← Chapters

You Are Empty and Lonely (1)

Vol. 2 Ch. 24

You Are Empty and Lonely (1)

Vol. 2 Ch. 24

"ဆိုလိုချင်တာ ဒီထဲက နင်နဲ့နင့်လောင်ကုန်းလား ? အား….!အရမ်းချိုတာပဲ၊ ကောင်းတယ်"

ချောင်ကျာယီ ကော်ဖီခွက်ကိုမွှေလိုက်ပြီး နွားနို့ကိုခွက်ထဲ လောင်းထည့်လိုက်သည်။

လုလီက “အင်း..”

"ဒီလို ဥစ္စာပေါရုပ်ချောတဲ့ ငါ့လောင်ကုန်းကို မကြွေဆင်းပဲမနေနိုင်တော့ဘူး "

ချောင်ကျာယိ: "..."

လုလီ Moments တင်ပြီးနောက် နှစ်ယောက်သား Wechat ပေါ်တွင် စိတ်အားထက်သန်စွာ စကားစမြည်းပြောခဲ့ကြသည်။ သမုဒ္ဒရာကြီးထက်နက်ရှိုင်းသော အချစ်ဖြင့် ချစ်ပေးခဲ့သော ခင်ပွန်းဖြစ်သူအား လှည့်စားသည်ဟု စွပ်စွဲခံရသည့်အတွက် သူ ဒေါသထွက်ခဲ့သည်။ သူမ ချောင်ကျာယိအား

“အရိုင်းဆန်တဲ့ယောင်္ကျားကို ဘယ်မှာမြင်ခဲ့လို့ ငါ့ကို မဟုတ်မမှန်တွေလာစွပ်စွဲနေရတာလဲ ?” ဟု ပြင်းပြင်းထန်ထန် မေးခွန်း ထုတ်ခဲ့သည်။

ချောင်ကျာယိ ပြက်ရယ်ပြုခဲ့သည်ပင်။ လုလီနှင့် သူ့ခင်ပွန်းကြားဆက်ဆံရေးမှာ မည်သို့အခြေအနေရှိမှန်း သူမ အသိဆုံးမဟုတ်ပါလား။ သူမနှင့်လုလီသည် အွန်လိုင်းမှ တဆင့်အ ပြင်တွင် ရင်းနှီးသော သူငယ်ချင်းမိတ်ဆွေများ ဖြစ်လာကြပြီး ၎င်းတို့ကြား မည်သည့် လျှို့ဝှက်ချက်မှရှိမနေသင့်ကြောင်း ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် နှစ်ယောက်လူချင်း တွေ့ဆုံပြီး ရှင်းလင်းစွာ ဆွေးနွေးရန်သဘောတူညီခဲ့ကြသည်။

ကားမတော်တဆဖြစ်ပြီးနောက် အလုပ်ပြန်တက်လာသော ချင်ရုံသည် လုလီ ခရီးစဉ်၏ရည်ရွယ်ချက်ကို သိသောကြောင့် ချောင်ကျာယိထံ အမြန်အကြောင်းကြားခဲ့သည်။

ချောင်ကျာယိသည် အစပိုင်းတွင် မယုံကြည်ခဲ့သော်လည်း ချီချန်းရန်အကြောင်းပြောရင်း ရည်းစားထားကာစ နုနုရွရွမိန်း ကလေးတစ်ယောက်ကဲ့သို့ စိတ်ကြည်နူးနေသောလုလီကို မြင်သောအခါ နောက်ဆုံးယုံကြည်လာခဲ့သည်။

သူမသည် လုလီအား သူမနှင့်သူမခင်ပွန်းတို့သည် အတုအ ယောင် စုံတွဲဖြစ်ကြောင်းရှင်းပြလိုပြီး ချီချန်းရန်အား ထိုသို့မိုက်မဲသော အပြုအမူမျို မလုပ်ဖို့ရန်သတိပေးခဲ့သည်။ သို့သော် လုလီသည် သူမ စကားကို လုံးဝနားမထောင်ခဲ့ပေ။

ချောင်ကျာယိ ကော်ဖီတစ်ငုံသောက်လိုက်ပြီး ၎င်းတို့ချိန်းထားသည့် အဓိကရည်ရွယ်ချက်ကိုသတိရလာကာ လုလီအား ညနေပိုင်းတွင် ကလပ်သို့လာရန်ကြိုတင်ဖိတ်ကြားခဲ့သည်။

