Chapters

Indescribable (1)

Vol. 3 Ch. 38

Indescribable (1)

Vol. 3 Ch. 38

[Comment 1- ဒီအလှလေးက ဘယ်သူ့အပိုင်လဲ? ငါ့ကိုသာ ပေးလိုက်စမ်းပါ!]

ထိုမှတ်ချက်အောက်တွင် Like အများအပြားပေးထားသည်ကို မြင်သောအခါ ချီချန်းရန် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် အောက်ရှိ မှတ်ချက်များက သူ့အစား အဖြေပေးနေကြသည်။

[အိမ်မက်ထဲက နိုးထပါတော့၊ သူက ချီချန်းရန်ရဲ့ အပိုင်လေးပါ]

[ကော အမူးမပြေသေးဘူးလား?]

သို့သော် အင်တာနက်အသုံးပြုသူများသည် အလွန် စိတ်လှုပ်ရှားနေပုံရသည်။

[ချီချန်းရန်ရဲ့အပိုင်ဆိုရင်ရော ဘာဖြစ်လဲ? သူတို့က အတုယောင်စုံတွဲတွေ၊ ပြီးတော့ သူတို့ဆက်ဆံရေးက ကောင်းတာမဟုတ်ဘူး]

တစ်စုံတစ်ယောက် ထောက်ခံလာသည်။- [မှန်တယ်။ ဒီလိုချစ်ဖို့ကောင်းအောင် ကပြတတ်တဲ့ မိန်းကလေးကို မလိုချင်တဲ့သူ ဘယ်သူရှိလဲ?]

ချီချန်းရန်: “…”

ချီချန်းရန်၏မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာများပေါ်လာပြီး ထိုမှတ်ချက်ရေးသူများ ၏ Profile ကိုရွေးထုတ်ကာ လက်တွေ့ဘဝတွင် မည်သည့်မျက်နှာပုံစံရှိသည်ကို သိချင်လာသည်။

သူ Weibo မှထွက်လာပြီးနောက် လုလီနှင့်စကားပြောထားသော နေရာကို ဝင်ကြည့်လိုက်သည်။ ထို့နောက် လုလီ နေ့တိုင်းပို့ထားသော Emoji မျိုးစုံနှင့် 'Kiss my husband' ဟူသော စကားလုံးများကို မြင်သောအခါမှ သူ စိတ်သက်သာရာရသွားသည်။

အဟက်...!"သူ့ကို လိုချင်တယ်တဲ့လား? အိမ်မက်မက်နေလိုက်..."

ငါ ခွင့်ပြုရင်တောင် ငါ့မိန်းမက သဘောတူမှာမဟုတ်ဘူး။

အကစတူဒီယိုမှ ထိုဗီဒီယိုအား ဖျက်ချပြီးနောက် စတူဒီယို၏ တရားဝင်ဘလော့ဂ်မှတဆင့် လုလီထံ တောင်းပန်စာတစ်စောင် ပေးပို့ခဲ့သည်။

ဆရာမ၏သင်ကြားမှုဗီဒီယိုအစား လုလီ၏ကခုန်နေသော ဗီဒီယိုကို မတော်တဆတင်မိခဲ့သည်မှာ အလုပ်သင်၏ ပေါ့ဆမှုကြောင်းဖြစ်ကြောင်း ရှင်းလင်းချက်နှင့်အတူ လုလီအား စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့သည်။

သို့မှသာ အားလုံး သဘောပေါက်သွားကြသည်။

သို့သော် ထိုကခုန်နေသည့် လုလီ၏ဗီဒီယိုဖိုင်သည် အဓိက အတင်းအဖျင်းအကောင့်များသို့ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

ယခင်က ၎င်းတို့သည် ချမ်းသာသော အသိုင်းအဝိုင်းအတွင်း နံပါတ်တစ် စုံတွဲအတုအယောင်များဖြစ်ခဲ့ပေမယ့် ယခု လုလီသည် ခင်ပွန်းဖြစ်သူအား မည်မျှချစ်မြတ်နိုးကြောင်း အကဖြင့်ပုံဖော်ခဲ့သည့်အတွက် လူတိုင်းကို အံ့သြသွားစေခဲ့သည်။

