အင်မော်တယ်အရှင်သခင်ရွှမ်ဟူ
Vol. 116 Ch. 1767
အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ဘယ်တောင်ပံစစ်ပွဲဇုန်…
ဤနေရာက ရွှီချင်းမထွက်သွားခင်ကနှင့် နှိုင်းယှဉ်လျှင် ယခု ဟာလာဟင်းလင်းဖြစ်နေသည်။
ဤနေရာမှ ကျင့်ကြံသူစစ်တပ်(၇၀)ရာခိုင်နှုန်းသည် အင်မော်တယ်ဘုရင်၏ အမိန့်အောက်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ ချီတတ်သွားကြပြီး နတ်ဘုရားများနှင့် နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲနေကြသည်။
ဤအခိုက်အတန့်မှာ အထောက်အပံ့ကြယ်ဂြိုလ်တချို့သာလျှင် ကျန်ရှိနေကြပြီး ယင်းတို့က အရေးပါသော တာဝန်များကို ထမ်းဆောင်နေကြသည်။
ထိုသို့ကြယ်ဂြိုလ်များသည် အရေအတွက် အလွန်များပြားပြီး ဘယ်တောင်ပံစစ်ပွဲဇုန်မှစတင်၍ အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ လမ်းကြောင်းတစ်လျှောက်မှာ ပြန့်ကျဲနေကြသည်။ ယင်းတို့က မည်သည့်အာကာသဟင်းလင်းပြင်မှာမဆို တည်ရှိကြသည်။
ယင်းတို့၏ အဓိကတာဝန်က ရိက္ခာထောက်ပံ့ခြင်းနှင့် ဒဏ်ရာကုသပေးခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းတို့က အင်မော်တယ်စွမ်းအင်ကို အမြဲတမ်း ထုတ်လွှတ်နေကြသည်။ ထို့ကြောင့် အခြေခံအားဖြင့်ဆိုရသော် ယင်းတို့က အင်မော်တယ်မျှော်စင်များနှင့် ဆင်တူကြသည်။
ဘယ်တောင်ပံစစ်ပွဲဇုန်တစ်ခုတည်း ထိုသို့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ညာတောင်ပံစစ်ပွဲဇုန်နှင့် အလယ်ပိုင်းစစ်ပွဲဇုန်သည်လည်း ယင်းတို့၏ အထောက်အပံ့ကြယ်ဂြိုလ်များကို အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ စေလွှတ်ထားကြသည်။
ကျင့်ကြံသူစစ်တပ်က အမှတ်လေးကြယ်တာရာစက်ဝန်းထဲသို့ ပိုပြီးနက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ ထိုကြယ်ဂြိုလ်များ၏ စီစဉ်မှုများက ပိုပြီးလေးနက်လာသည်။ ယင်းတို့က အပြင်သို့ ပျံ့ပွားသွားကြပြီး သတင်းအချက်အလက်များ စုဆောင်းကြသည်။
မည်သို့ဖြစ်ပါစေ စစ်ပွဲဇုန်သည် အလွန်ကျယ်ပြောပြီး ထိုထဲမှာ မရေမတွက်နိုင်သော စကြာဝဠာများ ပါဝင်ကြသည်။ ထို့ပြင် ဤစစ်ပွဲ၏ အန္တိမရည်ရွယ်ချက်က အလုံးစုံသိမ်းပိုက်ရန် ဖြစ်သည်။ ထို့ကြောင့် ထိုအထောက်အပံ့ကြယ်ဂြိုလ်များက အလွန်အရေးပါကြသည်။
ဤသည်မှာ ယင်းတို့က စစ်တုရင်ခုံပေါ်မှ နယ်ရုပ်များအလားပင်။ ယင်းတို့က အစွမ်းထက် ကျင့်ကြံသူများနှင့်အတူ စစ်မြေပြင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားနေပြီး နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ကြသည်။
ဤအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဘယ်တောင်ပံစစ်ပွဲဇုန်မှ အလယ်ပိုင်းဧရိယာထဲတွင်လည်း ထိုသို့အထောက်အပံ့ကြယ်ဂြိုလ်တစ်လုံး တည်ရှိသည်။
ယင်းက ကြယ်တာရာကောင်းကင်ထဲမှာ လွင့်မျောနေသော အဝါရောင်ကြယ်ဂြိုလ်တစ်လုံး ဖြစ်သည်။
ယင်း၏ ဘေးပတ်ဝန်းကျင်တွင် ဥက္ကာပျံအပိုင်းအစများက လွင့်မျောနေကြသည်။ ထိုဥက္ကာပျံများကို ကျင့်ကြံသူစစ်သည်တော်များက စောင့်ကြပ်ပေးနေကြသည်။
