← Chapters

ကြယ်တာရာကောင်းကင် ဆူပူအုံကြွခြင်း

Vol. 116 Ch. 1770

ကြယ်တာရာကောင်းကင် ဆူပူအုံကြွခြင်း

Vol. 116 Ch. 1770

နယ်မြေသိမ်းစစ်ပွဲက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ ဆက်လက် ဖြစ်ပွားနေသည်။

ဤအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ စကြာဝဠာတစ်ခုထဲဝယ် သေးငယ်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

ကျင့်ကြံသူများဘက်သည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ညာတောင်ပံစစ်ပွဲဇုန်မှ ကောင်းကင်ဝိညာဉ်တပ်မတော် ဖြစ်သည်။ သူတို့က စကြာဝဠာတစ်ထောင်ကျော် စုစည်းနေကြသော ဤကြယ်စင်စုကို တိုက်ခိုက်သိမ်းပိုက်ရန် အထက်မှ တာဝန်ရရှိထားကြသည်။

သူတို့၏ ဆန့်ကျင်ဘက်အုပ်စုသည်တော့ ဤစကြာဝဠာတစ်ထောင်ကျော်ကို အုပ်ချုပ်နေသော နတ်ဘုရားကလန်တစ်ခု ဖြစ်သည်။

ထိုကလန်သည် အတိတ်မှာ အလွန်အင်အားကြီးမားခဲ့ပြီး အစစ်အမှန်နတ်ဘုရားဒါဇင်ကျော်ကို မွေးထုတ်ပေးခဲ့သည်။ သို့ဖြစ်၍ ထိုကလန်က ရှိန်လောက်စရာကောင်းသော အင်အားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အလယ်ပိုင်းဇုန်မှ တပ်မတော်များ၏ ချီတတ်မှုကြောင့် ကလန်ထဲမှ အစစ်အမှန်နတ်ဘုရားအားလုံးနီးပါးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရသည်။ ယခု ကလန်က ပြိုကွဲသွားသည်။

ကျန်ရှိသော နတ်ဘုရားတချို့သည်သာ ၎င်းတို့၏ အသိုက်များထဲမှာ ပုန်းအောင်းနေကြသည်။

ယခု ထိုအကြွင်းအကျန်နတ်ဘုရားများကို ကောင်းကင်ဝိညာဉ်စစ်သည်တော်များက ရှာတွေ့သွားကြပြီး အမြစ်ဖြတ်သုတ်သင်ရှင်းလင်းခြင်းကို ဆောင်ရွက်နေကြသည်။

သို့တိုင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အလုံးစုံအရှိန်အဟုန်က မရပ်တန့်နိုင်သော်လည်း တိုက်ပွဲတိုင်းမှာ အောင်ပွဲဖြင့် အဆုံးသတ်ရန် မဖြစ်နိုင်ပေ။

မမျှော်လင့်ထားသော အခြေအနေများက ရံဖန်ရံခါ ထွက်ပေါ်လာတတ်၏။

သို့သော်လည်း ထိုသို့အံ့ဖွယ်ကိစ္စများက သေးငယ်သော တိုက်ပွဲများမှာသာ ဖြစ်ပေါ်လေ့ ရှိသည်။ သို့ဖြစ်၍ ယင်းတို့က စစ်ပွဲတစ်ခုလုံးအပေါ် ကြီးကြီးမားမား သက်ရောက်မှုမပေးနိုင်ပေ။

ဥပမာ ဤအမြစ်ဖြတ်သုတ်သင်ရှင်းလင်းခြင်းတာဝန်တွင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ဤနတ်ဘုရားကလန်ထဲမှာ အစစ်အမှန်နတ်ဘုရားနှစ်ပါးက ပုန်းအောင်းနေကြသည်။

ယင်းက ၎င်းတို့နှင့် တိုက်ခိုက်နေသော ကောင်းကင်ဝိညာဉ်တပ်မတော်ကို ချက်ချင်း အရေးနိမ့်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ တစ်ဦးတည်းသော စစ်ခေါင်းဆောင်သည်သာ နွေဦးအင်မော်တယ်ဖြစ်သည်။

ထို့ကြောင့် အင်အားစုနှစ်ခုကြားမှ သတ်ဖြတ်မှုများက ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။

ဤစကြာဝဠာ၏ ကြယ်တာရာကောင်းကင်ပေါ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများက မရပ်မစဲ ဖြစ်ပွားနေသည်။

အကြည့်တစ်ချက်ဖြင့်ပင် ကြယ်တာရာကောင်းကင်ပေါ်မှာ အစွမ်းထက် ကျင့်ကြံသူစစ်သည်တော်တစ်သိန်း၏ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေကြောင်း မြင်နိုင်လိမ့်မည်။

