Coveting My Husband's Good Looks (3)
Vol. 2 Ch. 21
လုလီ ကုတင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လူးလိမ့်နေသော် လည်း အိပ်မပျော်ပေ။ ထိုအကြောင်းကို ပိုတွေးလေ ပိုဝမ်း နည်းလာလေပင်။ ထို့နောက် သူ မျက်လုံးများဖွင့်ကာ မီးဖွင့်လိုက်ပြီးအိပ်ယာမှထထိုင်လိုက်သည်။
“သူ ဘာလို့ အခုလိုဖြစ်နေတာလဲ?”
သူ မနေနိုင်တော့ဘဲ ချီချန်းရန်အခန်းနှင့် ချိတ်ဆက်ထားသောတံခါးကိုပြေးဖွင့်လိုက်သည်။ သို့သော် တဖက်မှ တံခါးကိုလော့ချထားသဖြင့် ဖွင့်မရဖြစ်နေသည်။
တံခါး၏ဒီဇိုင်းမှာ အလွန်စိတ်ဝင်စားစရာကောင်းသည်။ ချီချန်ယန်ဘက်ခြမ်းမှ တံခါးလော့ချထားလျှင် လုလီဖွင့်နိုင်မည်မဟုတ်သလို လုလီဘက်ခြမ်းမှ လော့ချထားလျှင်လည်း ချီချန်းရန် ၎င်းကို ဖွင့်နိုင်မည်မဟုတ်ပေ။
လုလီသည် တံခါးကို နှစ်ကြိမ်တိုင်တိုင်ဆွဲကြည့်သော်လည်း မပွင့်သဖြင့် အခြားတံခါးဆီသို့လှည့်သွားသည်။
ပင်မတံခါးပိတ်ထားသော်လည်း ရေချိုးခန်းနှင့်အဝတ်လဲခန်းသည် တစ်ဆက်တည်းဖြစ်သည်။
ရေချိုးခန်းနှင့်အဝတ်လဲခန်းကြားတံခါးမှာ အမှန်ပင်ပွင့်နေခဲ့သည်ကိုတွေ့ရှိရပြီး လုလီသည် ထိုလမ်းကြောင်းမှတဆင့် ချီချန်းရန်၏အခန်းထဲသို့ ဝင်ရောက်လာသည်။
ချီချန်းရန် မီးတွေပိတ်ပြီး အိပ်မပျော်ခင် မိနစ်ပိုင်းအလိုတွင် ခြေသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
သူ ထထိုင်လိုက်ပြီး ကုတင်ဘေးရှိ မီးအိမ်ကိုဖွင့်လိုက်သည်။
အဖြူရောင် ညအိပ်ဝတ်စုံ ခပ်ပွပွဝတ်ဆင်ထားပြီး ခေါင်းအုံးတစ်လုံးကိုပိုက်လျက် ကုတင်ဘေးတွင်ရပ်ကာ ဝမ်းနည်းစွာကြည့်နေသော လုလီကို သူ မြင်လိုက်ရသည်။
ချီချန်ယန်၏ မျက်ခွံများလှုပ်ယမ်းသွားသည်။
လုလီသည် အိပ်ယာပေါ်ရှိအမျိုးသားကို "လောင်ကုန်း" ဟု ခေါ်လိုက်သည်။
ချီချန်းရန်ဘက်မှ မည်သည်တုံ့ပြန်မှုမှ မလာခင် လုလီသည် သူမလက်ထဲမှ ခေါင်းအုံးကို လွှင့်ပစ်ကာ “လောင်ကုန်း”ဟု ခေါ်ပြီး သူ့ဆီသို့ပြေးဝင်လာခဲ့သည်။
သူမ ချီချန်းရန်၏လက်မောင်းပေါ်သို့ လှဲချလိုက်သည်။
ထို့နောက် သူ ချီချန်းရန်ကို ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်သည်။
"လောင်ကုန်း ကျွန်မ ရှင့်ကို စိတ်ဆိုးနေတယ်၊ ကျွန်မကို မြန်မြန်ပြန်ချော့ပေး”
လုလီ : "ကားထဲမှာ ကျွန်မပြောတာကို ဘာလို့ နားမထောင်တာလဲ ? ကားပေါ်ကဆင်းတော့လဲ ကျွန်မ လက်ကို ဘာလို့မကိုင်တာလဲ ? ဘာလို့ ကျွန်မကို မြန်မြန်လေးမပွေ့ဖက်ပေးရတာလဲ?”
