You Are Empty and Lonely (2)
Vol. 2 Ch. 25
အခြားတစ်ဖက်တွင် ချီချန်းရန်ပို့လာသော ပြုံးနေသည့် အီမိုဂျီကိုမြင်သောအခါ လုလီ တိတ်ဆိတ်နေခဲ့သည်။
သူမ၏ဖုန်းတွင် အီမိုဂျီများစွာရှိသော်လည်း ခင်ပွန်းဖြစ်သူ၏ ဖုန်းတွင် အီမိုဂျီတစ်ခုမှ မရှိနိုင်လောက်ဟုသိလိုက်ရသည်။ လုလီသည် ချီချန်းရန်အား သူမ ပုံမှန်အသုံးပြုနေသော အီမိုဂျီများကို Save ပေးချင်သော်လည်း သူ့အနေဖြင့် ထိုအရာများကို ကလေးဆန်သည်ဟုထင်ကာ အသုံးမပြုလောက်ဟုယုံကြည်နေသည်။
သို့ဖြစ်ရာ လုလီ မှန်ရှေ့တွင် ခဏစဉ်းစားလိုက်သည်။ ထို့ နောက် သူ အတွေးတစ်ခုပေါ်လာကာ အက်ပလီကေးရှင်းတစ်ခုဖြင့် အီမိုဂျီ Package တစ်စုံကို Creat လုပ်လိုက်သည်။
ခဏအကြာတွင် ချီချန်းရန်၏ဖုန်းတွင် စာတို အသံသတိပေး ချက်များမြည်လာခဲ့သည်။
သူ ခေါင်းငုံ့ကာ ဖိုင်တွဲများကိုကြည့်နေရာမှ ခေါင်းမော့လာပြီး လုလီ ပို့လိုက်သောအရာကိုကြည့်လိုက်သည်။
ချီချန်းရန်သည် ခဏတုံ့ဆိုင်းသွားပြီးနောက် အလုပ်ပြီးမှ ကြည့်ရန် စဉ်းစားလိုက်သော်လည်း ဒီရက်ပိုင်း ဆက်တိုက်ဆိုသလို ညဘက်တွင် လုလီအား "အန္တရာယ်ရှိသည့်အခြေအနေမျိုး" ထဲသို့ ထည့်မိသည်ဟု ခံစားရသဖြင့် အပြစ်ရှိသလိုခံစားရကာ ချက်ချင်းဖွင့်ကြည့်လိုက်သည်။
ထိုအရာကို မြင်တော့ သူ့မျက်နှာထက် အံ့ဩရိပ်များစွန်းထင်းသွားရသည်။
ဤသည်မှာ ဓာတ်ပုံများဖြစ်သည်။
ပိုပြီး တိတိကျကျပြောရပါက အီမိုဂျီနှင့်လှုပ်ရှားနေသော ဓာတ်ပုံများပင် ဖြစ်လေသည်။
ပထမပုံတွင် လုလီသည် ကင်မရာကိုကြည့်ပြီး မျက်လုံးများကို မှိတ်ကာ နှုတ်ခမ်းကိုစူလျက် တစ်ဖက်ဖန်သားပြင်ရှိ ကြည့်နေသူကို အနမ်းပေးနေသကဲ့သို့လုပ်ထားသည်။ ဘေးတွင် ပန်း ရောင် ကာတွန်းစာလုံးလည်းပါရှိပြီး “မွ” ဟူသော အဓိပ္ပာယ်ဖြစ်သည်။
ဒုတိယပုံတွင် လုလီသည် သူ့ပါးနှစ်ဖက်ကို ဖောင်းလျက်မေးကိုမော့ကာ မျက်လုံးကိုစောင်းထားပြီး စိတ်ဆိုးနေသော မျက်နှာအနေထားမျိုးဖြစ်သည်။ ဤသည်မှာ သူမ စိတ်ဆိုးနေပြီဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။
တတိယပုံထဲတွင် လုလီ ချစ်စဖွယ်ပြုံးပြနေပြီးလက်ဖြင့် “OK” ဟူသော ပုံသဏ္ဌာန်ကိုဖော်ညွှန်းထားသည်။
စတုတ္ထပုံတွင် လုလီသည် ကင်မရာဖြင့် ခါးအထက်ပိုင်းကို ဖြတ်ရိုက်ထားကာ သူ့ လက်နှစ်ဖက်ကို ဦးခေါင်းပေါ်တင်ကာ အသည်းနှလုံးပုံစံပြုလုပ်ထားပြီး “ရှင့်ကို ချစ်တယ်” ဟူသော အဓိပ္ပာယ်ရသည်။
စုစုပေါင်းဓာတ်ပုံဆယ်ပုံပါဝင်ပြီး လုလီကိုယ်တိုင် ပါဝင်သရုပ် ဆောင်ထားသော အီမိုဂျီများဖြစ်သည်။
လုလီဆီမှ စာတိုထပ်ရောက်လာသည် -
"[လောင်ကုန်း ဒီ အီမိုဂျီတွေသိမ်းထားနော်၊ နောက်တစ်ခါ ကျွန်မကို စာပို့ရင် ဒီပုံတွေပဲသုံးနော်~သိလား ?]"
