← Chapters

Walking President Post (3)

Vol. 2 Ch. 29

Walking President Post (3)

Vol. 2 Ch. 29

"ဘာ...အဲ့မော်ဒယ်လေးက အာဖရိကကို အပြောင်းခံလိုက်ရတယ် ဟုတ်လား?”

လုလီသည် ညက သူ့မျက်လုံးများကို ခင်ပွန်းဖြစ်သူနှင့်အတူ ဆေးကြောပြီး နောက်တစ်နေ့တွင် ချောင်ကျာယိထံမှ WeChat မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။

သူမအား ဖြားယောင်းသွေးဆောင်ခဲ့တဲ့ ထိုမော်ဒယ်လ်သည် မကြာသေးခင်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏စျေးကွက်ရှာ ဖွေရေးလုပ်ငန်းအတွက်ဟုဆိုကာ အာဖရိကသို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း ချောင်ကျာယိမှပြောလာသည်။

ချောင်ကျာယိ : [နင် မသိဘူးလား ? ဒါ နင့်လောင်ကုန်းလက် ချက် မဟုတ်ဖူးလား ?]

လုလီ : [ငါ တကယ်မသိဘူး]

ထိုသို့ပြောလိုက်သော်ငြားလည်း သူ့မျက်နှာသည် အပြုံးများဖြင့် ဝေဆာသွာသည်။

ထို့နောက် ထိုအမျိုးသားမော်ဒယ်လ်လည်း အာဖရိကတွင် အလုပ်ကြိုးစားပြီး အဆင်ပြေပြေနှင့် ဖက်ရှင်အလုပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် ဆုတောင်းပေးလိုက်သည်။

လုလီသည် ချောင်ကျာယိ နှင့် စကားပြောပြီးနောက် လွန်ခဲ့ သောရက်ပိုင်းမှ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြန်‌တွေးနေမိသည်။

၎င်းတို့နှစ်ယောက်အပေါ် လူအများ၏မှားယွင်းသောကောက် ချက်ချမှုများအား ဒီအတိုင်းလက်ပိုက်ကြည့်နေ၍ မဖြစ်တော့ဟု ခံစားမိကာ တစ်စုံတစ်ခုလုပ်ရန် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

လူတိုင်းသည် သူမနှင့်ခင်ပွန်းသည်အကြား ဆက်ဆံရေးမကောင်းသဖြင့် အင်တာနက်ပေါ်တွင် ‘အချမ်းသာဆုံး အတုအ ယောင်စုံတွဲ’ ဟူသော ခေါင်းစီးရရှိခဲ့သည်ဟု ထင်ကြသည်။

အမှန်မှာ သူမသည် လူအများရှေ့တွင် သူမတို့လင်မယား၏ ချစ်ခြင်းမေတ္တာများကိုထုတ်မပြခဲ့သဖြင့် အမျိုးသားမော်ဒယ်များကပင် သူမ၏လစ်ဟာမှုနှင့်အထီးကျန်မှုအား နှစ်သိမ်ံပေးရန် ကြိုးစားလာကြသည်။

ခင်ပွန်းဖြစ်သူမှ သိုဝှက်ပြီးနေလျှင်ပင် သူမ ဒီတိုင်း ငြိမ်နေလို့မဖြစ်တော့ပေ။ အနည်းငယ်တော့ ပွင့်ပွင့်လင်းလင်းထုတ်ပြမှ တော်ကာကြမည်ဖြစ်သည်။

လုလီသည် Weibo မှတဆင့် 'လုလီ ချီချန်းရန်’ ဟူသော စာသားကို ရှာဖွေလိုက်သည်။

၎င်းတို့သည် ဖျော်ဖြေရေးနယ်ပယ်မှ သရုပ်ဆောင်များ မဟုတ်ကြသဖြင့် ၎င်းတို့နှင့် ပတ်သက်တဲ့ သတင်းမှာ များများစားစားမရှိလှသော်ငြား ၊ တချို့ ပို့စ်များသည် ရေပန်းစားနေဆဲပင်။ အထူးသဖြင့် ထိုအထဲမှ “အကြီးဆုံးအတုအယောင်စုံတွဲ” ဟူ သော နာမည်ကိုပေးခဲ့သော Weibo အကောင့်သည် လက်ရှိ followers ၁ သိန်းကျော် ရှိနေပြီဖြစ်သည်။