ကြယ်ဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် တောင်တန်းများက အဆုံးမဲ့စွာ ဆန့်တန်းနေပြီး အဝါရောင်သဲက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းနေသည်။ သဲတစ်မှုန်စီမှာ အလွန်သိပ်သည်းသော အင်မော်တယ်စွမ်းအင် ပါဝင်သည်။
အရေအတွက်များပြားသော ကျင့်ကြံသူများက ထိုနေရာမှာ စုဝေးနေကြပြီး အလုပ်ရှုပ်နေကြဟန် ရ၏။ သူတို့တစ်ယောက်စီက တာဝန်ကိုယ်စီကို မြန်မြန်သွက်သွက် ဆောင်ရွက်နေကြသည်။
ထိုကြယ်ဂြိုလ်သည် အလွန်အရေးပါသည်။ ယင်းက ဘယ်တောင်ပံစစ်ပွဲဇုန်ထဲ၌ အဆုံးအဖြတ်စစ်ပွဲဆင်နွှဲပြီးနောက် ပထမဆုံး အသုံးပြုခဲ့သော အထောက်အပံ့ကြယ်ဂြိုလ် ဖြစ်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်းဆီသို့ ထွက်ခွာသွားကြသော အထောက်အပံ့ကြယ်ဂြိုလ်အားလုံးက ဤနေရာမှ စတင်ကြရသည်။
ထို့ပြင် ဤကြယ်ဂြိုလ်ပေါ်မှာ အရေအတွက်များပြားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များ ရှိကြသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ရိက္ခာများကို နေ့စဉ်နှင့်အမျှ ဤကြယ်ဂြိုလ်ဆီသို့ ပို့ဆောင်ကြသည်။ ထို့နောက် ဤနေရာမှတဆင့် ထိုရိက္ခာများကို တခြားအထောက်အပံ့ကြယ်ဂြိုလ်များဆီသို့ ပို့ဆောင်ပေးကြလိမ့်မည်။
ယင်းက ဤကြယ်ဂြိုလ်၏ တာဝန်လည်း ဖြစ်၏။
ယင်းက အလွန်အရေးကြီးလေရာ ဤကြယ်ဂြိုလ်ပေါ်တွင် တခြားအထောက်အပံ့ကြယ်ဂြိုလ်များနှင့် ဆက်သွယ်ထားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များရှိသော်လည်း စစ်ပွဲကာလအတွင်းမှာ ရိက္ခာပို့ဆောင်ခြင်းကိုသာ ခွင့်ပြုထားသည်။ တခြားအထောက်အပံ့ကြယ်ဂြိုလ်များထံမှ တဖန် ပြန်ပို့ဆောင်ခြင်းကို လက်မခံပေ။
ဤကြယ်ဂြိုလ်၏ ခုခံကာကွယ်မှုကို မြှင့်တင်ရန်အလို့ငှာ ဤနေရာမှာ ကျင့်ကြံသူတပ်မတော်တစ်ခုက စခန်းချထားသည့်အပြင် အင်မော်တယ်အရှင်သခင်ကျန်းလူ၏ ကိုယ်ပွားသည်လည်း ကြယ်ဂြိုလ်တစ်ခုလုံးကို စောင့်ကြည့်နေသည်။
ထိုသို့စီစဉ်ထားမှုကြောင့် ဤကြယ်ဂြိုလ်၏ လုံခြုံရေးက အလွန်တင်းကျပ်သည်။
ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက တာဝန်ကိုယ်စီဖြင့် အလုပ်များနေကြစဉ် ကောင်းကင်နှင့် မြေပြင်က ရုတ်တရက် တုန်ယင်သွားပြီး ရောင်စုံအလင်းတန်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
ယင်းက ကျင့်ကြံသူအများအပြားကို တုန်လှုပ်သွားစေသည်။ ချက်ချင်းဆိုသလို သူတို့၏ နတ်ဘုရားစိတ်အာရုံများက ထိုမူမမှန်မှု၏ ဇစ်မြစ်ဆီသို့ စုဝေးသွားကြသည်။
ယင်းက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခု ဖြစ်သည်။
အစီအရင်က ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။
တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်မှ ထုတ်လွှတ်လာသော အားလှိုင်းအတတ်အကျများကို ထိုအစီအရင်အတွက် တာဝန်ယူထားသော ကျင့်ကြံသူများက ချက်ချင်း စစ်ဆေးသုံးသပ်လိုက်ကြသည်။ ဤတည်နေရာပြောင်းရွှေ့မှုက ရိက္ခာပို့ဆောင်ရန် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ရောက်ရှိလာခြင်း မဟုတ်ပေ။ ယင်းအစား…
