← Chapters

Pear Couple (1)

Vol. 2 Ch. 30

Pear Couple (1)

Vol. 2 Ch. 30

မနက်ခင်း IM ထိပ်သီးအစည်းအဝေးပွဲ ပြီးနောက် ဂုဏ်ပြုနေ့လည်စာစားပွဲ ကျင်းပခဲ့ပြီး ကြယ်ငါးပွင့်ဟိုတယ်စားဖိုမှူးမှ အစားအသောက်များကို ပြင်ဆင်ပေးခဲ့သည်။

ညနေပိုင်းတွင် နောက်ထပ်အစည်းအဝေး ရှိသေးသဖြင့် ချီချန်းရန် သီးသန့်ဧည့်ခန်းတွင် အနားယူနေသည်။

အတွင်းရေးမှူးကျောက်သည် လက်ပ်တော့အားကိုင်လျက် အလုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အစီရင်ခံတင်ပြနေခဲ့ပြီး ချီချန်းရန်းကလည်း အာရုံစိုက်ကာ နားထောင်ရင်း ရံဖန်ရံခါ ခေါင်းညိတ်ပြနေသည်။

အတွင်းရေးမှူးကျောက် အစီရင်ခံစာတင်ပြပြီးနောက် ကွန်ပျူတာအား ပိတ်လိုက်ပြီး ချီချန်းရန်ကို ကြည့်လိုက်သည်။ သူ တစ်ခုခုပြောချင်သလိုရှိသော်ငြား တွန့်ဆုတ်နေပုံရသည်။

ချီချန်းရန်သည် ဤအရာကို သဘာဝကျကျ သတိပြုမိပြီး-

"ဘာပြောစရာရှိသေးလို့လဲ? ပြောလေ”

မျက်မှန်အောက်တွင် ပေါ်လွင်နေသော အတွင်းရေးမှူးကျောက်၏ ချီတုံချတုံ အကြည့်များ ပွင့်ကျလာသည်။

"ဥက္ကဌ Hot Search ပေါ်ရောက်နေတယ်”

ချီချန်းရန်သည် အတွင်းရေးမှူးကျောက်အား တစ်ချက်ကြည့်လိုက်သည်။

မြို့တော် S တွင် ချန့်ကျင်Group မှ ဦးစီးကျင်းပသော IM ထိပ်သီးအစည်းအဝေးသည် လူအများအပြား၏ အာရုံစိုက်မှုကိုရယူနိုင်မှန်း သူ ကောင်းကောင်းသိသည်။ သို့ဖြစ်ရာ Hot Search ပေါ်ရောက်ရှိနေခြင်းသည် ကြီးကြီးမားမားကိစ္စတော့ မဟုတ်လှပေ။

အတွင်းရေးမှူးကျောက်သည် ချီချန်းရန်၏အကြည့်ကို သတိထားမိသည်။ သူဌေးဖြစ်သူသည် မည်သည့်ခေါင်းစီးဖြင့် Hot Search ပေါ်ရောက်ရှိနေမှန်း မသိနိုင်သဖြင့် သူ ရှင်းပြလိုက်သည်။

- “ဟုတ်ကဲ့၊ သူဌေးနဲ့သူဌေးအမျိုးသမီး နှစ်ယောက်လုံး Hot Search ပေါ်ရောက်နေတာပါ”

ချီချန်းရန်၏ မျက်နှာတွင် သံသယအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

အတွင်းရေးမှူးကျောက် ပြောပြီးနောက် တိတ်ဆိတ်သွားကာ ဥက္ကဌချီ၏မျက်နှာကိုအကဲခတ်နေလိုက်သည်။

ချီချန်းရန်သည် အတွင်းရေးမှူးကျောက်ပြောလာသော အကြောင်းအရာကို ရှာဖွေရန် သူ၏လက်ကိုင်ဖုန်း ကိုထုတ်လိုက်ပြီးမှ သူ့တွင် Weibo Application မရှိကြောင်း သတိရလိုက်သည်။

ထို့ကြောင့် သူလက်အား ဆန့်ထုတ်ကာ အတွင်းရေးမှူးကျောက်၏ လက်ကိုင်ဖုန်းကို တောင်းလိုက်သည်။ “ဘယ်မှာလဲ ငါ့ကိုပြ”

အတွင်းရေးမှူးကျောက်သည် သူ၏လက်ကိုင်ဖုန်းကို တရိုတသေဖြင့် ပေးလိုက်သည်။

ချီချန်းရန် ဖုန်းကိုယူလိုက်သောအခါ အတွင်းရေးမှူးကျောက်သည် သူ့အား အကောင့်တစ်ခု ပြသခဲ့ပြီး အသုံးပြုသူအမည်မှာ "ယန်ယန်ရဲ့ Fan အသေးစားလေး" ဟူ၍ ဖြစ်ပြီး မကြာသေးမီက တင်ထားသော ပိုစ်များအားလုံးမှာ နာမည်ကြီး မင်းသမီးလေး လျန်ယန်ကို ချီးကျူးထားသောအကြောင်းအရာများသာ ဖြစ်သည်။

ချီချန်းရန်၏အမူအရာသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မျက်လုံးများကို မော့ကြည့်လာကာ မျက်စိရှေ့ရှိ ဝတ်စုံအပြည့်ဖြင့် ရပ်နေသော လျန်ယန် "fanboy" ကို တစ်ချက်ကြည့်လိုက်သည်။

အတွင်းရေးမှူး ကျောက်: "..."

