← Chapters

The Love is as Deep as the Ocean (3)

Vol. 2 Ch. 18

The Love is as Deep as the Ocean (3)

Vol. 2 Ch. 18

လုလီသည် ချီချန်းရန်၏လက်မောင်းကို တလမ်းလုံးဖက်တွယ်ထားသော်လည်း ချီစံအိမ်၏တံခါးဝသို့ ရောက်သောအခါတွင် ချီချန်းရန်၏လက်မောင်းအား ချက်ခြင်းလွှတ်လိုက်သည်-

"အဖွားချီ..!"

ချီချန်းရန်သည် ဗလာဖြစ်သွားသော သူ့လက်များကိုတစ်ချက်ကြည့်လိုက်သည်။

အဘွားချီသည် ခြေထောက်များကို စောင်ဖြင့်ဖုံးအုပ်ထားပြီး ဆိုဖာပေါ်တွင်ထိုင်နေသည်။ လုလီကိုတွေ့သောအခါ သူမ ပြုံးပြီး လက်ကိုဆန့်ထုတ်လိုက်သည်။

"လုလီ"

လုလီသည် အဘွားချီ၏လက်ကိုကိုင်ကာ သူမဘေးတွင် တယုတယဝင်ထိုင်လိုက်သည်။

ငယ်စဉ်ကလေးဘဝကတည်းက သူ့အဖေသည် အလုပ်ထဲတွင် နစ်မြှုပ်နေခဲ့ပြီး မိခင်ဖြစ်သူကလည်း ဖခင်ဖြစ်သူ၏အာရုံစိုက်မှုကိုရရှိရန် သူမ အစ်ကိုနှစ်ယောက်နှင့် နပန်းလုံးနေရသဖြင့် သူမသည် အိမ်ထိန်းနှင့်နာနီတို့၏ လက်ထဲတွင်သာ ကြီးပြင်းခဲ့ရသည်။ လက်ထပ်ပြီးနောက် ချီမိသားစုသို့ရောက်မှသာအမျိုး သမီးကြီးတစ်ဦး၏ဂရုစိုက်မှုကို ပထမဆုံးအကြိမ်ခံစားခဲ့ရသည်။

ချီအဖွားသည် လုလီ၏နဖူးပေါ်က ပတ်တီးစည်းထားသည်ကို မြင်သော အခါ သူမမျက်နှာတွင် စိုးရိမ်မှုများပြည့်နှက်သွားသည်။

"မြေးလေး မတော်တဆဖြစ်တယ်ဆိုတဲ့သတင်းကြားလိုက်ရတော့ အဖွားဖြင့် သေလုနီးပါးထိတ်လန့်သွားတာပဲ။အခု ဘယ် လိုနေသေးလဲ? ဘယ်နား နာနေသေးလဲ?”

လုလီသည် အဘွားချီ၏လက်မောင်းကို ပွေ့ဖက်ကာ ပြုံးလိုက်ပြီး "သမီး ဘာမှမဖြစ်ပါဘူး ဖွားရဲ့၊ဒဏ်ရာနည်းနည်းပါးပါးပဲရသွားတာပါ”

ချီချန်းရန်သည် လုလီ၏နောက်မှဝင်လာပြီး "အဖွား" ဟု ခေါ်လိုက်သည်။

လုလီသည် ချီချန်းရန်ထံမှ သူမ အိတ်ကိုယူလိုက်ပြီး- "အဖွား၊ သမီး မနေ့က Shopping ထွက်တုန်း ကုန်တိုက်မှာ ဒီရင်ထိုးလေးတွေ့လိုက်လို့ အဖွားကိုသတိရပြီး ချက်ချင်းဝယ်ပစ်လိုက်တယ်၊ အဖွားကြိုက်လားဟင် ?”