" အဲ့ဒါက အမှတ်လေးကြယ်တာရာစက်ဝန်းကနေ ရောက်လာတာ… တည်နေရာကူးပြောင်းလာတာက သက်ရှိတစ်ယောက် ဖြစ်တယ်… အဲ့ဒီထဲက အခွင့်အာဏာက… အင်မော်တယ်အရှင်သခင်တစ်ပါးဆီကပဲ ”
ထိုမူမမှန်မှုကို စစ်ဆေးသုံးသပ်လိုက်သော ကျင့်ကြံသူများက နှလုံးတုန်ယင်သွားကြပြီး ဤကိစ္စကို ချက်ချင်း သတင်းပို့လိုက်ကြသည်။
မူမမှန်မှုအကြောင်း သတင်းပို့လိုက်သည်နှင့်တစ်ပြိုင်နက် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထံမှ အလင်းရောင်က တောက်ပသော ရောင်ခြည်တန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
မကြာမီ ဧရာမဝဲကတော့တစ်ခုက ကောင်းကင်ပေါ်မှာ ဖွဲ့စည်းသွားသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ဝဲကတော့က လှည့်ပတ်သွားသည်။
မရေမတွက်နိုင်သော အကြည့်များ၏ အာရုံစိုက်မှုအောက်မှာ ပုံရိပ်တစ်ခုက ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။
သူက အနက်ရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ၏ အနက်ရောင်ဆံပင်ရှည်ပေါ်မှာ ခရမ်းရောင်တစ်စွန်းတစ်စ စွန်းထင်နေသည်။
သူ၏ မျက်လုံးများက ငွေရောင်ဖြစ်သည်။
ဝဲကတော့ထဲမှ သူထွက်ပေါ်လာသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူ့ထံမှ ပေါ်လျှိုးလာသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကို တစ်ပြိုင်နက် တုန်ယင်သွားစေသည်။
ဤနေရာမှာ စုဝေးနေကြသော ကျင့်ကြံသူများ၏ နတ်ဘုရားစိတ်အာရုံများသည်ပင် ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ထိုသူက ရွှီချင်းမှလွဲ၍ တခြားမဟုတ်ပေ။
သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေနှင့် တိမ်တိုက်များက လွင့်ပြယ်သွားကြသည်။
ဟင်းလင်းပြင်သည်ပင် ကမောက်ကမာဖြစ်သွားသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ တမူထူးခြားသော အင်မော်တယ်ကြယ်အလင်းရောင်က သူ့အပေါ်သို့ ရေတံခွန်သဖွယ် ကျဆင်းလာသည်။
ရွှီချင်းက လေထဲမှာ မတ်တတ်ရပ်နေစဉ် သူ၏ အဝတ်အစားများက တဖျပ်ဖျပ်လှုပ်ခတ်သွားကြပြီး မရေမတွက်နိုင်သော ကြယ်အမှုန်အမွှားများက သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျဆင်းနေသည်။ ယင်းက သူ၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ထဲတွင် ဂလက်စီလေပွေကို ဖွဲ့စည်းသွားသည်။ နောက်အခိုက်အတန့်မှာ လေပွေက ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားသည်။
မျက်လုံးအားလုံးက ရွှီချင်းအပေါ်သို့ ကျရောက်နေကြသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာသည်ပင် ဤအခိုက်အတန့်မှာ ဆင်းသက်လာပြီး သူ၏ ဘေးပတ်ဝန်းကျင်၌ ခရမ်းရောင်အလင်းအရှိန်အဝါကို ဖွဲ့စည်းလိုက်သည်။
ဤသည်မှာ ကြယ်တာရာစက်ဝန်းက သူ၏ ပြန်ရောက်လာမှုကို ကြိုဆိုနေသည့်အလားပင်။
အင်မော်တယ်ကြယ်အလင်းရောင်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ ရင်းနှီးကျွမ်းဝင်သော ကံကြမ္မာကို အာရုံခံမိသွားသောအခါ ရွှီချင်း၏ မျက်လုံးက အနည်းငယ် မိန်းမောတွေဝေသွားသည်။
