို့က Tang မိသားစုဝင်ဖြစ်လာရတာလဲ?"

"သူမက တရားမ၀င်သမီးလေ.." ကျန်းရှူးယွမ်က ဆက်ပြီး၊ "သူမသာ လင်မိသားစုနဲ့ လက်ထပ်လိုက်ရင် ထန်မိသားစုလည်း အကျိုးရှိနိုင်တာမို့ သူတို့ကို ပံ့ပိုးပေးတာဖြစ်မယ်။"

ကျန်းရှူးယွမ်သည် လူတွေ၏တန်ဖိုးကို မည်သို့အကျိုးပြုနိုင်မည်လဲ ဆိုသည်ကိုသာ စဉ်းစားပြီး ကုနင်းနှင့် လင်ရှောင်းထင်၏ အိမ်ထောင်ရေးသည် ထန်မိသားစုအား အကျိုးများစွာရရှိမည်ဟုသာ မြင်နေသည်။

သို့သော် ထိုအတွေးသည် သူမ၏ကိုယ်ပိုင်ထင်မြင်ချက်ဖြစ်ပြီး အခြားသူများကမူ ထိုသို့ မစဉ်းစားခဲ့ကြပေ။

***

အပိုင်း ၁၃၀၄ မင်းငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး

လင်ရှောက်မင်သည် လင်ရှောင်းထင်က ကုနင်းကို လက်ထပ်ချင်သည်မှာ အာဏာနှင့် ချမ်းသာမှုအတွက်ဟု မထင်သော်လည်း သူသည် လင်ရှောင်းထင်ထက်သာပြီး အောင်မြင်ချင်နေခဲ့သည်မှာကြာပြီဖြစ်၍ ဤသတင်းသည် သူ့အတွက် သတင်းဆိုးပင်။

"လင်ရှောင်းထင်သာ ကုနင်းကို တကယ်လက်ထပ်လိုက်ရင် လင်မိသားစုမှာ သူက ဆုံးဖြတ်ချက်ချရသူဖြစ်လာလိမ့်မယ်။"ကျန်းရှူးယွမ် စိတ်ပျက်စွာပြောလိုက်သည်။

"အဲ့လိုပြောဖို့စောပါသေးတယ်..ကုနင်းက ခုမှ ဆယ့်ကိုးနှစ်ပဲရှိသေးတာ.. သူမအနေနဲ့ လင်ရှောင်းထင်ကို တရားဝင်လက်ထပ်ဖို့ သုံးနှစ်လိုသေးတယ်။ နောက်သုံးနှစ်မှာ ဘာဆက်ဖြစ်မလဲဆိုတာဘယ်သူသိမှာလဲ?" လင်ရှောက်မင်သည် သူ၏အမေထက်ပိုတည်ငြိမ်စွာပြောလိုက်သည်။

ကျန်းရှူးယွမ်၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားတော့သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် စေ့စပ်ရုံသာဖြစ်ပြီး လက်ထပ်ရန် သုံးနှစ် စောင့်ရဦးမည်ဖြစ်သည်။ လာမည့် သုံးနှစ်အတွင်း ဘာမဆို ဖြစ်လာနိုင်သည်။

လင်ရှောင်းထင်သည် အဆုံးတွင် ကုနင်းကိုလက်မထပ်ဖြစ်သည်လည်း ဖြစ်လာနိုင်သည်။

အနာဂတ်တွင် မတော်တဆမှု မဖြစ်ခဲ့လျှင်ပင် ကျန်းရှူးယွမ်အနေနှင့် မတော်တဆမှုတစ်ခုခု ဖြစ်စေချင်လျှင် ဖန်တီးပေးနိုင်သည်။

၉ နာရီခန့်တွင် ကုနင်းနှင့်လင်ရှောင်းထင် တို့ ပြန်သွားကြသည်။

"နောက်တစ်ခေါက်ဆို သူ့ပါးစပ်ပိတ်အောင် မင်းကိုယ်တိုင်လုပ်လို့ရတယ်။" လင်ရှောင်းထင်သည် ထိုသို့ပြောရင်း လင်မိသားစုအိမ်မှ ကားကို မောင်းထွက်လိုက်သည်။ သူသည် ကုနင်း၏ သည်းခံနေမှုကို အနည်းငယ် စိတ်တိုင်းမကျဖြစ်မိသည်။

ကုနင်းသည် စင်စစ် ထည့်တွက်စရာများ ရှိနေသည်။ အကယ်၍ သူမကို အရှက်ရစေခဲ့သူမှာ တစ်ခြားသူဆိုလျှင် ချက်ချင်းတုန့်ပြန်လိမ့်မည်၊ သို့သော် ထိုလူမှာ လင်ရှောက်ကျား ဖြစ်သည်။ ကုနင်းအနေနှင့် သခင်ကြီးလင်၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသည်။

သို့သော် လင်ရှောင်းထင်ကို စိတ်ချစေရန် ကုနင်း နောက်ဆုံးတွင် သဘောတူခဲ့သည်။

ထို့နောက် ထန်ဟိုင်ဖုန်းကိုဖုန်းခေါ်ကာ သခင်ကြီးလင် သန်ဘက်ခါတွင် သူတို့ထံ လာလည်မည်ဟု ပြောခဲ့သည်။

သူမသည် မိသားစုကို စောစီးစွာအသိပေးခဲ့ခြင်းမှာ ကြိုပြင်ဆင်ထားနိုင်ရန်အတွက် ဖြစ်သည်။

လင်ရှောင်းထင်သည် ကုနင်း၏အိမ်သို့ပြန်ရောက်ပြီးနောက် သူမနှင့်အိပ်လိုသော်လည်း ကံမကောင်းစွာ ကုနင်းသည် နေမကောင်းသဖြင့် သူလုံးဝ စိတ်ညစ်သွားသည်။

သူသည် သူမနှင့်အိပ်ရန် စိတ်အားထက်သန်နေသော်လည်း ကုနင်း၏ခန္ဓာကိုယ်ကို ပိုဂရုစိုက်၍ ရေအေးအေးနှင့်ချိုးဖို့ကိုသာရွေးချယ်ခဲ့သည်။

ကုနင်းမှာ သူ၏ဖြစ်အင်ကို ရယ်ချင်သွားသော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။

သူတို့ အတူမအိပ်ဖြစ်ကြ၍ အတူတူဖုန်းသုံးကြသည်။

ကုနင်းသည် အင်တာနက်ပေါ်တွင် ခိုကျီအကြောင်း ကွန်းမန့်များကိုဖတ်နေသည်။ အင်တာနက်သုံးစွဲသူအများအပြားသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ငြင်းခုန်နေကြဆဲဖြစ်သည်။ စင်စစ် ထိုအကြောင်းအရာသည် ဟော့နေသည့် ခေါင်းစဉ်များထဲ မပါတော့၍ လူနည်းစုသာ အာရုံစိုက်ကြသည်။

ကုနင်း၏လွှမ်းမိုးမှုကြောင့် ခိုကျီ၏ပြသနာသည် လူအတော်အများကို အာရုံစိုက်အောင်လုပ်နိုင်ခဲ့သည်။

ထို့နောက် လင်ရှောင်းထင်က ကုနင်းကို ပြောသည်။ "နင်းနင်း မင်းရဲ့မှော်ဆေးလုံး ကိုယ့်ကိုထပ်ပေးနိုင်မလား? ဒီတစ်ခေါက် တာဝန်အပြီး ကိုယ့် ရဲဘော်တစ်ယောက် ဒဏ်ရာရသွားတယ် အရမ်းမပြင်းထန်ပေမယ့် သူမြန်မြန်ကောင်းလာဖို့ကိုယ်မျှော်လင့်နေတုန်းပဲ။"

သူ့တွင် ကုနင်း၏ဆေးပြားများ မကျန်တော့ပေ။ သူ၏အလုပ်သည် အန္တရာယ်များပြီး မကြာခဏ ဒဏ်ရာရတတ်သည်။ အရင်ကဆိုလျှင် သူသည် ပြန်ကောင်းရန် ကံနှင့်အချိန်ကိုသာ အားကိုးရသည်။

