အဲ့ဒါက… ပထမလက်ဆောင်
Vol. 116 Ch. 1765
ရှေးခေတ်မိခင်ဂြိုလ်၏ ကောင်းကင်ထက်တွင် သင်္ကေတသံကြိုးက မီးခိုးရောင်ထွန်းလင်းလာသည်။
ထိုအလင်းက ဖြစ်တည်ရှိမှုအားလုံးကို အမြစ်ဖြတ်သုတ်သင်နိုင်သည်။ နတ်ဘုရားများဖြစ်စေ သို့မဟုတ် ကျင့်ကြံသူများဖြစ်စေ၊ နတ်ဘုရားအခွင့်အာဏာဖြစ်စေ သို့မဟုတ် အာဏာစက်ဖြစ်စေ၊ နိယာမများဖြစ်စေ သို့မဟုတ် ဥပဒေသများဖြစ်စေ…
ယင်းနှင့် နှိုင်းယှဉ်လျှင် အရာအားလုံးက သေးနုတ်သွားဟန် ရသည်။ ဤသည်မှာ နတ်ဘုရားသန္ဓေချက်ကြိုးထဲမှ ထွက်ပေါ်လာသော ထိုအလင်းရောင်က အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှ စည်းမျဉ်းနိယာမအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်အလားပင်။
ထို့ကြောင့် ယင်းကို အထက်နယ်မြေမှ စွမ်းအားဖြင့် ဆန့်ကျင်မည်ဆိုလျှင် စွမ်းအင်ပမာဏအများကြီးကို လိုအပ်လိမ့်မည်။
ယင်းနှင့် အဆင့်တူသော စွမ်းအား သို့မဟုတ် ယင်းထက် ပိုပြီးအဆင့်မြင့်သော စွမ်းအားသာလျှင် ထိုသင်္ကေတသံကြိုးကို အမှန်တကယ် တွန်းလှန်နိုင်လိမ့်မည်။
ထိုအကြောင်းအရင်းကြောင့်ပင် မိုးသောက်သခင်လေးက အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာကို ဆေဘာဓားတစ်လက်အဖြစ် ဖွဲ့စည်းခဲ့ပြီး သံကြိုးကို ခုတ်ပိုင်းခဲ့သော်လည်း ယင်းက ယာယီမျှသာ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းက မပြတ်တောက်သွားခဲ့ပေ။
သို့တိုင် မိုးသောက်သခင်လေးက ပြိုင်စံရှားပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ သံကြိုးဆင်းသက်လာသည့်အခိုက် သူက ခုခံနိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။
ထိုသံကြိုးကို ခုခံနိုင်သော တစ်ခုတည်းသောအရာမှာ သူ၏ နတ်ဘုရားစွမ်းအင်အမြူတေထဲ၌ ကိန်းအောင်းနေသော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။ ယင်းက ရှေးခေတ်မှာ ကပ်ဘေးဒုက္ခကို ရှေးဦးအပျက်အစီး ကျော်ဖြတ်နေသည့်အချိန် နတ်ဘုရင်နန်းခ ဝင်လုယက်ခဲ့သော ကံကြမ္မာနတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။
ရှေးဦးအပျက်အစီးက ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားတစ်ပါးဖြစ်လေရာ ၎င်း၏ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာက ထိုသင်္ကေတသံကြိုးထက် မသာလွန်လျှင်ပင် ယင်းနှင့် အဆင့်တူညီသည်။
သို့ဖြစ်၍ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာပါဝင်သော သူ၏ နတ်ဘုရားစွမ်းအင်အမြူတေဖြင့် သံကြိုးကို တားဆီးခြင်းက အကောင်းမွန်ဆုံး ရွေးချယ်မှု ဖြစ်သည်။
သို့သော်လည်း မိုးသောက်သခင်လေးက ခုခံတားဆီးရုံမျှသာ တွေးတောနေခြင်း မဟုတ်ပေ။
သူက သူ၏ နတ်ဘုရားစွမ်းအင်အမြူတေနှင့် သင်္ကေတသံကြိုးကြားမှ အပြန်အလှန် ပဲ့တင်ပြန်မှုကို အသုံးပြု၍ သူနှင့် ရှေးဦးအပျက်အစီးကြားမှ ကမ္မချည်မျှင်များကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ထားသည်။
ယခု သူ၏ မျက်လုံးများက မီးဟုန်းဟုန်းတောက်လာသည်နှင့် သူက နတ်ဘုရားအစွမ်းနှင့် အင်မော်တယ်အစွမ်းကို အထွတ်အထိပ်ထိ မြှင့်တင်လိုက်သည်။ သူက ဟင်းလင်းပြင်ပေါ်သို့ ခုန်တတ်လိုက်ပြီး အံ့ဖွယ်ကောင်းသော အစွမ်းကို ထုတ်လွှတ်လိုက်သည်။
အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို သွေးကြောတစ်ခုသဖွယ် သဘောထား၍ ဖြတ်သန်းသွားပြီး ငွေရောင်နှင့် ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က ကံကြမ္မာဆေဘာဓားအတွင်းသို့ ဒလဟော စီးဝင်သွားကြသည်။
သူက သင်္ကေတသံကြိုးကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။
ဝုန်း…
ထိုတွေ့ဆုံမှုက စကြာဝဠာတစ်ခွင် ပျံ့လွင့်သွားမည့် အားလှိုင်းဂယက်များကို ထုတ်လွှတ်လိုက်သည်။ ထိုလှိုင်းဂယက်များ၏ ရိုက်ခတ်မှုကြောင့် ရှေးခေတ်မိခင်ဂြိုလ်နှင့် အာကာသဟင်းလင်းပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။
စွမ်းအင်လေမုန်တိုင်းက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားလမ်းစဉ်က ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ညည်းညူလိုက်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာက ပရမ်းပတာ လှုပ်ခတ်သွားသည်။
သင်္ကေတသံကြိုး၏ ဆင်းသက်လာမှုက နောက်တစ်ကြိမ် ရပ်တန့်သွားပြီး ယင်းထံမှ မီးခိုးရောင်အလင်းက ကြယ်တာရာစက်ဝန်းနှစ်ခု၏ စုပေါင်းအစွမ်းကြောင့် အနည်းငယ် မှိန်ဖျော့သွားသည်။ သို့တိုင် သင်္ကေတသံကြိုးထံမှ တန်ပြန်အားက ဆေဘာဓားမှတဆင့် မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာဆဲပင်။
အကြွင်းမဲ့အဖျက်အဆီးလေပွေက သူ၏ ခန္ဓာကိုယ်ကို တစ်စစီ ဆုတ်ဖြဲလိုက်သည်။ သူ၏ မရီဒျန်များနှင့် ကိုယ်တွင်းအင်္ဂါများက အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
သွေးက သူ၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။ သို့တိုင် သူ၏ မျက်လုံးက ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် မီးဟုန်းဟုန်းတောက်နေဆဲပင်။
နောက်အခိုက်အတန့်မှာ သူ၏ နတ်ဘုရားစွမ်းအင်အမြူတေက ရွှေရောင်ထွန်းလင်းတောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော မီးခိုးရောင်အလင်းကို တိုက်ရိုက် ဖျက်ဆီးလိုက်သည်။
နတ်ဘုရားစွမ်းအင်အမြူတေနှင့် မီးခိုးရောင်အလင်းက ပြိုင်တူ တုန်ယင်သွားကြသည်။
ထိုနှစ်ခု၏ အပြန်အလှန်ဆန့်ကျင်မှုမှ သက်ရောက်မှုက မိုးသောက်သခင်လေး၏ ဝိညာဉ်အနက်ပိုင်းထဲထိ ပျံ့နှံ့သွားပြီး နတ်ဘုရားစွမ်းအင်အမြူတေနှင့် သူ့ကြားမှ ကမ္မချည်မျှင်များကို ဖြတ်တောက်ပစ်လိုက်သည်။
မိုးသောက်သခင်လေးက တုံ့ဆိုင်းမနေဘဲ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လိုက်သည်။
ကောင်းကင်နှင့် မြေပြင်က သူ၏ ဆေဘာဓားချက်များမှ ထုတ်လွှတ်လိုက်သော အလင်းရောင်အောက်မှာ တုန်ယင်သွားသည်။
တတိယဓားချက်… စတုတ္ထဓားချက်… ပဉ္စမဓားချက်…
သူ၏ ဓားချက်တိုင်းက သံကြိုးကို တုန်ယင်သွားစေပြီး သူ၏ နတ်ဘုရားစွမ်းအင်အမြူတေကို တဒုန်းဒုန်း မြည်သွားစေသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားစွမ်းအင်အမြူတေနှင့် သူ့ကြားမှ ကမ္မချည်မျှင်များက ယင်းတို့၏ အကန့်အသတ်သို့ ရောက်ရှိသွားကြသည်။
နဝမမြောက်ဓားချက် ကျဆင်းသွားသည့်အခိုက် ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ဘယ်လက်က ရွှေရောင်ထွန်းလင်းလာစဉ် သူ၏ ညာလက်က ငွေရောင်တောက်ပလာသည်။
ကျယ်လောင်သော မြည်ဟိန်းသံက ကြယ်တာရာစက်ဝန်းနှစ်ခုစလုံးမှာ ပဲ့တင်ထပ်သွားသည်နှင့် သူက သံကြိုးကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်နှာက ပြင်းထန်သော နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။
သူ၏ နတ်ဘုရားစွမ်းအင်အမြူတေထဲတွင် မီးတောက်တစ်ခု ပေါ်လျှိုးလာသည်။ ထိုမီးတောက်က သူ၏ လက်နှစ်ဖက်မှတဆင့် သံကြိုးထဲသို့ စီးဆင်းသွားသည်။
ထိုစဉ် သံကြိုးက မီးခိုးရောင်ထွန်းလင်းလာပြီး မီးတောက်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်သည်။
အင်အားနှစ်ခုက အပြန်အလှန်ဆန့်ကျင်နေစဉ် နတ်ဘုရားစွမ်းအင်အမြူတေနှင့် မိုးသောက်သခင်လေးကြားမှ ကမ္မချည်မျှင်များက စတင်အက်ကွဲသွားကြသည်။ ဤသည်မှာ ယင်းတို့က ထိုသက်ရောက်မှုကို မတောင့်ခံနိုင်တော့သည့်အလားပင်။
နောက်ဆုံးမှာတော့ နတ်ဘုရားစွမ်းအင်အမြူတေနှင့် သင်္ကေတသံကြိုး၏ ယှဉ်ပြိုင်မှုက နောက်ဆုံးအမှတ်သို့ ရောက်ရှိသွားသည်။
ယင်းတို့နှစ်ခုစလုံးက တစ်ပြိုင်နက်တည်း တုန်ယင်သွားကြသည်။
နတ်ဘုရားစွမ်းအင်အမြူတေက မြန်ဆန်စွာ ကျုံ့သွားပြီး လက်သည်းခွံအရွယ်အစားထိ ရောက်ရှိသွားသည်။ သို့တိုင် ယင်း၏ အရှိန်အဝါက ပိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်။ ဤသည်မှာ အစောနက အပြန်အလှန်ဆန့်ကျင်မှုက ယင်း၏ မသန့်စင်မှုများကို ဖယ်ရှားပေးသွားသည့်အလားပင်။
သို့ဖြစ်၍ ယခုအခါ ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရား ရှေးဦးအပျက်အစီး၏ အသန့်စင်ဆုံး နတ်ဘုရားအခွင့်အာဏာသာလျှင် ကျန်ရှိတော့သည်။
တစ်ချိန်တည်းမှာ သူနှင့် နတ်ဘုရားစွမ်းအင်အမြူတေကြားမှ ကမ္မချည်မျှင်များက အပြည့်အဝ ပြတ်တောက်သွားသည်။ ထိုပြတ်တောက်မှုက နတ်ဘုရားအရှင်သခင်အဖြစ်သို့ သူတတ်လှမ်းသွားခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော သဘာဝလွန်ဖြစ်စဉ်အားလုံးကို အဆုံးသတ်သွားစေသည်။
ယင်းတို့အားလုံးက သူ၏ နတ်ဘုရားသဘာဝနှင့်အတူ လွင့်ပြယ်သွားကြသည်။
ကမ္မချည်မျှင်များ လွင့်ပြယ်သွားသည်နှင့် သင်္ကေတသံကြိုးသည်လည်း မီးတောက်ဖြင့် ဝါးမျိုခံလိုက်ရသည်။
သင်္ကေတသံကြိုးက အပြင်းအထန် လောင်ကျွမ်းသွားသည်။
ထိုသို့လောင်ကျွမ်းနေစဉ်အတွင်း သံကြိုးက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ပြာမှုန်ဖြစ်သွားသည်။
ပြာမှုန်တစ်ပွင့်စီက ခေါင်းလောင်းမြည်သံနှင့် ဆင်တူသော အသံကို ထုတ်လွှတ်လိုက်ကြသည်။ မကြာမီ ခေါင်းလောင်းမြည်သံများက အာကာသဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်နေစဉ် မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ထဲ၌ မြစ်ရေစီးသံများ ထွက်ပေါ်လာသည်။ မြင့်မြတ်ထည်ဝါသော အင်မော်တယ်စွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲမှာ ပြည့်လျှံသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်အရှင်သခင်စွမ်းအားက ကြယ်မြေပုံကို ရေးထွင်းထားသော သူ၏ တာအိုအရိုးများထဲသို့ ဖြတ်သန်းစီးဆင်းသွားလေရာ ယင်းတို့က ငွေရောင်ထွန်းလင်းတောက်ပလာသည်။
သူ၏ နတ်ဘုရားသဘာဝ ပျောက်ကွယ်သွားသည့်အခါ သူ၏ လူသားသဘာဝက အလိုအလျောက် ပြန်ရောက်လာသည်။
သူ၏ ရွှေရောင်ဆံပင်ရှည်က ငွေရောင်ပြောင်းလဲသွားပြီး ဂလက်စီမြစ်တစ်စင်းသဖွယ် အာကာလဟင်းလင်းပြင်ထဲမှာ ကျဆင်းသွားသည်။
သူ့ထံမှ ပေါ်လျှိုးလာသော အင်မော်တယ်အရှိန်အဝါအောက်မှာ ကောင်းကင်နှင့်မြေပြင်က တုန်လှုပ်သွားပြီး အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်က အော်ဟစ်ညည်းညူလိုက်သည်။
ထို့နောက် မိုးသောက်သခင်လေးက တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ယခုထိ ပြည့်လျှံနေသေးသော အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာကို ဆင့်ခေါ်လိုက်ကာ အဝေး၌ ရပ်ကြည့်နေသော ရွှီချင်းထံသို့ လက်ညှိုးညွှန်လိုက်သည်။
“ ရွှီချင်း… မင်းက မိုးသောက်အင်မော်တယ်နန်းတော်နဲ့ မိုးသောက်ကောင်းကင်ဘုံအလွန်ရဲ့ ပထမဆုံးဆက်ခံသူ ဖြစ်လာခဲ့တယ်… မင်းက ဒီခေတ်ရဲ့ ကံကြမ္မာနဲ့ ပျိုးထောင်ပေးဖို့ ထိုက်တန်တယ်… ပြီးတော့ မင်းက အစစ်အမှန်ဦးသျှောင်တစ်ပါးအနေနဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကံကြမ္မာကို ဆုပ်ကိုင်ဖို့ အခွင့်အာဏာရရှိထားတယ် ”
“ ဒါ့အပြင် မင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းကို ကူညီပေးခဲ့ပြီး ငါ့ကို ဒီအဆင့်ထိရောက်အောင် ထောက်ပံ့ပေးခဲ့တယ် ”
“ ဒီနေ့… ငါမင်းကို လက်ဆောင်နှစ်ခုပေးမယ် ”
“ ဒီဟာက… ပထမလက်ဆောင် ”
“ ပြီးတော့ အဲ့ဒါက ငါမီမင်က အင်မော်တယ်အရှင်သခင်တစ်ပါးအနေနဲ့… အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ လက်ရှိအုပ်ချုပ်သူအနေနဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ အမိန့်တော်လည်း ဟုတ်တယ် ”
“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကံကြမ္မာ… သွားစမ်း ”