သူတို့၏ နွေဦးအင်မော်တယ်စစ်ခေါင်းဆောင်က အစစ်အမှန်နတ်ဘုရားနှစ်ပါးနှင့် အခြေအနေဆိုးဝါးစွာ တိုက်ခိုက်နေသည်။ ထို့ပြင် သူ၏ ခွန်အားက ကြိုးအဆုံးသို့ ရောက်ရှိနေသည်။

အရေးကြီးဆုံးမှာ နတ်ဘုရားကလန်က ဤဧရိယာတစ်ဝိုက်၌ ချိပ်တံဆိပ်မန္တန်တစ်ခုကို အသုံးပြုထားသည်။ ယင်းက ဤနေရာမှ အားလှိုင်းအတတ်အကျများနှင့် နတ်ဘုရားစိတ်အာရုံအားလုံးကို တားဆီးပိတ်ပင်ထားသည်။ သို့ဖြစ်၍ ကျင့်ကြံသူစစ်သည်တော်များက စစ်ကူမတောင်းနိုင်ကြပေ။

အကယ်၍ ဤနေရာမှ နတ်ဘုရားများက တိုက်ပွဲကို အနိုင်ရသွားမည်ဆိုလျှင်ပင် ယင်းက စစ်ပွဲ၏ အလုံးစုံအခြေအနေအပေါ် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ချေ။ အနှေးနှင့်အမြန် တခြားကျင့်ကြံသူတပ်မတော်များက ရောက်ရှိလာကြပြီး ၎င်းတို့ကို အမဲလိုက်ကာ အမြစ်ဖြတ်သုတ်သင်ရှင်းလင်းကြလိမ့်မည်။

သို့သော်လည်း လက်ရှိကောင်းကင်ဝိညာဉ်တပ်မတော်သည်တော့ ဤတိုက်ပွဲမှာ သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်နေရသည်။

" လွတ်လမ်းမရှိတော့ဘူး… ”

ကြယ်တာရာကောင်းကင်ပေါ်တွင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးစစ်ခေါင်းဆောင်၏ သိမ်မွေ့သော မျက်နှာက တင်းမာခက်ထန်နေသည်။ ထို့ပြင် သူရဲကောင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။

သူက ယခင်မျိုးဆက်များမှ နွေဦးအင်မော်တယ်တစ်ပါးမဟုတ်ပေ။ ယင်းအစား သူက လွန်ခဲ့သော နှစ်တစ်ရာခန့်ကမှ အဆင့်တတ်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု သူ၏ စစ်ချပ်ဝတ်က အက်ကွဲနေပြီး သူ၏ မျက်နှာက ဖြူဖျော့နေသည်။ အစစ်အမှန်နတ်ဘုရားနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးပြင်းထန်သည်။

တစ်ဖက်မှ အစစ်အမှန်နတ်ဘုရားနှစ်ပါး၏ အသွင်သဏ္ဍာန်က ထူးဆန်းသည်။

နတ်ဘုရားတစ်ပါးက ပေတစ်သောင်းရှည်လျားပြီး ၎င်းက လူသားအသွင်သဏ္ဍာန် မရှိပေ။ ယင်းအစား ၎င်းက မြွေတစ်ကောင်ဖြစ်သည်။ ၎င်း၏ မြွေခန္ဓာကိုယ်ကို မရေမတွက်နိုင်သော နတ်ဘုရားအရိုးခေါင်းများဖြင့် ဖွဲ့စည်းထားပြီး ၎င်းက သေခြင်းတရား၏ ပြယုဂ်ဖြစ်သည်။

၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း အလွန်သိပ်သည်းသော အဆိပ်ငွေ့များက ထွက်ပေါ်လာလိမ့်မည်။ ၎င်း၏ သေခြင်းနတ်ဘုရားစွမ်းအင်အမြူတေထဲမှ နတ်ဘုရားအရှိန်အဝါက အလွန်အားကောင်းစွာ ပေါ်လျှိုးနေသည်။

တခြားနတ်ဘုရားသည်တော့ လူးလွန့်နေသော အသားတုံးတစ်တုံးဖြစ်ပြီး သွေးကဲ့သို့ စေးပျစ်သော အနီရောင်အရည်ကို ထုတ်လွှတ်နေသည်။

အသားတုံးက အလွန်အဆိပ်ပြင်းသော ဓာတ်ငွေ့ကိုလည်း ထုတ်လွှတ်နေသည်။ ယင်းက ကြယ်တာရာကောင်းကင်ထက်တွင် ဧရာမဝဲကတော့တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ဥက္ကာမိုးကို ရွာသွန်းစေသည်။

