Walking President Post (2)
Vol. 2 Ch. 28
ချီချန်းရန် ဘာကြောင့် လုလီ ဤနေရာတွင် ရှိနေမှန်းမသိပဲ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ?"
လုလီသည် ခင်ပွန်းဖြစ်သူ၏စိုစွတ်နေသောဆံနွှယ်စများ ၊အင်္ကျီကြားမှ လှစ်ဟနေသော ရင်ဘတ်နှင့်ညှပ်ရိုးတစ်ဝိုက်ကို ကြည့်ပြီး သွားရည်ယိုလုနီးပါးဖြစ်သွားသည်။
သူ ချီချန်းရန်ရှေ့သို့ ချဉ်းကပ်လာပြီး သူ၏အင်္ကျီခါးစည်းကို ညင်သာစွာဖြည်လိုက်သည်။
“လောင်ကုန်း ကျွန်မကို ကြည့်ခွင့်ပေးပါနော်"
ချီချန်းရန် ထိတ်လန့်သွားပြီး လုလီ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကာ ခြေလှမ်းကို နောက်ပြန်ဆုတ်လျက် “လုလီ”
လုလီ ရပ်တန့်သွားခြင်းမရှိဘဲ သူ့အားဖမ်းဆုပ်လိုက်ပြီး "ကျွန်မ ကြည့်ချင်လို့ပါ”ဟု ဆက်ပြောလာသည်။
ချီချန်းရန် ပထမဆုံးအကြိမ်အဖြစ် သူ၏အတုအယောင်မိန်းမထံမှ ဤသို့အဖြစ်အပျက်မျိုးကို ကြုံတွေ့ရသောအခါ မျက်နှာ ထူပူလာပြီး လုလီအား ရှင်းပြရန်စဉ်းစားခဲ့သည်။ သူ့လက်တစ် ဖက်နှင့်ရေချိုးဝတ်စုံကိုကာကွယ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လုလီ၏လက်ကို ဟန့်တားလိုက်သည်။ - “လုလီ မင်း ဘာလုပ်တာလဲ?!"
ချီချန်းရန်၏ပိတ်ဆို့ခြင်းကို ခံလိုက်ရသဖြင့် လုလီ အနားမကပ်နိုင်တော့ပေ။ ချီချန်းရန်သည် သူ၏ အပြစ်ကင်းစင်မှုကို ခုခံကာကွယ်ရန်ကြိုးစားသည်ကို မြင်ရသောအခါ သူ့ကိုယ်သူ မိန်းမပျက်တစ်ယောက်ကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။
သူ ခေါင်းငိုက်စိုက်ကျသွားသည်။
ချီချန်းရန်သည် လုလီ၏ညိုးငယ်သွားသော မျက်နှာကိုတွေ့လိုက်ရမှ သူ့လေသံအနည်းငယ်မာသွားကြောင်း သတိထားမိကာ အသက်ကို ပြင်းပြင်းရှုထုတ်လိုက်ပြီး ငြိမ်သက်သွားပြီးနောက်မေးလိုက်သည်။
“ဘာလို့ ကြည့်ချင်တာလဲ ? ကိုယ့်ကို အကြောင်းပြချက်ပေး”
မျက်လွှာချထားသည့် လုလီမျက်လုံးများမော့လာခဲ့ပြီး ယနေ့အစောပိုင်း ကလပ်တွင် ဖြစ်ပျက်ခဲ့သည်များကိုပြောပြလိုက်သည်။
ချီချန်းရန် နားထောင်ပြီးနောက် သူ၏မျက်ခုံးများတွန့်ချိုးသွားသည်။
လုလီ ကလပ်ရောက်စဉ်က ဘေးတွင် ချန်ရုံလည်း ရှိမနေသဖြင့် ကလပ်တွင် မည်သည့်ကိစ္စဖြစ်ပျက်ခဲ့မှန်း ချီချန်းရန်မသိရပေ။
သူ့စိတ်ထဲတွင် အသက်နှင့်သေဆုံးခြင်းကို ဘာမှမသိနားမလည်သည့် ထိုအမျိုးသားမော်ဒယ်အကြောင်းတွေးပြီး သူ၏ မျက်နှာထက်ဝယ် ရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်လွင်သွားသည်။
လုလီ - " ကျွန်မ မျက်လုံးတွေကို ရေနဲ့ဆေးခဲ့ပေမယ့် အဆင်မပြေဘူး၊ ဒါကြောင့် ရှင့်ဟာကိုကြည့်ပြီး ဖျောက်ပစ်ချင်လို့"
"ကျွန်မတို့ ဒါကိုလုပ်တုန်းက သေချာမကြည့်ခဲ့မိတော့ ရှင့်ဟာ ဘယ်လောက်ကောင်းမှန်း ကျွန်မ မသိရဘူးလေ”
ချီချန်းရန်သည် ထိုအမျိုးသားမော်ဒယ်အကြောင်း စိတ်ထဲတွင် ခဏဖယ်ထုတ်လိုက်ပြီး လုလီအားအေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
သူမ တောင်းဆိုချက်သည် အမှန်ပင်ရှက်စရာကောင်းနေ သည်။
စိတ်ထဲ အခြားလူ၏ခန္ဓာကိုယ်အစိတ်အပိုင်းကို မြင်ယောင်နေသော လုလီအကြောင်းတွေးပြီး ချီချန်းရန် ခေါင်းကိုက်လာသည်။
