Moments (2)
Vol. 2 Ch. 23
လုလီနှင့်ချီချန်းရန် မျက်နှာခြင်းထိကပ်သွားသည်။
သူ အမျိုးသားအိုင်ဒေါ်လ်များ၏ ဗီဒီယိုကလစ်အများအပြားအားကြည့်ဖူးသလို မျက်နှာများနီရဲကာ နှလုံးခုန်သံမြန်နေသော ပရိသတ်များမှ “အား…မရတော့ဘူး လောင်ကုန်းရေ…ကျွန်မ မရပ်နိုင်တော့ဘူး…” ဟု ပြောခဲ့ဖူးသည်ကို သူ မြင်ခဲ့ဖူးသည်။ သို့သော် ယခုအခါ ထိုအိုင်ဒေါများသည် သူမရှေ့မှောက်ရှိ အမျိုးသားအား ခြေဖျားပင်မမှီဟု သူ ခံစားလာရသည်။
ပရိသတ်များ ကြိုက်နှစ်သက်သော ရေချိုးခန်းထဲမှ ဝမ်းဗိုက်ကြွက်သား Six pack ရှိသော အလှပြယောင်္ကျားများနှင့်မတူညီစွာ ချီချန်းရန်သည် ကြယ်သီးဖြုတ်ထားရုံကလွဲလို့ ညဝတ် အင်္ကျီကိုသာ ဝတ်ဆင်ထားသည်။ မျက်လွှာချထားသော သူမ မျက်လုံးများသည် သူ့ညှပ်ရိုးကိုသာမြင်နေရသည်။
သို့သော် ထိုညှပ်ရိုးသည် six pack ထပ်ပင် အနည်းငယ်ပိုစွဲမက်စရာကောင်းနေပြန်သည်။
ယောက်ျားတစ်ယောက်သည် ညှပ်ရိုးအားဖော်ပြရုံဖြင့် ဤမျှ ဆွဲဆောင်မှုရှိလိမ့်မည်ဟု သူ့အား မည်သူမှမပြောခဲ့ကြပေ။
လုလီ မျက်နှာနီရဲလာသည်။
ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်သည် ခင်ပွန်းဖြစ်သူအပေါ် လောဘကြီးပြီး မထိုက်တန်သလို ခံစားချက်မျိုးဝင်လာသည်။
လုလီ သူ၏ဖြူဖွေးနေသော လက်ချောင်းများကိုဆန့်ထုတ်လိုက်ပြီး မီးအိမ်အားပိတ်ချလိုက်သည်။
လှုပ်ရှားမှုများကြောင့် ခင်ပွန်းဖြစ်သူသည် အရှေ့ပိုင်းတွင် သူမနှင့် နီးစပ်ရန် ဆန္ဒမရှိခြင်းမဟုတ်ပဲ လုံးဝပျော်ပျော် ကြီး လိုက် လျောနေကြောင်းသက်သေပြနေခဲ့သည်။
လုလီ ပင်ပန်းခဲ့သော်လည်း ထိုအခိုက်အတန့်သည်ချိုမြိန်စေပြီး ရက်ပေါင်းများစွာအထိ သူ့အား စိတ်အခြေအနေကောင်းစေခဲ့သည်။ သူ့ Weibo တွင်လည်း ပို့စ်အတင်စိတ်လာပြီး သူ တင်သမျှ အစားအသောက်နှင့်ပန်းများမှတဆင့် သူ၏ပျော်ရွှင်နေသော စိတ်ခံစားချက်ကို ပရိသတ်များမှ သိသိသာသာခံစားမိခဲ့ကြသည်။
လုလီသည် Weibo အကောင့်တွင် ခင်ပွန်းဖြစ်သူအကြောင်း ပို့စ်တင်ရန် စဉ်းစားခဲ့ဖူးပေမယ့် ခင်ပွန်းဖြစ်သူထံ Weibo အကောင့်မရှိကြောင်း သိလိုက်ရချိန်တွင် ချီချန်းရန်၏ရှက်တတ်ပြီး သီးသန့်နေလိုသည့်သဘောကိုနားလည်သွားသည်။
ထို့ကြောင့် လုလီသည် Moments တွင် သူငယ်ချင်းအသိုင်း အဝိုင်းများသာ မြင်အောင်တင်လိုက်သည်။
ဤနည်းဖြင့် လုလီသည် လင်တော်မောင်၏ချီးမွန်းခန်းကို ထင်ရှားစွာမပြသဘဲ လျှို့ဝှက်ဖော်ပြခဲ့သည်။
မည်သည့် Caption မှ မပါပဲ ဓာတ်ပုံသီးသန့်သာဖြစ်သည်။
စားသောက်ဆိုင်ရှိ ထမင်းစားစားပွဲပေါ်မှ နှင်းဆီပန်းများ၊ အနုစိတ်သော ပန်းကန်အသုံးဆောင်များ၊ စားပွဲထောင့်စွန်းတွင် ရှိနေသော တူနှစ်ချောင်းကိုတွေ့နိုင်သည်။
ကျန်တစ်ပုံမှာ ညစာစားနေရင်း ရိုက်ထားသောပုံဖြစ်သည်။ အနီးကပ်ကြည့်လိုက်ပါက မျက်နှာချင်းဆိုင်မှ ယောက်ျားတစ်ယောက်၏ သွယ်လျသောလက်တစ်စုံကိုမြင်ရသည်။
မနေ့ညက ခင်ပွန်းဖြစ်သူနှင့်အတူအပြင်ထွက်စားခဲ့သည်။
လုလီသည် ဓာတ်ပုံများတင်ပြီးနောက်တွင် ပထမဆုံးရသည့်မှတ်ချက်မှာ ချောင်ကျာယိထံမှဖြစ်သည်။
ချောင်ကျာယိ "…?" ဟု မှတ်ချက်ပေးလာသည်။
လုလီ အနည်းငယ်ရှုပ်ထွေးသွားပြီး မေးခွန်းသင်ကေတအမှတ်သားမှာ မည်သည်ကိုဆိုလိုချင်မှန်း နားမလည်သော် လည်း သူမ၏ ခင်မင်ရင်းနှီးမှုကိုပြသရန်အတွက် "what.jpg" ပြန်ပို့လိုက်သည်။
ထို့နောက် သူမသည် ချောင်ကျာယိ၏ WeChat မက်ဆေ့ချ်ကို တိုက်ရိုက်လက်ခံရရှိခဲ့သည်။
"[ဒီပုံထဲက လက်ပိုင်ရှင်က ဘယ်သူလဲ ?]"
[ဒါမှမဟုတ် နင် ဒါကို Moments မှာ နောက်ပြီးတင်ထားတာလား ?]