မီမင်က အထွတ်အမြတ်ဩဇာအာဏာနှင့်တကွ သူ၏ အမိန့်တော်ကို ထုတ်ပြန်လိုက်သည့်အခါ ဤနေရာမှ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက ပရမ်းပတာ တုန်လှုပ်သွားသည်။ ယင်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းက ကံကြမ္မာနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ ကံကြမ္မာနဂါးက သူ့နားသို့ ရောက်ရှိလာသည်။ ရွှီချင်းက နှလုံးတုန်ယင်သွားစဉ် ကံကြမ္မာနဂါးက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားမည့် ကျယ်လောင်သော ဟိန်းသံကို ထုတ်လွှတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ကံကြမ္မာ၏ အာဟာရဖြည့်ပေးမှုထဲမှာ အသန့်စင်ဆုံး မူလအနှစ်သာရက ပါဝင်သည်။ ထို့ပြင် ယင်းထဲမှာ သက်ရှိအားလုံး၏ စိတ်ဆန္ဒလည်း ပါဝင်သည်။ ဤသည်မှာ စည်းမျဉ်းနိယာမများကိုယ်၌က ယင်းကို ချီးမြှောက်ပေးထားသည့်အလား သို့မဟုတ် ဥပဒေသများက ယင်းကို အသိအမှတ်ပြုထားသည့်အလားပင်။ သို့ဖြစ်၍ မိုးသောက်သခင်လေး၏ အမိန့်တော်အောက်မှာ ကံကြမ္မာ၏ အာဟာရဖြည့်ပေးမှုက အဆမတန် ပိုပြီးတိုးပွားသွားသည်။
ယင်းက အလွန်ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။
လျှပ်တစ်ပြက်အတွင်းမှာ ဝုန်းခနဲ မြည်သံက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ကံကြမ္မာ၏ အာဟာရဖြည့်ပေးမှုကြောင့် အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်မှ အဆင့်ချိုးဖြတ်သွားပြီး နှောင်းပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်သို့ တတ်လှမ်းသွားသည်။
အံ့ဖွယ်ကောင်းသော အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရိုက်ခတ်သွားသည်။ ကံကြမ္မာနဂါးက သန့်စင်သော မူလအနှစ်သာရများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက် သွန်းလောင်းပေးနေစဉ် သူ၏ ကျင့်ကြံခြင်းအခြေခံက ဆက်လက် မြင့်တတ်သွားသည်။
ရွှီချင်းဆင်ခြင်နားလည်ထားသော နဝမမြောက်အန္တိမတာအို မျဉ်းပြိုင်အာဏာစက်သည် သူ့အား အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားနိုင်ရန် လိုအပ်သော သတ်မှတ်ချက်များဖြင့် ပြည့်စုံစေသည်။
သူလိုအပ်နေသော တစ်ခုတည်းသောအရာမှာ မူလအနှစ်သာရ ဖြစ်သည်။
ထို့ကြောင့် သူက မူလအနှစ်သာရကို မရပ်မနား လိုက်ရှာဖွေနေခြင်း ဖြစ်သည်။
သို့သော်လည်း ခြေလှမ်းဝက်အင်မော်တယ်၏ အဆင့်တတ်မှုအတွက် လိုအပ်သော မူလအနှစ်သာရပမာဏက အလွန်ချောက်ချားစရာကောင်း၏။ ထို့ပြင် မူလအနှစ်သာရစုပ်ယူသောနှုန်းက သူ့အတွက် ကြီးမားသော ကန့်သတ်ချက်တစ်ခုလည်း ဖြစ်သည်။ သို့ဖြစ်၍ သူ၏ တိုးတတ်မှုက အလွန်နှေးကွေးသည်။
ယခု ဤသို့မဟာအခွင့်အရေးဖြင့် ရင်ဆိုင်ရသောအခါ သူ၏ လိုအပ်ချက်အားလုံးက ပြီးပြည့်စုံသွားသည်။ ထို့ပြင် ကံကြမ္မာ၏ ကောင်းချီးပေးမှုကြောင့် သူ၏ စုပ်ယူမှုမှာ မည်သည့်အဟန့်အတားမှ မရှိပေ။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အရှိန်အဝါက နောက်တစ်ကြိမ် မြင့်တတ်သွားပြန်သည်။ သူက နှောင်းပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်မှ မဟာပြီးပြည့်စုံသော ခြေလှမ်းဝက်အင်မော်တယ်သို့ တိုက်ရိုက် တတ်လှမ်းသွားသည်။
ယင်းက အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ် ဖြစ်သည်။
