← Chapters

Dancing Lady (1)

Vol. 3 Ch. 33

Dancing Lady (1)

Vol. 3 Ch. 33

လုလီ တစ်နေ့ခင်းလုံး အလုပ်ကြိုးစားပြီး ဖန်တီးခဲ့သည့် အသား (စိတ်ကူးယဉ် ဇာတ်လမ်း)ကို ကြည့်ပြီး သဘောကျစွာ ပြုံးလိုက်သည်။

အတုအယောင်စုံတွဲများက 'ဒါ' ကို မလုပ်ကြဘူးဟူသော ကောလာဟလများကို ချေဖျက်ရန် အသားပါသော စိတ်ကူးယဉ်ဇာတ်လမ်းဖြင့် ပထမဆုံး စတင်ရမည်ကို သူမသိထားသည်။

“အသားပါတယ်” ဆိုတာ ဘာကိုပြောချင်တာလဲ?

ရုတ်တရက် သူမ နောက်ကျောမှ နှစ်လိုဖွယ်ကောင်းသော အမျိုးသားအသံ ထွက်ပေါ်လာသည်။

"အမ်!" လုလီ လန့်သွားပြီး ထိုင်နေရာမှ ချက်ချင်းထကာ လှည့်ကြည့်လိုက်ရာ သူ့မနောက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော ခင်ပွန်းဖြစ်သူကို တွေ့လိုက်သည်။ သူ့မျက်လုံးများသည် ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်နေသည်။

"မဟုတ်ဘူး၊ ဘာမှ မဟုတ်ပါဘူး!" လုလီ Document ဖိုင်ကို အလျင်အမြန်ပိတ်လိုက်သော်ငြား နောက်ထပ်ဖိုင်တစ်ခုပေါ်လာပြန်သည်။

"တစ်ညခုနစ်ကြိမ်- ဝမ်းတွင်းမည်းဥက္ကဋ္ဌကြီးနှင့်ဇနီး"

(T/N - ဝမ်းတွင်းမည်းဟူသည် အကြံအစည်နက်နဲသော အကြံကြီးသော အသုံးအနှုန်းကို ဆိုလိုသည်။)

ချီချန်းရန်သည် 'တစ်ညခုနစ်ကြိမ်' ဟူသော ရောင်စုံစကားလုံးများကို မြင်ပြီး မျက်ခုံးပင့်လိုက်သည်။

လုလီ ရှက်ကိုးရှက်ကန်းဖြင့် ငိုချင်စိတ်ပင်ပေါက်သွားသည်။ သူမ ဘာကြောင့် ဖိုင်တွေအများကြီး ဖွင့်ထားမိမှန်း မသိတော့ပေ ။သူမ မောက်စ်ကိုကွဲထွက်တော့မတတ် ဖိနှိပ်နေခဲ့ပြီး အတော်ကြာမှသာ ပိတ်နိုင်ခဲ့သည်။

ချီချန်းရန်သည် ကွန်ပြူတာဖန်သားပြင် ရှေ့တွင် တည့်တည့်မတ်တပ်ရပ်လိုက်ပြီး လုလီ၏မျက်နှာအမူအရာကို အဓိပ္ပါယ်ရှိသောအကြည့်ဖြင့် ကြည့်နေသည်။

လုလီသည် ခင်ပွန်းဖြစ်သူအား အာရုံပြောင်းရန် တည်ငြိမ်ဟန်ဆောင်ပြီး အကြောင်းအရာပြောင်းလိုက်သည် “လောင်ကုန်း အလုပ်က ပြန်ရောက်ပြီလား?”

ချီချန်းရန်သည် ရှေ့က မြင်လိုက်ရ‌သော ခေါင်းစဉ်များ၏ အဓိပ္ပာယ်ကို အလွန်စိတ်ဝင်စားနေသကဲ့သို့ ကွန်ပျူတာစခရင်ကို စိုက်ကြည့်နေဆဲဖြစ်သည်။

လုလီသည် ချီချန်းရန်၏လက်မောင်းကိုဆွဲကာ ထိုနေရာမှ ဆွဲထုတ်လိုက်ပြီး

"ရှင်နဲ့တစ်နေကုန် စကားတောင် ကောင်းကောင်းမပြောရသေးဘူး၊ ရှင်က

လေ အနောက်တိုင်းဝတ်စုံနဲ့ အရမ်းကြည့်ကောင်းတာပဲသိလား? လောင်ကုန်းက ပိုက်ဆံလည်း ကောင်းကောင်းရှာနိုင်တယ်၊ အားလီလေ လောင်ကုန်းရှာထားတဲ့ ပိုက်ဆံတွေကို သုံးရတာ သဘောကျတယ်”

ချီချန်းရန် မရယ်ပဲ မနေနိုင်တော့ချေ။

သူထံမှ မည်သည့်မေးခွန်းမှ ထပ်မထွက်သည့်အတွက် လုလီ စိတ်သက်သာရာရစွာဖြင့် စိတ်ထဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ဒီလို ရှက်ဖို့ကောင်းတဲ့အရာကို သူခင်ပွန်းအား ပြလို့မဖြစ်ပေ။

ထိုညတွင် ချီချန်းရန် 'ညစာ' ကောင်းကောင်းစားခဲ့သည်။

လုလီလည်း ၎င်းတို့ သုံးနှုန်းကြသည့် 'ဒါ' ဆိုသောအရာထဲတွင် နှစ်မြုပ်သွားခဲ့သည်။ နောက်ဆုံးအခိုက်အတန့်ကို ဘယ်သူသိနိုင်မှာလဲ? ချီချန်းရန် ရုတ်တရက်မေးလာသည်။

"အသားဗားရှင်းဆိုတာ ဒါကိုပြောတာလား?"

