Coveting My Husband's Good Looks (1)
Vol. 2 Ch. 19
ကြာပန်းဖြူလိုအပြစ်ကင်းစင်တဲ့ပုံစံမှာ ချီရှင်းထပ်ပင် လုလီက ပိုပြီးဟန်ဆောင်တက်သေးသည်။
ထိုသို့သောမိန်းမများအား ကိုင်တွယ်ဖြေရှင်းရန် သူ့မထံအတွေ့ အကြုံရှိပြီးသားဖြစ်သည်။ ဤသည်မှာ ကြမ်းကြမ်းတမ်းတမ်း ပြုမူခြင်းပင်။ ပြီးတော့ သူနဲ့လောင်ကုန်းကြားက နက်နဲတဲ့ဆက်ဆံရေးကို ဒီအဆင့်နိမ့်ခွေးမက လှုပ်ခတ်နိုင်မှာတဲ့လား?
ချီရှင်းမျက်နှာထက် မျက်ရည်စများရှိနေသေးသည်။ လုလီ၏ စကားကို ကြားသောအခါ သူ့ အမူအရာမှာထိတ်လန့်သွားပုံပေါ်သည်။
"ဘာဖြစ်နေကြတာလဲ ?"
ထိုအခိုက်တွင် ယောက်ျားတစ်ယောက်၏အသံသည် ဘေးမှ ရုတ်တရက်ထွက်ပေါ်လာသည်။ အသံမှာ cello ကြိုးတစ်ချောင်းကဲ့သို့ နက်ရှိုင်းပြီး ကြားရသည်မှာ နှစ်လိုဖွယ်ကောင်းသည်။
လုလီခေါင်းကိုလှည့်ကြည့်လိုက်ရာ ချီချန်းရန် ချဉ်းကပ်လာသည်ကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများသည် လခြမ်းကဲ့သို့ တွန့်ကွေးသွားကာ ချက်ချင်းပြုံးလိုက်သည်။
ချီရှင်းလည်း ချီချန်းရန်အားမြင်လိုက်ရသည်။
ချီရှင်း မကျေမနပ်ဖြင့် ခေါင်းကိုငုံ့ကာ နှာခေါင်းတစ်ရှုံရှုံဖြင့် စကားအရင်စလိုက်သည်။
"ချီကော… ကျွန်မက ပန်းပင်တွေရေလောင်းဖို့ပဲ ရည်ရွယ်တာပါ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး...?”
လုလီပြောလိုက်သောစကားမှာ သူမ၏ဂုဏ်သိက္ခာမထိခိုက်စေရန် ကယ်တင်လိုက်သော လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ချီရှင်းသိပြီးသားပင်။ သူတို့နှစ်ယောက် အတုအယောင်စုံတွဲတွေမှန်း ဘယ်သူက မသိဘဲနေမှာလဲ ? ချီချန်းရန် ၎င်းတို့စကားဝိုင်းထဲရောက်ရှိလာဖြစ်၍ လုလီ၏လေးနက်သောချစ်ခြင်းမေတ္တာစကားများသည် ယခုမူ ဟာသတစ်ခုအဖြစ်သာသက် ရောက်သွားလိမ့်မည်။
သို့ဖြစ်ရာ ချီရှင်းဘက်က အရင်ဆုံးတိုင်ကြားသည်မှာ အ ကောင်းဆုံးဖြစ်ပေလိမ့်မည်။
သူမ စကားအပြီးတွင် လုလီ လိပ်ပြာတစ်ကောင်ကဲ့သို့ ပျံဝဲလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"လောင်ကုန်း~"
"ဘာဖြစ်တာလဲ ?" ချီချန်းရန် ထပ်မေးလိုက်သည်။
ထိုမေးခွန်းသည် သူမအတွက်ဖြစ်ကြောင်း ချီရှင်း မှားယွင်းစွာနားလည်ခဲ့သည်။
နောက်ဆုံး သူ့ စကားကို မည်သူမှ နားထောင်နေပုံမပေါ်မှန်း သဘောပေါက်သွားသည်။
ချီရှင်း ခေါင်းမော့ကြည့်လိုက်ရာ ချီချန်းရန်၏နံဘေးတွင် ပျံဝဲရောက်ရှိကာကပ်တွယ်နေပြီး သူ့ လက်မောင်းကိုလက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသော လုလီကိုတွေ့လိုက်ရသည်။
လုလီ နှုတ်ခမ်းကိုစူလိုက်ပြီး ဒေါသထွက်နေသော အသံဖြင့် ပြောလိုက်သည်။
"ချီရှင်း ကလေးဘဝတုန်းက ရှင်နဲ့အတူတူပန်းပင်တွေရေ လောင်းဖူးတယ်ဆို၊ ဟုတ်လား?”
ချီရှင်း ချက်ချင်းအေးခဲသွားသည်။
ချီချန်းရန် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ချီရှင်းကို ကြည့်ကာ "ငါတို့ အဲ့လိုလုပ်ခဲ့လို့လား?”
လုလီသည် ချီချန်းရန်၏လက်များကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပြီး သူ့အဖြေကိုကြားသောအခါ ဂုဏ်ယူစွာပြုံးလိုက်သည်။
သူနှင့် ချီချန်းရန် အတူတူရေလောင်းကြသည်ဟု သူ အခုလေးတင် ပြောလိုက်သည်မဟုတ်ပါလား ?