"[ချစ်ရတဲ့ လောင်ကုန်းလေးအတွက် သီးသန့်အီမိုဂျီ]"
"[မွ~.jpg (လုလီဗားရှင်း)]"
ချီချန်းရန် မည်သည့်စကားမှပြန်မပြောနိုင်အောင် ကြောင်သွားရသည်။
ဓာတ်ပုံများကို Lighting မပါပဲ အမြန်ရိုက်ယူထားခြင်းဖြစ်သော်လည်း တန်ဖိုးကြီးကင်မရာသည် သူမ၏ပကတိလှပသည့်မျက်နှာကို အတိမ်းအစောင်းမရှိဖမ်းယူထားခဲ့သည်။
သူသည် လုလီ၏နမ်းနေသည့်အီမိုဂျီကိုကြည့်ရင်း လက်တွေ့အနမ်းကို ပြန်အမှတ်မရပဲမနေနိုင်တော့ပေ။
ထို့နောက် သူ လုလီဗားရှင်းအီမိုဂျီအားလုံးကို သိမ်းဆည်းလိုက်ပြီး "[OK]" ဟု အကြောင်းပြန်လိုက်သည်။
နောက်မှ သူ အတွေးထပ်ဝင်လားပြီး သူသိမ်းလိုက်သည့် အီမိုဂျီဖြင့် ထပ်ပြီးအကြောင်းပြန်လိုက်သည် - "[OK.jpg (လုလီဗားရှင်း)]"
လုလီသည် သူမ၏အီမိုဂျီကို ခင်ပွန်းဖြစ်သူ ချက်ချင်းဆိုသလိုအသုံးပြုလာသည်ကိုမြင်သောအခါ ပျော်ရွှင်စွာဖြင့် ဖုန်းကို ရင်ဘတ်နှင့်ကပ်ကာ ခဏတာပျော်မြူးသွားတော့သည်။
ချီချန်းရန်ထံမှာ နောက်ထပ်စာတိုရောက်လာသည် - "[ကိုယ် အလုပ်လုပ်နေတယ်]"
လုလီ ခေါင်းညိတ်လိုက်သည် - "[OK! Loveyou.jpg (လုလီဗားရှင်း)]"
ဖုန်းထဲမှ လုလီ၏အီမိုဂျီကို ကြည့်ရင်း ချီချန်းရန်၏နှုတ်ခမ်းထောင့်စွန်းတွင် မသိမသာအပြုံးရိပ်တစ်ခုပေါ်လာခဲ့သည်။
လုလီသည် ခင်ပွန်းနှင့် Wechat တွင် စကားပြောပြီးနောက် ချောင်ကျာယိ၏ချစ်သူပိုင် ကလပ်သို့ထွက်ခွာသွားခဲ့သည်။ ညနေပိုင်းတွင် ကားလမ်းများကြပ်နေခဲ့ပြီး သူမရောက်ရှိလာချိန်တွင် လူတော်တော်များများ ရောက်နေကြပြီဖြစ်ရာ Party အခမ်းအနားအားစတင်နေပြီဖြစ်သည်။
ချောင်ကျာယီသည် သူမ၏ချစ်သူအား ခေါ်ကာ လုလီကို ကိုယ်တိုင်ကြိုဆိုခဲ့သည်။ လုလီ ဆံပင်စတိုင်ပြောင်းလဲထား သည်ကို မြင်လိုက်ရသည်။
ယခင်က ရိုးသားပြီး နုနုရွရွမိန်းကလေးပုံစံမှ ရုတ်တရက် နတ်သမီးတစ်ပါးကဲ့သို့ ပြောင်းလဲသွားသည်။
ဤသည်ကိုမြင်တော့ ချောင်ကျာယိ သက်ပြင်းချရုံမှအပ မတတ်နိုင်တော့ပေ။
“လုလီ နင် အနုပညာလောကမှာ ခြေမချနိုင်ခဲ့တာ အဲ့လောကအတွက်တော့ တကယ့်ကိုကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပဲ သိလား ? အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတွေက လှပတဲ့အိမ် ထောင်ရှင်မအဖြစ် ပရိသတ်တွေကိုဆွဲဆောင်ဖို့ လုံးဝမလွယ်ကူတော့သလို ၊ အကယ်၍ ရှိလာရင်လည်း စစ်မှန်တဲ့ပရိသတ်တွေတော့ မဖြစ်နိုင်ဘူး၊ ချီချန်းရန်ကြောင့် နင့်ရဲ့အနုပညာလမ်းကြောင်း လွဲချော်ခဲ့ရတာ တကယ်ဝမ်းနည်းစရာပဲ”
လုလီ စိတ်ဆိုးသောမျက်နှာထားဖြင့် "ငါ့လောင်ကုန်းကို အဲ့လိုမပြောပါနဲ့!"
ချောင်ကျာယီ: "..."
သူ ခေါင်းထိသွားတာ အမှန်ပဲကိုး…..
လုလီသည် ချောင်ကျာယိ၏ချစ်သူနှင့် ခဏတာတွေ့ဆုံပြီးနောက် သူမကို နှစ်ယောက်သား ကလပ်ထဲသို့ခေါ်ဆောင်သွားသည်။
ပိုင်ရှင် ကိုယ်တိုင်ထွက်ကြိုရသည့် ဧည့်သည်များ၏အဆင့်အ တန်းသည် သာမန်မဟုတ်ပေ။ လုလီ ပါတီခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အများစုမှာ သူ့အားမှတ်မိသွားကြသည်။