လုလီ လှုပ်ရှားမှုတွေရပ်တန့်သွားကာ ချက်ခြင်းပင် သတိလစ်လုမတတ်ဖြစ်သွားသည်။

“...”

Ahh....!!!! ငါ ဒါကို မလုပ်နိုင်တော့ဘူး ! အသားမစားတော့ဘူး !

-

IM Summit အပြီးတွင် ချီချန်းရန်သည် အလုပ်ကိစ္စဖြင့် City B သို့ တစ်ပတ်ခန့် သွားရောက်ခဲ့သည်။

လုလီသည် ခင်ပွန်းသည်အား စောင့်မျှော်နေရသော ဇနီးတစ်ယောက်၏ ဘဝကို ဖြတ်သန်းခဲ့သည်။

ချင်ရုံသည် မကြာသေးမီက လုလီ၏ တာဝန်ကို လက်ခံရရှိခဲ့သည်။ သူမသည် Fan များအား ပတ်ကေ့ချ်များ ပေးပိုရာတွင် ကူညီပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အလှကုန် နှင့်အသားအရေ ထိန်းသိမ်းခြင်း ထုတ်ကုန် အမျိုးမျိုးအပြင် နားကပ်နှင့်လက်ဝတ်ရတနာများ ပါ၀င်သည့် ပက်ကေ့ခ်ျ နှစ်ရာနီးပါးရှိပြီး အများစုမှာ stock မကျန်သော ပစ္စည်းများဖြစ်သည်။

သူမ၏ Weibo ပရိသတ်တွေအတွက် Madameရဲ့ လက်ဆောင်လို့ ပြောလို့ရသည်။

လုလီသည် အကောင်အထည် ပေါ်စပြုနေပြီဖြစ်သော 'သစ်တော်သီးစားသောစုံတွဲ' ကိုတွေ့သောအခါ ခေါင်းညိတ်လိုက်သည်။

လုလီသည် သူမ ၏ Main အကောင့်ကို ပြန်ပြောင်းကာ စူပါချက်တွင် 'ချီချန်းရန်' နှင့် ‘မက်မွန်းသီးစုံတွဲ' ကို Follow လုပ်ခဲ့သည်။

လုလီ၏လတ်တလော လှုပ်ရှားမှုကို တွေ့ရှိသောအခါ စူပါချက်ရှိ ပရိသတ်များ အံ့အားသင့်ခဲ့ကြသည်။

[သူ ဒီထဲဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ? ရိုင်းစိုင်းတဲ့မှတ်ချက်တွေ ကြည့်နိုင်လို့လား?]

[ ပါးစပ်ပိတ် အီမိုဂျီ ]

[ချမ်းသာတဲ့အမျိုးသမီးတွေလည်း စူပါချက်ကို ဖတ်တာပဲလား?]

[မသိဘူးလေ]

[လုံးဝမဖတ်ဘူးပေါ့! လုလီလို နာမည် ကြီးက "ချမ်းသာတဲ့သူတွေရဲ့ဘဝအကြောင်း မေးခွန်း ၁၀၀ ဒါမှမဟုတ် နေ့တိုင်း ဆယ်ဘီလီယံကို ဘယ်လိုသုံးဖြုန်းရမလဲဆိုတဲ့ သာမန်အကြောင်း အရာတွေပဲ စိတ်ဝင်စားမှာလေ!]

[ဒါဆို သူ ဘာလို့ super chat ကို follow လုပ်တာလဲ?]

[မှားနှိပ်မိတာ နေမှာပေါ့…]

လုလီသည် super chat တွင် ပရိသတ်ဆွေးနွေးမှုကို မျက်မှောင်ကြုတ်ကာကြည့်နေသည်။

သူ အပေါ်က ပြောတဲ့ "ချမ်းသာတဲ့သူတွေရဲ့ ဘဝအကြောင်း" ဟူသော ရိုးရှင်းတဲ့အကြောင်းအရာများကို မဖတ်ချင်ပေ။

ချမ်းသာတဲ့မိန်းကလေးတွေလည်း ဒီလို CP ချက်တွေဖတ်လို့မရဘူးလို့ ဘယ်သူပြောလဲ?

လုလီ သူ့အကောင့်ကို လှန်ကြည့်ရင်း နှုတ်ခမ်းကို စူထုတ်လိုက်သည်။

All Chapters