← Chapters

Coveting My Husband's Good Looks (2)

Vol. 2 Ch. 20

Coveting My Husband's Good Looks (2)

Vol. 2 Ch. 20

၎င်းတို့ အိမ်ထဲပြန်ဝင်လာချိန်တွင် စားသောက်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အစားအသောက်များကို အလျှံအပယ်ပြင်ဆင်ထားသည်။ ချီရှင်းသည် ရုတ်တရက် နေမကောင်း၍ အိမ်ပြန်သွားသည်ဟုဆိုကာ ပျောက်ကွယ်သွားခဲ့သည်။

လုလီနှင့်ချီချန်းရန်တို့ အတူတူထိုင်လိုက်ကြသည်။ လုလီသည် ချီချန်းရန်၏ပန်းကန်ထဲကို မကြာခဏ ဟင်းတွေထည့်ပေးနေပြီး ၎င်းတို့သည် အိမ်ထောင်သက်သုံးနှစ်ရှိပုံမပေါ်ပဲ ဟန်းနီးမွန်းထွက်လာသော ကြင်စဦးဇနီးမောင်နှံများလိုဖြစ်နေသည်။

တစ်စုံတစ်ခု မူမမှန်မှန်း အားလုံးသတိပြုမိသော်လည်း မည်သူမှမပြောရဲကြပေ။

သူတို့ ဘာပြောရမှာလဲ ? ဆက်ဆံရေးကောင်းနေတဲ့စုံတွဲကို ပုံမှန်မဟုတ်ဘူးလို့ ပြောရမှာလား?

အဘွားချီသည် သူ့မြေးနှင့်မြေးမလေးကို စိုက်ကြည့်နေသည်။

ထမင်းစားပြီး သိပ်မကြာခင်မှာပဲ မိသားစုတွေ့ဆုံပွဲပြီးဆုံးသွားသည်။

အခြားဆွေမျိုးများကျန်ရစ်ခဲ့ပြီး ချီချန်းရန်နှင့်လုလီသာကျန် ရစ်ခဲ့သည်။

အဘွားချီသည် ချီချန်းရန်အား စကားပြောရန် စာကြည့်ခန်းသို့ ခေါ်ဆောင်သွားသည်။ လုလီလည်း ခင်ပွန်းဖြစ်သူကို အဖွားဆီမှပြန်မလုချင်သောကြောင့် သူ့ဘာသာ ကစားနေလိုက်သည်။

အဖွားချီသည် မကြာသေးမီက Maozi ဟုခေါ်သော ရွှေအိုရောင်ခွေးပေါက်လေးတစ်ကောင်ကို မွေးမြူခဲ့သည်။ ထိုခွေးလေးသည် တစ်နှစ်ခွဲသာရှိသေးပြီး လုလီ အစာစားပြီးနောက် ခွေးနှင့် ဆော့ကစားရန် မအောင့်နိုင်တော့ပေ။

စာကြည့်ခန်းထဲတွင် ချီချန်းရန်သည် ရှန့်ကျင်၏လတ်တလောအခြေအနေနှင့် လာမည့်အပတ်တွင် သူတက်ရောက်မည့် IM ထိပ်သီးအစည်းအဝေးအကြောင်း သူ့အဖွားထံ အစီရင်ခံခဲ့သည်။

အဘွားချီသည် ထိုအကြောင်းအရာများကို စိတ်မဝင်စားသလိုပင်။ သူမ၏ စာကြည့်ခန်းပြတင်းပေါက်သည် အောက်ထပ် ဥယျာဉ်ကိုမျက်နှာမူထားသည်။ သူမသည် ဘီးတပ်ကုလား ထိုင်ပေါ်ထိုင်ရင်း အောက်ဘက်ကို ငေးကြည့်နေမိသည်။

ဥယျာဉ်ထဲတွင် လုလီသည် ပန်းပင်များကိုလောင်းသည့် ရေပိုက်ကိုယူပြီး အိမ်အကူများနှင့်အတူခွေးကို ရေချိုးပေးနေသည်။

"လုလီမှာ ဘာပြဿနာရှိနေလဲ ?”

