Pear Couple (3)
Vol. 2 Ch. 32
[F*ck! ဒီနတ်သမီးလေးက ဒီအဝန်းအဝိုင်းထဲမှာ Fan အင်အား အတောင့်ဆုံးပဲ]
[ဟဲ့...အဲ့ဒါ C Brand တံဆိပ် eyeshadow မဟုတ်လား? နတ်သမီးလေးဆီမှာ box လိုက်ကိုရှိနေတာနော်]
[ဒါ G Brand မျက်နှာလိမ်းခရင်မ်မဟုတ်လား? အဲ့ပစ္စည်းက အရေအတွက် ထောင်ဂဏန်းပဲ ထုတ်ထားတာ]
The Pear-Flavored Little Fairy replied: [အလုပ်ကြိုးစားရင် ပို့ပေးဖို့ အဆင်သင့်ပဲနော်]
[Ahhhhhh! လိုချင်တယ်!လိုချင်တယ်!]
[အိုမို သူကတကယ့်ကို ချမ်းသာတဲ့ မိန်းကလေးပဲ]
[ကြိုးစားလိုက်ရအောင်!]
[နတ်သမီးလေးအတူနဲ့ CP တစ်ခုထဲရှိရတာ အရမ်းပျော်တာပဲ..ရေ့ ရေ့]
တခဏအတွင်းမှာပဲ လုလီနှင့်ချီချန်းရန်တို့၏ စုံတွဲအတုအယောင်နှင့်ပတ်သတ်သည့် ရှုပ်ထွေးမှုများအပြင် 'မက်မွန်သီးစုံတွဲ’ နှင့်ပတ်သတ်ပြီး မှတ်ချက်များ ရုတ်တရက်ထပ်တိုးလာခဲ့သည်။
လူတော်တော်များများ ရှုပ်ထွေးနေကြသည်။
ဒီစုံတွဲအတုမှာ CP super chat တစ်ခုတောင်ရှိနေတာလား?
လုလီသည် 'မက်မွန်သီးစားတဲ့စုံတွဲ' ၏ စူပါချတ် super chat တွင် တိုးတိုးလာသည့် Fan အရေအတွက်ကို ကြည့်ရင်း ပျော်ရွှင်နေခဲ့သည်။ ဤသည်မှာ လက်ဆောင်များကြောင့်မှန်း သိရက်နှင့်တောင် သူမ ကျေနပ်စွာ ခေါင်းညိတ်နေမိသည်။
ခင်ပွန်းဖြစ်သူသည် ၎င်းတို့ပုံရိပ်အတွက် သူမ လုပ်ဆောင်နေသည့်အရာများကို မသိထားပေ။ သူမ၏ CP ကို အနာဂတ်တွင် နာမည်ပိုကြီးစေရန် အချိုများ ပိုထုတ်ပြနိုင်ဖို့ လိုအပ်သည်။
လုလီသည် တစ်နေ့ခင်းလုံး 'မက်မွန်သီးစားတဲ့စုံတွဲ' စူပါချက်အား လူသိများအောင် အုတ်မြစ်ချရင်း အချိန်ကုန်နေခဲ့သည်။ သူမ ချထားသော ငါးစာသည် လူအများအပြားကို နှိုးဆွပေးနိုင်ခဲ့သည်ထင်၏။ CP ရှိ Fan အများအပြားသည် ဆုလက်ဆောင်များရရှိရန် ကိုယ့်ကိုကိုယ် တွန်းအားပေးနေကြသည်။ လျှို့ ဝှက်ဆန်းကြယ် လက်ဆောင်များကြောင့် Fan တွေ၏ ပံ့ပိုးပေးမှုမှာ ပိုမိုမြန်ဆန်လာခဲ့သည်။
Hot Search သည် တစ်နေ့လုံးနီးပါး ထိုးတက်ခဲ့ပြီးနောက် နောက်ဆုံးတွင် ပြန်ကျသွားခဲ့သည်။
ချီချန်းရန် အလုပ်ဆင်းပြီးနောက် အိမ်ပြန်လာခဲ့သည်။
ယနေ့ Hot Search တွင် ရှန့်ကျင်ဘက်မှ မည်သည့်ဖြေရှင်းချက်မှ ပြုလုပ်လာတာမျိုး မတွေ့ရပေ။ ဤသည်မှာ ဥက္ကဌနှင့်ပတ်သတ်သော သတင်းတစ်ပုဒ်သာဖြစ်ပြီး အရှုပ်အရှင်းမဟုတ်သည့်အပြင် တုံ့ပြန်ရန်လည်း မလိုအပ်သောကြောင့်ဖြစ်သည်။
လုလီနဲ့ပတ်သက်ပြီး...