လင်ရှောင်းထင်သည် ကုနင်းဆီမှ တစ်ခုခုတောင်းဆိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ အနည်းငယ်ရှက်နေသည်။

"ရတာပေါ့" ကုနင်း မဆိုင်းမတွပြောပြီး ချက်ချင်းပင် သူမ၏လက်ထဲတွင် ပုလင်းကြီးတစ်ခုပေါ်လာသည်။ “ဒီမှာ ဆေးပြား ၁၀၀ ရှိတယ်.. ရှင့်ရဲ့ရဲဘော်တွေနဲ့ မျှဝေလို့လည်းရတယ်.. အရေးကြီးတဲ့အချိန်မှာ ရှင့်ရဲ့အသက်ကို ကယ်တင်နိုင်တယ်။”

လင်ရှောင်းထင်နှင့် သူ၏ရဲဘော်များသည် အလွန်ရင်းနှီးကြပြီး အဖွဲ့လိုက်လုပ်ဆောင်ရသည်ကို ကုနင်း သိသည်။ သူတို့သည် အချိန်မရွေး အသက်ကိုစတေးနိုင်သောကြောင့် လင်ရှောင်းထင်သည် သူ၏ရဲဘော်များအတွက် ဆေးပြားတောင်းသည်ကိုနားလည်ပေးနိုင်သည်။

လင်ရှောင်းထင် သည် သူ၏ရဲဘော်တွေကို ဂရုစိုက်သလို ကုနင်း သည်လည်း သူ၏ခံစားချက်ကို ဂရုစိုက်သည်။ ထို့အပြင် သူမသည် လင်ရှောင်းထင် ၏ ရဲဘော်များနှင့် တွေ့ဖူးပြီးဖြစ်သည်။ သူမသည် ရှုကျင်းချန်၊ ချန်းမင်၊ ရှင်းပိုင်၊ အိုက်ဝေ့ရွှမ်းနှင့် ကျောက်လင်တို့အပေါ် ကောင်းမွန်သည့်အထင်အမြင်ရှိသည်။

အန္တရာယ်ကျရောက်သည့်သူမှာ မည်သူပင်ဖြစ်ပါစေ သူမအနေနှင့် ကြိုးပမ်းမည်ဖြစ်သည်။ ထို့အပြင် သူတို့သည် အသင်းအဖွဲ့တစ်ခုဖြစ်သည့်အတွက် တစ်ဦး၏လုပ်ဆောင်ချက်သည် တစ်ဦးအပေါ် သက်ရောက်မှုရှိသည်။ အကယ်၍ သူတို့ထဲမှတစ်ဦးသည် အန္တရာယ်ရှိသော မစ်ရှင်တစ်ခုတွင် ဒဏ်ရာရခဲ့ပါက အဖွဲ့တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို ထိခိုက်ပြီး အဖွဲ့ခေါင်းဆောင် လင်ရှောင်းထင် အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မည်။

သို့သော် သူတို့တွင် မှော်ဆေးပြားများရှိပါက အချိန်တိုအတွင်း ဒဏ်ရာသက်သာလာမည်ဖြစ်ပြီး လင်ရှောင်းထင်သည်လည်း ဖိအားနည်းသွားမည်ပင်။

ထို့ကြောင့် ကုနင်းသည် လင်ရှောင်းထင်နှင့် သူ၏ရဲဘော်များအား တပြိုင်နက် ကူညီနေခြင်းဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် လင်ရှောင်းထင်တွင် ဆိုးရွားမှုတစ်ခုခုဖြစ်လာပါက မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် လက်ခံရမည်ကို သူမ အမှန်တကယ်ပင် မသိပေ။

လင်ရှောင်းထင်သည် ရင်ထဲထိသွားကာ ကုနင်းကို ကျေးဇူးတင်ချင်သော်လည်း သူမက တားလိုက်ကာ၊ "ရှင် ကျွန်မကို ကျေးဇူးတင်ဖို့ မလိုဘူး ရှင်လိုချင်သလောက် ကျွန်မတတ်နိုင်သမျှ အကုန်ပေးနိုင်တယ်။"

“ကောင်းပါပြီ။” လင်ရှောင်းထင် သူမ၏စကားကိုသာ နားထောင်လိုက်တော့သည်။

နောက်တစ်နေ့မနက်တွင် ကေက ကုနင်းကို မက်ဆေ့ခ်ျပို့ပြီး အရောင်းကိုယ်စားလှယ်များကနေတစ်ဆင့် ချုပ်ကိုင်သူကို ရှာတွေ့ခဲ့သည်ဟု အကြောင်းကြားခဲ့သည်။

ချုပ်ကိုင်သူမှာ Corydalisမိတ်ကပ်ဘရန်း၏ ဘော့စ်ဖြစ်ပြီး သူ၏အမည်မှာ ကျွမ်းချွမ်ဟောက် ဖြစ်သည်။ Corydalisမိတ်ကပ်ဘရန်းသည် Qမြို့ တွင် တတိယတန်းစား မိတ်ကပ်အမှတ်တံဆိပ်တစ်ခုဖြစ်သော်လည်း အလွန်ရည်မှန်းချက်ကြီးသည်။ ၎င်း၏ဂုဏ်သတင်းနှင့် ရောင်းအားကို မြှင့်တင်ရန် အမြဲကြိုးစားနေခဲ့သည်။

Corydalis မိတ်ကပ်ဘရန်း၏အရည်အသွေးသည် ကောင်းမွန်ပြီး စျေးကွက်တွင် ပိုမိုမြင့်မားသောရာထူးတစ်ခုရရှိရန် အလားအလာအလွန်ကောင်းပါသည်။ သို့ရာတွင် ခိုကျီသည် ၎င်းကို ကျော်တက်ခဲ့ပြီး Corydalis မိတ်ကပ်ဘရန်း ၏ရောင်းအားသည် ချက်ချင်းကျဆင်းသွားခဲ့သည်။

***

အပိုင်း ၁၃၀၅ ကုနင်း ကိုတွေ့ချင်တယ်..

ဤသို့ရှေ့ဆက်သွားခဲ့လျှင် Corydalis မိတ်ကပ်ဘရန်းသည် သူတို့၏ဖောက်သည်များကိုဆုံးရှုံးမည်ဖြစ်သည်။ ကျွမ်းချွမ်ဟောက်သည် အန္တရာယ်ကိုကြိုမြင်ကာ တုန့်ပြန်ခဲ့ခြင်းပင်။

ကုနင်း သေချာပေါက်ကျော်သွားမည်မဟုတ်ပေ။ ထို့ကြောင့် တစ်ခုခုလုပ်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော်သူမသည် နောက်ရက်များတွင် သခင်ကြီးလင်နှင့်အတူ အိမ်သို့ပြန်ရန်လိုအပ်သောကြောင့် သက်သေ မစုဆောင်းနိုင်ပေ။ ထိုအစားသူမသည် ကောင်းယိနှင့် ချောင်ယကိုဖြေရှင်းရန်ညွှန်ကြားခဲ့သည်။

ကေသည် ချုပ်ကိုင်သူကို ရှာတွေ့ခဲ့သော်လည်း လုံလောက်သော သက်သေမရှိပေ။ အကွက်ဆင်ခံရခြင်းဟု သူတို့သိထားလျှင်ပင် ခိုင်လုံသည့်သက်သေမရှိပဲ လူထုက သူတို့ကို ယုံမည်မဟုတ်ပေ။

ထို့အတွက်ကြောင့် ကုနင်းသည် ကောင်းယိနှင့် ချောင်ယတို့ကို လူအများလက်ခံနိုင်မည့် အထောက်အထားများ ရှာဖွေရန် ပြောခဲ့သည်။

ကောင်းယိနှင့် ချောင်ယတို့အတွက် ဤပြဿနာသည် အလွန်ဖြေရှင်းရ လွယ်ကူမည်ဖြစ်ပြီးနှောင့်နှေးခြင်းမရှိပဲ Qမြို့သို့ လေယာဥ်နှင့် ထွက်သွားသည်။