ထို့ပြင် မူလအနှစ်သာရက ဆက်လက် စီးဆင်းနေဆဲပင်။
သို့ဖြစ်၍ ခြေလှမ်းဝက်အင်မော်တယ်အဆင့်၏ အထက်အကန့်အသတ်က အပေါ်သို့ ဆက်လက် တွန်းထုတ်ခံနေရပြီး တစ်ခါမှမဖြစ်ပေါ်ဖူးသော အဆုံးစွန်သို့ ရောက်ရှိသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ရွှီချင်းထံမှ မြှောက်တတ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။ ယင်းထဲမှာ တောင်တန်းများကို ပြိုကျပျက်စီးစေနိုင်ပြီး ပင်လယ်များကို မှောက်လှန်ပစ်နိုင်သော အံ့ဖွယ်အစွမ်းက ပါဝင်နေသည်။ ဤသည်မှာ ထိုအရှိန်အဝါက ယင်း၏ လမ်းကြောင်းအရှေ့မှာရှိသော အရာမှန်သမျှကို အမြစ်ဖြတ်ဖျက်ဆီးပစ်တော့မည့်အလားပင်။
ထိုအရှိန်အဝါသည် သမိုင်းတစ်လျှောက်လုံးမှ ခြေလှမ်းဝက်အင်မော်တယ်အားလုံးထက် သာလွန်သည်။
နွေဦးအင်မော်တယ်တချို့သည်ပင် ထိုအရှိန်အဝါနှင့် နှိုင်းယှဉ်လျှင် မှေးမှိန်သွားကြလိမ့်မည်။
ယင်းက ရွှီချင်း၏ အခြေခံအုတ်မြစ်က မည်မျှပြည့်စုံကြောင်း ဖော်ပြနေသည်။ ထို့ပြင် ယင်းက ကျင့်ကြံခြင်းခရီးစဉ်တစ်လျှောက် သူစုဆောင်းထားခဲ့သော စွမ်းအားဖြစ်သည်။
ထို့ပြင် တောက်ပသော ငွေရောင်အလင်းက စတင်ဖွဲ့စည်းနေသည်။
ထိုအလင်းသည် နွေဦးအင်မော်တယ်များသာ ပိုင်ဆိုင်နိုင်သော အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ ဤအခိုက်အတန့်မှာ ငွေရောင်အလင်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြတ်သန်းစီးဆင်းသွားသည်။ နောက်ဆုံးမှာ ငွေရောင်အလင်းက သူ၏ မျက်လုံးများထဲမှာ စုဝေးသွားလေရာ သူ၏ သူငယ်အိမ်များက ငွေရောင်ပြောင်းလဲသွားကြသည်။
ဤအခိုက်အတန့်မှာ သူက အနက်ရောင်ဆံပင်ရှည်နှင့် ငွေရောင်မျက်လုံးတစ်စုံကို ပိုင်ဆိုင်သွားသည်။
သူက စစ်မှန်သော အင်မော်တယ်တစ်ပါး မဟုတ်သေးသော်လည်း အင်မော်တယ်တစ်ပါးထက် သာလွန်သွားသည်။
တစ်ခုတည်းသော သူလိုအပ်နေသည့်အရာမှာ ဒသမမြောက် အန္တိမတာအို ဖြစ်သည်။
ယင်းက အာဏာစက်ကို ဥပဒေသအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။
ယင်းကို ရွှီချင်းဆင်ခြင်နားလည်သွားသည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံက ချက်ချင်း အဆင့်ချိုးဖြတ်သွားပြီး နွေဦးအင်မော်တယ်အဆင့်ဆီသို့ အမှန်တကယ် တတ်လှမ်းသွားလိမ့်မည်။
အစစ်အမှန်အင်မော်တယ်တစ်ပါး သူဖြစ်လာသည့်နေ့က ဝမ်ကူးကုန်းမြေဆီသို့ သူပြန်သွားမည့်အချိန်လည်း ဖြစ်သည်။
ထိုသို့ကံတရားဖြင့် ရင်ဆိုင်ရသောအခါ ရွှီချင်း၏ နှလုံးသားထဲမှာ စိတ်ခံစားချက်များဖြင့် ပြည့်လျှံသွားသည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို အာရုံခံလိုက်သည်။ တစ်ချိန်တည်းမှာ သူက ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းကိုလည်း နားလည်သွားသည်။
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ မိုးသောက်သခင်လေးကို ကြည့်လိုက်သည်။
