← Chapters

နိုးထလာသော ချီအူဇီ

Vol. 116 Ch. 1777

နိုးထလာသော ချီအူဇီ

Vol. 116 Ch. 1777

အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ ဝမ်ကူးကုန်းမြေပေါ်မှ အပြောင်းအလဲက အမှတ်လေးကြယ်တာရာစက်ဝန်း၏ အက်ကွဲကြောင်းထဲရှိ ယဇ်ပလ္လင်ပေါ်မှ ခေါင်းတလားထဲမှာ လဲလျောင်းနေသော ရှေးဟောင်းနတ်ဘုရင်ကို ထိတ်လန့်ချောက်ချားသွားစေသည်။

အထွတ်အမြတ်အဆင့်အတန်းကို ပိုင်ဆိုင်ထားသော ဤတည်ရှိမှုက အတွေးတစ်ချက်ဖြင့် အကျိုးအကြောင်းဆက်နွယ်မှုကို နားလည်သွားသည်။

“ ရှေးဦးအပျက်အစီးက ဒီနှစ်ယောက်ကြောင့် သွေးဆောင်ခံလိုက်ရပြီ ”

ခေါင်းတလားထဲတွင် ရှေးဟောင်းနတ်ဘုရင်၏ အမူအရာက တစ်ခါမှမဖြစ်စဖူး အရုပ်ဆိုးသွားသည်။ သေခြင်းရှင်ခြင်းကပ်ဘေး၏ သတိပေးမှုက ၎င်း၏ နတ်ဘုရားဝိညာဉ်ထဲသို့ ဆူနာမီလှိုင်းလုံးသဖွယ် တိုးဝင်လာသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရှေးဟောင်းနတ်ဘုရင်က လုံးဝ တုံ့ဆိုင်းမနေပေ။ ချက်ချင်းဆိုသလို ၎င်းက ၎င်း၏ တည်ရှိမှုသဲလွန်စအားလုံးကို ဖျောက်ဖျက်လိုက်သည်။ ၎င်းက အချိန်ထဲမှ၊ လေဟာနယ်ထဲမှ၊ ကမ္မထဲမှ၊ အချိန်လေဟာနယ်ဒိုင်မန်းရှင်းများထဲမှ ပုန်းအောင်းလိုက်သည်။

ရှေးဟောင်းနတ်ဘုရင်က ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ပယ်ဖျက်ပစ်လိုက်သည်။ ဤသည်မှာ ၎င်းက တစ်ခါမှ မတည်ရှိခဲ့ဖူးသည့်အလားပင်။

သို့တိုင် ယင်းက ၎င်း၏ အကြောက်တရားကို အလုံအလောက် မဖယ်ရှားနိုင်ခဲ့ပေ။ ၎င်းက နောက်ဆုံးတည်ရှိမှုသဲလွန်စကို မပယ်ဖျက်မီ ပြန်ရှင်သန်နေသော နတ်ဘုရားအရှင်သခင်ချီအူဇီကို အမိန့်ပေးလိုက်သည်။

“ အဲ့ဒီနှစ်ကောင်ကို ဒီကနေ အမြန်မောင်းထုတ်ပစ်လိုက်စမ်း ”

ထိုနတ်ဘုရားအမိန့်တော်ထဲမှာ အဆင့်နိမ့်သက်ရှိများ စိတ်ကူးမယဉ်နိုင်သောစွမ်းအားက ပါဝင်နေသည်။ အမိန့်တော်ကို ထုတ်ပြန်လိုက်သည့်အခိုက် ပြန်လည်ရှင်သန်နေသော နတ်ဧကရာဇ်ချီအူဇီ၏ အသိစိတ်က အပြင်းအထန် တုန်ယင်သွားသည်။

ဤသည်မှာ ၎င်းက ပိုပြီးအဆင့်မြင့်သော တည်ရှိမှုထံမှ ကောင်းချီးပေးခံလိုက်ရသည့်အလားပင်။ သို့ဖြစ်၍ ၎င်းက အဆင့်မြင့်သော အခွင့်အာဏာနှင့် အထွတ်အမြတ်အဆင့်အတန်းကို ပိုင်ဆိုင်သွားသည်။ ယင်းက ၎င်း၏ ပြန်ရှင်သန်သော လုပ်ငန်းစဉ်၏ ကြာချိန်ကို ချက်ချင်း ပြီးမြောက်သွားစေသည်။

