← Chapters

The Love is as Deep as the Ocean (2)

Vol. 2 Ch. 17

The Love is as Deep as the Ocean (2)

Vol. 2 Ch. 17

လုလီ သူ့အတွေးများကိုပြောလာသည်။

“ရှင် လူတွေဆီကအာရုံစိုက်တာမခံချင်တော့ ကျွန်မနဲ့ဓာတ်ပုံရိုက်ရင် နီးနီးကပ်ကပ်မနေဘူးလေ၊ ပြီးတော့ လူမြင်ကွင်းမှာ အရမ်းချစ်ပြနေတာမျိုးဖြစ်နေမှာစိုးလို့ Weibo မှာတောင်ရှင့်ပုံတွေ ကျွန်မကိုတင်ခွင့်မပြုထားဘူး၊ လူတွေက ကျွန်မတို့ရဲ့ချိုမြိန်မှုကိုမနာလိုဖြစ်ပြီး ထိခိုက်အောင်လုပ်လာမှာ ရှင်စိုးရိမ်ခဲ့တာမဟုတ်လား ? ဒါပေမယ့် တစ်ခါတလေ ကျွန်မတို့ရဲ့အချိုတွေကိုထုတ်ပြဖို့ လိုအပ်တယ်လို့ထင်တယ်၊ လူတွေက ရှင့်ကို ဟိတ်ဟန်ကြီးတယ်လို့အခေါ်မခံနိုင်သလို့ အတုအယောင်စုံတွဲလို့တံဆိပ်ကပ်ခံရတာကို ရှင်လည်း သည်းမခံနိုင်ဘူး မဟုတ်လား?!”

ချီချန်းရန် အနည်းငယ်တုန်လှုပ်သွားပြီး ရုတ်တရက်စကားမပြောနိုင်တော့ပေ။

လုလီ၏ ထူးဆန်းသောတွေးခေါ်နိုင်စွမ်းက သူ့အားထပ်မံအံ့အားသင့်သွားစေသည်။

လုလီ ခေါင်းညိတ်ကာ "ကျွန်မတို့ Weibo မှာ ဘာလို့ ပို့စ်မတင်ရမှာလဲ ? သက်သက်ကြီး လိုက်သံသယဝင်နေတဲ့သူတွေကို ကျွန်မ သေချာကြည့်ခိုင်းမယ်”

ချီချန်းရန် အလျင်အမြန်တားလိုက်ရသည်။

"မလုပ်နဲ့"

လုလီ မောက်မာစွာပြုံးလိုက်ပြီး—"ဟင့်အင်း၊ ဒီဓာတ်ပုံမှာ အရမ်းရုပ်ဆိုးနေလို့ ကိုယ့်ကို ကိုယ် ဝန်မခံနိုင်ဘူး"

ချီချန်းရန် သက်ပြင်းတစ်ချက်မှုတ်ထုတ် လိုက်သည်။

လုလီသည် ဓာတ်ပုံရှိ ချီချန်းရန်၏ပရိုဖိုင်ကို ပြန်အမှတ်ရပြီး သူ့ကို အနီးကပ်ကြည့်ရန် ခေါင်းကိုမော့လိုက်သည်။

ထို့နောက် လုလီ ပြောလာသည်—

"လောင်ကုန်းရဲ့မျက်လုံးထဲမှာ ကြယ်တွေတောက်ပနေတာပဲ”

“ဒီလောက် ကြယ်တွေတောက်ပနေတဲ့ လောင်ကုန်းရဲ့မျက်လုံးတွေကို လူတွေမမြင်ဖူးကြမှန်း သေချာတယ်"

ချီချန်းရန် စိတ်ထဲ အနည်းငယ် ယားကျိ ယားကျိ ဖြစ်သွားပြီး သူမ ထပ်မံစတင်တော့မည်ကိုသိလိုက်သည်။

လူလီ—"ဒီကမ္ဘာပေါ်မှာ ဒီလောက်ချောမောခန့်ငြားပြီး ပြည့်စုံတဲ့ မျက်နှာမျိုးဘယ်မှာရှိနိုင်မှာလဲ ? အားလီလေ ရှင့်ရဲ့ကော့စင်းနေတဲ့ မျက်တောင်မွှေးတွေပေါ်မှာ ပြေးလွှားဆော့ကစားလိုက်ချင်ရဲ့၊ ရှင့်နှာတံရှည်အောက်မှာ ပုန်းအောင်းလိုက်ချင်တယ်၊ ရှင့်ရဲ့ ညှပ်ရိုးတွေထဲမှာ ကူးခတ်ချင်တယ်။ အားလီလေ..."