"ကျွန်မ ရှင့်ကို မေးနေပေမယ့် ရှင်က “ဘာမှမဟုတ်ဘူး” လို့ပဲ ဝတ်ကျေတမ်းကျေပြန်ဖြေတယ်”
ချီချန်းရန်သည် သူ့ရင်ခွင်ထဲတွင် သိမ်မွေ့နူးညံသောအထိအ တွေ့ကို ခံစားနေရသည်။
သူ လုလီ ပြောသမျှကိုနားထောင်နေခဲ့သည်။
ဒါဆို သူ တစ်လမ်းလုံးငြိမ်လာတာ စိတ်ဆိုးနေလို့လား ?
ထိုသို့သော လျစ်လျူရှုမှုသည် သူ့အတွက်သာမာန်ဖြစ်သော ကြောင့် လုလီ စိတ်ဆိုးသွားသည်ကို သူ သတိမထားမိခဲ့ပေ။
ချီချန်းရန် သက်ပြင်းချလိုက်သည်။ မူလက တစ်ခုခုကိုပြောချင်သော်လည်း သူ့နှုတ်ဖျားသို့ရောက်သောအခါ စကားလုံးထောင်ပေါင်းများစွာသည် တစ်ခုတည်းသောစာကြောင်းအဖြစ် ပြောင်းလဲသွားသည်- "ကိုယ် တောင်းပန်ပါတယ်"
လုလီသည် ချီချန်းရန်၏တောင်းပန်စကားကိုကြားပြီးနောက် ကျေနပ်စွာရယ်မောလိုက်သည်။
သူမ သူ့ အနားကိုတိုးကပ်လာပြန်သည်။
ချီချန်းရန်တွင် ရှုပ်ထွေးသောအတွေးများ ရှိနေသည်။
သူပြန်လာကတည်းကလမ်းတစ်လျှောက်လုံး လုလီအကြောင်း တွေးနေခဲ့ခြင်းဖြစ်သည်။
‘သူ ဒီတိုင်းဆက်ဖြစ်နေရင် ငါ ဘာလုပ်ရမလဲ?’
သူမသည် သူ့အား ယာယီအားကိုးရာအဖြစ် သူမ၏မှတ်ဉာဏ်အတိုင်း ဟန်ချက်ညီအောင်ပြုမူပေးနိုင်သော်လည်း တစ်သက်လုံး ဒီအတိုင်းဖြစ်သွားရင် သူ ဘယ်လိုလုပ်မလဲ?