ထို့ပြင် ထိုနတ်ဘုရားအမိန့်တော်က ၎င်းအတွက် ကျောက်ဆူးကြိုးအသစ်တစ်ခုလည်း ဖြစ်လာသည်။ ၎င်း၏ ရုပ်အခွံမရှိတော့လျှင်ပင် နတ်ဧကရာဇ်ချီအူဇီက ထိုနတ်ဘုရားအမိန့်တော်ကို ၎င်း၏ ပြန်ရောက်လာမှုအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်ပေသည်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ…

နတ်ဧကရာဇ်ချီအူဇီ၏ အလောင်းတည်ရှိသော လေဟာနယ်က အပြင်းအထန် ပေါက်ကွဲသွားသည်။

နတ်ဘုရားစိတ်ဆန္ဒက အရိုးများဖြစ်လာပြီး နတ်ဘုရားအမိန့်တော်၏ စွမ်းအားက အသွေးအသားများ ဖြစ်လာသည်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အရိုးများနှင့် အသွေးအသားများက မဟူရာရွှေအရိုးစုအဖြစ် အတူတကွ ပေါင်းစည်းသွားကြသည်။

အရိုးစုက လေထဲမှာ မတ်တတ်ရပ်နေစဉ် ၎င်း၏ ဦးခေါင်းပေါ်မှ ယိုယွင်းပျက်စီးနေသော သရဖူအောက်တွင် သွေးနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက လောကပေါ်သို့ ဆင်းသက်လာသည်။

အက်ကွဲကြောင်းထဲမှ အနီရောင်ဖုန်တစ်မှုန်စီက တုန်လှုပ်သွားသည်။

အက်ကွဲကြောင်း၏ အပြင်ဘက်မှ အမှတ်လေးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာသည်ပင် ထိုတည်ရှိမှုအတွက် တုံ့ပြန်လိုက်သည်။

သို့သော် ၎င်းဆီမှာ စစ်မှန်သော အသိစိတ်က မရှိပေ။

၎င်းက ထိုမျှအဆင့်မြင့်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် နတ်ဘုရင်တစ်ပါး၏ ရှေ့မှောက်တွင် ရုပ်သေးရုပ်အဖြစ် ကြိုးကိုင်ခြယ်လှယ်ခံရခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ၎င်းက နတ်ဘုရားအမိန့်တော်၏ စိတ်ဆန္ဒအတိုင်း မဖြစ်မနေ လိုက်နာရလိမ့်မည်။

ယခု ၎င်းက လေထဲမှာ ထွက်ပေါ်လာသည့်အခါ အရိုးစု၏ မျက်လုံးထဲမှ သွေးနီရောင်အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။

ထူးဆန်းသော မြည်သံသည်လည်း ၎င်း၏ ရင်ဘက်ထဲမှ စည်းချက်ညီစွာ ပဲ့တင်ထပ်လာသည်။

ထိုမြည်သံကြောင့် ဟင်းလင်းပြင်က တုန်ယင်သွားသည်။

ထိုရုတ်တရက် အပြောင်းအလဲက ရွှီချင်း၏ အသိစိတ်ကို ဝုန်းခနဲ မြည်ဟိန်းသွားစေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက အရိုးစု၏ နှလုံးခုန်သံကြောင့် အပြင်းအထန် တုန်လှုပ်သွားသည်။ သွေးသည်ပင် ပြောင်းပြန်စီးဆင်းသွားပြီး သူ၏ လည်ချောင်းထက်သို့ မြှောက်တတ်လာသည်။

သွေးစီးကြောင်းတစ်ခုက သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။

သူ၏ ဘေးတွင် အားညို၏ ခန္ဓာကိုယ်က ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များအဖြစ် ပြိုကွဲသွားသည်။ ထို့ပြင် အပိုင်းပိုင်းအစစ ပြိုကွဲမှုက တစ်ကြိမ်တည်း မဟုတ်ပေ။ ယင်းက အဆုံးမရှိသော သံသရာစက်ဝန်းသဖွယ် ထပ်တလဲလဲ ပြိုကွဲသွားသည်။ ထိုသို့ဖျက်ဆီးခံနေရစဉ် ပိုးကောင်တိုင်း၏ မျက်လုံးထဲမှာ ကြီးမားသော အကြောက်တရားက ထွက်ပေါ်နေသည်။

ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

အန္တရာယ်ကပ်ဘေးက ရုတ်တရက်ဆန်စွာ ရောက်ရှိလာသည်။

ထိုသို့အရေးကြီးအချိန်မှာ ရွှီချင်းက တုံ့ဆိုင်းမနေဘဲ သူ၏ အစွမ်းအကုန်ကို ထုတ်လွှတ်လိုက်သည်။ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက အသက်ဝင်လာပြီး သူ၏ အာဏာစက်အစွမ်းက အပြည့်အဝ ပေါ်လျှိုးလာသည်။ သူ၏ စိတ်ဝိညာဉ်ထဲမှ အစစ်အမှန်နာမည်သည်ပင် အရောင်တောက်ပလာသည်။