အဖွားချီ ခေါင်းညိတ်ပြီး “ အင်း ကြိုက်တယ်”

ယနေ့တွင် ချီအိမ်တော်သည် အလွန်အသင်ဝင်နေသည်။ ချီချန်းရန်နှင့်လုလီတို့အပြင် အခြားသော လူကြီးလူငယ်များလည်း ရှိနေကြသည်။

လုလီရောက်သည်နှင့် အဖွားချီနှင့် စကားပြောရင်း အလုပ်များနေသည်။ ချီချန်းရန်သည် အခြားဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး အခြားသူများက သူ့အား ဂရုမစိုက်ကြပေ။

ချီချန်းရန်သည် သာမာန်အဘွားအိုတစ်ယောက်လို လုလီ၏ ချွဲနွဲ့မှုအောက်တွင် အရည်ပျော်နေသော သူ့အဖွားကိုကြည့်နေမိသည်။

သူ အရင်က ဒါကိုမသိခဲ့ပေမယ့် ယခုတွင် လုလီ၏ချိုမြိန်သော စကားပြောကျွမ်းကျင်မှုကို ကိုယ်တိုင်ကြုံတွေ့ပြီးနောက် အဖြေကိုရှာတွေ့သွားသလိုခံစားလိုက်ရသည်။

ညစာမစားမီ လူအနည်းငယ်ဂိမ်းကစားနေကြသော်လည်း ချီချန်းရန်အား မည်သူမျှမဖိတ်ခေါ်ဝံ့ကြပေ။

ယနေ့ထိ ချီအိမ်တော်တွင် ကျန်ရှိနေသောသူများကို အခြေခံအားဖြင့် လုံခြုံပြီး ရှုံးနိမ့်သူများဟုသတ်မှတ်ထားကြသည်။သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က ဖြစ်ပွားခဲ့သည့်အရှုပ်တော်ပုံကြီးအတွင်း ၎င်းတို့စိတ်ထဲတွင် မဖြစ်သင့်သောအတွေး အခေါ်များမမွေးဖွားစေခဲ့ဟု မည်သူကများ ရင်ဘတ်ကိုပုတ်ပြီး အာမခံနိုင်မည်နည်း ?

ယခု ချီချန်းရန်သည် ကုမ္ပဏီတစ်ခုလုံးကို ချုပ်ကိုင်ထားသည့်အပြင် ယောက္ခမဖြစ်သူ လုဟမ်ရုန်၏အရှိန်ဖြင့် လူကြီးဖြစ်စေ၊လူငယ်ဖြစ်စေ၊အားလုံးစိတ်မသက်မသာဖြစ်နေကြသည်။

လုလီသည် အဖွားချီနှင့်အချိန်အတော်ကြာ စကားပြောပြီးနောက် သူမ၏ခင်ပွန်းအား မေ့လျော့နေခဲ့သည်ကိုသတိရသွားသည်။

"လောင်ကုန်း ဘယ်ရောက်သွားပါလိမ့် ?" သူ ခေါင်းကိုလှည့် ပတ်ကြည့်လိုက်သည်။

လုလီ ပါးစပ်မှ ' ကျွန်မလောင်ကုန်း ' ဟူသောစကားကို အဘွားချီကြားလိုက်ရသောအခါ အဖွားချီ၏မျက်နှာထက် အံ့အား သင့်မှုတို့ ထင်ထင်ရှားရှား ပေါ်လွင်သွားသည်။

အရင်က ချီချန်းရန်နှင့်လုလီတို့ လာသည့်အခါတိုင်း နှစ်ယောက်သား အပြုအမူများကို သူမ မရိပ်မိပဲမနေခဲ့။ သူမသည် မျက်လုံးကန်းနေသော အဘွားကြီးမဟုတ်ပေ။ ထို့ပြင် သူမ ဘဝတွင် ကိစ္စမျိုးစုံကိုမြင်တွေ့ခဲ့ပြီးဖြစ်ရာ ၎င်းတို့၏အ တုအယောင် ဟန်ဆောင်မှုများကိုသိနေသည်။ အွန်လိုင်းပေါ်တွင်လည်း သတင်းများမကြာခဏထွက်ပေါ်နေသည်။