အဘွားချီ ရုတ်တရက်ပြောလာသည်။

ချီချန်းရန် ခဏတာ အံ့အားသင့်သွားသည်။

ထို့နောက် အဘွားချီ သူ့မြေးဘက်သို့ မျက်နှာလွှဲလာသည်။

ချီချန်းရန်သည် လုလီ၏မူမမှန်သောအပြုအမူကို အဘွားဖြစ်သူ သတိပြုမိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့်ထပ်ပြီး လျှိုဝှက်မထားတော့ဘဲ လုလီ၏အခြေအနေကိုပြောပြလိုက်သည်။

ချီချန်းရန် ရှင်းပြလာသည်ကို ကြားတော့ အဘွားချီ၏အမူ အရာမှာ အံ့အားသင့်သွားပုံရသည်။

"မင်း ဘာဆက်လုပ်မှာလဲ?” သူ ချီချန်းရန်ကိုမေးလိုက်သည်။

ချီချန်းရန်သည် ဥယျာဉ်ထဲတွင် ခွေးကိုရေချိုးရင်း အလုပ်ရှုပ်နေသော လုလီအားကြည့်လိုက်ပြီး

"သူ ပြန်ကောင်းလာမလားလို့ ကျွန်တော်ခဏစောင့်ကြည့်ဦးမယ်”

အဘွားချီ - "တကယ်လို့ လုံးဝ ပြန်မကောင်းလာတော့ဘူးဆိုရင် မင်း ဘယ်လိုလုပ်မလဲ?”

ထိုမေးခွန်းကြောင့် ချီချန်ယန် ငြိမ်သက်သွားပြီး အတွေးနက်နဲသွားသည်။

တိတ်ဆိတ်နေသော မြေးဖြစ်သူကို မြင်သောအခါ အဘွားချီ သည် ခေါင်းအနည်းငယ်ခါယမ်းကာ မည်သည့်မေးခွန်းမှ ဆက်မမေးလာတော့ချေ။

လုလီနှင့်ချီချန်းရန်တို့သည် ညစာစားပြီးနောက် မပြန်ခင်အထိ အဖွားချီနှင့်အတူရှိနေပေးခဲ့သည်။

လုလီသည် ချီချန်းရန်၏လက်ကို ချိတ်ဆွဲလျက် မထွက်ခွာမီ အဖွားချီအား ဝှေ့ယမ်းကာ နှုတ်ဆက်ပြီးနောက် Maozi လေးကိုလက်ဝှေ့ယမ်းဖို့လည်း မမေ့ခဲ့ပေ။

သူ နေ့ခင်းက ဒီပါပီလေးနဲ့ အရမ်းဆော့လိုက်မိတာပဲ....

ကားထဲတွင် လုလီသည် ခေါင်းကိုစောင်းကာ ချီချန်းရန်၏ပုခုံးပေါ်သို့ ချွဲနွဲ့စွာမှီလိုက်ပြီး

"လောင်ကုန်း ကျွန်မတို့လည်း ခွေးမွေးကြမလား ?”

ချီချန်းရန်သည် သူ့ပုခုံးပေါ် လုလီခေါင်းထိကပ်လာသည်ကို ခံစားမိလိုက်ပြီး 'တကယ်လို့ လုံးဝပြန်မကောင်းလာရင်ရော' ဟူသော အဖွားဖြစ်သူ၏စကားကို ကြားယောင်လာပြီး လုလီ ပြောလာသည်များကိုမကြားတော့ပေ။

လုလီမေးနေသော်လည်း ချီချန်းရန်သည် တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးနေသကဲ့သို့ အဖြေမပြန်လာပေ။

"လောင်ကုန်း?"

သူမ တတွတ်တွတ်ပြောပြီး နောက်ဆုံးမနေနိုင်တော့ဘဲ သူ့လက်ကို လှုပ်ယမ်းလိုက်သည်။

"ဟင် ?" ချီချန်းရန် သတိပြန်ကပ်သွားသည်။

လုလီ သူမနှုတ်ခမ်းပါးလေးကိုထော်လိုက်ပြီး "ရှင် ဘာတွေတွေးနေတာလဲ?"