တစ်ဖက်တွင် ကုနင်းသည် မြို့တော်တွင်နေခဲ့သည်။

လင်ရှောင်းထင် ပြန်ရောက်လာသော်လည်း ကုနင်း သူမဘာသာ ကုမ္ပဏီကို နေ့တိုင်း သွားသည်။

နံနက်ပိုင်းတွင် လင်ရှောင်းထင် သည် ဒဏ်ရာရရဲဘော်အား စစ်တပ်အထွေထွေဆေးရုံသို့ သွားတွေ့ခဲ့သည်။ ကုနင်း နှင့် သွားမတွေ့ခင် သူ၏ရဲဘော်ကို မှော်ဆေးပြားတွေ ပေးရန်လိုအပ်သည်

လင်ရှောင်းထင်၏ ဒဏ်ရာရရဲဘော်မှာ မီးတောက်နီအဖွဲ့ ၌ အဆင့် ၈ ရသော ကျောက်ဝေ့ရှန်း ဖြစ်သည်။ မီးတောက်နီအဖွဲ့၏ အဆင့် ၁၂ အဖွဲ့ဝင် ရှောင်နန်ချန်သည် ဆေးရုံတွင် သူနှင့်အတူနေခဲ့သည်။

ကျောက်ဝေ့ရှန်းသည် ပခုံးတွင် သေနတ်ထိမှန်ပြီး ကျည်ဆန်ကို ဖယ်ပြီးဖြစ်သော်လည်း ပုံမှန်အားဖြင့် ပြန်ကောင်းရန်အနည်းဆုံး တစ်လခွဲလောက် အိပ်ရာထဲ လှဲရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာ ကုနင်း၏ ဆေးအကူအညီဖြင့် သူ အမြန်ပြန်ကောင်းလာနိုင်သည်။

မီးတောက်နီအဖွဲ့၏အဖွဲ့ဝင်အများအပြားသည် ကုနင်း၏ဆေးပြား၏မယုံနိုင်စရာအကျိုးသက်ရောက်မှုကို သိရှိပြီးဖြစ်သော်လည်း ထပ်တွေ့မြင်သောအခါ ထပ်၍ အံ့သြမှင်သက်ရပြန်သည်။

ကျောက်ဝေ့ရှန်း ဆေးတစ်လုံးသောက်ပြီး မိနစ်အနည်းငယ်အကြာတွင် သူ၏ပခုံးမှ နာကျင်မှုလျော့နည်းလာသည်။

ဆေးပြားသည် ကုနင်း၏ဆေးပြားဖြစ်သည်ကို သူတို့အားလုံးသိကြပြီး သူမသည် မိန်းမငယ်လေးသာဖြစ်သော်လည်း သူမကို သူတို့လေးစားကြသည်။

သူတို့သည် လူတစ်ယောက်ကို ဘယ်သောအခါမှ အသက်အရွယ်နှင့်မဆုံးဖြတ်ပေ။ သူတို့၏စွမ်းဆောင်ရည်နှင့်သာ ဆုံးဖြတ်သည်။ အချို့လူများသည် အသက်ကြီးပြီးအသုံးမကျသော်လည်း အချို့လူများသည် ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်မှုများစွာရကြသည်။

သူတို့သည် ကုနင်းကိုမတွေ့ဖူးသော်လည်း အင်တာနက်ပေါ်တွင် သူမနှင့်ပတ်သက်သည့်သတင်းများစွာ ကြားဖူး၍ တွေ့ဖို့ရန် စိတ်အားထကသန်နေသည်။

ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့သည် ကုနင်းကို မြို့တော်တွင် ဘယ်တော့တွေ့ဆုံနိုင်မည်နည်းဟု လင်ရှောင်းထင်အား မေးမြန်းခဲ့သည်။ သူတို့သည် ကုနင်း၏ဓာတ်ပုံများကို အင်တာနက်ပေါ်တွင်သာ မြင်ဖူးသောကြောင့် လက်တွေ့ဆန်သည်ဟုမခံစားရပေ။ ရှုကျင်းချန်သည် သူတို့ရှေ့တွင် ကုနင်းနှင့် တွေ့ဆုံမှုများကြောင်း ကြွားဝါပြီး သူတို့ကို မနာလိုဖြစ်စေသည်။

လင်ရှောင်းထင်သည် သူတို့၏မေးခွန်းကို ချက်ချင်းမဖြေပဲ ကုနင်း၏သဘောကိုမေးမြန်းမည်ဟု ဆိုသည်။

ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့သည် ကုနင်း၏သဘောထားကို အလေးထားရန် လိုအပ်သောကြောင့် သဘောတူလိုက်သည်။ ကုနင်းသည်လည်း စီးပွားရေးအင်ပါယာကြီးတစ်ခု တည်ထောင်နေသည်ဖြစ်၍ အချိန်တိုင်း မအားပေ။

အစပိုင်းတွင် ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန် နှစ်ဦးစလုံးသည် ကုနင်းနှင့် တိုက်ခိုက်ရေးယှဉ်ရန် စိတ်ကူးရှိခဲ့သော်လည်း ရှုကျင်းချန်နှင့် ချန်းမင်တို့၏အဖြစ်ကို ကြားသိလိုက်ပြီးနောက် လက်လျှော့လိုက်ကြသည်။

လင်ရှောင်းထင်သည် ကုနင်းနှင့် ထမင်းစားရန် စီစဉ်ထားသောကြောင့် နေ့လည်စာမစားမီ ရှန်းနဉ်လုပ်ငန်းစုသို့ ရောက်လာသည်။ သူတို့သည် အပြင်မှာ မစားပဲ ကုနင်း၏ ရုံးက ကော်ဖီဆိုင်မှ အစားအစာများကို နှစ်ခြိုက်စွာသုံးဆောင်ခဲ့ကြသည်။

လင်ရှောင်းထင်သည် ကုနင်းကို သူ၏ရဲဘော်များက သူမကို အချိန်ရလျှင် တွေ့ချင်ကြောင်း ပြောခဲ့သည်။

အမှန်တွင် လင်ရှောင်းထင်သည် ကုနင်းကို သူ၏ရဲဘော်များနှင့်တွေ့ပေးဖို့ ဆန္ဒထက်ပိုသည်။ ဆိုလိုသည်မှာ သူသည် ကုနင်းကို သူကျင်လည်ရာ အသိုင်းအဝိုင်းငယ်တစ်ခုတွင် ပါဝင်လာပြီး သူ၏အရင်းနှီးဆုံး သူငယ်ချင်းများနှင့် တွေ့ပေးရန်လိုလားခြင်းပင်။

လင်ရှောင်းထင်သည် သူမကို သူ၏ရဲဘော်များနှင့် တွေ့စေချင်ကြောင်း ကုနင်း နားလည်သောကြောင့် သူမ သဘောတူလိုက်သည်။ လင်ရှောင်းထင်၏ ချစ်သူအနေနှင့် သူမသည် သူ၏အရင်းနှီးဆုံး ညီအစ်ကိုများနှင့်တွေ့ဆုံရန် လိုအပ်သည်ဟု ယူဆသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် လင်ရှောင်းထင်၏ရဲဘော်များနှင့် ညစာစားရန် ဆုံးဖြတ်လိုက်ကြသည်။

လင်ရှောင်းထင် ဤသတင်းကောင်းကို ကြားသိရလျှင် ဝမ်းသာသွားမည့် သူ၏ ရဲဘော်များထံ မက်ဆေ့ချ်ပို့လိုက်သည်။

….