ဤသည်မှာ ၎င်းတို့၏ စိတ်ခံစားချက်များ ပြောင်းလဲသွား၍လား ဒါမှမဟုတ် ၎င်းတို့၏ဆက်ဆံရေးကြောင့် နှစ်ဖက်မိသားပိုင်လုပ်ငန်းများအပေါ် ဖိအားသက်ရောက်မှုရှိစေ၍ ယခုလို ပွင့်ပွင့်လင်းလင်း ချပြလားလေသလားဟု လူအများက ထင်ကြေးပေးနေကြသည်။

အိပ်ယာပေါ်တွင် လုလီ လဲလျောင်းလိုက်ပြီး ဖုန်းကိုကြည့်ကာ နှုတ်ခမ်းစူနေသည်။

သူမဂုဏ်သိက္ခာကို စွန့်လွှတ်ကာ ခင်ပွန်းအပေါ်ထားသည့် သူမ၏ချစ်ခြင်းမေတ္တာများကို လူအများမှ သိရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ဤရှက်စဖွယ် ကခုန်နေသည့် ဗီဒီယိုကို လူများမြင်ရန် သဘောတူခဲ့သည်။

လုလီသည် 'မက်မွန်သီးစုံတွဲ'၏ Super Chatကို တစ်ချက်ကြည့်လိုက်သည်။ Super Chat အများစုသည် သူမ၏ ဝန်ခံအကအကြောင်း ပြောဆိုနေကြပြီး အသက်ဝင်ပုံရသော်လည်း Fan အရေအတွက် သိသိသာသာတိုးလာတာမျိုး မရှိပေ။

ဝန်ခံအကသည် ထွက်ပေါ်လာသော်လည်း သူမ၏ CP အား ဆွဲဆောင်နိုင်ခြင်းမရှိသေးချေ။

သို့ဖြစ်ရာ သူမ၏အချစ်ကို ပိုပြီးထုတ်ဖော်ပြသရန် လိုအပ်နေသေးသည်ဟု လုလီ တွေးလိုက်သည်။

ထို့နောက် သူမ၏ Personal အကောင့်သို့ ပြန်ပြောင်းဝင်လိုက်သည်။ သူမ၏ 'မက်မွန်သီးစုံတွဲ' အကောင့်တွင် Fan များစွာ မရရှိခဲ့သော်လည်း သူမ၏ ကိုယ်ရေးကိုယ်တာအကောင့်သည် Fanအများအပြား တိုးပွားလာခဲ့သည်။

သူမနောက်ဆုံးတင်ထားသော ပို့စ်အောက်တွင် မှတ်ချက်များစွာရှိနေသည်။

[လုလီရေ၊ မင်းလောင်ကုန်းကို လွမ်းနေတာလား?]

[အလှလေးရဲ့ ကခုန်မှုက ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေလဲဆိုတာ ပြောပြပါဦး?]

[ဘောစိမလေးက မိန်းကလေးအဖွဲ့ရဲ့ သီချင်းတွေကိုလည်း ကတတ်တာပဲလား? ဟား...ဟား..]

[ဒါ သူဌေးမလေး လုလီမဟုတ်တော့ဘူး... ချစ်စရာကောင်းတဲ့ ဘေဘီလေးဖြစ်သွားပြီ!]

[ဝိုး...သူက အရမ်းချစ်ဖို့ကောင်းတာပဲ၊ သူက အရွယ်ရောက်ပြီလား?]

[အရွယ်ရောက်ပြီးလို့ ယောင်္ကျားရတာ သုံးနှစ်တောင် ရှိနေပြီ]

[သူသာ ပွဲဦးထွက်ခဲ့ရင် ငါ သူရဲ့ အမာခံ Fan သေချာပေါက် ဖြစ်လာမှာ]

[ဒီရုပ်ရည်နဲ့ ဒီခန္ဓာကိုယ်က Idol အဖွဲ့အတွက် လိုအပ်နေတဲ့ အဆင့်မီ အလှတရားပဲ]

[သူသာ ချမ်းသာတဲ့ ယောင်္ကျားနဲ့ လက်မထပ်ခဲ့ရင် အခုချိန်လောက်ဆို ပွဲဦးထွက်နေလောက်ပြီ၊ အနုပညာလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲ]