Wealthy Couple (1)
Vol. 1 Ch. 1
ဖက်ရှင်လုပ်ငန်းတွင် အကြီးဆုံးအမှတ်တံဆိပ်တစ်ခုသည် ၎င်းတို့ရှိုးပွဲအား Mercedes ယဉ်ကျေးမှုစင်တာနေရာသို့ ပြောင်းရွှေ့သတ်မှတ်ခဲ့သည်။
ခေတ်မှီသောလူများသည် အဆောက်အဦးအပြင်ဘက်တွင် စုရုံးကြပြီးသတင်းထောက်များစွာရောက်ရှိကြနေသည်။ ၎င်းတို့၏ စတိုင်မျိုးစုံနှင့် ခေတ်မှီသည့်သူများသည် ကြီးမားသည့် C-Brand လိုဂိုပါသည့် Stand ရှေ့၌ ဓာတ်ပုံရိုက်ဖို့စောင့်နေကြသည်။ ပွဲဝင်ဖို့လက်မှတ်မရှိပါက လာလည်ကြဦးမည်ပင်။ ၎င်းတို့သည် C-Brand လိုဂိုနှင့်ဓာတ်ပုံရိုက်ကာ Weibo မှာတင်ဖို့ပြန်သွားကြသည်။
အဆိုပါယဉ်ကျေးမှုစင်တာတွင်၊ မော်ဒယ်သည် T-stage ရှိဆီသို့ လျှောက်သွားခဲ့ပြီး နှစ်ဖက်စလုံးတွင်ထိုင်နေကြသော ဧည့်သည်အားလုံး၏မျက်လုံးများသည် ထိုမော်ဒယ်၏ အဝတ်အစားပေါ်တွင်သာရှိနေသည်။ အာရုံစူးစိုက်မှုမှာ အဝတ်အထည်နှင့် စတိုင်လ်၊ နားကပ်အသေးစားကအစ ၎င်းတို့အားလုံးသည် ဖက်ရှင်ညွှန်းကိန်းများဖြစ်သည်။
ဧည့်သည်အများကြီးရှိပြီး ဖက်ရှင်မဂ္ဂဇင်း၏အယ်ဒီ တာများမှအစ ရုပ်ရှင်သရုပ်ဆောင်အထိ၊ ချမ်းသာသည့်အမျိုးသမီးအပါအ၀င် ဖက်ရှင်အသိုက်အဝန်းသည် အစီအစဉ်များကိုအမြဲလိုက်နာပြီး ဧည့်သည်များ၏ထိုင်ခုံနေရာများကို ဖိတ်ကြားထားသူ၏ အဆင့်အတန်းအလိုက် အဆင့်သတ်မှတ်ပေးထား သည်။ ဧည့်သည်ကပိုအရေးကြီးလေလေ၊ ထိုင်ခုံ နေရာနှင့် ဖိတ်စာကပိုကောင်းလေလေပင်။
နိုင်ငံတကာစူပါမော်ဒယ်သည် ဖက်ရှင်ကျကျလျှောက်လှမ်းလာခဲ့သည်။ လုလီသည် ပထမတန်းတွင်ထိုင်ကာ ဖုန်းထုတ်လိုက်ပြီးမဆိုးဟုထင်သည့် ဝတ်စုံကိုဓာတ်ပုံရိုက်ယူလိုက်သည်။
ဓာတ်ပုံရိုက်ပြီးနောက် ဖုန်းကိုချကာ ဆံပင်ကိုလှန်တင်ပြီး ပွဲကိုလေးလေးနက်နက်ဆက်လက်ကြည့်ရှုခဲ့သည်။
လုလီသည် C-Brand ၏တစ်ကမ္ဘာလုံးဆိုင်ရာပြော ရေးဆိုခွင့်ရှိသူ နိုင်ငံတကာရုပ်ရှင်ဘုရင်မ၏ဘယ်ဘက်တွင်ထိုင်နေခဲ့သည်။ သူမ၏ ညာဘက်တွင် နာမည်ကြီးခရီးသွားဘလော့ဂါဖြစ်ပြီး Greater China ဒေသ၏ C-Brand သံတမန် တစ်ဦးဖြစ် သည်။ ၎င်းတို့အားလုံးသည် စိတ်နေစိတ်ထားနဲ့ ရုပ်ရည်ကောင်းမွန်ပြီး ဖျော်ဖြေရေးနယ်ပယ်မှာ အကောင်းဆုံးနာမည်ရှိသူများဖြစ်ကြသော်လည်း ၎င်းတို့နှစ်ယောက်ကြားထိုင်နေသည့် လုလီသည်းလုံးဝအရှုံးမပေးခဲ့ချေ။
သူသည် အရှုံးမပေးခဲ့ရုံသာမက သူ့ထံပိုကောင်းလာဖို့အလားအလာ အရိပ်အယောင်ပင်ရှိနေသေးသည်။ သူမ၏အလှတရားသည် နိုင်ငံတကာမင်းသမီးများကိုပင် လွှမ်းခြုံထားနိုင်ခဲ့သည်။
ဓာတ်ပုံဆရာသည် တူညီသောဘောင်တစ်ခုထဲ ထို လူသုံးဦး၏ပုံကိုရိုက်ယူပြီး ဓာတ်ပုံထဲတွင် ရုပ်ရှင်ဘုရင်မနှင့် ခရီးသွားဘလော့ဂါတို့ကို တစ်ချက်ပြန်ကြည့်လိုက်သည်။
သေချာတာပေါ့ ဘယ်လောက်ပဲအောင်မြင်ကျော် ကြားနေပါစေ၊ 'ငွေ' လို့အော်နေတဲ့ ချမ်းသာတဲ့သူဌေးသမီးကိုတော့ လွှမ်းမိုးနိုင်မည်မဟုတ်ပေ။
ရှိုးပွဲသည် ပြီးခါနီးခဲ့ပြီဖြစ်သည်။
ကန့်လန့်ကာနောက်က ခေါ်ဆိုမှုအတွက် မော်ဒယ်များတန်းစီထားကြသည်။ ဒီဇိုင်နာစင်မြင့်ပေါ်တက်လာပြီး နှစ်ဘက်စလုံးက ပရိသတ်များကိုကျေးဇူး တင်စကားပြောကာ လက်ဝှေ့ယမ်းပြခဲ့သည်။ ထိုနေရာ၌လက်ခုပ်သံများထွက်ပေါ်လာပြီး C-Brand ရှိုးပွဲသည် တရားဝင်ပြီးဆုံးသွားခဲ့သည်။
ဖျော်ဖြေပွဲကြီးအပြီးတွင် တက်ရောက်လာသူများ သည် ဓါတ်ပုံရိုက်ရန်အလုပ်များနေကြသည်။ လုလီသည် အခြားသူများနှင့် ဓာတ်ပုံမရိုက်ချင်သဖြင့် သူနှင့် ဓာတ်ပုံတွဲရိုက်လိုသော ကြယ်ပွင့်အနည်းငယ်ကိုလည်းငြင်းဆိုခဲ့ကာ သူ ထပြီးထွက်ခွာသွားခဲ့သည်။ လက်ထောက်ချင်ရုံသည် ခန်းမအပြင်ဘက်တွင် သူ(မ)အား စောင့်နေခဲ့သည်။
ချင်ရုံသည် လုလီရဲ့လက်ထဲမှ လက်ကိုင်အိတ်ကို တလေးတစားလက်လွှဲယူလိုက်ပြီး
"သခင်မ"
လုလီသည် အမြဲမျက်နှာသေဖြစ်နေပုံရသောချင်ရုံအား စိုက်ကြည့်ကာ
"ငါ မင်းဆီ WeChat ကနေ ဓာတ်ပုံပို့လိုက်တယ်၊ မဆိုးဘူးလို့ထင်တာပဲ"
ချင်ရုံ ခေါင်းညိတ်လိုက်ပြီး
"ဟုတ်ကဲ့ သခင်မရဲ့ဝတ်စုံကို သူတို့ ချက်ချင်းပို့ပေးပါလိမ့်မယ်"
ပြပွဲရှိအဝတ်အစားအချို့မှလွဲ၍ အခြားအချို့ကို တိုက်ရိုက်ရောင်းချနိုင်သည်။ နာမည်ကြီးများနှင့် နာမည်ကြီးသူအမျိုးမျိုး၏ လူထုဆက်ဆံရေးသည် အဝတ်အစားအပိုင်းအစတွေကိုမြင်ပြီး သဘောကျတဲ့အခါ၊ ပြပွဲပြီးသည်နှင့် ဈေးဘယ်လောက်ဘဲဖြစ်နေပါစေ ဝယ်ယူတတ်ကြသည်။
ကားသမားသည် ကားကိုမောင်းထုတ်လာခဲ့သည်။
ချင်ရုံသည် လုလီအတွက် ကားတံခါးကိုဆွဲဖွင့် ပေး လိုက်ပြီး သူ(မ) မဝင်မချင်း ရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် ဝင်မထိုင်ခဲ့ပေ။
Rolls-Royce ကား၏ အတွင်းခန်းသည်ကျယ်ဝန်းသည်။ လုလီသည် သူမ၏လက်ကိုင်ဖုန်းဖြင့် ဂိမ်းကစားရန် ကုလားထိုင်ပေါ်တွင်လှဲနေသည်။ ချင်ရုံသည် နောက်ကြည့်မှန်မှတဆင့် သူ(မ)အား လှမ်းကြည့်လိုက်ပြီး
“သခင်မ” ဟု ပြောလိုက်သည်။
လုလီက ခေါင်းမမော့ဘဲ ဖုန်းစခရင်ကိုစိုက်ကြည့်ရင်း
"ပြော "
"မစ္စတာချီ ဒီညပြန်လာမယ်လို့ ကြိုပြောထားခိုင်းပါတယ်"
လုလီက ဖုန်းကို စိုက်ကြည့်နေရင်း....
"အိုး~"
လက်ထောက်၏ပါးစပ်ထဲမှ မစ္စတာချီသည် စီးပွား ရေးခရီးသုံးလကြာသွားနေသော သူ(မ)၏ခင်ပွန်းသည်မဟုတ်ပဲ နေ့တိုင်းမြင်နေရသောလက်ထောက်တစ်ယောက်ထံမှ အခြားတစ်ယောက်နာမည်ကို ပြောပြခံနေရသလို အသံထွက်လာသည်။
ချင်ရုံ သတင်းပို့ပြီးနောက်၊ သူ နောက်ကြည့်မှန်မှ အကြည့်အားပြန်ရုတ်သိမ်းလိုက်ပြီး ရှေ့ရှိလမ်းကိုသာစိုက်ကြည့်လိုက်သည်။
လုလီသည် သူမ၏ Weibo ပို့စ်ကို တည်းဖြတ်ပြီး Send ကိုနှိပ်လိုက်သည်။ ထို့နောက် သူ(မ)သည် ဖုန်းကိုချကာ မှတ်ချက်များမဖတ်မီ အခြားသောမှတ်ချက်များကိုစောင့်နေခဲ့သည်။
စကားမစပ် ခုနက ချင်ရုံ သူ့ကိုဘာပြောလိုက်တာ ?
ချီချန်းရန် ဒီည ပြန်လာမယ် !!??
လုလီသည် အိမ်မပြန်လာသည်မှာ သုံးလရှိပြီဖြစ်သော သူ့ခင်ပွန်းအကြောင်းတွေးရင်း နှုတ်ခမ်းကိုကော့ထားခဲ့သည်။