မွန်းလွဲ ၂ နာရီတွင် ကောင်းယိနှင့် ချောင်ယတို့ Qမြို့ သို့ရောက်ရှိသွားကြသည်။

နောက်ယောင်ခံရန် လိုအပ်သော အဓိကလူများကို သိလိုသောကြောင့် ကေကို ချက်ချင်းဆက်သွယ်ခဲ့သည်။ ကေသည်သာ ထိုသူတို့၏တည်နေရာများကို မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် ခြေရာခံနိုင်သည်ကို သိသည်။

စက္ကန့်ပိုင်းအကြာတွင် ကောင်းယိနှင့် ချောင်ယတို့ သီးခြားလှုပ်ရှားကြရန်အတွက် လမ်းခွဲခဲ့ကြသည်။

ကုနင်းသည် ညနေ ၅ နာရီခန့်တွင် အလုပ်ဆင်းသောကြောင့် လင်ရှောင်းထင်သည် ရှန်းရှစ်ဟိုတယ်ရှိ သီးသန့်အခန်းကို ကြိုတင်မှာယူခဲ့သည်။ မည်သို့ပင်ဖြစ်စေ ရှန်းရှစ်ဟိုတယ်သည် သူ၏လုပ်ငန်းဖြစ်သည်။

ထို့နောက် လင်ရှောင်းထင်သည် ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့ကို ခေါ်လိုက်သည်။ ကျောက်ဝေ့ရှန်းသည် ကုနင်း၏ မှော်ဆေးပြားများကို သောက်သုံးပြီးနောက် များစွာ သက်သာလာခဲ့ပြီး သူ၏ဒဏ်ရာသည် အကျက်မြန်လာကာ ပြင်းထန်သောလှုပ်ရှားမှုမလုပ်သရွေ့ ဆေးရုံမှ ဆင်း၍ရသည်။ ထို့ကြောင့် သူသည် သူ၏လက်နှင့် လည်ပင်းတွင် ပတ်တီးသိုင်းလျက် လင်ရှောင်းထင်နှင့် ကုနင်းကို သွားတွေ့သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် နောက်မှ ရှန်းရှစ်ဟိုတယ် သို့ရောက်ရှိလာပြီး ကုနင်းသည် ညစာစားပွဲသို့သွားရာ၌ ရင်းနှီးသောမျက်နှာများကိုတွေ့လိုက်ရသည်။

***

အပိုင်း ၁၃၀၆ မင်းနာမည်မကြီးချင်ဘူးလား...

ကုနင်းသည် လမ်းတွင် ကျန်းရှောင်ယနှင့် ဆုံသွားခြင်းပင်။

ကျန်းရှောင်ယသည် နောက်ဆုံးအကြိမ် ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’ ရိုက်ကူးရေးတွင် လီမြောင်ကျား အစားထိုးခြင်းခံခဲ့ရသည့် အရေးမပါသောမင်းသမီးဖြစ်သည်။

ခန်းမထဲတွင် ကျန်းရှောင်ယနှင့်အတူ လူနှစ်ယောက်ရှိသည်။ တစ်ယောက်သည် သာမန်ရုပ်ရည်နှင့် လူလတ်ပိုင်းအရွယ် ခပ်ဝဝ အမျိုးသားတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်သည် ငယ်ရွယ်သော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဖြစ်သည်။ ထိုလူငယ်သည် ခပ်ဝဝ အမျိုးသား၏ အတွင်းရေးမှူးဖြစ်ပုံရသည်။

ကုနင်းကတော့ သူတို့ကို လုံးဝ စိတ်မဝင်စားပေ။

တစ်ဖက်တွင် ကျန်းရှောင်ယသည် ကုနင်းကိုတွေ့သောအခါ ရှက်ရွံ့သွားသော်လည်း စက္ကန့်ပိုင်းအတွင်း လင်ရှောင်းထင်ကိုတွေ့ပြီး မှင်သက်သွားသည်။ လင်ရှောင်းထင်သည် သူမမြင်ဖူးသမျှထဲမှာ အချောဆုံး ယောက်ျားဖြစ်သည် ။

သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် အရေးမပါသော မင်းသမီးတစ်ဦးသာဖြစ်သော်လည်း ယခင်က တီဗီရှိုးများစွာတွင် ပါဝင်ခဲ့ဖူးသောကြောင့် ရုပ်ရည်ချောမောသော သရုပ်ဆောင်များစွာကို တွေ့ဖူးသည်။ သို့သော် ထိုလူများသည် လင်ရှောင်းထင်ကိုတော့ မယှဉ်နိုင်ပေ။

ကုနင်းနှင့် လင်ရှောင်းထင်၏ ဆက်ဆံရေးကို သူမသိချင်သွားသည်။

ခပ်ဝဝသက်လတ်ပိုင်းအမျိုးသားသည်လည်း ကျန်းရှောင်ယ၏ အကြည့်နောက်သို့ လိုက်ကာ လှည့်ပတ်ကြည့်လိုက်သည်။ သူသည်လည်း ကုနင်းနှင့် လင်ရှောင်းထင်၏ ပြောင်မြောက်သော မျက်နှာ အသွင်အပြင်ကြောင့် အံ့အားသင့်သွားသည်။ ထိုလူများကိုသာ သူ့အတွက်အလုပ်လုပ်ရန် ခိုင်းစေနိုင်လျှင် သူတို့၏မျက်နှာနှင့် ငွေအများကြီးရနိုင်သည်။

ထိုသို့တွေးပြီး ကုနင်းနှင့် လင်ရှောင်းထင်ဆီသို့ ချက်ချင်း လျှောက်သွားသည်။ "မင်္ဂလာပါ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်.. ကျွန်တော့်နာမည်က ကျန်းတင်းခိုင် ... ကျောက်ယန်အင်တာတိန်းမန့်ရဲ့ အထွေထွေမန်နေဂျာပါ။ နာမည်ကြီးဖြစ်ဖို့ စိတ်ဝင်စားလား? မင်းတို့ရဲ့ မျက်နှာသွင်ပြင်တွေအရ ငါ့အကူအညီနဲ့ဆိုရင် မင်းတို့ အလွယ်တကူ ကျော်ကြားလာနိုင်တယ်။"

"တောင်းပန်ပါတယ် ငါစိတ်မဝင်စားဘူး။" ကုနင်း သူ့ကို တိုက်ရိုက် ငြင်းလိုက်သည်။

သို့သော် ကျန်းတင်းခိုင်သည် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အလွန်ဆွဲဆောင်မှုရှိလွန်း၍ အလျှော့မပေးလိုပေ။ "မိန်းကလေး.. ခဏနေပါဦး...မင်းနာမည်ကြီးမဖြစ်ချင်ဘူးလား တကယ်လို့.…”

သူ ပြော၍မပြီးခင် ကုနင်း သူ့ကို ဖြတ်ပြောလိုက်သည်။ "မန်နေဂျာကျန်း.. စိတ်မကောင်းပါဘူး ကျွန်မမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားတဲ့အတွက် ကျွန်မ ကြိုက်တဲ့အချိန် နာမည်ကြီးဖြစ်အောင်လုပ်နိုင်ပါတယ်။"

ထို့နောက် ကုနင်း ကျန်းတင်းခိုင်ကိုနောက်တွင်ချန်ထားခဲ့ကာ လင်ရှောင်းထင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကျန်းတင်းခိုင်သည် ကုနင်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်ကြောင်း သူ့ကို ပြောပြသောအခါ ရှက်ရွံ့သွားသည်။ ထိုအချက်သည် မှန်၏ မမှန်၏ကို သူ မသိသော်လည်း ထိုသူတို့ကို သူမနှောင့်ယှက်သင့်တော့ကြောင်း သိသွားသည်။ သူ၏ကုမ္ပဏီအတွက် အလုပ်မလုပ်နိုင်သည်မှာ နှမြောစရာကောင်းသည်ဟု ခံစားရသည်။

ကျန်းတင်းခိုင် လှည့်ကြည့်လိုက်သော် ကျန်းရှောင်ယ၏မျက်လုံးသည် လင်ရှောင်းထင်၏နောက်ကျောကို စိုက်ကြည့်နေသည်ကို တွေ့ပြီး ချက်ချင်းပင် ဒေါသထွက်သွားသည်။ "ကျန်းရှောင်ယ.. မင်းက အခု ငါ့ မယားငယ် ဆိုတာ မမေ့နဲ့။"

သူ၏အသံမှာတိုးသော်လည်း ကုနင်းနှင့် လင်ရှောင်းထင်တို့ကတော့ ကြားလေသည်။

ကျန်းရှောင်ယသည် ထိုခပ်ဝဝလူနှင့် အိပ်ခဲ့ကြောင်း ကုနင်း သဘောပေါက်သွားသည်။ ထိုယောက်ျားသည် သူမ၏သကြား ဖေဖေဖြစ်ရမည်။