ဝဲကတော့ထဲတွင် လူသားမျက်နှာရှိသော အနက်ရောင်ပန်းပွင့်များက ပွင့်လန်းနေပြီး ချောက်ချားဖွယ်ကောင်းသော အဆိပ်ပန်းခင်းတစ်ခုကို ဖန်တီးနေသည်။

အစစ်အမှန်နတ်ဘုရားနှစ်ပါး၏ တိုက်ခိုက်မှုအောက်မှာ စစ်ခေါင်းဆောင်အမျိုးသမီးက အခြေအနေပိုဆိုးဝါးလာသည်။ သွေးက သူ၏ ပါးစပ်မှ စီးကျလာသည်။ သူက အာဏာစက်ကို ဆက်လက် ထုတ်လွှတ်ထားရင်း အနောက်ဆုတ်သွားသည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်အလောင်းများ၊ နတ်ဘုရားစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် စကြာဝဠာချိပ်ပိတ်မှုကို အာရုံခံမိသွားသောအခါ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို လောင်ကျွမ်းပစ်လိုက်သည်။ သို့ဖြစ်၍ သူ၏ ဘေးပတ်ဝန်းကျင်တွင် နတ်ဘုရားသုတ်သင်ခြင်းအစွမ်းက အလွန်အားကောင်းစွာ ပေါ်လျှိုးလာသည်။

နွေဦးအင်မော်တယ်တစ်ပါး၏ စွမ်းအားက ရက်စက်ကြမ်းကြုတ်စွာ ထွက်ပေါ်လာသည်။

စကြာဝဠာက တုန်ယင်သွားပြီး ကြယ်တာရာကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

ယင်းကို အစစ်အမှန်နတ်ဘုရားနှစ်ပါး အာရုံခံမိသောအခါ ၎င်းတို့က ချက်ချင်း အနောက်ဆုတ်သွားကြသည်။

၎င်းတို့က အထွတ်အထိပ်အခြေအနေမှာ မဟုတ်ကြချေ။ ၎င်းတို့က ကျင့်ကြံသူစစ်သည်တော်များ၏ အမဲလိုက်ခြင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၎င်းတို့၏ ဒဏ်ရာများက အလွန်ပြင်းထန်သည်။

၎င်းတို့က အနောက်ဆုတ်သွားနေစဉ် အမျိုးသမီးက နောက်ထပ် အချိန်မဖြုန်းတော့ပေ။ ငွေရောင်အလင်းတန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူမြှောက်တင်ထားသော ညာလက်ကို ဖြတ်တောက်လိုက်သည်။ ငွေရောင်မီးတောက်အောက်မှာ အသားက ချက်ချင်း လောင်ကျွမ်းသွားပြီး အရိုးသာ ကျန်နေတော့သည်။

သူက ပိုပြီးအဆင့်မြင့်သော နွေဦးအင်မော်တယ်အစွမ်းအတွက် ထိုအရိုးလက်ကို သွေးကြောဆက်သွယ်မှုတစ်ခုအဖြစ် အသုံးပြုလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ အာဏာစက်အစွမ်းက ငွေရောင်လခြမ်းအဖြစ် အသွင်ပြောင်းလဲသွားပြီး အဝေးမှ ဟင်းလင်းပြင်ဆီသို့ ပျံသန်းသွားသည်။

သူက အရိုးလက်နှင့် အာဏာစက်ကို အသုံးပြု၍ ဤနေရာမှ ချိပ်ပိတ်မှုကို ဖွင့်လှစ်ပြီး စစ်ကူတောင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။

သို့မှသာ သူတို့အားလုံးက ဤကပ်ဘေးမှ လွတ်မြောက်နိုင်ကြလိမ့်မည်။

သို့သော်လည်း သူ၏ အရိုးလက်မှ ဖွဲ့စည်းသွားသော ငွေရောင်လခြမ်းက ဟင်းလင်းပြင်ပေါ်မှာ တံဆိပ်ရိုက်ခတ်သွားတော့မည့်အချိန် မြွေအရိုးခေါင်းနတ်ဘုရားက ယင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

၎င်း၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ပေါ်လျှိုးလာစဉ် ၎င်းက ပါးစပ်ဟလိုက်ပြီး ငွေရောင်လခြမ်းတစ်ခုလုံးကို ဝါးမျိုလိုက်သည်။

