← Chapters

Pear Couple (2)

Vol. 2 Ch. 31

Pear Couple (2)

Vol. 2 Ch. 31

ဤသည်ကိုကြည့်ရင်း ချီချန်းရန် အသက်ရှုကြပ်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

ရှန့်ကျင်အား လက်လွှဲယူပြီးကတည်းက သူထံ ကြီးကြီးမားမား လေပြင်းများ နှင့် လှိုင်းလုံးများကို မတွေ့ခဲ့ရပေ။ ယခုကဲ့သို့ အလွန်အမင်း စိုးရိမ်ပူပန်ခြင်းကို ခံစားရသည်မှာ ဒါ ပထမဆုံး အကြိမ်ဖြစ်သည်။

လုလီ၏ အခြေအနေသည် ပြန်လည်ထူထောင်ရေးကာလတွင် ရှိနေကြောင်း လောကကြီးကို ကြေငြာဖို့ရန် သူအနေနှင့် မဖြစ်နိုင်သဖြင့် သည်းခံလိုက်သည်။

သူ လုလီအား နားချရန် သင့်တော်သောအချိန်ကိုလည်း လွတ်သွားခဲ့သည်။ သူမ၏ အတွေးများတွင် ပြဿနာရှိနေကြောင်း သူ ပြောပြလိုက်ပါက သူမအား စွန့်လွှတ်ရန် လိမ်ညာဖန်တီးပြောဆိုနေကြောင်းဟုသာ ထင်ပြီး သူ့ရှေ့၌ ဝမ်းနည်းစွာ ငိုကြွေးနေမည်ကို တပ်အပ်သိသည်။

သူသည် လုလီ ကလေးတစ်ယောက်ကဲ့သို့ ပြုမူကာ ချွဲပစ်နေသည်ကို မခံနိုင်သလို ၊ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေသည်ကို မြင်ရပါကပို၍ပင် သည်းမခံနိုင်ကြောင်းကို သိရှိခဲ့သည်။

ချီချန်းရန် သူ့မျက်ခုံးများကို တွန့်ချိုးလိုက်မိသည်။ ထိုစဉ် သူ့လက်ကိုင်ဖုန်းမှ မက်ဆေ့ချ် သတိပေးသံ ထွက်ပေါ်လာသည်။

လုလီထံမှ WeChat မက်ဆေ့ချ်တစ်စောင်ဖြစ်သည်။

[လောင်ကုန်း၊ကျွန်မ ဒီနေ့ ရှင့်ကို Weibo မှာ mention ခေါ်ထားတယ်နော်]

[ကျွန်မတို့ Hot Search ပေါ်တောင် ရောက်သွားသေးတယ်]

[ကျွန်မတို့ ဆက်ဆံရေးမကောင်းဘူးဆိုတဲ့ ကောလဟာလတွေကို သေချာပေါက် ပယ်ချပစ်မယ်။ အားလီကို စိတ်ချထားလိုက်]

[ဖိုက်တင်း အီမိုဂျီ (လုလီ ဗားရှင်း)]

ချီချန်းရန်သည် လုလီ ကိုယ်တိုင်ပြုလုပ်ထားသော အီမိုဂျီကို ၎င်း၏မိုဘိုင်းလ်ဖုန်းပေါ်တွင် တွေ့လိုက်ရပြီး ခဏဆွံအသွားခဲ့သည်။

တစ်ဖက်တွင် လုလီသည် ခင်ပွန်းဖြစ်သူထံသို့ WeChat မက်ဆေ့ချ်ပေးပို့ပြီးနောက် သူမ၏ Weibo အား နောက်တစ်ကြိမ်ကြည့်ရှုခဲ့သည်။

သူမ ကိုယ်တိုင် selfie ပုံကိုတင်ထားသော်ငြား အကောင့် hack ခံရသည်ဟု အားလုံး ထင်ကြေးပေးခြင်းကို ခံနေရသည်။

ယခုအခါ မှတ်ချက်ကဏ္ဍတွင် မေးခွန်းအမှတ်အသားများနှင့် ဖရဲသီးစားနေသော ပုံများ ပလူပျံနေသည်။ ချမ်းသာသော စုံတွဲအတုနှင့် အထင်အမြင်လွဲမှားနေကြသော သူမ၏ချဉ်းကပ်ပုံကြောင့် လူတိုင်းက အံ့ဩနေကြသည်။