ကုနင်း ရှုံ့မဲ့ကာ ထွက်သွားသည်။

ကျန်းရှောင်ယသည် ကျန်းတင်းခိုင် သူမအား သတိပေးလိုက်သည်နှင့် တပြိုင်နက် လင်ရှောင်းထင်ထံမှ မျက်လုံးများကို ခွာလိုက်ပြီး ကမန်းကတန်း ရှင်းပြသည်။ "ကျေးဇူးပြုပြီး ကျွန်မကို အထင်မလွဲပါနဲ့ ..ကျွန်မက ကောင်မလေးကို ကြည့်တာပါ.. သူမက ဖုန့်ဟွာအန်တာတိန်းမန့် ရဲ့ ဘော့စ်လေ.. ပြီးတော့ သူမက လီမြောင်ကျားကို ကျွန်မနေရာ အစားထိုးခဲ့တာ"

ကျန်းတင်းခိုင်သည် ကျန်းရှောင်ယ၏ ထုတ်ပယ်ခံရခြင်းကို သိသော်လည်း ကျန်းရှောင်ယသည် သူ့ကို အမှန်အတိုင်း မပြောခဲ့ပေ။ သူမ၏ သရုပ်ဆောင်ညံ့ဖျင်းမှုကြောင့် ထုတ်ပယ်ခံရသည်ဟု ကျန်းတင်းခိုင်ကို ပြောခဲ့လျှင် သူမကို စွန့်ပစ်မည်စိုးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျန်းရှောင်ယသည် သူမနေရာကို ဖုန့်ဟွာအန်တာတိန်းမန့်မှ ဘော့စ်၏ အမိန့်အရ လီမြောင်ကျားဖြင့် အစားထိုးခဲ့ကြောင်းသာ ပြောခဲ့သည်။

ကျန်းတင်းခိုင်သည် ကျန်းရှောင်ယကို လှပပြီး သရုပ်ဆောင်စွမ်းရည် မဆိုးသောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ ကျန်းရှောင်ယသည် ထုတ်မပြောကြသည့်စည်းမျဉ်းကိုလက်ခံခဲ့သည်။ ထို့ကြောင့် သူသည် သူမအတွက် ပိုက်ဆံသုံးရန် ဆုံးဖြတ်ခဲ့သည်။ ကျန်းတင်းခိုင်သည် အရေးမပါသော မင်းသမီးတိုင်းနှင့် အိပ်သည် မဟုတ်ပေ။ သူ့ထံလာ၍ အကူအညီတောင်းခံသည့်တချို့နှင့်သာအိပ်သည်။

ကျန်းရှောင်ယသည် သူမဘာသာ သူ့ဆီလာပြီး သူ့မယားငယ်ဖြစ်ရန် သဘောတူခဲ့သည်။ သူသည်လည်း သူမ နာမည်ကြီးလာစေရန် ဇာတ်ကောင်နေရာများစွာပေးဖို့ သဘောတူခဲ့သည်။

သူမ နာမည်မကြီးလျှင် သူကြိုက်သည့်အချိန်သူမကို စွန့်ပစ်၍ရသည်။ သူမနာမည်ကြီးလာလျှင်လည်း သူ့အတွက် ငွေ ရှာပေးလိမ့်မည်။

ကုနင်းမှာ ကွဲပြားသည်။ အကြောင်းမှာ ကုနင်းသည် ထူးထူးခြားခြား လှပနေပြီး ကျန်းတင်းခိုင်သည် သူမအား သူနှင့် အိပ်ခိုင်းမည့်အစား သူမအား အောင်မြင်ကျော်ကြားစေရန်သာ အလိုရှိသည်။

ထူးကဲသာလွန်သောလူများသည်သာ ထုတ်မပြောသည့်စည်းမျဉ်းကို ငြင်းရန်အခွင့်ရှိသည့်အကြောင်းမှာ သူတို့အတွက် အခွင့်အရေးမရှားခြင်းကြောင့်ပင်။

ကုနင်းသည် ဖုန့်ဟွာ၏ ဘော့စ်ဖြစ်ကြောင်း ကျန်းတင်းခိုင် ကြားသောအခါ သူအလွန်အံ့သြသွားသည်။ သူမသည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု အမှန်တကယ်ပိုင်ဆိုင်ကြောင်း ပေါ်ပေါက်လာသည်။

သူမမျှော်လင့်သည်မှာ သူမ၏ဖျော်ဖြေရေးကုမ္ပဏီမှာ ဖုန့်ဟွာဖြစ်သည်။ ဖုန့်ဟွာအန်တာတိန်းမန့် သည် ဖျော်ဖြေရေးနယ်ပယ်တွင် အာရုံစိုက်မှုများစွာရရှိခဲ့ပြီး အချိန်တိုအတွင်း ငွေအမြောက်အမြားရှာနိုင်ခဲ့သည်။

ဖုန့်ဟွာအန်တာတိန်းမန့် မှ ထုတ်လုပ်သော ပထမဆုံးရုပ်ရှင်သည် ကြီးမားသောအောင်မြင်မှုရခဲ့ပြီး လက်မှတ်ရောင်းမလောက်ဖြစ်ခဲ့သည်။

ကျန်းတင်းခိုင်သည် ဖုန့်ဟွာ၏ အောင်မြင်မှုမှုကို မနာလိုပေ။ ဖုန့်ဟွာ၏ အရည်အချင်းနှင့်ဆိုလျှင် ‘ဘုရင်မတစ်ပါး၏ စစ်သွေးစစ်မာန်’သည်လည်း လူကြိုက်များပြီး အမြတ်အစွန်းများစွာရမည်ဟု သူယုံကြည်သည်။

ကျန်းတင်းခိုင်သည် ကျန်းရှောင်ယ၏ပြောပြချက်ကြောင့် အာရုံပြောင်းကာ လင်ရှောင်းထင်ကို ထိုအချိန်က ကြည့်ခဲ့သည့် သူမ၏ အကြည့်များကို မေ့သွားသည်။

သို့သော်လည်း ကုနင်းကို သူပြောခဲ့သည်များကို တွေးမိပြီး အလွန်အမင်း ရှက်ရွံ့မိသည်။

***

အပိုင်း ၁၃၀၇ သူကအပေါ်ယံမဟုတ်ပါဘူး...

ကျန်းတင်းခိုင်သည် ထိုအကြောင်းကို ဆက်မမေးတော့၍ ကျန်းရှောင်ယ သက်သာရာရသွားသည်။ ဤရက်ပိုင်းတွင် လီမြောင်ကျားသည် ရိုက်ကွင်းအတွင်း အာရုံစိုက်မှုများစွာကို ရရှိခဲ့ပြီး ထိပ်တန်းသရုပ်ဆောင်များနှင့်ပင် ရင်းနှီးလာခဲ့သောကြောင့် ကျန်းရှောင်ယမှာ မနာလိုမှုများနှင့်ပြည့်နှက်နေသည်။

လီမြောင်ကျားသည် ဖုန့်ဟွာအန်တာတိန်းမန့် ဘော့စ်၏ရွေးချယ်ခံရပြီး သူမထက်အရင် နာမည်ကြီးလာမည်ကို သူမကြောက်ရွံ့နေသည်။

လီမြောင်ကျား ရေပန်းစားလာမည်ဆိုလျှင်ပင် ကျန်းရှောင်ယသည် သူမထက်အရင် ပိုနာမည်ကြီးရမည်ဟု ခံယူထားသည်။

ကျန်းတင်းခိုင်သည် သူမကို ရှိုးအသစ်တွင် ဇာတ်ပို့နေရာရရန် ကူညီပေးခဲ့ပြီး ထိုနေရာကိုအသုံးချပြီး ကျော်ကြားမှုကို တခုရရှိရန်ကြိုးပမ်းခဲ့သည်။ ထုတ်ပြော၍မရသည့် စည်းမျဉ်းသည်ဖျော်ဖြေရေးနယ်ပယ်၏စည်းမျဉ်းတစ်ခုဖြစ်၍ သူမလက်ခံရန် ဆန္ဒရှိသည်။