သူမ၏ချစ်သူသည် မိသားစုထောက်ပံ့မှုဖြင့် ကလပ်တစ်ခုဖွင့်လှစ်ထားပြီး ယနေ့ဖွင့်ပွဲပြုလုပ်မည် ဖြစ်သည်။ ထိုကလပ်သည်အဆင့်မြင့်ပြီး ဝင်ကြေးလည်းမြင့်မားကာ S မြို့ရှိ ချမ်း သာသော ဒုတိယမျိုးဆက်များကို ဦးတည်ထားသည်။ ယနေ့ပွဲဦးထွက်အခမ်းအနားတွင် နီးစပ်ရာ မိတ်ဆွေများကိုဖိတ်ခေါ်ထားပြီး လာရောက်သောဧည့်သည်များ၏ အဆင့်အတန်းမြင့်လေကလပ်အတွက် ပိုကောင်းလေဖြစ်သည်။

ချောင်ကျာယိသည် သူမ၏ချစ်သူအား ပံ့ပိုးပေးနိုင်မည့်လူကို စဉ်းစားကြည့်ရာ သူမခေါင်းထဲ ပထမဆုံးပေါ်လာသူမှာ S မြို့၏ အချမ်းသာဆုံးဒုတိယမျိုးဆက်ဖြစ်သော လုလီပင်ဖြစ် သည်။ လုလီသည် ကလပ်တက်ကာ အပျော်အပါးလိုက်စားသူ မဟုတ်သော်ငြားလည်း ယခင်က ဤကဲ့သို့သော နေရာမျိုးကို အနည်းငယ်သွားဖူးသည်။ အစပိုင်း သူစိတ်မပါသော်လည်း သူငယ်ချင်းအား ကူညီရန်သဘောတူလိုက်သည်။ အခြားအရေးကြီးသောအကြောင်းပြချက်မှာ ချီချန်းရန် ညနေပိုင်းတွင် အလုပ်နောက်ကျမည်ဖြစ်သောကြောင့် သူမတစ်ယောက် တည်း အိမ်တွင် ပျင်းရိမည်စိုးသောကြောင့်ပင်။

လုလီ ခေါင်းညိတ်လိုက်သည်။

"အိုကေ လေ"

ချောင်ကျာယိ ချက်ချင်းထပြီး လုလီ၏မျက်နှာကိုဖိကပ်ကာ "အခုလို ကူညီတဲ့အတွက် ကျေးဇူးပဲဟာ၊ နင်က S မြို့ရဲ့ အချမ်းသာဆုံးသူဌေးမကြီးလေ ! ငါ့ကောင်လေး ကလပ်ကတော့ နင့်ကြောင့်နဲ့ အဆင့်တန်းပိုမြင့်သွားမှာသေချာတယ်”

လုလီ ပြုံးလိုက်သည်။

ဖိတ်ပြီးသည်နှင့် ချောင်ကျာယိသည် ချစ်သူအားကူညီရန် ထွက်ခွာသွားခဲ့သည်။ လုလီသည် ဈေးဝယ် စင်တာသို့သွားကာ သူမ ပုံမှန်သွားလေ့ရှိသော ဆံပင်ညှပ်ဆိုင်တွင် ဆံပင်အတု ဖန်တီးခိုင်းလိုက်သည်။ သူ့နဖူးပေါ်ရှိ ပတ်တီးကိုဖယ်ရှားလိုက်ပြီးနောက် သေးငယ်သော ပလာစတာဖြင့် အစားထိုးလိုက်သည်။ ကလပ်တွင် လူများမည်ဖြစ်ရာ ထိုအမှတ်အသားကို ဆံပင်အတုဖြင့် ဖုံးအုပ်ရမည်ဖြစ်သည်။ ဆံပင်ညှပ်ဆိုင်သည် ဆံပင်အတုဆိုင်မဟုတ်သော်လည်း stylist သည် ဆံပင်ထုဘထည်တိုးလာစေရန် အရေးပေါ် ဆံပင်ထပ်ဖြည့်ပေးခဲ့သည်။ လုလီ ထိုဆံပင်တုကိုစွပ်ပြီးနောက် နဖူးပေါ်ရှိပလာစတာအား လုံးဝဖုံးကွယ်သွားခဲ့သည်။ ဒီဇိုင်နာသည် သူမ၏ဆံပင်စတိုင်ကိုအချိန်မီပြောင်းလဲပေးခဲ့သည်။