ချီချန်းရန် သက်ပြင်းချလိုက်ပြီး နောက်ပိုင်း သူနှင့်ပတ်သတ်သည့် မည်သည့်အကြောင်းအရာကိုမှ လူသိရှင်ကြား ထုတ်မပြရန် သတိပေးရမည်ဖြစ်သည်။ အကြောင်းပြချက်ကို ကြိုစဉ်းစားထားပြီး ရိုးရှင်းသော်ငြား အလုပ်ဖြစ်မည်ထင်သည်။ ဤသည်မှာ “မင်းရဲ့ခင်ပွန်းကလူသိထင်ရှားဖြစ်တာမျိုး မကြိုက်ဘူး”
မတော်တဆမှုဖြစ်ပြီးနောက် သူမက ပြောသမျှစကားတိုင်းကို နားထောင်ပေးခဲ့သည်။
ထိုသည်ကို တွေးရင်း ချီချန်းရန် မထိန်းနိုင်ပဲ ပြုံးမိလိုက်သည်။
လုလီ စာကြည့်ခန်းတွင် ရှိကြောင်း အိမ်ထိန်းမှ ပြောသည်။
အပေါ်ထပ်ရှိ သူ့အိပ်ခန်းတွင် ရုံးအလုပ်များ အဆင်ပြေစေဖို့ရန် စာကြည့်ခန်းတစ်ခုထည့်ထားပြီး အောက်ထပ်တွင် ကျယ်ဝန်းပြီး ပိုပြည့်စုံသော စာကြည့်ခန်းတစ်ခုရှိသေးသည်။ ထိုအခန်းကို လုလီ တစ်ခါတလေ သုံးတတ်သည်။
စာကြည့်ခန်းတံခါးကို မပိတ်ထားသဖြင့် ချီချန်းရန် ချောင်းကြည့်လိုက်ရာ လုလီ ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် တစ်စုံတစ်ခုကို အလွန်အမင်းအာရုံစိုက်နေပုံရပြီး သူ့မမျက်နှာပေါ်တွင် ဖော်ပြ၍ မရသော အပြုံးတစ်ခုရှိနေသည်။
သူမ ထိုအထဲကို အာရုံစိုက်ထားသဖြင့် ချီချန်းရန် ဝင်လာသည်ကိုပင် သတိမထားမိခဲ့ချေ။
ချီချန်းရန်သည် တိတ်တဆိတ် လျှောက်လာပြီး လုလီ နောက်တွင်ရပ်လိုက်သည်။ ထို့နောက် သူ့ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ကာ ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်လိုက်သည်။
စခရင်ပေါ်တွင် မက်မွန်သီးရောင် သန်းနေသည့် စာလုံး တော်တော်များများရှိနေသည်။
“No Love, No Joy: - လွှမ်းမိုးချုပ်ကိုင်ထားသော ဥက္ကဌကြီးရဲ့ Hot ဖြစ်သော ဇနီးလေး !"
" Protagonist: ချီချန်းရန် x လုလီ"
"PS: အသားပါတဲ့ (smut) version”