လုလီ ဒေါသတကြီးဖြင့် လက်သီးများကိုဆုပ်ထားလိုက်မိသည်။

သူမ Weibo ထဲတွင် ပွတ်ဆွဲကြည့်နေရင်း ငွေကြေးသတင်းအကောင့်တစ်ခုမှ ဖော်ပြထားသော ပို့စ်တစ်ခုကိုတွေ့လိုက်ရသည်။

၎င်းပို့စ်အား လွန်ခဲ့သော နာရီဝက်ခန့်ကတင်ထားခြင်းဖြစ် သည်။

"IM ထိပ်သီးအစည်းအဝေးကို ယနေ့ S မြို့မှာ ကျင်းပခဲ့ပြီး ရှန့်ကျင် Group ရဲ့ ဒါရိုက်တာနှင့် ရှန့်ကျင် နည်းပညာကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ချီချန်းရန်မှ တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံရှိ ကုမ္ပဏီများနှင့်ဘီလီယံချီသော ကုန်သွယ်မှု သဘောတူညီချက် လက်မှတ်များရေးထိုးခဲ့ကြသည်။"

မကြာသေးမီက ထိုကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးကြီးအတွက် ချီချန်းရန် အလွန်အလုပ်များနေခဲ့သည်ကို သူမ မှတ် မိသေးသည်။ ယနေ့မနက်က သူအပြင်မထွက်မီ သူ့နက်ကတိုင်ကြိုးအား ချည်နှောင်ပေးခဲ့သေးသည်။

ထိုဘလော့ဂါသည် ထိပ်သီးအစည်းအဝေးကျင်းပရာ နေရာ၌ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည်။ ဓာတ်ပုံအလယ်တွင် ရှိနေသူမှာ ချီချန်းရန်ဖြစ်သည်။ လုလီသည် ဓာတ်ပုံထဲရှိ ခင်ပွန်းဖြစ်သူ၏ အလွန်ချောမောခန့်ညားသော မျက်နှာကို ကြည့်ပြီး သူမ ခြေထောက်များပင် မခိုင်တော့ပဲ ပျော့ခွေကျသွားသည်။ မနက်က သူ အလုပ်မသွားမီ စည်းပေးခဲ့သော နက်ကတိုင်လေးနှင့် ဖြစ်သည်။ အဖြူရောင်ဆိုဖာခုံပေါ်တွင် ထိုင်ရင်း တည်ငြိမ်ကာ အထက်တန်းဆန်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ အငွေ့အသက်မျိုးကိုထုတ်လွှင့်နေသည်။ ဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး သူ၏သွယ်လျသော ခြေ ထောက်တစ်စုံကိုထားရန် နေရာမရှိပုံပေါ်ကာ တစ်ဖက်ခြမ်းရှိ သတင်းထောက်များ၏ စကားကို ဂရုတစိုက် နားထောင်ရင်း သူ့ လက်ချောင်းများဖြင့် ညင်သာစွာခေါက်နေသည်။

လုလီသည် ခင်ပွန်းဖြစ်သူ ထိုသို ဝတ်စုံပြည့်ဝတ်ဆင်ထား သည်ကို ကြိမ်ဖန်များစွာ မြင်ဖူးခဲ့သော်လည်း တကယ့်ထိပ်သီးပွဲအခမ်းအနားတွင် သပ်ရပ်သော အနောက်တိုင်းဝတ်စုံနှင့် အင်တာဗျူးနေသော ခင်ပွန်းဖြစ်သူ၏ ဓာတ်ပုံအား မြင်လိုက်ရချိန်တွင် သူမ၏ လက်ကိုင်ဖုန်းကိုကိုင်ကာ အရူးအမူးအော်ဟစ်နေခဲ့သည်။

ဝတ်စုံရဲ့ဆွဲဆောင်မှုကတော့ သေလောက်တဲ့အထိပဲ.....