၎င်း၏ ခန္ဓာကိုယ်က ဖောင်းကားလာပြီး မရေမတွက်နိုင်သော အရိုးခေါင်းများက ပြိုကွဲပျက်စီးသွားသော်လည်း ၎င်းက ငွေရောင်လခြမ်းကို လုံးဝ မလွှတ်ပေးချေ။

ယင်းကို မြင်သောအခါ အမျိုးသမီးက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက သူ့ကိုယ်သူစတေး၍ နောက်ဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်ရန် စိတ်ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ…

အပင်များနှင့် ဆေးပင်များ၏ ရနံ့များက စကြာဝဠာထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

ကျင့်ကြံသူအားလုံးက ယင်းကို သတိထားမိသွားကြသည်။ နတ်ဘုရားအားလုံးက ကြောက်ရွံ့မှုကို ခံစားမိသွားကြသည်။ အစစ်အမှန်နတ်ဘုရားနှစ်ပါးသည်ပင် တုန်လှုပ်သွားကြသည်။ ၎င်းတို့က စစ်ခေါင်းဆောင်အမျိုးသမီးကို အာရုံမစိုက်ကြတော့ဘဲ အဝေးမှ ဟင်းလင်းပြင်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ဟင်းလင်းပြင်က လှိုင်းအတွန့်တွန့်ထသွားပြီး ဤစကြာဝဠာထဲမှ ချိပ်တံဆိပ်များနှင့် အကာအကွယ်အားလုံးက ဖန်သားပမာ အလွယ်တကူ အက်ကွဲသွားကြသည်။

ထို့နောက် ကြယ်တာရာအလင်းနှင့် ဝိညာဉ်အပင်များဖြင့် ဖွဲ့စည်းထားသော ကြယ်တံတားတစ်စင်းက ဤစကြာဝဠာပေါ်သို့ အဝေးမှ ကျဆင်းလာသည်။

ထိုမြင်ကွင်းက စစ်မြေပြင်ပေါ်မှ သက်ရှိအားလုံးကို အံ့ဩမင်သက်သွားစေသည်။

ကျင့်ကြံသူများသည် ကြယ်တံတားပေါ်မှ အလွန်ကြွယ်ဝသော အင်မော်တယ်အရှိန်အဝါကို အာရုံခံမိသွားသောအခါ စိတ်ဓာတ်တတ်ကြွသွားကြသည်။

သို့သော်လည်း နတ်ဘုရားများက ထိတ်လန့်ချောက်ချားသွားကြသည်။

သို့သော်လည်း သူတို့၏ စိတ်အာရုံကို အမှန်တကယ် ဖမ်းစားသွားသည်မှာ ထိုတံတားပေါ်မှာ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသော ပုံရိပ်တစ်ခု ဖြစ်သည်။

ထိုပုံရိပ် ထွက်ပေါ်လာသည့်အခိုက် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။ တဖြည်းဖြည်း သူ၏ အသွင်သဏ္ဍာန်က ကြည်လင်လာပြီး ကျင့်ကြံသူအားလုံး၏ အသိစိတ်ထဲမှာ မြဲမြံစွာ တံဆိပ်ရိုက်ခတ်သွားသည်။

အကြည့်တစ်ချက်ဖြင့် သူ့ကို မှတ်မိနိုင်ပေသည်။

“ အစစ်အမှန်ဦးသျှောင်ရွှီချင်း ”

အမျိုးသမီးစစ်ခေါင်းဆောင်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ရွှီချင်းကို မှတ်မိရုံသာမက ထိုတံတားပေါ်မှာ အင်မော်တယ်အရှင်သခင်တစ်ပါး၏ စွမ်းအားက ကိန်းအောင်းနေပြီး အလွန်သိပ်သည်းသော ကံကြမ္မာက သူ့နောက်မှ လိုက်ပါလာကြောင်း အာရုံခံမိသွားသည်။

သူ့အနောက်တွင် အစစ်အမှန်နတ်ဘုရားနှစ်ပါးက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားကြသည်။

၎င်းတို့က ရွှီချင်းကို မသိကြပေ။ သို့သော်လည်း တံတားထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ၎င်းတို့အာရုံခံနိုင်ကြသည်။ ထို့ပြင် အလွန်ပြင်းထန်သော နတ်ဘုရားသုတ်သင်ခြင်းစွမ်းအားက ထိုကျင့်ကြံသူထံမှ ထွက်ပေါ်နေကြောင်း ရှင်းလင်းစွာ ၎င်းတို့အာရုံခံနိုင်ကြသည်။