သူက အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့ခြင်း မဟုတ်သော်လည်း ဤအတောအတွင်းမှာ အပြောင်းအလဲများစွာ ဖြစ်ပျက်သွားခဲ့သည်။ ဤသည်မှာ သူက ခေတ်တစ်ခေတ်ကို ဖြတ်ကျော်သွားသည့်အလားပင်။
အင်မော်တယ်အရှင်သခင်ကျန်းလူနှင့် နတ်ဧကရာဇ်ချီအူဇီ၏ ဓားစာခံလဲလှယ်မှုတွင် သူက အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်မှာသာ ရှိသေးသည်။
စစ်မြေပြင်မှ ထွက်ပြေးသွားပြီးနောက် သူက ရှေးခေတ်မိခင်ဂြိုလ်ကို စူးစမ်းလေ့လာခဲ့ပြီး မိုးသောက်သခင်လေး၏ အဆင့်တတ်လှမ်းခြင်းနှင့် လမ်းစဉ်ပြောင်းလဲခြင်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ ထိုအတောအတွင်းမှာ သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားခဲ့လေရာ ယခု သူက အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည်။
ထိုနှစ်ခုကြားထဲမှ အပြောင်းအလဲများက အလွန်အမင်း ကြီးမားသည်။
ထိုကိစ္စများကို ပြန်အမှတ်ရသွားသောအခါ ရွှီချင်း၏ နှလုံးသားထဲတွင် စိတ်ခံစားချက်များက ဒီရေအလား ပေါ်လျှိုးလာသည်။
ဤအခိုက်အတန့်မှာ ခေါင်းလောင်းမြည်သံက အထောက်အပံ့ကြယ်ဂြိုလ်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး ရွှီချင်း၏ အတွေးများကို နှောင့်ယှက်လိုက်သည်။
ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ဤကြယ်ဂြိုလ်ပေါ်မှ ကျင့်ကြံသူများက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
သူတို့က ယောင်္ကျားများနှင့် မိန်းမများဖြစ်ကြပြီး အမှတ်ငါးကြယ်တာရာစက်ဝန်း၏ မတူညီသော စကြာဝဠာအသီးသီးထံမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ရွှီချင်းကို သူတို့မြင်သွားသည့်အခိုက် သူတို့က ချက်ချင်း မှတ်မိသွားကြသည်။
“ အဲ့ဒါ ရွှီချင်းပဲ ”
သူ့ကို မှတ်မိသွားသည့်အခိုက် သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့အားလုံးက ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။
“ အစစ်အမှန်ဦးသျှောင်ကို ကြိုဆိုပါတယ် ”
သူတို့၏ အသံများက အဝေးဆီသို့ ဆက်လက် ပဲ့တင်ထပ်သွားသည်။ သူတို့၏ လေသံထဲမှာ လေးနက်သော ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။
ရှင်းလင်းစွာပင် ရှေးခေတ်မိခင်ဂြိုလ်ပေါ်မှ အဖြစ်အပျက်များကို အပြင်လောကသည်လည်း မူလအချိန်နှင့်တစ်ပြေးညီ မြင်နိုင်ခဲ့ကြောင်း ထင်ရှား၏။
ယင်းက ကံကြမ္မာ၏ တုံ့ပြန်မှုဖြစ်သည်။
ရွှီချင်း၏ အကြည့်က သူတို့အပေါ်သို့ ဖြတ်သန်းသွားသည်။ ထို့နောက် သူက ရုတ်တရက် ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်ပြီး အရိုအသေပေးလိုက်သည်။
သူအရိုအသေပေးလိုက်သည်နှင့်ချက်ချင်း အနီရောင်နေကိုးစင်းက တိမ်တိုက်များကြားထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြပြီး အင်မော်တယ်အရှင်သခင်ကျန်းလူ၏ ခမ်းနားထည်ဝါသော ပုံရိပ်က ကောင်းကင်ပေါ်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
