Dancing Lady (3)
Vol. 3 Ch. 35
'This is Love' သီချင်း၏ အကလှုပ်ရှားမှုများမှာ ထင်ထားသလောက် မခက်ခဲပေ။ လုလီ နေ့ခင်းဘက်တွင် ဆရာ၏သင်ကြားမှု နောက်သို့လိုက်ကာ လှုပ်ရှားမှုအဆင့်ဆင့်ကို လေ့လာခဲ့သည်။ အကခန်းမသည် ငယ်ရွယ်နုပျိုသော မိန်းကလေးများအတွက် အချစ်၏ ချိုမြိန်သော ဝန်ခံချက်များနှင့် ပြည့်နှက်လို့နေသည်။
ချောင်ကျာယိသည် ထိုသို့ ကြက်သီးထဖွယ် ကောင်းသောအကကို မလေ့လာဘဲ အခြားအရာတစ်ခုကို လေ့လာရန် အခြားလေ့ကျင့်ခန်းသို့ သွားခဲ့သည်။
'This is Love' ၏နောက်ဆုံးတီးလုံး အထွတ်အထိပ်ရောက်ချိန်တွင် လုလီသည် ကိုယ့်ကိုကိုယ် မှန်ထဲတွင်ကြည့်ကာ သူမ၏လှုပ်ရှားမှုကို ပြီးပြည့်စုံစွာ အဆုံးသတ်ခဲ့သည်။ သူမသည် သီချင်း၏နောက်ဆုံးစာသားကို 'ငါ ဘာလို့ နင့်ကို ဒီလောက်ကြိုက်နေရတာလဲ?” အစား “လောင်ကုန်း ကျွန်မ ရှင့်ကိုဘာကြောင့် ဒီလောက်တောင် အရူးအမူးဖြစ်နေရတာလဲ”ဟု စာသားပြောင်းဆိုလိုက်သည်။
အကဆရာသည် လုလီအား လေးလေးနက်နက် ကြည့်ပြီး ခေါင်းကိုညိတ်လျက်
“မင်းက အတတ်မြန်သားပဲ”
မိန်းကလေး Idol များ သီဆိုကပြထားသော အဆိုပါသီချင်း၏ မူရင်းဗားရှင်းမှာ ကခုန်ချိန် မျက်နှာအမူအရာသည် ထိပ်တန်းဦးစားပေးထားသော်လည်း လုလီ၏ မျက်လုံးများသည် သူမ ကခုန်နေချိန်အတွင်း ကြယ်များဖြင့် ပြည့်နှက်နေပြီး ၊ သူမ၏ ခန္ဓာကိုယ်သည် ချစ်စဖွယ် မိန်းကလေးတစ်ယောက်၏ ခံစားချက်ကို ထုတ်ဖော်ပြသနေသည်။ ချစ်ခြင်းမေတ္တာအား ပရော်ဖက်ရှင်နယ်ကျကျ ထုတ်ဖော်ပြသခြင်းထက် သဘာဝကျကျ ထုတ်ဖော်ပြောဆိုခြင်းက ပိုကောင်းသည်ဟု သူမထင်သည်။
ဒီလိုစစ်မှန်တဲ့ဖော်ပြမှုက လုပ်ငန်းခွင်ကျွမ်းကျင်မှုထက်တောင် ပိုကောင်းသေးတယ် မဟုတ်လား?
လုလီသည် သူမ၏အကလေ့ကျင့်မှုအား video record ယူရန်အတွက် အကစတူဒီယိုရှိ ကင်မရာနှင့် ဗီဒီယိုဆရာကို ငှားလိုက်သည်။
ဤအကစတူဒီယိုသည် ထိုနယ်ပယ်တွင် အလွန်ကျော်ကြားပြီး ၎င်း၏ Website ထဲတွင် ဆရာအချို့နှင့်သင်တန်းသားများ၏ ဗီဒီယိုများကို မကြာခဏဆိုသလို Update လုပ်လေ့ရှိသည်။ Fan အများအပြားလည်း ရှိပြီး ၎င်းတို့တွင် အဆင်မြင့် ကင်မရာများနှင့် ဗီဒီယိုဆရာပင် ရှိသည်။
အလုပ်ကိစ္စဖြင့် ခရီးထွက်နေသော ခင်ပွန်းဖြစ်သူအား သူမ၏ကြိုးစားမှု ရလဒ်များကို ပြသရန် မစောင့်နိုင်တော့ဘဲ ဗီဒီယိုရိုက်ကူးကာ ချီချန်းရန်ထံသို့ ပေးပို့ပြီး အနာဂတ်တွင် ထပ်ခါထပ်ခါ ကပြနိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ချောင်ကျာယိသည် လုလီ ရှိရာ လေ့ကျင့်ခန်းသို့ရောက်လာပြီး သူမကိုကြည့်ရင်း ဖရဲသီးစားရန် ကြမ်းပြင်တွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ ထို့နောက် သူမ ခေါင်းကို ခါယမ်းကာ သက်ပြင်းချ လိုက်သည်။ လုလီကဲ့သို့သော ချောမောသော မိန်းကလေးသည် ချီချန်းရန်ကဲ့သို့ အေးစက်သော အမျိုးသားနှင့်လက်ထပ်ခဲ့သည်။ သူမ အမှန်တကယ်ပင် မှားယွင်းခဲ့သည်။
အကဗီဒီယိုရိုက်ကူးပြီးနောက် Music ကို တည်းဖြတ်ရန် လိုအပ်သည်။ လုလီသည် ဗီဒီယိုရိုက်ကူးသူအား ပြုပြင်ခိုင်းလိုက်ပြီး သူမထံ ပြန်ပို့ခိုင်းလိုက်သည်။
ထို့နောက် သူမအိမ်ပြန်ရောက်သည်နှင့် ချီချန်းရန်ထံ WeChat မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။
[လောင်ကုန်း ကျွန်မ အကသွားသင်ထားတာ အခု ကောင်းကောင်းကတတ်နေပြီ]
[ကျွန်မ ဒါကို Video ရိုက်ထားတယ်]
[ကျွန်မ ဘယ်သီချင်းကို ကထားတာလဲ? ရှင် မှန်းတာမှန်ရင် ကျွန်မပို့ပေးမယ်!]