ထုတ်မပြောသရွေ့ သူမ လုံခြုံပြီး အဆင်ပြေမည်ဟု ယုံကြည်သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့ သီးသန့်ခန်းထဲသို့ ရောက်သောအခါ ကျောက်ဝေ့ရှန်း နှင့် ရှောင်နန်ချန်တို့သည် သူတို့ကို စောင့်နှင့်နေပြီဖြစ်သည်။

သူတို့သည် ကုနင်းနှင့် လင်ရှောင်းထင်ထက် ဆယ့်နှစ်မိနစ်ခန့်စောပြီး ရောက်ရှိလာသော်လည်း ချိန်းထားသောအချိန်သည် ညနေ ၆ နာရီဖြစ်သောကြောင့် ကုနင်း နှင့် လင်ရှောင်းထင်တို့ နောက်ကျခြင်းမဟုတ်ပေ။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့ လှည့်ကြည့်လိုက်သော်လည်း လင်ရှောင်းထင် အရင်ဝင်လာသည်။ လင်ရှောင်းထင်သည် သူတို့၏ခေါင်းဆောင်ဖြစ်သောကြောင့် ချက်ခြင်းထရပ်လိုက်သည်။ ယခု အပြင်မှာ ညနေစာအတူစားခြင်းဖြစ်သော်လည်း စည်းမျဉ်းသည်က စည်းမျဉ်းပင်။

ထို့နောက် ကုနင်း ဝင်လာသည်။ ကျောက်ဝေ့ရှန်း နှင့် ရှောင်နန်ချန် နှစ်ဦးစလုံးသည် သူမ၏အလှကြောင့် အံ့အားသင့်သွားကြသည်။ သူတို့သည် ကုနင်း၏ ဓာတ်ပုံများကို အင်တာနက်ပေါ်တွင် မြင်ဖူးသော်လည်း အပြင်တွင် ပိုလှသည်။

"မင်္ဂလာပါ မစ္စတာလင်နဲ့ မစ္စလင်" ကျောက်ဝေ့ရှန်း နှင့် ရှောင်နန်ချန် က နောက်ပြောင်သည်။ လင်ရှောင်းထင်သည် အနာဂတ်တွင် ကုနင်းကိုလက်ထပ်မည်ကို သူတို့သိသောကြောင့် ကုနင်းကို မစ္စလင်ဟု တိုက်ရိုက်ခေါ်လိုက်သည်။

လင်ရှောင်းထင် နှင့် ညီအကိုသဖွယ်ရင်းနှီးသောသူများက သူမကို ဤကဲ့သို့ နှုတ်ဆက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ကုနင်း အနည်းငယ် ရှက်မိနေဆဲဖြစ်သည်။

တစ်ဖက်တွင် လင်ရှောင်းထင်သည်တော့ အလွန်ကျေနပ်သွားလေသည်။ ထို့နောက် သူသည် သူ၏ရဲဘော်များအား ကုနင်းနှင့် မိတ်ဆက်ပေးသည်။ "သူက ကျောက်ဝေ့ရှန်း။ ပြီးတော့ သူက ရှောင်နန်ချန်။ ကိုယ်တို့က တစ်ဖွဲ့တည်းလေ။"

"တွေ့ရတာဝမ်းသာပါတယ်" ကုနင်း သူတို့ကို ပြုံးပြသည်။ သူတို့သည် လင်ရှောင်းထင်၏ အရင်းနှီးဆုံး ညီအစ်ကိုများဖြစ်သောကြောင့် ကုနင်းအနေနှင့် သူတို့ကို မစ္စတာ ဟုခေါ်ရန်မလိုအပ်ပေ။

"ထိုင်ပါဦး.." ကျောက်ဝေ့ရှန်း နှင့် ရှောင်နန်ချန် တို့သည် ကုနင်းကို ထိုင်ရန် ချက်ချင်း ဖိတ်ခေါ်ခဲ့ပြီး လင်ရှောင်းထင် ကို လျစ်လျူရှုထားသည်။ သို့သော် လင်ရှောင်းထင် သည် မကျေမနပ်မဖြစ်ပေ။

အားလုံးထိုင်ပြီးသည်နှင့် စမှာကြသည်။ သူတို့မှာပြီးနောက် စားပွဲထိုး ထွက်သွားသောအခါ ကျောက်ဝေ့ရှန်းက ကုနင်းကို၊ "ကုနင်း ငါတို့ မင်းအကြောင်းတွေ အများကြီးကြားဖူးထားတယ်။ ငါတို့ မင်းကို တွေ့ချင်နေခဲ့ပေမယ့်အခွင့်အရေး မရခဲ့ဘူး။ ငါသာ ဒီတစ်ခါ ဒဏ်ရာမရပဲ ကုဖို့အတွက် မြို့တော်ကို ရောက်မလာခဲ့ရင် မင်းကို ဒီနေ့တွေ့ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။”

ကုနင်း သဘောကျကာ ပြုံးလိုက်သည်။ သူမသည် လင်ရှောင်းထင်၏ ချစ်သူဖြစ်ပြီး.. ဇနီးလောင်းဖြစ်သောကြောင့် သူမနှင့်တွေ့ဆုံချင်ကြကြောင်း သူမနားလည်သည်။ သူတို့သည် လင်ရှောင်းထင်ကို ဂရုစိုက်ကြသောကြောင့် လင်ရှောင်းထင်၏ အိမ်ထောင်ရေးကို စိတ်ပူပေးကြသည်။

ကျောက်ဝေ့ရှန်းက ဆက်ပြီး၊ "အိုး..ပြီးတော့.. ကုနင်း မင်းရဲ့ဆေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဲ့ဒါက တကယ်ကို မယုံနိုင်လောက်အောင် ထိရောက်တယ်။ ဒီနေ့ နေ့လည်က ဆေးတစ်လုံးသောက်ပြီး အခု ပိုကောင်းလာတယ်။ ရက်အနည်းငယ်အတွင်း အပြည့်အဝ ပြန်လည်ကျန်းမာလာလိမ့်မယ် ထင်တယ်။”

ကျောက်ဝေ့ရှန်းသည် ကုနင်း ထိုဆေးကိုမည်သို့ရရှိခဲ့သည်ကို သိလိုသော်လည်း ထိုအကြောင်းအရာအသေးစိတ်ကို မမေးသင့်ကြောင်း သူသိသည်။

“အမှန်အတိုင်းပြောရရင် အစတုန်းက ငါတို့ဘယ်လိုမိန်းကလေးမျိုးက ငါတို့ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်လာနိုင်လဲဆိုတာ သိချင်ခဲ့ပေမယ့် အခုတော့ ယုံသွားပြီ။ ကုနင်း..မင်းက လှရုံတင်မကဘူး.. ထူးလည်းထူးချွန်တယ်။ မင်းက တကယ် အယောက်တစ်သန်းမှာ တစ်ယောက်ပဲတွေ့နိုင်တဲ့လူမျိုးပဲ။" ရှောင်နန်ချန် ပြောသည်။

မီးတောက်နီအဖွဲ့အဖွဲ့ဝင်များအားလုံးသည် သာလွန်ထူးကဲစွာ ထက်မြက်ပြီး အရည်အချင်းရှိကြသော်လည်း ကုနင်းသည် အချို့သောအဖွဲ့ဝင်များထက်ပင် သာသောကြောင့် အားလုံးက သူမကို ချစ်ခင်လေးစားကြသည်။

" ရှောင်းထင်က ကျွန်မရဲ့ရုပ်ရည်ကြောင့် ဆွဲဆောင်ခံရတယ်လို့ ဆိုလိုတာလား?" ကုနင်း စိတ်ဆိုးဟန်ဆောင်လိုက်သည်။ တကယ်တော့ သူမ နောက်နေခြင်းသာ။

သို့သော်လည်း ရှောင်နန်ချန် အနည်းငယ် ထိတ်လန့်သွားသည်။ “မဟုတ်ဘူး ငါပြောတာအဲ့လိုမဟုတ်ဘူး.. ငါဆိုလိုတာက မင်းအရမ်းလှတယ်လို့..."