ယခုမူ လုလီ၏ 'လောင်ကုန်း' ဟူသော စကားလုံးသည် သဘာ ဝကျပြီး ဟန်ဆောင်မှုလုံးဝမပါသဖြင့် အံ့ဩသွားသည်။

ဘေးတွင်ထိုင်နေသော အဒေါ်က “ချန်းရန် ခုန‌လေးတင်အပြင်ထွက်သွားတယ်ထင်တယ်”

လုလီသည် ကလေးတစ်ယောက်လို ပြုမူကာ- "အဖွား၊ သူ့ကိုသွားရှာလိုက်ဦးမယ်နော်၊ ပြီးရင် အဖွားနဲ့စကားပြောခိုင်းမယ်နော်"

အဘွားချီသည် လုလီလက်ကိုပုတ်ပေးရင်း အံသြနေသော် လည်း ခေါင်းညိတ်ပြလိုက်သည်။ "အင်း သွားလေ"

လုလီသည် အိမ်အပြင်မှထွက်လာပြီး မလှမ်းမကမ်းတွင် ရေပုံးကိုကိုင်ကာ ပန်းပင်များကို ရေလောင်းနေသော ချီချန်းရန်ကို မြင်လိုက်ရသည်။

သူမသည် သူနှင့်အတူ ရေလောင်းဖို့ သွားမည်ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ယောက်ရောက်လာပြီး လုလီ၏မြင် ကွင်းကို ပိတ်ဆို့လိုက်သည်။

လုလီ၏ခင်ပွန်းကိုမျှော်ကြည့်နေသော မျက်လုံးများသည် မမျှော်လင့်ထားသော တစ်စုံတစ်ယောက်ကြောင့် အတားအဆီးဖြစ်သွားသည်။

သူ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

မြင်ကွင်းကို ပိတ်ဆို့ထားသူမှာ ချီရှင်း ဖြစ်သည်။

ချီရှင်းသည် ချီချန်းရန်၏ဝမ်းကွဲညီမဖြစ်သော်လည်း သွေးရင်းမဟုတ်ပေ။

ချီချန်းရန်၏အဒေါ်နှင့် ဦးလေးသည် ဒုတိယအိမ်ထောင်ပြုခဲ့ပြီး ချီရှင်းသည် ချီချန်းရန်၏ အဒေါ်ဘက်မှ ပါလာသော သမီးဖြစ်သည်။ မူလနာမည်မှာ “ရှု” ဖြစ်သော်လည်း သူ့မိခင်သည် ချီမိသားစုထဲလက်ထပ်ပြီးနောက် ၎င်းတို့၏ မျိုးရိုးအမည်ကို “ချီ” ဟု ပြောင်းခဲ့သည်။

ချီရှင်းသည် လုလီကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မျှော် လင့်မထားပုံရပြီး အတင်းလုပ်ယူပြုံးနေသော မျက်နှာဖြင့် "ကျဲ" ဟု ခေါ်လိုက်သည်။

လုလီသည် 'အင်း' ဟု တိုတိုပြောကာ ချီရှင်း၏ရင်းနှီးလွန်းသော အမူအရာကိုကြည့်လိုက်သည်။

မိန်းမတစ်ယောက်၏အမြင်သည် အလွန်တိကျသည်။ ဤသွေးရင်းမဟုတ်သော ဝမ်းကွဲညီမသည် ချီချန်းရန်ကို စိတ်ဝင် စားနေကြောင်း သူ အလွယ်တကူပင်မြင်နိုင်သည်။

ပျားနှင့်လိပ်ပြာကို ဆွဲဆောင်နိုင်သော ခင်ပွန်းဖြစ်သူ၏ချော မောခန့်ညားသည့် ရုပ်ရည်ကိုသာ အပြစ်တင်ရမည်ဖြစ်သည်။

ယခင်က ချီရှင်းသည် သူမ၏ခင်ပွန်းကိုချောင်းကြည့်ခဲ့ရုံသာ ဖြစ်သော်လည်း ယခုမူ ရဲရဲတင်းတင်းချဉ်းကပ်လာပြီဖြစ် သည်။

လုလီ မျက်ခုံးပင့်လိုက်ပြီး " အပင် ရေသွားလောင်းမလို့လား?"