စီးပွားရေးဘလော့ဂါများသည် ယနေ့ကျင်းပသည့် IM ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် Weibo ပို့စ်များစွာကို တင်ခဲ့ကြသော်လည်း ချီချန်းရန် ဓာတ်ပုံပါသော ပို့စ်တစ်ခုတည်း၏ အောက်တွင်သာ Like နှင့် Comment အများအပြားရရှိခဲ့သည်။

[ Ah ah ah ချီချန်းရန်! ]

[ဒီခြေထောက်၊ ဒီလက်၊ ဒီမျက်နှာ ကြွေသွားပြီ အား...]

[ဒီလောက် ရုပ်ဖြောင့်တဲ့သူတွေကျတော့ ဘာလို့ သိုသိုသိပ်သိပ်နေရတာလဲ? မိန်းကလေးတွေကို နည်းနည်းပါးပါး မျက်စိအစာ ကျွေးဖို့ ကိုယ်ထင်ပြပါဦးလားလို့T_T]

[မျက်နှာချည်းပဲ ငမ်းမနေကြနဲ့၊ သူရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း ကြည့်ဦး! သူလက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေ‌ရောပဲ!]

[အထက်က Comment ကို Reply ပြန်သည် - နားမလည်ဘူး၊ အဲ့အတွက် ဉာဏ်မမှီဘူး]

[ဟုတ်တယ်၊ ငါလည်း စိတ်မဝင်စားလို့ လမ်းလျှောက်နေတဲ့ ဥက္ကဋ္ဌကိုပဲ မြင်တယ်!]

လုလီ : "…"

မကြာခင်မှာပင် IM ထိပ်သီးအစည်းအဝေး ဟူသောခေါင်းစဉ်သည် Weibo ၏ Hot Search စာရင်းထဲ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သာမန်ပရိသတ်များသည် ထိုသတင်းများထက် ကျော်ကြားသူများ၏အတင်းအဖျင်း သတင်းများကိုသာ ပိုစိတ်ဝင်စားလေရာ ရှာဖွေမှုအနေအထားမှာ မြင့်မားခြင်းမရှိသော်လည်း Hဝt search သို့ ရောက်ရှိနေဆဲဖြစ် သည်။ ငွေကြေးဘလော့ဂါများနှင့် သတင်းဘလော့ဂါများစွာတို့သည် ချန့်ကျင်Group၏ ဒါရိုက်တာ ချီချန်းရန်မှ ဘီလီယံနှင့်ချီသော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး ၊ ယနေ့ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သော ၎င်း၏ မိန့်ခွန်းကို ချီးကျူးစကားဆိုခဲ့ကြသည်။

သို့သော် မှတ်ချက်အောက်ရှိ ပရိတ်သတ်အားလုံးနီးပါး၏ ချီးကျူးမှုကြောင့် #လမ်းလျှောက်နေသောဥက္ကဋ္ဌ (Walking President) # ဟူသော Tag သည် ထိပ်ဆုံးသို့ရောက်ရှိခဲ့ပြီး ပင်မစာမျက်နှာတွင် အပြင်းအထန်ဆွေးနွေးနေကြသည်။ မိန်းကလေးများစွာက

[ချီချန်းရန် ငါလုပ်နိုင်တယ်၊ ဥက္ကဌကြီး ငါလုပ်နိုင်တယ်]

[လောင်ကုန်း၊ လောင်ကုန်း] ဟူ၍ အော်ဟစ်အားပေးနေကြသည်။ ဓာတ်ပုံ၏အဆင့်အတန်းသည် အမျိုးသားအိုင်ဒေါလ်များပင် မယှဥ်နိုင်ပေ။

ခဏအကြာတွင် တစ်စုံတစ်ယောက်မှ ပြင်းပြင်းထန်ထန် ထောက်ပြလာသည်။

[နိုးထကြတော့၊ ဥက္ကဌကြီးက လက်ထပ်ပြီးသား၊ သူ့မှာ အလှလေးရှိတယ်]

[အိမ်ခြံမြေကုမ္ပဏီ လုပ်ငန်းစုကြီး လု Group ရဲ့ ရွှေမင်းသမီးလေး လုလီ]

အင်တာနက်အသုံးပြုသူများ- […]

ထောက်ပြလာသောအချက်သည် ချိုမြိန်နေသည်တော့ မဟုတ်ပေ။ ဥက္ကဌကြီးနှင့် သူ့ဇနီးသည် လုံးဝအတုအယောင်စုံတွဲများ ဖြစ်နေကြသောကြောင့် လူတစ်ချို့ မကျေမနပ်ဖြစ်လာကြသည်။

[ဥက္ကဋ္ဌဇာတ်လမ်းက မပြီးသေးဘူးနော်! ဒီလက်ရှိဇနီးက ဇာတ်လိုက်ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ!]