ရှောင်နန်ချန် မည်သို့ရှင်းပြရမည်ကို မသိတော့ပေ။ ကုနင်း၏အကြောင်းကို သူ ကောင်းကောင်း မသိ၍ ကုနင်း အမှန်တကယ် သူ့ကို စိတ်ဆိုးသွားသည်ဟု ထင်ခဲ့သည်။

ရှောင်နန်ချန် လန့်သွားသည်ကိုမြင်ပြီး ကုနင်း ရယ်သည်။ "တောင်းပန်ပါတယ်..ကျွန်မကစနေတာပါ.."

ထိုစကားကိုကြားသော် ရှောင်နန်ချန် စိတ်သက်သာရာရသွားသည်။

ကုနင်းသည် မတုံးပေ။ လင်ရှောင်းထင်သာ အပေါ်ယံကိုသဘောကျတတ်သူဆိုလျှင် သူမသည် ဟိုးအရင်တည်းက သူ၏စိတ်ကို ဖောက်မြင်နိုင်လိမ့်မည်။

"ရှင်ဒီမှာရှိနေတာနဲ့ သူတို့ကဘာလို့လန့်နေရတာလဲ ရှင်သူတို့ကိုကြောက်အောင်လုပ်ထားလို့လား..." ကုနင်း လင်ရှောင်းထင် ကို မေးသည်။

ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့သည် ထိုအချက်ကို အလွန်အမင်း သဘောတူသော်လည်း အသံကျယ်ကျယ် မပြောဝံ့ကြပေ။

"ငါကကြောက်စရာကောင်းလို့လား?" လင်ရှောင်းထင် ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ အပြစ်ကင်းစင်သည်ဟု ထင်ရသော်လည်း ခြိမ်းခြောက်သည့်ပုံ ပေါက်နေသေးသည်။

ကျောက်ဝေ့ရှန်း နှင့် ရှောင်နန်ချန် နှစ်ယောက်လုံး အမှန်တရားကို ပြောရဲသည့် သတ္တိမရှိကြပေ။

***

အပိုင်း၁၃၀၈ နောက်အစီအစဉ်

လင်ရှောင်းထင်၏ ရိုးစင်းသောအကြည့်သည် ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့ကိုကြောက်လန့်သွားစေပြီး ချက်ချင်းငြင်းဆိုကြသည်။ "သေချာပေါက်အဲ့လိုမဟုတ်ဖူးပေါ့။"

သူတို့သည် လင်ရှောင်းထင်ကို လန့်နေခြင်းမဟုတ်ဘဲ ကြောက်ရွံ့ ရိုသေခြင်းသာဖြစ်သည်။

ကုနင်းသည် အဖြစ်အပျက်အားလုံးကို မျက်မြင်တွေ့ပြီး မျက်စောင်းထိုးလိုက်သည်။

သိပ်မကြာခင်မှာပင် ဟင်းပွဲများ စားပွဲပေါ်ရောက်ရှိလာပြီး အစားအသောက်ကို နှစ်ခြိုက်စွာသုံးဆောင်ကာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။

ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့သည် ကုမ္ပဏီများကို စတင်တည်ထောင်သည့် အတွေ့အကြုံနှင့် ပတ်သက်၍ ကုနင်းကို မေးမြန်းကြသည်။ ကုနင်းသည် သူမ၏ အတွေ့အကြုံများကို သူတို့ကိုပြောပြရန် ကိစ္စမရှိသော်လည်း သူမ၏ ကျောက်စိမ်းမျက်လုံးနှင့် ပတ်သက်သည့်အရာများကိုတော့ ထိန်ချန်ထားခဲ့သည်။ အောင်မြင်မှုရရှိရန် သူမသည် သူမ၏ ကံကြမ္မာကို မှီခိုနေရသည်ဟုပြောခဲ့သည်။ ထိုအချက်မှာ အလိမ်အညာမဟုတ်ပေ။ ကုနင်းသည် သူမ၏ စီးပွားရေးအင်ပါယာကို တည်ဆောက်ရန် ကြိုးစားမှုတွင် သူမ၏ကံကတောက်လျှောက်ကူညီပေးနေခြင်းဖြစ်သည်။ သူမ၏ ကံကောင်းမှုက သူမကို ကျွမ်းကျင်သည့် လက်အောက်ငယ်သားများနှင့် တွေ့ဆုံစေပြီး အားကောင်းသည့် အဆက်အသွယ်တွေ ရရှိစေခဲ့သည်။

ကျောက်ဝေ့ရှန်းနှင့် ရှောင်နန်ချန်တို့သည် အင်တာနက်ပေါ်၌ ကုနင်း၏ အတွေ့အကြုံအချို့ကို ဖတ်ဖူးကြသော်လည်း ကုနင်းထံမှ နောက်ထပ်အသေးစိတ်အချက်အလက်များကို ကြားရသော် အလွန်အံ့အားသင့်မိကြသည်။

ကုနင်းသည် အောင်မြင်မှုရရှိရန် ကံကိုမှီခိုခဲ့ရသည်ဟုဆိုသော်လည်း သူမ၏ အရည်အချင်းသည်လည်း အလွန်အရေးကြီးပါသည်။ စင်စစ် ကံကောင်းခြင်းဆိုသည်မှာလည်း အရည်အချင်းဖြစ်သည်။

ကုနင်း၏ မိသားစု နောက်ခံကို အရေးကြီးသည်ဟု မထင် သောကြောင့် မမေးခဲ့ကြပေ။ သူတို့မိသားစုထက် ကုနင်းကိုယ်တိုင်ကို ပိုဂရုစိုက်သည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် တစ်ယောက်ကိုတစ်ယောက်ချစ်ကာ မိသားစုနောက်ခံကို ဂရုမစိုက်သရွေ့ ထိုအရာသည် အရေးမကြီးပေ။

လင်ရှောင်းထင်၏အဖွဲ့ဝင်များအားလုံးသည် အပြုသဘောဆောင်သောစိတ်ထားများရှိသော လူကောင်းများဖြစ်သည်။ သူတို့သည် သူတို့လိုချင်သည့်အရာကိုရရန်အတွက် တိုက်ပွဲဝင်ရသည်ကိုကျင့်သားရနေကြသည်။

ကျောက်ဝေ့ရှန်းသည် စစ်တပ်တွင် ဗိုလ်တစ်ဦးဖြစ်သော်လည်း သူ၏ ချစ်သူသည် သာမန် ရုံးဝန်ထမ်းတစ်ယောက်ပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် သုံးနှစ်ကြာလက်တွဲလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြသည်။ ကျောက်ဝေ့ရှန်းက သူ၏ကောင်မလေးကို မကြာခင်မှာ လက်ထပ်ခွင့်တောင်းရန်ပင် စီစဉ်ထားသည်။

ကျောက်ဝေ့ရှန်း၏ ချစ်သူက သူသည် စစ်တပ်တွင် စစ်သားဖြစ်ကြောင်း သိထားသော်လည်း သူသည် အသက် ၂၇ နှစ်သာရှိသေးပြီး စစ်ဗိုလ်ဖြစ်ရန် ငယ်လွန်းသောကြောင့် သူ စစ်ဗိုလ်ဖြစ်ကြောင်း သူမမသိပေ။

ကျောက်ဝေ့ရှန်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် စစ်ဗိုလ် ဖြစ်လာရသည့် အကြောင်းရင်းမှာ ယခင်က သူ၏အသက်ကိုစွန့်စားကာ ခက်ခဲသောမစ်ရှင်များကိုအကြိမ်ကြိမ် ထမ်းဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ကျောက်ဝေ့ရှန်းသာမက မီးတောက်နီအဖွဲ့မှ တခြားအဖွဲ့ဝင်များအားလုံးသည်လည်း စစ်တပ်တွင် ရာထူးမြင့်သည်။

ကျောက်ဝေ့ရှန်းသည် သူ၏ကောင်မလေးကို စစ်တပ်ထဲရှိ သူ၏ ရာထူးအမှန်ကို မပြောရခြင်းမှာ စစ်တပ်ရှိ စည်းမျဥ်းများက ခွင့်မပြုသောကြောင့်ဖြစ်သည်။