ကြီးကျယ်မြင့်မြတ်သော တာအိုအသံက ကောင်းကင်ဘုံမှ ပျံ့လွင့်လာသည်။
“ ရွှီချင်း ”
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ကိုးရောင်ခြယ်ထွန်းလင်းတောက်ပသော ဆေးလုံးတစ်လုံးက ရွှီချင်း၏ အရှေ့ဆီသို့ လွင့်မျောလာသည်။
ထိုဆေးလုံးအတွင်းမှာ ဘီလီယံနှင့်ချီသော ကြယ်အမှုန်အမွှားများက ဝဲကတော့တစ်ခုအဖြစ် ပြိုကွဲသွားနေဟန် ရ၏။ ထို့ပြင် နွေဦးအင်မော်တယ်တစ်ပါး၏ အရှိန်အဝါက ဆေးလုံးထဲမှ မြှောက်တတ်လာနေသည်။
“ အင်မော်တယ်တတ်လှမ်းခြင်းဆေးလုံး ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
ထိုဆေးလုံးက အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ သူပြန်ရောက်လာသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။
ယင်းကို အင်မော်တယ်တတ်လှမ်းခြင်းဆေးလုံးဟု ခေါ်သလို အမှတ်ငါးအင်မော်တယ်ဆေးလုံးဟုလည်း လူသိများကြသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာကောင်းချီးကို ပိုင်ဆိုင်ထားသူများသာလျှင် ထိုဆေးလုံးကို အသုံးပြုနိုင်ကြသည်။
သို့ဖြစ်၍ အင်မော်တယ်တတ်လှမ်းခြင်းဆေးလုံးကို တစ်စုံတစ်ယောက်အား ပေးမည်ဆိုလျှင် ထိုလူက ကံကြမ္မာကောင်းချီးကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ထိုကိစ္စအတွက် ရွှီချင်းက ဖြေရှင်းချက်တစ်ခုကို ရှာဖွေပြီးပြီ ဖြစ်သည်။ ယင်းမှာ သူပိုင်ဆိုင်ထားသော အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာဖြင့် ဆေးလုံး၏ အာနိသင်ကို တခြားတစ်ယောက်အား ဝေမျှပေးခြင်း ဖြစ်သည်။
ထို့ပြင် ဝမ်ကူးကုန်းမြေဆီသို့ သူပြန်ရောက်ပြီးနောက် ဤဆေးလုံးကို တစ်စုံတစ်ယောက်အား သူပေးသည့်အခါ ဝမ်ကူးကုန်းမြေ၏ ကံကြမ္မာက ထိုသို့တူညီသော အစွမ်းအာနိသင်ကို ထုတ်လွှတ်ပေးနိုင်မည်လော ရွှီချင်း စဉ်းစားလိုက်သည်။
ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်နှင့် သူက လက်ဆန့်ထုတ်လိုက်ပြီး အင်မော်တယ်တတ်လှမ်းခြင်းဆေးလုံးကို သေချာဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ထို့နောက် ကောင်းကင်ပေါ်မှ အင်မော်တယ်အရှင်သခင်ကျန်းလူကိုယ်ပွား၏ အကြည့်က ရွှီချင်း၏ ငွေရောင်မျက်လုံးများပေါ်သို့ ကျရောက်သွားသည်။
တာအိုအသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။
“ ဒီဆေးလုံးကို အနာဂတ်ကျမှ မင်းကို ပေးမယ်လို့ ရည်ရွယ်ထားတာ… ဒါပေမဲ့ မိုးသောက်ခေတ်ရဲ့ ကျိုးကြောင်းဆက်နွယ်မှုကြောင့် အချိန်က ငါမျှော်လင့်ထားတာထက် အများကြီး ပိုစောသွားတယ် ”
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ ကျေးဇူးတင်ပါတယ်… အင်မော်တယ်အရှင်သခင် ”
" တကယ်လို့ တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်တော်မျိုး အဆင့်တတ်ဖို့အတွက် ဉာဏ်အလင်းရှာဖွေဖို့ ဘယ်တောင်ပံစစ်ပွဲဇုန်ကနေ ထွက်သွားပြီး ကောင်းကင်ဘုံအလွန်ဆီ ပြန်ချင်ပါတယ်… ”