ချီရှင်းက ရေပုံးကို ဆုတ်ကိုင်ရင်း ခေါင်းကိုငုံ့ကာ “ဟုတ်”

လုလီ - "နင့်အစ်ကိုဝမ်းကွဲနဲ့ အတူရှိချင်လို့လား ?” ဟု ထပ်မေးလိုက်သည်။

လုလီ ထိုသို့ ပြတ်ပြတ်သားသားမေးခွန်းထုတ်လာလိမ့်မည်ဟု ချီရှင်း မမျှော်လင့်ထားပုံရသည်။ သူမ ခေါင်းမော့လာပြီး ရှက်ရွံ့ကာ နှုတ်ခမ်းကိုကိုက်လျက် “အင်း...”

လုလီ ရယ်လိုက်သည်။ သူမအနေနဲ့ ခင်ပွန်းဖြစ်သူကို ဖြား ယောင်းနေဟန်ရှိသော ချီရှင်းအား ဒဏ်ရာပေါ် ဆားပတ်လိုက်ရုံမှလွဲ၍မတက်နိုင်ပေ။

"နင်နဲ့ ငါ့လောင်ကုန်းက သွေးသားရင်းမဟုတ်ဘူး၊ ပြီးတော့ နင်က အရွယ်ရောက်ပြီးသား မိန်းကလေးဖြစ်နေပြီ၊ သူလည်း အိမ်ထောင်ကျနေပြီ၊ သံသယဖြစ်စရာတွေ ဘယ်လိုရှောင်ရမယ်ဆိုတာ နင် မသိဘူးလား?”

"အားလုံး အိမ်ထဲမှာပဲရှိနေတယ်။ နင်တစ်ယောက်တည်း အပြင်ထွက်ပြီး သူ့နဲ့ ရေလောင်းချင်နေတယ်"

"နင် ငါ့လောင်ကုန်းကို ဘာ မကောင်းတာတွေကြံစည်မလို့လဲ?”

ချီရှင်း နောက်တစ်လှမ်းဆုတ်သွားပြီး သူ့မျက်နှာထက် ထိတ် လန့်မှုများ ထင်ဟပ်နေသည်။

ချီချန်းရန်နှင့် လုလီတို့သည် မိသားစုအကျိုးစီးပွားအတွက် လက်ထပ်ခဲ့ကြသလို အိမ်ထောင်ရေးသဟဇာတမဖြစ် ကြောင်းကိုလည်း လူတိုင်းသိသည်။

လုလီသည် ချီချန်းရန် မည်သူနှင့်အတူ ပန်းရေလောင်းနေသည်ကိုလုံးဝဂရုမစိုက်ပေ။

ဤအချိန်တွင် လုလီ၏အပြုအမူသည် ဩဇာကြီးသောမိသားစု၏သမီးကြီးအဖြစ် စိတ်ကြိုက်ပြုမူနေသည်။ ချီရှင်း ၏မိခင်သည် ချီမိသားစုသို့နောက်မှရောက်လာသူဖြစ်ပြီး လုလီ၏ဩဇာအာဏာကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သူ ကိုယ် တိုင်သိသည်။

သို့သော် သူမမှာလည်း ကိုယ်ပိုင်အားသာချက်ရှိသည်။ ချီရှင်း မျက်လုံးများ နီရဲလာကာ ခေါင်းငုံ့လျက် ခြင်ကဲ့သို့ သေးငယ် သော အသံဖြင့်ပြောလာသည်။

"ကျဲ့မှားနေပြီ...ကျွန်မ ဘာမှမလုပ်ဘူး..."

"ကျွန်မ အစ်ကိုရောက်တုန်း ခဏလောက်အချိန်ပေးချင်ခဲ့တာ။ငယ်ငယ်ကတည်းက သူနဲ့ဒီလိုပဲ ရေလောင်းနေကြပါ၊ အစ်ကို့အပေါ် မရိုးသားတဲ့ ရည် ရွယ်ချက်မရှိပါဘူး၊...ကျွန်မတို့ သန့်ရှင်းပါတယ်။ ဒါ ကျွန်မ စိတ်ကူးနဲ့လုပ်တာပါ..."