ယခုတစ်ကြိမ်တွင် လုလီသည် စုံတွဲအတုအယောင်ဟူသော အခြေအနေကို ပြောင်းပြန်လှန်ရန် စိတ်ပိုင်းဖြတ်ထားပြီး သူမနှင့် ခင်ပွန်းအတွက် ပုံရိပ်ကောင်းတစ်ခု ဖန်တီးရန် ဆုံးဖြတ်ထားသည်။

သူမသည် 'Pear-Flavored Fairy' အကောင့်ကိုနှိပ်ပြီး သူမ၏စိုးရိမ်မှုများကို ပြောပြခဲ့သည်။

ချိုမြိန်သောစုံတွဲသည် အိမ်ထောင်သက် သုံးနှစ်ရှိသော်ငြားလည်း CP ပရိတ်သတ်ပင် မရှိသေးပေ။

ထိုမျှ ကြည့်ကောင်းပြီး လိုက်ဖက်ညီသော စုံတွဲကို မည်သူမှ တံခါးလာမခေါက်ကြသေးချေ။

ထို့ကြောင့် ၎င်းတို့၏ အဆင့်အတန်းကို ပြောင်းပြန်လှန်ရန် ပထမခြေလှမ်းမှာ CP Fan ဖြင့် စတင်ရမည်ဖြစ်သည်။

ထို့ကြောင့် လုလီသည်'လုလီ,ချီချန်းရန် 'ဟူသော စကားလုံးငါးလုံးနှင့်ပတ်သတ်ပြီး စဉ်းစားခန်းဝင်လိုက်သည်။

သူမသည် ပရိသတ်အသိုင်းအဝိုင်းထဲ လှည့်ပတ်လေ့လာပြီး လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် မည်သည့်နည်းလမ်းဖြင့် ထိုးဖောက်ရမည်ကို နားလည်သည်။ သူမ ခဏစဉ်းစားကာ သူမဘာသာ ဆုံးဖြတ်ချက်ချခဲ့သည်။

နာမည်ကို'သစ်တော်သီးစုံတွဲ' ဟုပေးလိုက်သည်။

(T/N - Pear Couple ဟူသည် တရုတ်စကားတွင် ကွာရှင်းခြင်းနှင့် လမ်းခွဲခြင်းကို ကိုယ်စားပြုသော သင်္ကေတဖြစ်သည်)

ချီချန်းရန် x လုလီ ။ ဘယ်လောက်တောင် အဆင့်အတန်းမြင့်တဲ့ ခံစားချက်မျိုးလဲ? အရည်ရွှမ်းပြီး ချိုမြိန်သည့် သစ်တော်သီးကို မည်သူက မစားချင်ဘဲ နေပါ့မလဲ?”

[T/N: ငါ! (သစ်တော်သီးမကြိုက်ဘူး Lol)]

လုလီသည် 'မက်မွန်းသီးစုံတွဲ"၏ Super Chat ' ဖန်တီးရန်အတွက် Weibo ၌ သူမ၏applicationကို ပေးပို့ခဲ့သည်။ သူမ၏ စိတ်အားထက်သန်မှုနှင့် ရက်ရောမှုတို့ကြောင့် သူမ၏ကြယ်ပွင့်ရှာဖွေရေးအကောင့်သည် လူသိများလှပြီး ပရိသတ် 10,000 နီးပါးရှိသည်။ ခဏအတွင်းမှာပင် လူအများက သူမကို ကူညီပေးခဲ့ပြီး'ချိုချိုမြိန်မြိန်သစ်တော်သီးစုံတွဲ'ကို အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။

Weibo ရှိ Pear-Flavored Little Fairy’s ကို Follow လုပ်ထားကြသော လူအများအပြားသည် အသစ်ဖွင့်ထားသော 'Pear Couple' စူပါချက်ကို နှိပ်လိုက်ကြသည်။

[သစ်တော်သီးစုံတွဲ? သစ်တော်သီးစုံတွဲတွေက ဘယ်သူတွေလဲ?]

[နတ်သမီးလေးက CP အသစ် ထပ်ဖွင့်လိုက်တာလား?]

[နတ်သမီးလေးရေ မြန်မြန်ကိုယ်ထင်ပြပါတော့~]

လုလီသည် မိတ်ဆက်စာသားကို သေချာပြင်ဆင်ပြီး Super Chat ဖန်တီးသူအဖြစ် ပထမဆုံး Official ပို့စ် တင်လိုက်သည်။

"နီဟောင်… သစ်တော်သီးစုံတွဲမှ ကြိုဆိုပါတယ်၊ ပိုပြီး ရှင်းရှင်းလင်းလင်းပြောရရင် ချစ်စရာကောင်းတဲ့ ဥက္ကဌချီချန်းရန်နဲ့ သူဌေးသမီးလေး လုလီတို့ရဲ့အချိုတွေကို မြင်ရမယ့် Super Chat လေးပေါ့၊ Immortal Couple တွေ ဘယ်တော့မှ ပိုက်ဆံချို့တဲ့မှာမဟုတ်ဘူးနော်၊ လာရောက်စုဝေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ အားလုံးပဲ ဒီစုံတွဲလေးကို ရှေ့လျှောက်ဝန်းရံပေးပါဦး”

Little Star Chaser ရဲ့ ပါတနာ- "..."