သို့တိုင် သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ရီနေဆဲပင်။ သွေးက သူ၏ ပါးစပ်ထဲမှ ဆက်လက် စီးကျလာသည်။ သူ၏ အသွေးအသားများသည်လည်း စတင်ပုံပျက်တွန့်လိမ်လာသည်။

နတ်ဘုရားအရှင်သခင်တစ်ပါး၏ စွမ်းအားက အလွန်ကြောက်စရာကောင်း၏။

သို့သော်လည်း ငွေရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ တာအိုလက်နက်လက်သည်းခွံက အရိုးစုထံသို့ ဓားသွားတစ်စင်းနှယ် ပျံသန်းသွားသည်။

တာအိုလက်နက်က အရှေ့သို့ ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်းက တုံ့ဆိုင်းမနေဘဲ စိတ်ထဲမှာ အော်လိုက်သည်။

“ ပေါက်ကွဲသွားစမ်း ”

လက်သည်းခွံက အက်ကွဲကြောင်းတစ်ခုလုံးကို လင်းထိန်သွားစေမည့် မျက်စိကျိန်းစပ်လုနီးပါး အလင်းရောင်နှင့်အတူ ပေါက်ကွဲသွားသည်။

ဗုန်း…

ကမ္ဘာဖျက်ဆီးပစ်နိုင်သော အဖျက်စွမ်းအားက တာအိုလက်နက်၏ ပေါက်ကွဲမှုထဲမှ ပေါ်လျှိုးလာသည်။

အက်ကွဲကြောင်းထဲမှ အတွင်းပိုင်းလောကက အပြင်းအထန် တုန်ယင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားကြသည်။

ရွှီချင်းက ပိုမိုများပြားသော သွေးကို အန်ထုတ်လိုက်ရသည်။ သို့သော်လည်း သူက ဤအခွင့်အရေးကို အသုံးချ၍ လက်မြှောက်လိုက်ပြီး ခန္ဓာကိုယ်ပြိုကွဲပျက်စီးနေသော အားညိုပေါ်သို့ ဖိချလိုက်သည်။

သူ၏ အင်မော်တယ်သန္ဓေသားလောင်းအစွမ်းက အားညိုကို ဖုံးလွှမ်းသွားပြီး သူ့ခန္ဓာကိုယ်ကို လူသားပုံသဏ္ဍာန်အဖြစ် ပြန်လည်ဖွဲ့စည်းသွားစေသည်။

ရွှီချင်းက အားညို၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို အကန့်အသတ်ဆီသို့ တွန်းပို့လိုက်သည်။ သူက မူလအနှစ်သာရကို လောင်ကျွမ်းပစ်လိုက်ပြီး သူ၏ အလျင်ကို အထွတ်အထိပ်သို့ မြှင့်တင်ကာ အနောက်သို့ ပျံသန်းသွားသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အက်ကွဲသွားပြီး ငွေရောင်အလင်းက ဘေးပတ်ဝန်းကျင်ဆီသို့ ပြန့်ကျဲသွားသည်။ တစ်ချိန်တည်းမှာ သူ၏ အထွတ်အထိပ် ခြေလှမ်းဝက်အင်မော်တယ်အစွမ်းက အင်မော်တယ်သန္ဓေသားလောင်းအစွမ်းဖြင့် ပေါင်းစပ်သွားပြီး အကာအကွယ်အလွှာ အထပ်ထပ်ကို ဖွဲ့စည်းလိုက်သည်။

ရွှီချင်းအနောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ထိုအကာအကွယ်အလွှာများက နတ်ဧကရာဇ်အရိုးစုဆီသို့ ဦးတည်သွားကြသည်။

ထိုစဉ် နတ်ဧကရာဇ်ချီအူဇီ၏ အရိုးစုထဲမှ သွေးနီရောင်မျက်လုံးများထဲမှာ ရွှေရောင်အလင်းက ထွက်ပေါ်လာသည်။ ထို့နောက် ဆယ်ဘီလီယံရှိသော နတ်ဘုရားရောင်စဉ်တန်းများက ၎င်း၏ အရိုးစုခန္ဓာကိုယ်ထဲမှ စတင်ထွက်ပေါ်လာကြသည်။ ထိုရောင်စဉ်တန်းတစ်ခုစီက စကြာဝဠာတစ်ခုကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။