သူက လက်သီးဆုပ်လိုက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ကောင်းကင်ပေါ်တွင် မိုးသောက်သခင်လေးက ရွှီချင်း၏ အောင်မြင်စွာ အဆင့်ချိုးဖြတ်သွားမှုကို မြင်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
နောက်ထပ် ချုပ်ထိန်းစရာမလိုတော့သောကြောင့် ဤအခိုက်အတန့်မှာ နတ်ဘုရားစွမ်းအင်အမြူတေနှင့် သူ့ကြားမှ နောက်ဆုံးကမ္မချည်မျှင်က ပြတ်တောက်သွားသည်။
ယခု ထိုနတ်ဘုရားစွမ်းအင်အမြူတေက သူနှင့် ဘာမှမသက်ဆိုင်တော့ပေ။
ထို့နောက် အင်မော်တယ်အရှင်သခင်တစ်ပါး၏ အစွမ်းက ဤအခိုက်အတန့်မှာ အဟန့်အတားမဲ့စွာ ပေါ်လျှိုးလာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်းကို တုန်ယင်သွားစေပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းကို အော်ဟစ်ချီးမြှောက်သွားစေသည်။
သူ၏ အသွင်သဏ္ဍာန်က လူသားအဖြစ်သို့ အပြည့်အဝ ပြန်ပြောင်းလဲသွားသည်။
သူက ကျင့်ကြံသူတစ်ယောက်အဖြစ် အမှန်တကယ် ပြန်ဖြစ်သွားသည်။
ဤလုပ်ငန်းစဉ်တစ်လျှောက်မှာ သူက အင်မော်တယ်တစ်ပါးမှ နတ်ဘုရားတစ်ပါးအဖြစ်သို့ ကူးပြောင်းခဲ့ပြီး နတ်ဘုရားအရှင်သခင်အဖြစ်သို့ တတ်လှမ်းသွားခဲ့သည်။ ထို့နောက် သူက နတ်ဘုရားအရှင်သခင်မှ အင်မော်တယ်လမ်းစဉ်ဆီသို့ ပြန်ကူးပြောင်းခဲ့သည်။
ဤအခိုက်အတန့်မှာ သူက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်လာသည်။
အင်မော်တယ်အရှင်သခင်မီမင်…
တစ်ချိန်တည်းမှာ အမှတ်လေးကြယ်တာရာစက်ဝန်းနှင့် သူ့ကြားမှ ဆက်နွယ်မှုက ပြတ်တောက်သွားဟန်ရသော်လည်း အမှန်မှာ ယင်းက ဆက်ပြီး ကျန်ရှိနေဆဲပင်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားများ၏ အစစ်အမှန်နာမည်မြစ်ထဲမှာ သူချန်ထားခဲ့သော နေနှင့်လ၏ နာမည်က ထာဝရ တည်တံ့နေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်၏။
ယင်းက အင်မော်တယ်အရှင်သခင်မီမင်ကို အမှတ်လေးကြယ်တာရာစက်ဝန်း၏ စည်းမျဉ်းနိယာမများထဲမှာ နက်ရှိုင်းစွာ စိုက်ဝင်နေသော သံချောင်းတစ်ချောင်းအဖြစ် ထင်မှတ်ရစေသည်။
မည်သည့်အရာကမှ ထိုသံချောင်းကို မလှုပ်ခါနိုင်ပေ။
ဤသည်မှာ သူက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ သူ့ကိုယ်ပိုင်အာဏာစက်ကို ထာဝရ ချန်ထားခဲ့နိုင်သည့်အလားပင်။
ယင်းကို မဖျောက်ဖျက်နိုင်ပေ။
ထို့ကြောင့် သူက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာမှ ကောင်းချီးကို ပိုင်ဆိုင်ထားသလို အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားလမ်းစဉ်၏ စည်းမျဉ်းနိယာမများကိုလည်း လှုပ်ခါပစ်နိုင်ပေသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ ထိုသို့စွမ်းဆောင်နိုင်သူက သူတစ်ဦးတည်းသာ ရှိသည်။
သို့ဖြစ်၍ သူက ကြယ်တာရာစက်ဝန်းနှစ်ခုစလုံး၏ အသန်မာဆုံး အင်မော်တယ်အရှင်သခင်ဘွဲ့ကို ပိုင်ဆိုင်သွားသည်။
ထို့ကြောင့် သူ့ကို ခြေလှမ်းဝက် အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုမည်ဆိုလျှင် ချဲ့ကားလွန်းရာ မကျပေ။