[မှန်တယ်! အပြင်ပန်းမှာ စုံတွဲပုံပေါက်နေပေမယ့် တကယ် တမ်းကျ သူတို့ကြားမှာ အချစ်ဆိုတာလုံးဝမရှိဘူး၊ သူဌေးသမီးလေးက ဥက္ကဌကြီးရဲ့ နာမည်ခံစုံတွဲသက်သက်ပဲ၊ CEO Novel တွေထဲမှာဆို သူက ဥက္ကဌကြီးရဲ့ဇနီးဟောင်းပဲဖြစ်ရမှာ!]

[တကယ့်ဇာတ်လိုက်မင်းသမီးက စင်ပေါ်မှာ မပေါ်လာသေးဘူး]

[ကြည့်ပါလား! ဒီနေ့လည်း ဥက္ကဌကြီးရဲ့ မိန့်ခွန်းနဲ့ ဘီလီယံချီတဲ့ သဘောတူလတ်မှတ်ရေးထိုးနိုင်ခဲ့တဲ့အကြောင်းကို မီဒီယာတွေ ချီးကျူးတာ ပလူပျံနေပေမယ့် ၊ သူမိန်းမက စားလိုက်သောက်လိုက် စျေးဝယ်ထွက်လိုက်နဲ့ အေးဆေးပဲ၊ သူ့ webio မှာ ဥက္ကဌကြီးနဲ့ပတ်သတ်ပြီး တစ်ခုမှ တင်ထားတာ မရှိဘူး]

…….......

လုလီသည် #လမ်းလျှောက်နေတဲ့ဥက္ကဋ္ဌ # ဟူသော ခေါင်းစဉ်ကို အစပိုင်းတွင် အလွန်စိတ်ဝင်စားစွာ ဖတ်ရှုနေခဲ့သော်ငြား လည်း ဥက္ကဋ္ဌကြီး၏ဇနီးဟောင်း ဟူသော စကားများကို ကြည့်ပြီးရင်ထဲတွင်နာကျင်လာသည်။

ခံစားချက်မရှိ ? ဟန်ဆောင်ဇနီးမောင်နှံ ? အမြှောက်စာဇာတ် ကောင် ?

သူမ Weibo ပေါ်တွင် ဥက္ကဋ္ဌနှင့်ပတ်သတ်သည့် အကြောင်း အရာများကို ပို့စ်တင်ထားခြင်းမရှိကြောင်းကိုလည်း ပြောထားကြသေးသည်။

လုလီသည် ဖုန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း သူမ အမူအရာသည် ခိုင်မာလေးနက်နေသည်။

သူမသည်သာ "ဥက္ကဋ္ဌ၏ အချိုမြိန်ဆုံးနံပါတ်တစ်ဇနီး" ဖြစ် ကြောင်း လူတွေကို အတိအကျသက်သေပြချင်သည်။ ဇာတ်လိုက်မင်းသမီးသည် စင်ပေါ်ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယခုဖြစ်ပျက်နေသည်မှာ အိမ်ထောင်ပြုပြီးနောက်ပိုင်း ချိုမြိန်သော်လည်း အနည်းငယ်စိမ်းနေသော ဆက်ဆံရေးရှိနေသောကြောင့်ဖြစ်သည်။

သူမသည် ဘဏ္ဍာရေးအကောင့်ပေါ်မှ ချီချန်းရန် လက်မှတ်ထိုးနေသည့်ဓာတ်ပုံကို သိမ်းဆည်းပြီး နောက် တဆက်တည်း Weibo တွင်တိုက်ရိုက်တင်လိုက်သည်။

“ငါ့လောင်ကုန်းက သူ့ချစ်ဇနီးလေးကို ထောက်ပံ့ဖို့ပိုက်ဆံရှာနေတယ်”

All Chapters