လက်ရှိခေတ်စားနေသော ဆံပင်ရေလှိုင်းအကောက်အလိပ်ကြီး ပုံစံဖြစ်သည်။

ဆံပင်ကောက်နေစဉ်တွင် stylist သည် ကောင်းကင်၏မတရား မှုအတွက် သက်ပြင်းချနိုင်ရုံမျှသာ တက်နိုင်သည်။ အချို့သော ဖောက်သည်များသည် မျက်နှာသွင်ပြင်ပေါ် မူတည်၍ ဆံပင်ပုံစံများကို နာရီအနည်းငယ်ကြာအောင် ဒီဇိုင်းဆွဲကြရသည်။ ထိုနည်းတူ တစ်ချို့ဖောက်သည်များသည် ဆံပင်ဖြင့် မျက်နှာကို ပြင်ဆင်ရန်မလိုအပ်ဘဲ ၎င်းတို့၏ဆံပင်ပုံစံကပင် ၎င်းတို့ကို ပိုမိုတောက်ပလာစေသည်။

ထို့အပြင် နတ်သမီးဆံပင်၏ပမာဏနှင့် အထူကိုပင် သာမန်လူများနှင့် နှိုင်းယှဉ်၍မရပေ။

ဆံပင်ပြင်ပြီးသောအခါ လုလီသည် သူမ၏ဆန်းသစ်သောပုံစံကို ကျေနပ်သွားပြီး ချက်ချင်းဆဲလ်ဖီဆွဲလိုက်ကာ ချီချန်းရန်ထံ "လောင်ကုန်း မွ ~" ဟူသော မှတ်စုတိုနှင့်အတူ ပို့လိုက်သည်။

[လောင်ကုန်း၊ ကျွန်မ ဆံပင်ပုံစံအသစ်ပြောင်းထားတယ် ကြည့်ကောင်းလား ?]

ချီချန်းရန်သည် ဖိုင်တွဲတစ်ခုကို ကြည့်နေစဉ် စားပွဲပေါ်ရှိ ဖုန်းတွင် စာအဝင်အချက်ပြမီးကိုတွေ့လိုက်ရသည်။ သူ ဖွင့်ကြည့်လိုက်ရာ လုလီ၏ဆဲလ်ဖီကိုတွေ့လိုက်ရသည်။ ကောက်ကွေးနေသောဆံပင်များသည် သူ့အား ၉၀ ပြည့်နှစ်များဆီသို့ ခေါ်ဆောင်သွားပြီး တစ်ချိန်တည်းမှာပင် ဆွဲဆောင်မှုများနှင့်ပြည့်နှက်နေသည်။

ချီချန်းရန် : [အင်း ကြည့်ကောင်းတယ်]

လုလီ နောက်ထပ် ပို့လာပြန်သည်။ [လောင်ကုန်းက အမြင်ရှိသားပဲ!]

[ကျွန်မ ညကျရင် သူငယ်ချင်းနဲ့ အပြင်မှာချိန်းထားလို့ သွားလိုက်ဦးမယ်၊ လောင်ကုန်းလေး အလုပ်ကြိုးစားလိုက်ပါဦးနော်~]

[အကောင်းဆုံးခင်ပွန်းနဲ့ အလှပဆုံးဇနီး၊ အားလီရဲ့လောင်ကုန်းက တကယ်အံ့သြစရာပဲ!]"

[ကျွန်မလောင်ကုန်းက နေ့ရော ညပါ အရမ်းအလုပ်ကြိုးစား နေတာပဲ!]"

ချီချန်းရန်: ...

သူ ဘာကြောင့် ယခုလို အဓိပ္ပာယ်မရှိသည့်စကားများကို ပြောနိုင်ရသလဲဆိုတာကို သူ နားမလည်နိုင်သလို မည်သို့တုံ့ပြန်ရမည်မသိသဖြင့် [ပြုံးနေသော Emoji] ကိုသာ ပြန်ပို့လိုက်ရသည်။

All Chapters