အင်မော်တယ်အရှင်သခင်ကျန်းလူက ရွှီချင်းကို စိုက်ကြည့်နေစဉ် သူ၏ အကြည့်က လေးနက်သွားသည်။ ထို့နောက် သူ၏ အသံက ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားသည်။
“ မင်းကို ဒီနေရာမှာ ခဏအနားယူဖို့ ငါအကြံပေးချင်တယ်… ဘာလို့လဲဆိုတော့ မင်းရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က မင်းကို လာတွေ့ဖို့ ရှိတယ် ”
ရွှီချင်းက ဇဝေဇဝါဖြစ်သွားသည်။ သူ၏ စိတ်ထဲမှာ ပုံရိပ်များစွာ ထွက်ပေါ်လာသော်လည်း ထိုမိတ်ဆွေဟောင်းက မည်သူဖြစ်ကြောင်း သူသေချာမခန့်မှန်းနိုင်ပေ။ ထို့ကြောင့် သူက တဲ့တိုးမေးရန် ဆုံးဖြတ်လိုက်သည်။
“ အင်မော်တယ်အရှင်သခင်ခင်ဗျာ… အရှင်ပြောတဲ့ မိတ်ဆွေဟောင်းက ဘယ်သူလဲဆိုတာ ကျွန်တော်သိလို့ရမလား ”
" အင်မော်တယ်အရှင်သခင်ရွှမ်ဟူ… သူ့မှာ မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေရှိပြီး သူ့ရဲ့ ကိုယ်ပွားတွေက ကြယ်တာရာစက်ဝန်းအားလုံးထဲမှာ တာအိုကို ရှာဖွေနေကြတယ်… အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှာလည်း သူ့ရဲ့ ကိုယ်ပွားတွေအများကြီး ရှိတယ်… အဲ့ဒီထဲက ကိုယ်ပွားတစ်ခုကိုတော့… ဆရာသခင်ပိုင်လို့ ခေါ်တယ် ”
" လောလောဆယ် သူက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ စစ်မြေပြင်မှာ ရှိနေတယ်… သူက မင်းအတွက် တစ်စုံတစ်ခုကို အတည်ပြုပေးဖို့ ရှာဖွေနေတယ် ”
အင်မော်တယ်အရှင်သခင်ကျန်းလူက တည်ငြိမ်စွာ ပြောသည်။
‘ ဆရာသခင်ပိုင် ’ဟူသော နာမည်က ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူက ချက်ချင်း နှလုံးတုန်လှုပ်သွားသည်။ သူ၏ အသက်ရှူသံသည်ပင် အနည်းငယ် မြန်ဆန်လာသည်။
သူက သစ္စာတရားနှင့် တည်ကြည်ဖြောင့်မတ်မှုကို တန်ဖိုးထားသူ ဖြစ်သည်။
အတိတ်မှ ခေါင်းဆောင်လဲ့ဖြစ်စေ၊ ဆရာသခင်ပိုင်ဖြစ်စေ သို့မဟုတ် သူ၏ ဆရာဖြစ်စေ ထိုလူများက သူ၏ နှလုံးသားထဲမှာ အစားထိုးမရနိုင်သော နေရာများကို ပိုင်ဆိုင်ထားကြသည်။
ရွှီချင်း၏ အကြည့်က မိန်းမောတွေဝေသွားစဉ် ဆရာသခင်ပိုင်၏ နောက်ဆုံးနှုတ်ဆက်စကားက သူ၏ စိတ်ထဲမှာ ထပ်မံ ထွက်ပေါ်လာသည်။
" လောကက သက်ရှိအားလုံးအတွက် ဧည့်ဂေဟာဖြစ်တယ်… အချိန်က ရှေးခေတ်ကနေ ယခုအချိန်ထိ ဖြတ်သန်းသွားနေတဲ့ ခရီးသည်တစ်ယောက် ဖြစ်တယ်… ငါတို့မသေဆုံးသရွေ့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံကြလိမ့်မယ် ”
ထိုစကားများက သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်နှင့် အတိတ်ကို လွမ်းဆွေးသော စိတ်ခံစားမှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ရတနာမုဆိုးစခန်းထဲမှာ သူ့အား အပင်များအကြောင်း သင်ကြားပေးခဲ့သော မြင်ကွင်းများ၊ ခရမ်းနယ်မြေထဲမှ အုတ်ဂူရှေ့မှာ ဝမ်းနည်းကြေကွဲမှုနှင့် မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ ဆေးပုလင်းနှင့်လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုကို သူပြန်အမှတ်ရသွားသည်။
“ ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံကြလိမ့်မယ် ”
ရွှီချင်းက သူ့ဘာသာ တိတ်တဆိတ် တီးတိုးရေရွတ်လိုက်သည်။