သူမသည် အပြစ်ကင်းစင်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောသော်လည်း ချီချန်းရန်နှင့်သူ့ကြားတွင် တစ်စုံတစ်ခု ရှိနေဟန်မျိုး သုံးနှုန်းနေသည်။ ငယ်စဉ်ကတည်းက အတူပန်းရေ လောင်းခြင်းဟူသောစကားသည် ၎င်းတို့၏ရင်းနှီးမှုကို ဖော်ပြနေသလို၊ လုလီထပ် အစောပိုင်းကတွေ့ဆုံခဲ့ပြီး"ငယ်သူငယ် ချင်း" ဖြစ်ကြောင်း မီးမောင်းထိုးပြနေခဲ့သည်။

ဤကြာပန်းဖြူသည် မူလဇနီးကို စိတ်ဆိုးအောင်လုပ်ရန် မတတ်သာပေ။

လုလီသည် အပြင်ပန်းကကြည့်လျှင် ကြီးစိုးနေပုံရသော်လည်း အမှန်မှာ စိတ်သဘောထားကောင်းသူမဟုတ်သလို ခင်ပွန်းနှင့် အခြားအမျိုးသမီးကြားရှိ ရှုပ်ထွေးမှုများကို သည်းမခံနိုင်မှန်း ချီရှင်းသိလိုက်သည်။

ထို့ပြင် ချီချန်းရန်၏အေးစက်သောသဘောထားကြောင့် လုလီနှင့်သူ့ကြား နားလည်မှုလွဲမှားမှုများဖြစ်လာနိုင်ကာ အခြားသူ များ၏စကားကို အလွယ်တကူယုံကြည်လာလိမ့်မည်။

သူမ ပါးရိုက်ခံရရန်မျှော်လင့်ထားသည်။ ဤနည်းဖြင့် သူမသည် အနိုင်ကျင့်ခံရသော အားနည်းသည့်သားကောင်အဖြစ် ပေါ်လွင်လာမည်ဖြစ်သည်။

သာမန်အပင်ရေလောင်းခြင်းကို အကြောင်းမဲ့အရှုပ်တော်ပုံဖန်တီးသူမှာ လုလီဖြစ်သည်ဟု သူမဖော်ထုတ်မည်ပင်။

ချီရှင်းသည် မျက်လုံးမှိတ်ကာ သူ့မေးစေ့ထက် မျက်ရည်စက်များတွဲလဲခို‌နေခဲ့သည်။

လုလီ ချီရှင်း၏မျက်ရည်များကို ရွံရှာစွာဖြင့်ကြည့်ကာ အေးစက်သောအသံဖြင့်ပြောလိုက်သည်။

"ဟုတ်ပါတယ်လေ၊ နင်နဲ့ ငါ့လောင်ကုန်းကြားမှာ ဘာကိစ္စမှရှိလာမှာမဟုတ်ဘူး”

မျက်ရည်ကျနေသော ချီရှင်းသည် လူလီ ဤကဲ့သို့အေးဆေးတည်ငြိမ်နေလိမ့်မည်ဟု မျှော်လင့်မထားပေ။

သူ မော့ကြည့်လိုက်ရာ လုလီသည် သူ့လက်ကိုပိုက်ကာငုံ့ကြည့် နေသည်ကိုတွေ့လိုက်ရသည်။ လုလီသည် သူ့အားထေ့ငေါ့ကာ မေးလိုက်သည်။

"ငါတို့ တည့်ပဲပြောကြမလား ? ငါနဲ့ လောင်ကုန်းက တကယ်ချစ်နေကြသလို လင်မယားခန်းလည်းမြောက်ပြီးနေပြီ၊ နင်က သူနဲ့ ဘာထပ်ဖြစ်ချင်နေသေးတာလဲ ?"

All Chapters