← Chapters

Moments (1)

Vol. 2 Ch. 22

Moments (1)

Vol. 2 Ch. 22

ချီချန်ယန် တောင့်တင်းသွားသည်။

လုလီ မတော်တဆဖြစ်ပြီးနောက် ဤအဆင့်သည် ဒုက္ခအပေးဆုံးဖြစ်လာမည်မှာသေချာပေါက်ပင်။

အိပ်ခန်းမီးများပိတ်ထားပြီး ညအ‌မှောင်သည် သိပ်သည်းစွာဖုံးလွှမ်းနေသည်။

ချီချန်းရန် မျက်လုံးဖွင့်ထားသော်လည်း မည်သည့်စကားမှပြောလာပေ။

သူ့အပေါ်တွင် လှုပ်ရှားနေသော လုလီ၏အထိအတွေ့များကို ခံစားမိကာ လှုပ်ရှားမှုများသည် သူ့အားနိုးကြားစေခြင်းမရှိကြောင်းသိရှိစေရန် အိပ်ပျော်ချင်ဟန်ဆောင်လိုက်သည်။

လုလီသည် ချီချန်းရန်ထံမှ မည်သည့်တုံ့ပြန်မှုမှမရှိသည်ကို သတိထားမိသည်။

ထို့ကြောင့် သူမ ထပ်မံချဉ်းကပ်ခဲ့သော်လည်း မည်သည့်တုံ့ပြန် မှုမှထပ်မရှိလာပေ။

သူ အိပ်ပျော်နေကြောင်းလုလီ ယုံသွားလောက်ပြီဟုတွေးကာ သူ့ကိုယ်‌ပေါ်မှဆင်းသွားမည်ကို စိတ်ရှည်စွာစောင့်နေခဲ့သည်။

ခဏအကြာတွင် သူ့ကိုယ်ပေါ်ရှိ အမျိုးသမီးသည် ငြိမ်သက်သွားသည်။

သူစိတ်သက်သာရာသွားစဉ် ရင်ဘတ်မှ ရုတ်တရက်အပူရှိန်တက်လာသည်။

လုလီသည် ချီချန်းရန်၏ ညဝတ်အင်္ကျီကြယ်သီးကိုဖြုတ်နေပြီး သူ့ဝမ်းဗိုက်ကြွက်သားများကိုညင်သာစွာနမ်းနေခဲ့သည်။

ယခုအတိုင်းဆိုရင် ချီချန်းရန် အိပ်ပျော်ဖို့လုံးဝမဖြစ်နိုင်တော့ပေ။

"လုလီ"

သူမျက်လုံးဖွင့်လာပြီး အိပ်ရာဘေးရှိမီးအိမ်ကိုဖွင့်ကာ နှစ်ဦးကြားအကွာအဝေးကို အနည်းငယ်ခြားလိုက်သည်။

လုလီ: "လောင်ကုန်း၊ နိုးပြီလား ?"

ချီချန်းရန် လုလီ၏မျက်နှာပေါ်ရှိ ချိုမြိန်သောအပြုံးကို ကြည့်ကာ အသက်ကိုပြင်းပြင်းရှုရှိုက်လိုက်သည်။

"မင်း ခေါင်းကဒဏ်ရာ သက်သာသေးတာမဟုတ်ဘူး၊ ကိုယ်တခြားအခန်းမှာ သွားအိပ်မယ်" ဟု ဆိုကာ စောင်ကိုမပြီး အိပ်ရာမှ ထလိုက်သည်။

ဤသည်ကိုမြင်တော့ လုလီ ချက်ချင်းပင် သူ့ကို နောက်မှလှမ်းဆွဲလိုက်ပြီး "လောင်ကုန်း!"

ချီချန်းရန် လှည့်ကြည့်လိုက်တော့ လုလီ၏မျက်နှာလေးသည် ညှိုးနွမ်းနေပြီဖြစ်သည်။

လုလီ - "ခေါင်းက ဒဏ်ရာကဘာမှမဖြစ်ပါဘူး။ နည်းနည်းလေး ပွန်းရုံပဲ့ရုံပါ၊ နာလည်း မနာတော့ဘူး၊ ကျွန်မတို့ ကိစ္စကို ဘာအတားအဆီးမှမဖြစ်နိုင်ဘူး”

ချီချန်းရန် ကူကယ်ရာမဲ့ဖြစ်သွားပြီး သူ့အားပထမဆုံးအကြိမ် နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။

"ဒီညတော့ ဒီတိုင်းပဲ ပိုကောင်းမယ်ထင်တယ်”

လုလီ၏မျက်နှာသည် ပိုလို့ပင်ညှိုးကျလာသည်ကို သူမျက်ဝါး ထင်ထင်မြင်လိုက်ရသည်။

သူမသည် ဉာဏ်ထိုင်းသူမဟုတ်ချေ။ ဤသည်မှာ ချီချန်းရန်သည် သူ့အားရှောင်ဖယ်နေပြီး သူနှင့်နီးကပ်ရန် ဆန္ဒမရှိဟု ခံစားမိနေသည်။

ဤခံစားချက်သည် စိတ်ပျက်စရာကောင်းလှသည်။

ထို့ကြောင့် လုလီ စိတ်ပျက်လက်ပျက်ဖြင့်မေးလိုက်သည်။

“လောင်ကုန်း ကျွန်မက ရုပ်ဆိုးနေလို့လားဟင် ?”