[မွ…အီမိုဂျီ (လုလီဗားရှင်း]
--
ချီချန်းရန်သည် ယနေ့ညတွင် အရေးကြီးသော ဖောက်သည်တစ်ဦးနှင့် ညစာစားခဲ့ပြီး ဟိုတယ်သို့ ပြန်ရောက်ချိန် ည ဆယ်နာရီခန့်ရှိပြီဖြစ်သည်။
နေ့လည် ၅ နာရီက ပို့လိုက်သော လုလီ၏ မက်ဆေ့ကို အခုမှ သူ မြင်သည်။
လုလီ မည်သည့်သီချင်းမျိုးကို ကြိုက်တတ်မှန်း မသိခဲ့ဘဲ ဘဲလေးအကထက် ခေတ်ပေါ်အကများကိုသာ ပိုနှစ်သက်ကြောင်း ယခုမှ သူ သိရှိခဲ့သည်။
ချီချန်းရန် စာပြန်လိုက်သည်။ [ကိုယ် ခန့်မှန်းကြည့်မယ်]
လုလီ မည်သည့်သီချင်းနှင့် ကထားသည်ကို ချီချန်းရန်သိချင်သွားသည်။ ထိုအချိန်တွင် အတွင်းရေးမှုးကျောက်က သူ့အား ဗီဒီယိုလင့်ခ်တစ်ခု ပေးပို့ခဲ့သည်။
ချီချန်းရန် ထို Link ကိုနှိပ်ကြည့်လိုက်သည်။
…
လုလီ ရေမိုးချိုးပြီးနောက် Face Mask ကို ကပ်လိုက်ပြီး ဖုန်းကို ကောက်လိုက်သည်။ စာဝင်နေသဖြင့် ဖွင့်ကြည့်လိုက်ရာ နောက်ဆုံး ချီချန်းရန်ဘက်မှ အကြောင်းပြန်လာသည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်မိနစ်ခန့်က - [ကိုယ် မှန်းကြည့်မယ်]
Just now: [‘This is Love’]
လုလီအံ့သြသွားသည်။
[Ahh…!!! လောင်ကုန်း တစ်ကြိမ်တည်းနဲ့ဘယ်လိုများ ခန့်မှန်းခဲ့တာလဲ?]
[ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်တွေက အမှန်တကယ်ကို ချိတ်ဆက်နေတာပဲ]
ချီချန်းရန်- [No.]
လုလီ: [?]
[ဒါဆို ရှင် ဒါကို ဘယ်လိုခန့်မှန်းခဲ့တာလဲ?]
ချီချန်းရန်: [ကိုယ် မြင်လိုက်လို့ပဲ]
လုလီ: [အမ်..ရှင် ဘယ်မှာ တွေ့လိုက်တာလဲ? ကျွန်မ ရှင့်ကို မပို့ရသေးတာ သေချာပါတယ်၊ အံ့ဩနေသော အီမိုဂျီ (လုလီဗားရှင်း)]
တစ်ဖက်တွင် လုလီ၏တွေဝေနေသော အမူအရာကိုကြည့်ရင်း ချီချန်းရန် သူ၏နဖူးကို ပွတ်သပ်လိုက်သည်။
ထို့နောက် အရှေ့က အတွင်းရေးမှုးကျောက်ပေးပို့ခဲ့သည့် Link ကို လုလီထံပို့ပေးလိုက်သည်။
ပြည်တွင်း ဗီဒီယိုဝက်ဘ်ဆိုက်ကြီးတစ်ခုတွင် အမျိုးသမီးတစ်ဦး ကနေသည့် ဗီဒီယိုဖိုင်သည် ကြည့်ရှုသူအရေအတွက် လျင်မြန်စွာ တိုးလာခဲ့သည်။