သူ့စိတ်ထဲတွင် ရုတ်တရက်လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အဖြေကိုမရှာတွေ့နိုင်ခဲ့ပေ။
ကွာရှင်းစာချုပ်မူကြမ်းသည် သူ့စားပွဲအံဆွဲထဲရှိနေသေးသည်။
သို့သော် ယခုလို ညအိပ်ချိန်ကြီး သူ၏အခန်းထဲသို့မကျေမနပ်ဖြင့် ဝင်ရောက်လာပြီး သူ့တုံ့ပြန်မှုကြောင့် ချက်ချင်းပြန်ပျော်လာသည့် လုလီကိုကြည့်ရင် ချီချန်းရန် သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့ဖြစ်ရာ သူ့စိတ်ကို အလွန်အမင်းမတင်းကြပ်ဘဲ သဘာဝအတိုင်းလွှတ်ပေးကာ အဆုံးတွင်အရာရာပြေလည်သွားလိမ့် မည်ဟုသာတွေးလိုက်သည်။
သူသည် အချက်အလက်များကိုစစ်ဆေးကြည့်ရာ လုလီ၏မှတ်ဥာဏ်ချို့ယွင်းမှု ပြန်လည်ကောင်းမွန် လာနိုင်ချေမြင့်မားကြောင်းတွေ့ရှိခဲ့သည်။
ချီချန်းရန် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး လုလီ၏ခေါင်းနောက်ကို ပွတ်သပ်ပေးလိုက်သည်။
လုလီသည် ချီချန်းရန်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ခွေးပေါက်လေးကဲ့ကို နှာခေါင်းကိုပွတ်သတ်ကာ သူ့ကိုယ်သင်းရနံ့အားလောဘတကြီးရှုရှိုက်နေလေသည်။
ရေချိုးပြီးသားဖြစ်၍ သူ့ခန္ဓာကိုယ်ပေါ်မှာ ရေချိုးဆပ်ပြာအနံ ခပ်သင်းသင်းကို ရနေသည်။
ယခု သူမ ဤနေရာတွင်ပြန်လည်သင့်မြတ်နေပြီဖြစ်သော ကြောင့် သူမအခန်းသို့ ပြန်သွားရန်အစီအစဉ်မရှိတော့ပေ။
ယခင်က သူ ညဘက်တွင် လုလီအနှောင့်အယှက်ဖြစ်မည် စိုးရိမ်သည့်အတွက် ညအလုပ်မရှိပါက မနှောင့်ယှက်ဘူးဟု ပြောခဲ့ဖူးသည်။
အခြားသူများထပ်ပိုပြီး ချစ်ခင်နွေးထွေးသော စုံတွဲတစ်တွဲ သည် ညတိုင်းအခန်းခွဲအိပ်ကြသည်မှာ မသင့်တော်ဟု လုလီခံစားရသည်။
သူတို့ချစ်ခြင်းမေတ္တာဖြင့် သမုဒ္ဒရာထက်တောင် နက်ရှိုင်းတြ့ဟာကို သူ့လောင်ကုန်းက သူ အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ ပဲ ခွဲအိပ်စရာလိုလို့လား?
ခင်ပွန်းဖြစ်သူ ညတိုင်းညဉ့်နက်သည်အထိ အလုပ်လုပ်နေရသည်ကို သူ့ ဘက်ကလည်း နားလည်စွာဖြင့် စိတ်ရှည်ရှည်စောင့်ဆိုင်းပြီး ချစ်ခြင်းမေတ္တာနှင့်ပံ့ပိုးပေးသင့်သည်မဟုတ်ပါလား?
'အခန်းခွဲအိပ်ရတဲ့ အကြောင်းရင်းက ဘာလဲ?'