ယခု ယင်းတို့အားလုံးက ၎င်း၏ နတ်ဘုရားစွမ်းအင်အမြူတေကို ဖွဲ့စည်းလိုက်သည်။

နောက်အခိုက်အတန့်မှာ ၎င်း၏ စိတ်ခံစားချက်ကင်းမဲ့သော အကြည့်က အနောက်ဆုတ်သွားနေသော ပုံရိပ်နှစ်ခုပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် ၎င်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အာကာသရောင်ခြည်တန်းများက တစ်ပြိုင်နက်တည်း ပြိုကွဲသွားကြသည်။ ထို့နောက် ရွှေရောင်မြူခိုးက ဟင်းလင်းပြင်အက်ကွဲကြောင်းများထဲမှ စိမ့်ထွက်လာပြီး ရွေရောင်အလင်းပင်လယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

တစ်ဆက်တည်းမှာ ရွှေရောင်အလင်းပင်လယ်က လမ်းတစ်ဝက်မှ အကာအကွယ်အလွှာအားလုံးကို လျစ်လျူရှုထားပြီး ရွှီချင်းနှင့် အားညိုဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

၎င်း၏ ရည်ရွယ်ချက်က နှင်ထုတ်ရန်သက်သက်သာ မဟုတ်ပေ။ ၎င်းက သူတို့နှစ်ယောက် အပြင်ရောက်သွားသည့်အခိုက် အက်ကွဲကြောင်း၏ ဝင်ပေါက်ကို ချိပ်ပိတ်ရန်လည်း ကြိုးစားလိုက်သည်။

အက်ကွဲကြောင်း၏ ထွက်ပေါက်နားသို့ ရွှီချင်း ရောက်ရှိတော့မည့်အချိန် ရွှေရောင်မြူခိုးထဲမှ အမှန်တရားကို သူအာရုံခံမိသွားသောအခါ သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရွှေရောင်မြူခိုးထဲမှာ မရေမတွက်နိုင်သော သက်ရှိများက ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ညည်းညူနေကြောင်း သူအာရုံခံမိသွားသောကြောင့် ဖြစ်သည်။

၎င်းတို့က နတ်ဧကရာဇ်ချီအူဇီ၏ နတ်ဘုရားတိုင်းပြည်ထဲမှ ပြည်သူပြည်သားများ ဖြစ်ကြသည်။

ယခု ၎င်းတို့က ယဇ်ပူဇော်မှုအဖြစ် စတေးခံလိုက်ကြရသည်။

ရွှေရောင်ပင်လယ်က ပရမ်းပတာ လှုပ်ခတ်သွားသည်နှင့် ယင်းက ကြောက်မက်ဖွယ်ကောင်းသော လေပြင်းကို ထုတ်လွှတ်လိုက်သည်။ လေပြင်းက ရွှီချင်းနှင့် အားညိုကို ရိုက်ခတ်သွားသည့်အခါ သူတို့နှစ်ယောက်က သွေးအန်လိုက်ကြရသည်။ တစ်ဆက်တည်းမှာ လေပြင်း၏ အရှိန်အဟုန်ကြောင့် သူတို့က အက်ကွဲကြောင်း၏ ထွက်ပေါက်နှင့် ပိုပြီးနီးကပ်သွားကြသည်။

“ ဘာလဲဟ… သူက ငါတို့ကို အပြင်ထွက်နိုင်အောင် ကူညီပေးနေတာလား ”

ရွှီချင်း၏ လက်ထဲမှာ တရွတ်တိုက် လိုက်ပါလာသော အားညိုက သူ၏ နှုတ်ခမ်းထောင့်မှ သွေးကို လျှာဖြင့် သပ်လိုက်ပြီး ရုတ်တရက် ပြောသည်။

" ဒါပေမဲ့… ချီးပဲ… အဲ့ဒါက နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ အစွမ်းလား… သောက်ရမ်းကြမ်းတာပဲ ”

အားညိုက စကားပြောနေစဉ် ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရင်ဘက်ကို တိုက်ရိုက် ဆုတ်ဖြဲလိုက်ပြီး တဒုန်းဒုန်း ခုန်မြည်နေသော နှလုံးကို ထုတ်ဖော်လိုက်သည်။ သူ၏ နှလုံးပေါ်မှာ အလွန်နက်နဲသိမ်မွေ့သော အပြာရောင်မျဉ်းကြောင်းများက ချောက်ချားဖွယ်ကောင်းသော အစီအရင်များကို ဖွဲ့စည်းနေသည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် အစီအရင်တစ်ခုစီနှင့် အပြာရောင်မျဉ်းကြောင်းတစ်ခုစီမှာ နတ်ဘုရားအရင်းအမြစ်များနှင့်ဆင်တူသော မရေမတွက်နိုင်သည့် တည်ရှိမှုများက ကိန်းအောင်းနေကြောင်း မြင်နိုင်လိမ့်မည်။