ချီချန်းရန် သူမအား ရပ်တန့်ရန်စဉ်းစားနေစဉ် ရုတ်တရက် သူ့နှုတ်ခမ်းထက် နူးညံ့သောအထိအတွေ့ကိုခံစားလိုက်ရသည်။

လုလီ မတ်တတ်ရပ်လိုက်ပြီး ချီချန်းရန်၏နှုတ်ခမ်းကိုဖြည်း ညင်းစွာနမ်းလိုက်ခြင်းပင်။

သူမ၏အနမ်းသည် အလွန်သိမ်မွေ့ပြီး စက္ကန့်အနည်းငယ်ကြာ မြင့်စွာထိကပ်ထားပြီးမှ လွှတ်လိုက်သည်။

သူမ၏ရှက်ရွံ့ပြီး အချစ်ရည်ရွှန်းလဲ့နေသော မျက်လုံးများ သည် မက်မွန်ပွင့်များသဖွယ် တောက်ပလျက်ရှိသည်။

လုလီ—"အားလီကလေ လောင်ကုန်းရဲ့ စွဲမက်စရာကောင်းတဲ့ဒီနှုတ်ခမ်းဖူးလေးကို အခုလို နမ်းပစ်ချင်တာ”

ချီချန်းရန် တုန်လှုပ်သွားပြီး ပြောစရာစကားများပင်မေ့လျော့သွားကာ သူ့နှုတ်ခမ်းပေါ်ရှိနူးညံ့သောအထိအတွေ့ကိုသာ ပြန်လည်မြင်ယောင်နေမိသည်။

သူနှင့်လုလီ ယခင်က မနမ်းဖူးကြခြင်းတော့မဟုတ်ပေ။

ပထမဆုံးအကြိမ်က လက်ထပ်ပွဲမှာဖြစ်သည်။ ဓမ္မဆရာရှေ့တွင် ကတိသစ္စာပြုပြီးနောက် ဧည့်သည်များလက်ခုပ်တီးသံ အောက်တွင် နှုတ်ခမ်းချင်းထိကပ်ပြီး၊ စက္ကန့်များကိုစိတ်ထဲမှ တိတ်တဆိတ်ရေတွက်ကာ အဆုံးသတ်ရန်စောင့်ဆိုင်းခဲ့ကြသည်။

နောက်ပိုင်း သူတို့အိပ်ရာထဲတပ်မက်မှုအပြည့်နှင့် နမ်းရှုံ့ဖူးခဲ့ကြသည်။

သို့ဖြစ်ရာ ရုတ်တရက်အနမ်းကြောင့် ကူကယ်ရာမဲ့စွာဖြင့် ချီချန်းရန်သည် လုလီအားနောက်တစ်ကြိမ်ကြည့်လိုက်သည်။

လုလီ ရှက်ရွံ့စွာပြန်ကြည့်လာပြီး သူ့မျက်လုံးများသည် အချစ်ရည်များပြည့်နှက်နေသည်။

ချီချန်းရန် အကြည့်လွှဲလိုက်ပြီး "နောက်ကျနေပြီ၊ အိပ်ကြရ အောင်"

လုလီ ချီချန်းရန်ပေါင်ပေါ်မှ ဆင်းလာပြီး “အွန်း”

နောက်တစ်နေ့သည် ရုံးပိတ်ရက်ဖြစ်သည်။

ချီချန်းရန်သည် နိုင်ငံခြားမှပြန်ရောက်ပြီးနောက် ချီမိသားစု၏ ဗီလာသို့ သွားရောက်လည်ပတ်ရန်အချိန်ပေးလိုက်သည်။

သူ လုလီကိုခေါ်သွားမည်ဖြစ်သည်။

ချီချန်းရန်သည်အဝတ်အစားခန်းထဲတွင် အဝတ်အစားများကို ရွေးနေသော လုလီကိုလှမ်းကြည့်လိုက်သည်။

လုလီ၏လက်ရှိအခြေအနေကို သူနှင့်ဆေးရုံမှဆရာဝန်သာသိပြီး အခြားသူများအား လုံးဝမသိရှိကြပေ။

လုလီ အဝတ်အစားများလဲဝတ်လိုက်သည်။သူမသည် ချီချန်းရန်၏ အနီရင့်ရောင်လည်စည်းနှင့်လိုက်ဖက်ရန် အနီရင့်ရောင် burgundy ၀တ်စုံကို ရွေးချယ်ဝတ်ဆင်လိုက်ပြီး ချီချန်းရန် လက်မောင်းကို ချိတ်လျက်

“လောင်ကုန်း သွားရအောင်”