ငါ သတိလက်လွတ်ဖြစ်သွားတာပဲ။

ချီချန်းရန်သည် Hot Search စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။ နံပါတ်လေးနေရာတွင် “လုလီနှင့်ချီချန်းရန်” ဟူ၍ ရှိနေပြီး နံပါတ်ခြောက်နေရာတွင် “လုလီ အကောင့် ဟက်ခ်လိုက်ရပြီ” ဟူ၍ဖြစ်သည်။

ချီချန်းရန် Hot Search ရှိ ခေါင်းစဉ်များကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကလစ်နှိပ်လိုက်သည်။ ပထမတစ်ခုမှာ "လုလီ လိုင်လီ" အမည်ရှိ verified user တစ်ဦးမှ လွန်ခဲ့သော တစ်နာရီဝန်းကျင်ခန့်က တင်ခဲ့သော Weibo ပို့စ်တစ်ခုဖြစ်သည်။

"ကျွန်မလောင်ကုန်းက သူ့ချစ်ဇနီးလေးကို ထောက်ပံ့ဖို့ ပိုက်ဆံရှာနေတယ်!"

ချီချန်းရန်: "???"

နောက်ထပ်ရေပန်းစားနေသည့် စျေးကွက်ရှာဖွေရေးအကောင့်မှ တင်ထားသော ပို့စ်မှာ -

မသင်္ကာစရာပဲ၊ သူ ခံစားချက်တွေ ပြောင်းနေတယ်။ ချီချန်းရန် IM ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး ဘီလီယံချီတဲ့စာချုပ်တွေ လက်မှတ်ထိုးနေတဲ့အချိန်မှာ သူ့ဇနီးက ဘာလို့ လူသိရှင်ကြား သည်းသည်းလှုပ်ချစ်ပြနေရတာလဲ?

ချီချန်းရန်: "..."

သူ အောက်က မှတ်ချက်နေရာကို နှိပ်လိုက်သည်။ မှတ်ချက်ပေါင်း 10,000 ကျော်ရှိခဲ့ပြီး အားလုံး၏မှတ်ချက်များမှာ မယုံကြည်နိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ ပြည့်နှက်လို့နေသည်။

[? ? ? ဒါ နံပါတ်တစ် စုံတွဲအတုမဟုတ်လား ? ?]

[ဘာဖြစ်တာလဲ*! လုလီ အကောင့်ဟက်ခ် ခံရတာလား?]

[ချီချန်းရန်ရဲ့ မျက်နှာနဲ့ လက်ချောင်းလေးတွေက နုဖတ်နေတာပဲ]

[အကောင့်ဟက်ခံရတာ သေချာပါတယ်၊ သူ ပိုက်ဆံဖြုန်းရတာ ပျင်းလာလို့လား? ဒါမှမဟုတ် သူ့မျက်နှာတစ်ခုတည်းနဲ့ မလုံလောက်တော့လို့လား? လုလီက အတုအယောင်ခင်ပွန်းကို ဘယ်လိုလုပ် ခေါ်ထုတ်ရဲရတာလဲ!]

[အရင်တစ်ခေါက်တုန်းကတောင် ဒီစုံတွဲမှာ အချစ်မရှိဘူးလို့ အတည်ပြုထားတာကို ငါပြန်ကြည့်မိနေတုန်းပဲ၊ ဒါဘယ်လိုဖြစ်တာလဲ? ဟား...ဟား... ]

[ခံစားချက်တွေ ပြောင်းလဲသွားပြီတဲ့လား? သူ့လောင်ကုန်းကို ခေါ်ထုတ်ပြီး ခံစားချက်တွေ ပြောင်းလဲသွားပြီ လို့ ပြောချင်တာလား? ဟားဟားဟား]

[ပေါက်ကရတွေ! ဒီစုံတွဲအတုက ရုတ်တရက် ဒီလိုချပြလိုက်တာ ဘာသဘောလဲ? သူတို့ ဆက်ဆံရေးပြောင်းလဲသွားပြီလို့ ပြောချင်တာလား? မှုန်ကုပ်ကုပ်ပြုံးနေသော အီမိုဂျီ]

[စကားလုံးရွေးချယ်မှုက ရေတပ်ဆန်လိုက်တာ! လုလီလို အေးစက်တဲ့ နတ်ဘုရားမက ဒီလိုတင်လာတယ်ဆိုတာ ငါဖြင့်လုံးဝကိုမယုံနိုင်ဘူး]

ထိုမှတ်ချက်များကို မြင်တော့ ချီချန်းရန်သည် "Lu Li hacked" ဟူသော ခေါင်းစီးဖြင့် Hot Search ပေါ် အဘယ်ကြောင့် ရောက်ရှိနေရကြောင်း နားလည်သွားသည်။

သူသည် လုလီ၏ Weibo အကောင့်အား နှိပ်ကြည့်လိုက်ရာ ပရိတ်သတ်ပေါင်း 900,000 ကျော် Follow လုပ်ထားပြီး ချမ်းသာပြီး ကျော်ကြားသည့် အမျိုးသမီးများ၏ ဘဝပုံရိပ်ကို ရံဖန်ရံခါ မျှဝေထားသည်ကို တွေ့ရသည်။ သူ ကလစ်နှိပ်ကြည့်လိုက်ရာ Weibo ပေါ် တွင် "ယခုလေးတင်" ဟူသော နောက်ထပ်postတစ်ခု ထပ်တင်ထားသည်ကို တွေ့လိုက်သည်။

“ဟက်ခံရတာ မဟုတ်ဘူး" ဟူသော စာတန်းဖြင့် လော‌လောလတ်လတ် ရိုက်ထားသော ဆယ်လ်ဖီဓာတ်ပုံတစ်ပုံ ပင်ဖြစ်သည်။

All Chapters