ထိုသို့သတ်ဖြတ်ခြင်းအရှိန်အဝါသည် မရေမတွက်နိုင်သော နတ်ဘုရားများအား သုတ်သင်ပြီးမှသာ ရရှိနိုင်သောအရာ ဖြစ်သည်။

ထိုကျင့်ကြံသူက နွေဦးအင်မော်တယ်တစ်ပါးမဟုတ်သော်လည်း ထိုသို့သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် အင်မော်တယ်အရှင်သခင်တစ်ပါး၏ စွမ်းအား ကိန်းအောင်းနေသော တံတားကို ပိုင်ဆိုင်ထားလေရာ မည်သို့သာမန်ဖြစ်နိုင်မည်နည်း။

ပိုပြီးအရေးကြီးသည် ဤစကြာဝဠာအပေါ် ၎င်းတို့၏ ချိပ်ပိတ်မှုက ပျက်စီးသွားပြီ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ပုန်းအောင်းနေသော နေရာက ဖော်ထုတ်ခံလိုက်ရသည်။

သို့သော်လည်း ၎င်းတို့ထွက်ပြေးသွားသည်နှင့်ချက်ချင်း အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ၏ ခြေဖဝါးအောက်မှ တံတားက ရုတ်တရက် ဆန့်တန်းသွားသည်။

ကြယ်တာရာကောင်းကင်က အက်ကွဲသွားပြီး ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားက မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ မြွေအရိုးခေါင်းနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ ကြယ်တံတားက ၎င်း၏ အရှေ့သို့ ရောက်ရှိသွားပြီး ဝင်ဆောင့်လိုက်သည်။

အစစ်အမှန်နတ်ဘုရားက ထိတ်လန့်ချောက်ချားသွားသည်။ ၎င်းက ဟိန်းဟောက်လိုက်ပြီး တိမ်းရှောင်ရန် ကြိုးစားလိုက်သည်။

၎င်းက နတ်ဘုရားအခွင့်အာဏာကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ကိုပင် စတေးလိုက်ကာ ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေထဲ၌ အစွမ်းစုစည်းလိုက်သည်။

သို့တိုင် ၎င်းက တံတားကို မတိမ်းရှောင်နိုင်ခဲ့ပေ။ ၎င်းက ကြေးမုံသဖွယ် ချက်ချင်း အက်ကွဲသွားသည်။

ယင်းက ရွှီချင်း၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။ ယင်းက တံတား၏ အစွမ်းဖြစ်သည်။ သူက တံတားမပျောက်ကွယ်ခင် ယင်းထံမှ စွမ်းအားကို ချေးငှားခဲ့ခြင်း ဖြစ်သည်။

တံတားထဲမှာ အင်မော်တယ်အရှင်သခင်တစ်ပါး၏ အစွမ်းက ကိန်းအောင်းနေသည်။

သို့ဖြစ်၍ တံတားဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။ တံတားက မြွေအရိုးခေါင်းအစစ်အမှန်နတ်ဘုရားနှင့် တွေ့ဆုံသွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံက ပဲ့တင်ထပ်သွားသည့်အခါ အစစ်အမှန်နတ်ဘုရား၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်က ချက်ချင်း ပြိုကွဲပျက်စီးသွားပြီး ၎င်း၏ နတ်ဘုရားဝိညာဉ်က နေရာမှာ ဖုန်မှုန့်ဖြစ်သွားသည်။

ယင်းသည် အစစ်အမှန်နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် တံတားက ယင်း၏ တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် ငွေရောင်အလင်းစက်များအဖြစ် လွင့်ပြယ်သွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအခြေခံက အားအင်အပြည့် ထွက်ပေါ်လာသည်။ အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ အစွမ်းက ဒီရေသဖွယ် ပေါ်လျှိုးလာစဉ် အချိန်နှင့်လေဟာနယ်က မရေမတွက်နိုင်သော ထပ်ဆင့်ပုံရိပ်များကို ဖန်တီးလိုက်သည်။ သို့ဖြစ်၍ အပြိုင်စကြာဝဠာများက သူ၏ ဘေးပတ်ပတ်လည်မှာ အရေအတွက်များပြားစွာ ထွက်ပေါ်လာကြသည်။

ဤသည်မှာ အင်မော်တယ်တစ်သောင်းက ဟင်းလင်းပြင်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည့်အလားပင်။ ခြေတစ်လှမ်းနှင့်အတူ အင်မော်တယ်တစ်သောင်းစလုံးက တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။

ရွှီချင်းက ကျန်ရှိသော အစစ်အမှန်နတ်ဘုရားဆီသို့ တည်ငြိမ်စွာ လျှောက်သွားသည်။

All Chapters