ချီချန်းရန်သည် လုလီ၏ပြုံးရွှင်နေသော မျက်နှာကိုကြည့်လိုက်သည်။

လုလီ၏အခြေအနေကို လူတိုင်းသိရှိသွားတာမျိုး သူ မလိုချင်ပေ။

နှစ်ယောက်သား ကားဒရိုင်ဘာစောင့်နေသော အောက်ထပ်သို့ဆင်းသွားကြသည်။

ကားသည် ချီမိသားစု၏အိမ်တံခါးဝတွင် အသင့်စောင့်ဆိုင်းနေသည်။

ချီစံအိမ်ကြီးသည် မြို့လယ်ခေါင်ရှိ ၎င်းတို့၏တိုက်ခန်းနှင့် မတူဘဲ ကျင့်အန်းခရိုင်၏ဆိတ်ငြိမ်သောနေရာတွင်တည်ရှိကာ သက်တမ်းရင့်အဆောက်အဦးဖြစ်သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်က ထင်ရှားသော ဗြိတိသျှဗိသုကာပညာရှင်တစ်ဦး၏လက်ရာဖြစ်သည်။ ချီစံအိမ်ကြီးကို ရာစုနှစ်တစ်ခုကျော်ဆက်လက်ထိန်းသိမ်းပြုပြင်မွမ်းမံခဲ့ပြီး ယနေ့ ၎င်းတို့ရောက်ရှိချိန်တွင် ဝင်ပေါက်ရှိဥယျာဉ်အတွင်းမှ အပင်များ သည်စိမ်းလန်းစိုပြေနေဆဲဖြစ်သည်။

လုလီသည် ချီချန်းရန်နှင့်မလက်ထပ်မီတွင် ချီမိသားစုအ ကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိထားသည်။

ချီချန်းရန်၏မိဘများသည် သူ့အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် မထင်မှတ်ဘဲကွယ်လွန်သွားခဲ့ သည်။

ချီချန်းရန်သည် ချီမိသားစု၏တစ်ဦးတည်းသောသားဖြစ်ပြီး ရှန့်ကျင် Group ၏အမွေဆက်ခံသူဖြစ်လာခဲ့သည်။

ချီမိသားစုဇာတ်လမ်းသည် လုမိသားစုထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည်။ ချီချန်းရန်သည် တစ်ဦးတည်းသောသားဖြစ်သော်လည်း ရှန့်ကျင်Group၏ မတူညီသော ဌာနများတွင် အလုပ်လုပ်ကိုင်နေသော ဦးလေးများ၊ဝမ်းကွဲများ ရှိသည်။သူ၏မိဘများကွယ်လွန်ချိန်တွင် ချီချန်းရန်သည် ပညာသင်နေဆဲဖြစ်ပြီး ကုမ္ပဏီတစ်ခုလုံးကို ထိန်းကျောင်းနိုင်စွမ်းမရှိသေးသဖြင့် ချီမိသားစုဝင်အချို့ကဩဇာလွှမ်းမိုးရန်ကြိုးစားခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ချီချန်းရန် ၏အဖွားဖြစ်သူသည် သူမ၏ချစ်လှစွာသောသားနှင့်ချွေးမအား ဆုံးရှုံးခဲ့ရပြီးနောက် ရှေ့တန်းသို့တက်လာခဲ့သည်။ အငြိမ်းစားယူထားသော အဖွားချီသည် ရှန့်ကျင်အုပ်စု၏ဥက္ကဋ္ဌအဖြစ် ပြန်လည်ရပ်တည်ကာ အာဏာလုနေသော ဆွေမျိုးများအားနှိမ်နင်းခဲ့သည်။ ချီချန်းရန် ဘွဲ့ရပြီးချိန်တွင် သူ့အား ရှန့်ကျင်နည်းပညာကုမ္ပဏီ၏ ဥက္ကဋ္ဌရာထူးသို့ တင်မြှောက်ပေးခဲ့သည်။

အဘွားချီသည် လွန်ခဲ့သော သုံးနှစ်ခန့်ကပြဿနာတစ်ခုနှင့်ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်က ချီချန်းရန် လုလီနှင့်လက်ထပ်

စေခဲ့သည်။ အဘွားချီသည် ဥက္ကဌရာထူးမှ မနှုတ်ထွက်သေးသော်လည်း ရှန့်ကျင်၏ အုပ်ချုပ်ရေးကိစ္စအားလုံးကို ချီချန်းရန်ကသာ တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။

လုလီ၏မှတ်ဉာဏ်အရ အဖွားချီသည် ကြင်နာတတ်သော အဘွားအိုတစ်ဦးအဖြစ် ပုံဖော်ထားသည်။ချီချန်းရန်၏ မိဘများကွယ်လွန်ချိန်တွင် ဤအဘွားအိုတစ်ယောက်တည်း မည် သို့ခိုင်မာစွာရပ်တည်ပြီး ပြဿနာများကို ဖြေရှင်းခဲ့သည်ကို စိတ်ကူးယဉ်ရန်ပင်ခက်လှသည်။

All Chapters