ချီချန်ရန်သည် သူ ယခုလိုမေးလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ဟန်ရှိသည်။ အံ့အားသင့်နေသော မျက်လုံးများနှင့်အတူ လုလီ ၏နုနယ်သောမျက်နှာလေးကိုငေးကြည့်နေမိသည်။

သူမသည် သူမမိခင်၏အလှကို ခေါင်းမှခြေအဆုံး အမွေဆက် ခံထားသူဖြစ်သည်။ သူ စိတ်ညစ်နေချိန် မျက်နှာပေါ်ရှိသေးငယ်သောအမူအရာနှင့် နဖူးပေါ်ရှိပတ်တီးများပင် ချစ်စဖွယ်ဖြစ်လာစေသည်။

ချီချန်းရန် မငြင်းဆန်နိုင်တော့ပဲ

"မင်း အရမ်းလှတယ်” သူ အမှန်တိုင်းပင်ပြောလိုက်သည်။

လုလီ သူ့အား ဝေခွဲမရသောအမူအရာဖြင့် ကြည့်လာပြီး

"ကျွန်မကိုလှည့်စားဖို့ အကြောင်းပြချက်တွေ ပေးမနေပါနဲ့”

ချီချန်းရန် လုလီအားမည်သို့ရှင်းပြရမည်ကို မသိဖြစ်နေသည်။

ယခင်က နီးကပ်မှုများသည် နှစ်ယောက်လုံး၏ဆန္ဒပြင်းပြချိန်တွင်သာဖြစ်ပြီး ချစ်ခြင်းမေတ္တာမရှိသော်လည်း သဘောတူညီမှုဖြင့်သာရှေ့ဆက်ခဲ့ကြသည်။

ယခုမူ သူတည်ငြိမ်နေချိန်တွင် လုလီ၏သူ့အပေါ်သဘောထားသည် ရှုပ်ထွေးနေပြန်သည်။ ယခုအချိန်တွင် နီးကပ်မည်ဆိုလျှင် ချီချန်ရန်အနေဖြင့် အခွင့်ရေးယူလိုက်သကဲ့သို့ အပြစ်ရှိသလိုခံစားရမည်ဖြစ်သည်။

ချီချန်းရန် စကားမပြောတာကိုမြင်တော့ လုလီ အိပ်ယာပေါ်မှထလာသည်။

သူ မတ်တပ်ရပ်လိုက်ပြီး လှဲလျောင်းနေသော ချီချန်းရန်ထပ်ပိုအရပ်မြင့်သွားကာ ဦးစွာ သူမလက်ကိုဆန့်လျက် သူ့လည်ပင်းအားသိုင်းဖတ်ကာ တဖြည်းဖြည်း သူ့ပေါ်သို့တက်လာခဲ့သည်။

ချီချန်းရန် သူမအားပြန်ပွေ့ဖက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။

လုလီ ချီချန်းရန်၏မျက်လုံးများကို တည့်တည့်ကြည့်လျက်

"လောင်ကုန်း" ဟု နူးညံပျော့ပျောင်းစွာခေါ်လိုက်သည်။

ချီချန်းရန် လည်း "အင်း" အသံတိုးတိုးဖြင့် ပြန်လည်တုံပြန်လိုက်သည်။

လုလီ သူ့အား ပြောလိုက်သည်မှာ "ဒါ တကယ်ဖြစ်နိုင်ပါတယ်"

သူ့ မျက်လုံးတွေကို ငုံ့ချလိုက်ကာ သူ့နှုတ်ခမ်းပါးလေးကိုစိုက်ကြည့်လျက်စကားမပြောဘဲ မျက်လုံးမှိတ်ပြီးဖြည်းဖြည်းချင်း နမ်းလိုက်သည်။

လုလီသည် မည်သို့နမ်းရမည်ကိုမသိသော်လည်း သူမ၏နမ်းရှုံ့မှုသည် သူ့နှလုံးသားထဲငှက်မွှေးပမာနူးညံစွာထိတွေ့သွားရသည်။

ချီချန်းရန် သူမအားအိပ်ယာပေါ်ပြန်လှဲချလိုက်ပြီး သူမလက်ကိုဆွဲယူကာ သူမ ခန္ဓာကိုယ်ပေါ်သို့တက်လိုက်သည်။

သူ့အသက်ရှူသံ တဖြည်းဖြည်းမြန်လာသည်။ ချီချန်းရန် သူ့လက်ကိုဆန့်တန်းလျက် လုလီ၏နီရဲနေသော မျက်နှာကိုစိုက်ကြည့်လိုက်သည်။

ထို့နောက် သူ့လည်ချောင်းတွေလှုပ်သွားပြီး မျက်လုံးများ တ ဖြည်းဖြည်းမှောင်မိုက်လာရသည်။

သူနှင့်လုလီ ယခင်က ဒါကိုတစ်ခါမှမလုပ်ခဲ့ဖူးပါက ယခုအ ခြေအနေသည် အန္တရာယ်ရှိနိုင်သော်လည်း ၎င်းတို့ ဒါကိုအမြဲလိုလိုလုပ်ခဲ့ကြသည်။ မကြာခဏ မဟုတ်လျှင်ပင် မတော်တ ဆဖြစ်သည့်နေ့မတိုင်မီကပင် လုပ်ခဲ့ကြသေးသည်။ ထို့ကြောင့် ဤအရာကို အန္တရာယ်ဟုမယူဆသင့်တော့ပေ။

သူမ သူ့ရင်ခွင်ထဲသို့ အလိုအလျောက်ဝင်လာခဲ့သည်။ သူသည် သာမာန်လူတစ်ယောက်ဖြစ်ပြီး ဥပဒေအရလည်း သက်ဆိုင်နေ သည်ဖြစ်ရာ သဘာဝကျသည်ဟုယူဆလိုက်တော့သည်။

သူ၏အပြစ်ရှိသလိုခံစားရမှုကိုလည်း ခဏတာဘေးဖယ်ထားလိုက်ရသည်။

All Chapters