ကုနင်းပင်လျှင် လင်ရှောင်းထင်၏အလုပ်နှင့် မီးတောက်နီအဖွဲ့အကြောင်း များများစားစားမသိပေ။ သူသည် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး အန္တရာယ်ရှိသောတာဝန်များကို ထမ်းဆောင်ရန် အမြဲသွားရလေ့ရှိကြောင်းသာ သူမသိသည်။ စစ်တပ်ထဲတွင် အထူးတပ်ရင်းများစွာရှိပြီး အချို့ကို ကုနင်း ကြားဖူးသော်လည်း လင်ရှောင်းထင်၏အဖွဲ့မှာ မည်သည့်တပ်ရင်းလည်းဆိုတာ သူမမသိပေ။

လင်ရှောင်းထင်သည် သူမကို သူ၏အလုပ်အကြောင်း မပြောပြချင်သည့်အတွက် ကုနင်းသည်လည်း ထိုအကြောင်းကို များများမမေးပေ။ အခြေခံအားဖြင့် သူတို့အားလုံးတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိကြသည်ပဲ။

Qမြို့ တွင် ကောင်းယိ သည် Corydalis မိတ်ကပ်ဘရန်းဥက္ကဌ ကျွမ်းချွမ်ဟောက်၏နောက်သို့ တစ်ချိန်လုံးလိုက်နေကာ ချောင်ယသည် အခြားအဓိကပုဂ္ဂိုလ်ဖြစ်သည့် Corydalis မိတ်ကပ်ဘရန်း၏စက်ရုံမှူးတုကန်းကို အနီးကပ်စောင့်ကြည့်နေသည်။

ကျွမ်းချွမ်ဟောက်သည် အလုပ်ဆင်းသည်နှင့် အိမ်ပြန်သွားတတ်သော်လည်း တုကန်းသည် အပြင်မှာသာနေသည်။

နေ့လည်ပိုင်းတွင် တုကန်းသည် Corydalis မိတ်ကပ်၏အရောင်းမန်နေဂျာနှင့်ထမင်းစားရင်း ခိုကျီ အကြောင်းပြောခဲ့သည်။

ချောင်ယသည် စားပွဲထိုးတစ်ယောက် သီးသန့်ခန်းထဲသို့ ဝင်သွားသည်ကို အခွင့်ကောင်းယူကာ သူမသည် ကြိုးမဲ့မိုက်ခရိုဖုန်းကို အခန်း၏ထောင့်တွင်လျို့ဝှက်စွာတပ်ဆင်ခဲ့သောကြောင့် သူတို့၏ ပြောဆိုမှုများကို ကြားနိုင်ခဲ့သည်။ ထို့နောက် သူမသည် သူတို့၏ဘေးကပ်လျက်ရှိ သီးသန့်အခန်းကိုမှာယူကာ ဟင်းပွဲအချို့ကို မှာကြားခဲ့သည်။ မနှောင့်နှေးပဲ သူမ၏ လက်တော့ပ်ကိုဖွင့်ကာ သူတို့၏စကားပြောဆိုမှုကို မှတ်တမ်းတင်ခဲ့သည်။

"မန်နေဂျာကျောက်... ခိုကျီက ငါတို့လုပ်တာဆိုတာ များသိသွားမလားမသိဘူး?" တုကန်း စိုးရိမ်တကြီးမေးသည်။

ခိုကျီသည် အကွက်ဆင်မှုနောက်ကွယ်မှ ချုပ်ကိုင်သူအား တရားစွဲရန် ရည်ရွယ်ချက်ရှိကြောင်း ကြေငြာထားပြီးဖြစ်သောကြောင့် တုကန်းသည် ပြဿနာကြီးကြီးမားမားဖြစ်လာမည်ကို စိုးရိမ်နေသည်။ သူသည် Corydalis မိတ်ကပ်၏ စက်ရုံမှူးဖြစ်သည်။

Corydalis မိတ်ကပ်၏ အရောင်းမန်နေဂျာသည် ကျောက်ဝေ့အမည်ရှိပြီး သူသည် အသက်သုံးဆယ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ သူသည် ခိုကျီကို အကွက်ဆင်သည့်အစီအစဉ်တွင် တုကန်းနှင့်ဆက်သွယ်ရာ၌ တာဝန်ရှိသည်။ ထို့ကြောင့် တုကန်းသည် ခိုကျီ၏ ကြေငြာချက်ကိုမြင်ပြီးနောက် ကျောက်ဝေ့ဆီသာ ပြေး၍ အကူအညီတောင်းနိုင်သည်။

"စိတ်မပူပါနဲ့ ခိုကျီက ငါတို့လုပ်တာဆိုတာ ရှာတွေ့နိုင်မယ်မထင်ဘူး။" ဟု ကျောက်ဝေ့ က ယုံကြည်မှုအပြည့်နဲ့ ပြောသည်။ “ခိုကျီက အမှန်တရားကို ရှာတွေ့ခဲ့ရင်တောင်မှ ငါတို့အဆင်ပြေမှာပါ။ ဘာလို့ဆို နောက်အစီအစဉ်တစ်ခုရှိပြီးသားမလို့လေ။ ငါတို့က ငတုံးမဟုတ်ဘူး..အခုထိ မပြီးသေးဘူး။”

Corydalis မိတ်ကပ်သည် ခိုကျီကိုဖျက်စီးဖို့ဆုံးဖြတ်ထားသည်။

ကျွမ်းချွမ်ဟောက်သည် အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူ၏ပန်းတိုင်ကို ရောက်ရှိရန် မည်သို့ကြိုးစားရမည်ကို သိရှိသည်။

ခိုကျီသည် လက်ရှိဝေဖန်ခံနေရ၍ သူ၏ ဖောက်သည်များအား နှစ်သိမ့်ရန် တရားဝင်ကြေညာချက်ထုတ်မည်မှာ သေချာပါသည်။ သို့သော် နောက်မည်သို့ဆက်ဖြစ်လာနိုင်သည်ဆိုလျှင်.. Corydalis မိတ်ကပ်သာ ခိုကျီကို ချောက်ချမှုကို ရပ်တန့်ပါက ခိုကျီ သည်ဘေးကင်းပြီးအဆင်ပြေသွားလိမ့်မည်။ သို့သော် Corydalis မိတ်ကပ်၏အရင်လုပ်ရပ်သည် အချိန်ဖြုန်းသလိုဖြစ်သွားမည်။

ထို့ကြောင့်၊ Corydalis မိတ်ကပ်သည် ခိုကျီကို သူ၏လမ်းမှ ရှင်းလင်းရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ပြီးပြည့်စုံသော အစီအစဉ်ကို ပြင်ဆင်ထားသည်။

"တကယ်လား.. ငါတို့ဘာဆက်လုပ်ကြမှာလဲ?" တုကန်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

"ခိုကျီ စက်ရုံတွေထဲက ထုတ်လုပ်သူခေါင်းဆောင်တစ်ဦးနဲ့ ငါတို့အချိတ်အဆက်ရှိပြီး မကြာခင် အရည်အချင်းမပြည့်မီသော ခိုကျီ မိတ်ကပ်ပစ္စည်းအသုတ်တစ်ခုကို သူတို့ ထုတ်လုပ်ခဲ့ကြောင်း ဝန်ခံခိုင်းမှာ" ကျောက်ဝေ့ က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

ထိုစကားကိုကြားပြီး ချောင်ယ စိတ်ဆိုးသွားသည်။

တစ်ဖက်တွင် တုကန်းသည် စိတ်သက်သာရာရသွားသော်လည်း စပ်စုလိုစိတ်ဖြင့် “ဒါဆို အခု ဘာလုပ်သင့်လဲ?”

“မင်းသိလာမှာပါ။” ကျောက်ဝေ့က လျှို့ဝှက်ဆန်းကြယ်သော အပြုံး ပြုံးထားသည်။

ကျောက်ဝေ့သည် သူ့ကို မပြောလိုသည့်အတွက် တုကန်း ထိုအကြောင်းကို ထပ်မမေးတော့ပေ။

ချောင်ယလဲ ချက်ချင်း ကုနင်းထံသို့ အသံဖိုင်ကို ပေးပို့လိုက်သည်။

All Chapters