နောက်ဆုံးတော့ ချီချန်းရန်၏လက်သည် ခါးစီးကြိုးဆီသို့ ဖြည်းညှင်းစွာရောက်သွားသည်။
စိတ်လှုပ်ရှားမှုဖြင့် လုလီ မျက်နှာနီရဲလာသည်။
ချီချန်းရန်သည် သူ၏ကျစ်လျစ်သောခန္ဓာကိုယ်ကို လှုပ်ယမ်းကာ သူ့ခါးစီးကြိုးကို ဖြည်းညှင်းစွာဖြည်လိုက်သည်။
လုလီ၏နားထင်စပ်များ ပူထူလာသော်လည်း တစ်စုံတစ်ခုအား လက်လွတ်သွားမည်စိုး၍ မျက်တောင်ပင် မခတ်ရဲဘဲစိုက်ကြည့်နေမိသည်။
ချီချန်းရန် ခါးစီးကြိုးကို ချွတ်နေပြီဖြစ်သည်။
ယခုမူ သူမ မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရတော့မည်ဖြစ်သည်။
လုလီ၏နှလုံးခုန်သံများ အဆုံးအစွန်ထိရောက်ရှိသွားသည်။
သို့သော် ခါးစီးကြိုးအား လုံးလုံးလျားလျား မဖြည်ရသေးခင် တစ်စက္ကန့်အလိုတွင် မီးကလစ်နှိပ်သံနှင့်အတူ အခန်းတွင်း အမှောင်ချခံလိုက်ရသည်။
လုလီ၏မြင်ကွင်းတစ်ခုလုံး ရုတ်တရက်မည်းမှောင်သွားသည်။
လုလီ မျက်ကန်းတစ်ယောက်ကဲ့သို့ဖြစ်သွားပြီး အမှောင်အား ကျင့်သားမရပဲ စမ်းတစ်ဝါးဝါး ဖြစ်နေသည်။
“လောင်ကုန်း ဘာလို့ မီးပိတ်လိုက်တာလဲ?”
လုလီသည် ခင်ပွန်းဖြစ်သူ၏တည်နေရာကို မမှန်းဆတတ်တော့ပဲ မီးများပြန်ပွင့်လာသောအခါ အရှေ့က ချီချန်းရန်၏ လျော့ရဲနေသော ခါးစီးကြိုးသည် တင်းတင်းကြပ်ကြပ် ပြန်ချည်ထားသည်ကို တွေ့လိုက်ရသည်။
"မင်းကို ပြပြီးပြီနော်”
လုလီ ပါးစပ်အဟောင်းသားဖြင့် “…”
ဟင်…မြင်လိုက်တာ…လျှပ်စီးလက်သွားသလိုပဲ…
ဒါပဲလား...?
"အဲ့လို ညစ်လို့မရဘူးလေ!"
လုလီ ဒေါသတကြီး ဆန္ဒပြလိုက်သည်။
ချီချန်းရန်သည် နီရဲနေသောမျက်နှာဖြင့် လုလီအား အိပ်ခန်းထဲသို့ပြန်ဆွဲခေါ်သွားသည်။
"ဒီလောက်ဆို ရပြီလေကွာ"
သူ၏ကိုယ်လုံးတီးပုံကိုပြပြီး သူ့ခန္ဓာကိုယ်အားမြည်းစမ်းခွင့်ပေးတာမျိုးကို မလုပ်နိုင်ပေ။
ညအိပ်သောအခါ လုလီသည် ချီချန်းရန်အား ကျောပေးကာအိပ်နေခဲ့သည်။ ဒီနေ့တော့ သူမ ရေဘဝဲတစ်ကောင်လို သူ့အ ပေါ် မတွယ်ကပ်လိုကြောင်းထင်ရှားနေသည်။
ချီချန်းရန်သည် ကုတင်ခေါင်းရင်းတွင်မှီကာ ထိုရဲတင်းပြီး တာဝန်မဲ့သော အမျိုးသားမော်ဒယ်အားကိုင်တွယ်ရန် ၎င်း၏ လက်ထောက်ထံ စာတိုများပေးပို့ခဲ့သည်။
မက်ဆေ့ချ်ပို့ပြီးနောက် ချီချန်းရန် ခေါင်းကိုတစ်ဖက်လှည့်ကာ ကုတင်တစ်ဖက်သို့ မျက်နှာမူနေသော လုလီအားတစ်ချက်ကြည့်လိုက်သည်။
လုလီသည် သူ၏လူလည်ကျသော အပြုအမူကို မြင်ပြီးနောက် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
သူကတော့ သူမအား သူ့အနားတွင် အိပ်ဖို့တောင်ခွင့်ပြုထားခဲ့သည်ပင်။
ချီချန်းရန် သူ့ဖုန်းကိုချပြီး ကုတင်ဘေးရှိ မီးအိမ်ကိုပိတ်လိုက်သည်။
သူလဲလျောင်းနေရင်း နံဘေးရှိ လုလီ၏အသက်ရှုသံကို နားထောင်ကာ သူမ အိပ်မပျော်သေးကြောင်း ခံစားလိုက်ရသည်။
သေချာသည်မှာ သူလှဲလိုက်သည်နှင့် လုလီ သူ့အပေါ်ကိုတက်ခွပြီး အဝတ်အစားများကိုဆွဲချွတ်လာခြင်းပင်။
"ဘာမှမမြင်ရလည်း အထိအတွေ့နဲ့ လှုပ်ရှားလို့ရတယ်”
"ရှက်မနေနဲ့"
"ပြီးတော့ ကျွန်မတို့က ထိတွေ့ဖူးပြီးသားပဲကို"
ချီချန်းရန် : “…”
သူ ခဏတာ တိတ်ဆိတ်သွားပြီး “အင်း” ဟုသာ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။