[စုံတွဲအတုတွေမှာလည်း CP ရှိတာပဲလား?]

[Pear-Flavored Little Fairy’s ရဲ့ နတ်သမီးလေးက ဘာဖြစ်နေတာလဲ? သူ ဒီစုံတွဲကို ရုတ်တရက် ဘာလို့ထောက်ခံတာလဲ?!]

[သူ တမင်သက်သက် attention ရှာနေတာတော့ မဟုတ်ပါဘူးနော်]

[သူ့ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ?]

လုလီ ပထမဆုံးပို့စ်တင်ပြီးနောက်တွင် သူမ၏ အခြားသူငယ်ချင်းများ ပို့စ်များဖန်တီးရန် အနီးကပ်စောင့်ဆိုင်းခဲ့ပြီး သူမသည် ပို့စ်ကို စတင်ပေးပို့သောအခါ ပြန်လည်ဆန်းသစ်လာသည်နှင့်အမျှ စူပါချက်ပရိသတ်အရေအတွက် 31 မှ 15 အထိ ကျဆင်းသွားသည်ကို တွေ့ရှိခဲ့သည်။

“...”

ဘာလို့ ကျသွားတာလဲ။

လုလီ အံကြိတ်လိုက်သည်။

သူမ ထိုစာမျက်နှာမှထွက်ကာ 'ချီချန်းရန် ' နာမည်ဖြင့် ခေတ်စားနေသော အကြောင်းအရာကို Hot Search တွင် ရှာကြည့်လိုက်သည်။

ဤသည်မှာ သူမ ရှုံးနိမ့်မည်မထင်ပေ။

ထို့နောက် သူမသည် Super Chat ထဲသို့ ပြန်ဝင်လိုက်ပြီး Weibo တွင်နောက်ထပ်ပို့စ်တစ်ခု ထပ်တင်လိုက်သည်။

[ ကျေးဇူးပြုပြီး ‘လုလီနဲ့ချီချန်းရန်း’ ရဲ့ Hot Search ကို သွားပြီး Support ပေးကြပါဦး၊ သစ်တော်သီးလည်း စားရင်း သစ်တော်သီးစုံတွဲကိုလည်း အားပေးရင်းပေါ့၊ ဒီတစ်ပတ်အတွင်း အများဆုံး Support ပေးနိုင်တဲ့ ပထမဆုံး သစ်တော်သီး အယောက်တစ်ရာကို ဆုကြေးတွေ ပေးသွားမှာပါ။ ပြီးတော့ fanarts ဖန်တီးနိုင်တဲ့ ဘယ်အကောင့်ငယ်မဆို (CP ဗီဒီယိုတွေ Edit လုပ်ထားတဲ့ ဓာတ်ပုံတွေ ect… ) ထပ်ဆောင်းအနေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်]

လုလီသည် သူမ၏ စားပွဲတင်ခုံနှင့်စင်များပေါ်တွင် ကိုယ်ပိုင်စုဆောင်းထားသော ပစ္စည်းများစွာကို ဓာတ်ပုံရိုက်ယူခဲ့သည်။

ထိုထဲတွင် အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်များနှင့် အလှကုန်များ အားလုံးရှိနေသည်။ နိုင်ငံတကာနာမည်ကြီး ဇိမ်ခံအမှတ်တံဆိပ်များမှသည် ပြည်တွင်းထုတ်ကုန်များအထိ၊ Limited Edition ပစ္စည်းများ၊ လူတစ်ယောက် အလိုချင်ဆုံး အရာများကို ဤနေရာတွင် ရှာတွေ့နိုင်မည့်အပြင် ရောင်းကုန်သွားသော ပစ္စည်းများလည်းပါဝင်သည်။

သေချာသည်မှာ အဆိုပါပို့စ်တင်ပြီးနောက် လူသိများသွားပြီး Pear-Flavored Little Fairy တွင် Fanပရိသတ် 10,000 ခန့် ထွက်ပေါ်လာခဲ့သည်။

All Chapters