ဤသည်မှာ အစီအရင်တစ်ခုစီနှင့် အပြာရောင်မျဉ်းကြောင်းတစ်ခုစီက လောကတစ်ခုကို ကိုယ်စားပြုသည့်အလားပင်။ ယင်းက သူ၏ နှလုံးကို တကယ့် အနန္တစကြာဝဠာတစ်ခုသဖွယ် အောက်မေ့ရစေသည်။

" ချင်းလေး… အဲ့ဒါကို ဆွဲဖြုတ်ပြီး ဟိုကောင်ကို ပစ်ပေါက်လိုက်စမ်းပါ ”

အားညိုက အော်ပြောလိုက်စဉ် သူ၏ မျက်နှာက ရှုံ့မဲ့သွားသည်။

ရွှီချင်း၏ အကြည့်က စူးရှသွားသည်။ အားညိုနှင့် နှစ်ပေါင်းများစွာကြာအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသောကြောင့် သူ့စီနီယာအကိုကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက လက်နက်များဖြစ်ကြောင်း သူသိသည်။ အတိတ်မှာ သူ၏ အရေပြားသည်ပင် အတော်လေး အသုံးဝင်ခဲ့သည်။

သို့ဖြစ်၍ ရွှီချင်းက တုံ့ဆိုင်းမနေဘဲ သူ၏ ဘယ်လက်ဖြင့် အားညို၏ ရင်ဘက်ထဲသို့ ထိုးစိုက်လိုက်ပြီး တဒုန်းဒုန်း ခုန်မြည်နေသော နှလုံးကို ဆွဲဖြုတ်လိုက်သည်။

နှလုံးဆွဲဖြုတ်ခံလိုက်ရသည်နှင့် သွေးကြာများက ဆုတ်ပြဲသွားပြီး သွေးက ဖြန်းခနဲ ပန်းထွက်လာသည်။ အားညိုက နာကျင်စွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ အရှိန်အဝါက အားနည်းသွားပြီး သူ၏ ခန္ဓာကိုယ်က အပြာရောင်ပိုးကောင်တစ်ကောင်အဖြစ် ပြိုကွဲသွားသည်။ ထို့နောက် ပိုးကောင်က အမောတကော အသက်ရှူလိုက်ပြီး ရွှီချင်း၏ ဆံပင်ထဲသို့ တိုးဝင်သွားသည်။ သို့သော်လည်း သူ၏ မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်တောက်ပနေသည်။

ရွှီချင်း၏ လက်ထဲမှ နှလုံးက တဒုန်းဒုန်း ဆက်လက် ခုန်မြည်နေပြီး အံ့ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။

ရွှီချင်းက ခုန်မြည်နေသော နှလုံးကို သူတို့၏ အနောက်မှ ရွှေရောင်အလင်းပင်လယ်ဆီသို့ အားပြင်းပြင်းဖြင့် ပစ်ပေါက်လိုက်သည်။

နှလုံးဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က သလင်းကျောက်အဖြစ် အေးခဲသွားသည်။ နှလုံးက ရွှေရောင်အလင်းပင်လယ်ဖြင့် ထိမှန်သွားသောအခါ ပင်လယ်တစ်ခုလုံးက တုန်ယင်သွားပြီး ရုပ်ဝတ္ထုအဖြစ် စတင်အေးခဲသွားသည်။

ထို့နောက် အပြာရောင်အလင်းက ပင်လယ်၏ မျက်နှာပြင်တစ်လျှောက်သို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

အရိုးစုက မြူခိုးကို ဖြတ်သန်းပြီး အရှေ့သို့ ရွေ့လျားသွားနေစဉ် ရေခဲပင်လယ်ကို ဖြိုခွဲပစ်လိုက်သည်။ သို့တိုင် အပြာရောင်အလင်းက ၎င်း၏ အရိုးစုခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်လာနေဆဲပင်။

ရေခဲက ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

၎င်း၏ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်လုံးများက ရွှီချင်း၏ ဆံပင်ထဲမှ သေးငယ်သော ပိုးကောင်ပေါ်သို့ ကျရောက်သွားသည်။

၎င်း၏ မျက်လုံးပေါက်များထဲမှ သွေးနီရောင်အလင်းက ပိုပြီးတောက်ပလာသည့်အခါ ၎င်းက လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုစဉ် ကြီးမားသော အပြောင်းအလဲတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

All Chapters