ဤသည်မှာ ခင်ပွန်းဖြစ်သူမှ သူ့ အပေါ် စိုးရိမ်ကာ စဉ်းစားပေးသောသဘောထားကို ဖော်ပြနေခြင်းပင်။
သို့သော် အလားတူ စဉ်းစားတတ်သောဇနီးတစ်ဖြစ်လဲ သူမအနေနှင့် သူ့စကားကိုတစ်သွေတစ်တိမ်း နားမထောင်နိုင်ပေ။
လုလီသည် ချီချန်းရန်ကိုယ်ပေါ်မှဆင်းလာပြီး အိပ်ရာ၏တစ် ဖက်ခြင်းကို လှိမ့်ဝင်ကာနေရာယူလိုက်သည်။
သူမသည် အနာဂတ်တွင် ခင်ပွန်းဖြစ်သူနှင့် ဤနေရာ၌ပင် အတူတကွအိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။
သူမ ခန္ဓာကိုယ်တစ်ခုလုံးကိုစောင်ဖြင့် ဖုံးအုပ်လိုက်ပြီး ချီချန်းရန်ဘက်သို့ကြည့်လာသောအခါ သူ့မျက်လုံးများသည် အလွန်ငြိမ်သက်လို့နေသည်။
ချီချန်းရန်သည် လုလီ မျက်လုံးများနှင့်အကြည့်ချင်းဆုံပြီး အဖြစ်အပျက်များကိုနားလည်ပြီးနောက် သူ့မျက်လုံးများလုံးဝပြောင်းလဲသွားသည်။
လက်ရှိတွင် သူ လုလီကို အခန်းပြန်အိပ်ဖို့ နားချရန် မလွယ်ကူကြောင်း သူ သိသည်။
ထိုကြောင့် ချီချန်ယန်လည်း အိပ်ရာထဲဝင်လိုက်ပြီး မီးများကို ပိတ်လိုက်သည်။
၂.၂ မီတာ ရှည်လျားသော ကုတင်ကြီး၏ တစ်ဖက်တစ်ချက်စီတွင် လူနှစ်ယောက် ကွဲပြားစွာလှဲလျောင်းနေကြသည်။
လုလီသည် စောင်ပုံထဲတွင် မျက်လုံးများကိုဖွင့်ကာ သူ့၏အ ပေါ်ဘက်မှ မှောင်မည်းနေသောမျက်နှာကြက်ကို စိုက်ကြည့်နေလိုက်သည်။
ချီချန်းရန်၏တည်ငြိမ်သော အသက်ရှုသံကို သူမအတိုင်းသားကြားနေရသည်။
လုလီသည် ဤကုတင်ပေါ်ရှိအတိတ်ကအမှတ်တရများကို ပြန်သတိရသွားပြီး မျက်နှာတစ်ခုလုံးနီရဲသွားခဲ့သည်။
သူတို့သည် တစ်အိပ်ရာထဲအိပ်နေသော လူငယ်စုံတွဲဖြစ်ပြီး နေ့ခင်းဘက်တွင်လည်း အလုပ်များခဲ့ခြင်းမရှိသဖြင့် ယခုချိန်တွင် ဤမျှရိုးစင်းမနေသင့်တော့ပေ။
သူ့ ခေါင်းပေါ်မှဒဏ်ရာသည် နာကျင်မှုမရှိတော့ဘဲ ယားယံနေသည်။ ယားယံခြင်းသည် အနာကျက်ကြောင်းပြသနေခြင်းပင်။
သို့ဖြစ်ရာ ဒဏ်ရာမှာ သူ့အတွက် အတားအဆီးတစ်ခုမဟုတ်နိုင်ပေ။
လုလီသည် သူ့ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီမှောင်မည်း နေသော အခန်းထဲ ချီချန်းရန်၏ပုံရိပ်ကို စိတ်ကူးထဲပုံဖော်နေ သည်။
သူမ ခင်ပွန်းဖြစ်သူနှင့် အရာရာကို ဖွင့်ဟပြောလိုစိတ်ပြင်းပြနေသည်။
သူ့ နှုတ်ခမ်းများကိုစုကာ ပြုံးလိုက်ရင်း ချီချန်ယန်ထံလှိမ့်ဝင်သွားသည်။
ချီချန်းရန် ချက်ချင်းမျက်လုံးဖွင့်လာသည်။
လုလီသည် သူ့အား ကိုအားလာဝက်ဝံတစ်ကောင်ကဲ့သို့ လက်နှစ်ဖက်ဖြင့်ဖတ်ထားလိုက်သည်။
ထို့နောက် သူမ ခေါင်းသည် သူ့ရင်ခွင်ထဲတိုးဝင်လိုက်ပြီး
“လောင်ကုန်း...ကျွန်မတို့ စကြတော့မလား ?”