သူက ဤကြယ်ဂြိုလ်ပေါ်မှာ ဆက်နေရန် ဆုံးဖြတ်လိုက်ပြီး သူ၏ မှတ်ဉာဏ်များထဲမှ အဖိုးအို၏ ရောက်ရှိလာမှုကို စောင့်ဆိုင်းလိုက်သည်။ တစ်ချိန်တည်းမှာ သူက သူ၏ ကျင့်ကြံခြင်းကို အထွတ်အထိပ်အခြေအနေမှာ တည်ငြိမ်သွားစေရန် ချိန်ညှိလိုက်သည်။
ထို့ပြင် သူက ဒသမမြောက် အန္တိမတာအိုကို ဆင်ခြင်နားလည်ရန်အလို့ငှာ အတိတ်မှာ သူရှာတွေ့ခဲ့သော ဉာဏ်အလင်းများကို စတင်စုစည်းလိုက်သည်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကုန်လွန်သွားသည်။
ဤတစ်လအတွင်းမှာ ဆရာသခင်ပိုင်က ရောက်မလာသော်လည်း ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာဖြစ်စေမည့် သတင်းများကို ရရှိခဲ့သည်။
ယင်းက စစ်ပွဲအနိုင်ရသွားသော သတင်းတင်ပြမှု ဖြစ်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ စစ်တပ်များသည် မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ အရှေ့သို့ ချီတတ်သွားခဲ့ကြပြီး နတ်ဘုရားကလန်အများအပြားကို ချေမှုန်းဖျက်ဆီးပစ်ခဲ့ကြသည်။ ယခု သူတို့က အမှတ်လေးကြယ်တာရာစက်ဝန်း၏ (၄၀)ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်နိုင်သွားကြသည်။ ထိုထဲမှာ မရေမတွက်နိုင်သော စကြာဝဠာများနှင့် အလွန်များပြားသော အရင်းအမြစ်များ ပါရှိကြသည်။
တစ်ချိန်တည်းမှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားအရှင်သခင်များသည် နတ်ဘုရင်၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သေခြင်းရှင်ခြင်းအခြေအနေဖြင့် တွေ့ကြုံသွားကြသည်။
နတ်ဘုရားအရှင်သခင်ငါးပါးက ထွက်သွားရန် ရွေးချယ်ခဲ့ကြပြီး တခြားကြယ်တာရာစက်ဝန်များဆီသို့ ဦးတည်သွားကြသည်။
နတ်ဘုရားအရှင်သခင်သုံးပါးသည်တော့ သေဆုံးသွားကြသည်။
သေဆုံးသွားကြသော နတ်ဘုရားအရှင်သခင်များထဲမှ နှစ်ပါးကို စစ်မြေပြင်မှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သော အင်မော်တယ်အရှင်သခင်မီမင်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသော နတ်ဘုရားအရှင်သခင်များသည်တော့ ဆက်ပြီး ရုန်းကန်နေကြဆဲပင်။ သို့သော်လည်း ၎င်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာဒီရေကို ဆန့်ကျင်ရန် ခွန်အားကင်းမဲ့ကြသည်။
အင်မော်တယ်အရှင်သခင်ကျန်းလူ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သော နတ်ဧကရာဇ်ချီအူဇီ၏ သတင်းများလည်း ရှိသေးသည်။ စစ်ပွဲအတွင်းမှာ ၎င်းက ၎င်း၏ မွေးရာပါနတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် လောလောဆယ်တွင် ၎င်းပုန်းအောင်းနေသော တည်နေရာကို မသိရသေးပေ။
ထိုအခိုက်အတန့်မှာ အင်မော်တယ်ဘုရင်က အမိန့်တော်အသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။
လက်ရှိမိုးသောက်ခေတ်၏ အုပ်ချုပ်သူဖြစ်သော အင်မော်တယ်အရှင်သခင်မီမင်သည် ကြယ်တာရာစက်ဝန်းစစ်ပွဲအတွက် အလုံးစုံဩဇာအာဏာကို အင်မော်တယ်အရှင်သခင်ကျန်းလူထံမှ လွှဲပြောင်းယူခဲ့သည်။
သို့ဖြစ်၍ ကျင့်ကြံသူများ၏ ခေတ်သည် ဤစစ်ပွဲနှင့်အတူ ပိုပြီးထွန်းလင်းတောက်ပလာသည်။