ရေပုံးအားကိုင်ထားသော ချီရှင်း၏လက်သည် ရုတ်တရက် ပူလာသလိုခံစားလိုက်ရပြီး ပူးကပ်နေသောလူနှစ်ယောက်ကို ကြည့်ပြီး တုန်လှုပ်ခြောက်ခြားသွားသည်။
လုလီ ဘယ်လိုဖြစ်သွားတာလဲ? ချီကောကရော ဒီလိုပူးကပ်ပြီး တိုင်တန်းနေတာကို ဘာလို့လက်ခံနေတာလဲ?
ဒီလင်မယားအတုက ဘာကြောင့် ရုတ်တရက် ဒီလိုဖြစ်သွားရတာလဲ?
ချီရှင်း၏မျက်နှာသည် နီမြန်းလာပြီး နောက်ဆုံးတွင် လုလီကိုကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ ထို့နောက် ရေပုံးကိုချပြီး ခေါင်းကိုလှည့်ကာထွက်ပြေးသွားခဲ့သည်။
လုလီသည် ချီချန်းရန်၏လက်မောင်းကိုချိတ်ဆွဲထားရင်း ဒေါသထွက်ကာ ထွက်ပြေးသွားသော ချီရှင်း၏နောက်ကျောကိုကျေကျေနပ်နပ်ကြီးကြည့်နေလိုက်သည်။
ချီချန်းရန် ခေါင်းငုံ့လာပြီး ကျေနပ်နေသည့်မျက်နှာပေးနှင့်လုလီကို တစ်ချက်ကြည့်လိုက်သည်။
သူမနှင့်ချီရှင်းအကြား မည်သို့သောပဋိပက္ခမျိုးဖြစ်ခဲ့သည်ကို သူ မသိသော်လည်း သူမသည် အောင်နိုင်သူဖြစ်သွားပုံရသည်။
လုလီသည် ချီချန်းရန် စိုက်ကြည့်နေ သည်ကိုသတိပြုမိသော ကြောင့် သူမခေါင်းကို မြှောက်လာကာ ပါးပြင်များကိုပွတ်ရင်း ဒေါသထွက်နေသောပုံစံဖြင့်- "လောင်ကုန်း!"
ချီချန်းရန်သည် သူမ ဘာကြောင့် အသံကျယ်နေမှန်းမသိဘဲ အံ့ဩနေသောအကြည့်ကို ပေးလိုက်သည်။
လုလီသည် တိုင်းပြည်ကိုပျက်စီးစေနိုင်သော မျက်နှာနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုအဖြစ်အပျက်သည် လုံဝအခွင့်အရေးမဟုတ်ကြောင်း ခံစားခဲ့ရသည်။ သူမသည် ချီရှင်း၏အကြံကို စောစောက မသိခဲ့သဖြင့် ကြာပန်းဖြူအား တရားဝင်ဇနီးနှင့် ယှဉ်တွဲရဲသည်အထိ ရဲရင့်စေခဲ့သည်။ နောက်ဆုံး ချီရှင်းရရှိခဲ့သည်မှာ အရှက်ကွဲခြင်းပင်။
'ကောင်းတယ်...ဒါမှ ဒီခွေးမ သတိကပ်ပြီး သူရဲ့မရိုးသားတဲ့ အတွေးကို ရပ်တန့်မှာ....'
လုလီ မေးလာသည်။
"ရှင့်ရဲ့ အပေါစားပြောင်မေ့က ရှင့်အပေါ် ဘယ်လိုတွေးနေလဲ ရှင် သိရဲ့လား ?!"
ချီချန်းရန်ခေါင်းထဲတွင် ချီရှင်းနှင့်ပတ်သတ်ပြီးမည်သည့် အမှတ်တရမှ ရှိမနေပေ။ချီမိသားစုရှိသွေးချင်းများပင် သူ့ကို ဂရုမစိုက်ကြလေရာ ကွာရှင်းပြတ်စဲတဲ့အမေနဲ့အတူလာရောက်နေထိုင်တဲ့ ဝမ်းကွဲဆို ပြောစရာပင်မလိုတော့ချေ။ သူလည်း မိသားစုတွေ့ဆုံပွဲ အနည်းငယ်တွင် ချီရှင်းကိုဂရုမစိုက်မိပေ။
"မင်းရော သူ့ကို ဘယ်လိုထင်လို့လဲ ?" ချီချန်းရန် ပြန်မေးလာသည်။
ထိုစကားကို ကြားသောအခါ လုလီ ပိုလို့ပင်ဒေါသထွက်သွားပြီး "ဘယ်လို ထင်ရမှာလဲ? သေချာပေါက် ရှင့်အကြောင်းတွေးနေတာပေါ့၊ သူက ရှင့်ရဲ့ အချိုးအစားလှပခန္ဓာကိုယ်ကို လိုချင်တပ်မက်နေတယ်လေ၊ သူ ရှင့် လက်ကိုဆုပ်ကိုင်ချင်တယ်၊ ရှင့်ကိုပွေ့ဖက်ချင်နေတယ်၊ နမ်းချင်နေတယ်၊ ရှင်နဲ့ အတူရှိချင်နေတာ!"
ချီချန်းရန်: “…”
သူ တစ်ထစ်ချယုံကြည်ထားသော လုလီကိုကြည့်ပြီးခေါင်းကိုက်လာသည်။
သူ တုံ့ပြန်လိုက်သည်။
“ကိုယ် နောက်ဆိုဂရုစိုက်ပါ့မယ်”
မည်သို့ပင် ဆိုစေကာမှု ချီရှင်းကို သူ အစကတည်းကလျစ် လျူရှုထားခြင်းပင်။
လုလီ ခေါင်းညိတ်ကာ ကျေနပ်ကြောင်းထုတ်ဖော်လိုက်သည်။
ချီချန်းရန် လုလီအား အိမ်ထဲပြန်ခေါ်သွားလိုက်သည်။