ချီချန်းရန်သည် သူမအား မည်သို့ရှင်းပြရမည်ကို မသိသော ကြောင့် "ဘာမှမဟုတ်ပါဘူး" ဟု ပြတ်ပြတ်သားသားပြောလိုက်သည်။

ဤမျှ အကြိမ်ပေါင်းများစွာအော်ခေါ်တာတောင် သူမအား လျစ်လျူရှုခဲ့ပြီး 'ဘာမှမဟုတ်ပါဘူး' ဟူသော စကားတစ်ခွန်းသာပြောလာသည်။

လုလီသည် ဤအကျင့်ဆိုးကိုအမုန်းဆုံးဖြစ်သည်။

သူ စိတ်တိုသွားပြီး ချီချန်းရန်၏ဘေးတွင် မထိုင်တော့ဘဲ ကားတံခါးနှင့်နီးသောနေရာသို့ ရွေ့သွားပြီး ကားပြတင်းအပြင်ဘက်ကိုသာကြည့်နေလိုက်သည်။

လူနှစ်ယောက်ကြားအကွာအဝေးသည် အခြားလူနှစ်ယောက် အံဝင်ခွင်ကျဖြစ်လောက်အောင် ကျယ်သွားသည်။

ခင်ပွန်းဖြစ်သူ၏ချော့မြူခြင်းကို လုလီမျှော်လင့်နေခဲ့သည်။

ချီချန်းရန် စိတ်ထဲတွင်တော့ ဤသည်မှာနေရာမှန်ဖြစ်ကြောင်း တွေးနေမိသည်။ ယခင်က သူနှင့်လုလီသည် ကားကို ယခုလိုသာ စီးခဲ့ကြသည် မဟုတ်ပါလား ?

တိုက်ခန်းတွင်…

လုလီသည် သူမအား ချော့မြူလာလေမလားဟု တစ်လမ်းလုံးစောင့်ဆိုင်းနေပြီးမှ မည်သည့်တုံပြန်မှုမှမရသဖြင့် ပြန်ရောက်ချိန်တွင် ကားပေါ်မှဆင်းကာ ချီချန်းရန်၏လက်ကိုပင်မကိုင်ထားတော့ပေ။

လုလီ အရှေ့ကဦးစွာလျှောက်သွားလိုက်ပြီး တစ်စုံတစ်ယောက်မှ သူမလက်အား ကိုင်ပေးလာလိမ့်မည်ဟုမျှော်လင့်ကာ ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ပြီး ဓာတ်လှေကားပေါ်ရောက်သော အခါ ရပ်တန့်လိုက်သည်။

စိတ်မကောင်းစွာပင် ချီချန်းရန်သည် ဓာတ်လှေကားနားရောက်သည်အထိ သူ့ အနောက်ကလိုက်လာခဲ့သည်။

၆၂ ထပ်။

ချီချန်းရန် ပြန်ရောက်သည်နှင့် သူ့အခန်းဆီသို့ တန်းတန်းမတ် မတ်ဝင်သွားသည်။ လုလီ ရေမိုးချိုးပြီးနောက် သူမ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် လက်နှစ်ဖက်ဖြင့်ခေါင်းအုံးကို ထုရိုက်ကာ နံရံကိုစိုက်ကြည့်နေသည်။

ဒီခေတ်ကြီးတွင် သူနှင့်ချီချန်းရန် အခန်းခွဲအိပ်နေရသည်။ ဤသည်မှာ ချီချန်းရန်သည် ညဘက်တွင် အလုပ်လုပ်ရသဖြင့်သူမအား အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

မူလက သူမအား မည်မျှဂရုစိုက်ကြောင်းအကြောင်းပြချက်တစ်ခုဖြစ်သော်လည်း မကြာခဏ အသုံးပြုပြီးနောက်တွင် ကျိုးကြောင်းဆီလျော်မှုနည်းပါးလာသည်။

လုလီသည် ကားထဲတွင် ချီချန်းရန်၏ ပြီးပြည့်စုံသောအဖြေကို တွေးနေမိသည်။ သူမ လမ်းတစ်လျှောက်လုံးအေးစက်လာခဲ့ပြီး မကူညီနိုင်ဘဲ ခေါင်းအုံးကို ထပ်ခါထပ်ခါရိုက်နှက်ရင်း မျက်လုံးများစိုစွတ်လာသည်။

သူ ချီရှင်း၏မိုက်မဲမှုအကြောင်းကို မပြောပြလိုက်သင့်ဟုထင်မိသည်။

ပင်လယ်ကြီးလိုနက်နဲတဲ့ အချစ်မျိုး...

F*ck...တော်တော် နက်နေဦးမယ်!

All Chapters