Indescribable (2)
Vol. 3 Ch. 39
လုလီသည် သူမ၏ Weibo ပေါ်တွင် တိုးတိုးလာသော Fan အရေအတွက်နှင့် မှတ်ချက်များကိုကြည့်ရင်း သူမစိတ်ထဲ မေးခွန်းအမှတ်အသားတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
သူမ လိုချင်သည်မှာ မက်မွန်သီးစုံတွဲ CP Fans များ တိုးလာသည်ကို ဖြစ်ပြီး ဤသို့ Personal Fan အင်အားအများအပြားတိုးပွားလာခြင်းကို သူမ မည်သို့လုပ်ရမည်နည်း?
လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်အနေဖြင့် ပွဲဦးထွက်ဖို့က မဖြစ်နိုင်ပေ။ သူမ၏ ဘဝရည်မှန်းချက်မှာ ကမ္ဘာပေါ်တွင် အချောဆုံးနှင့်အလှဆုံး ဖြစ်နေဖို့သာဖြစ်သည်။ ထို့အတူ ၎င်းတို့လင်မယားအပေါ် လွှမ်းခြုံနေသော စုံတွဲအတုအယောင်ဟူသော ဂုဏ်ပုဒ်အားဖယ်ရှားပြီး ထိုအစား အချိုမြိန်ဆုံးစုံတွဲအဖြစ် အစားထိုးဝင်ရောက်ချင်သည်။
လုလီ သူမ၏ဆံပင်ကို စိတ်ရှုပ်စွာ ဖွလိုက်ပြီး ထိုရှုပ်ထွေးသော အရာများကို မကြည့်ချင်တော့ပဲ ခင်ပွန်းဖြစ်သူထံ 'Good Night' ဟု စာပို့ရန် ပြင်လိုက်စဥ် ရုတ်တရက် ဖုန်းဝင်လာသည်။
ဖုန်းခေါ်သူ- မား....
လုလီသည် 'မား" ဟူသော နာမည်ကို မြင်သောအခါ လန့်ဖြတ်သွားကာ သူမလက်ထဲ ကိုင်ထားသောဖုန်းပင် ပူကျစ်လာသလို ခံစားလိုက်ရပြီး ဆုပ်ကိုင်မထားနိုင်တော့ပဲ လက်ထဲမှ နှစ်ကြိမ်ပစ်ချမိကာ နောက်ဆုံးမှ အားတင်း၍ ဆုပ်ကိုင်လိုက်သည်။
ဖုန်းက ဆက်မြည်နေဆဲဖြစ်သည်။
မိခင်ဖြစ်သူမှ အကဗီဒီယိုကိုမြင်ပြီး သူမအား ဆူပူကြိမ်းမောင်းရန် ဖုန်းဆက်လာခြင်းဖြစ်ကြောင်း သိနေသောကြောင့် သူမ ဖုန်းမကိုင်ရဲဖြစ်နေသည်။
သူမ ချီချန်းရန်ဆီသို့ အလျင်အမြန်ဖုန်းဆက်လိုက်သည်။
"လောင်ကုန်း၊ မား ဖုန်းဆက်နေတယ်"
"ကျွန်မ ဖုန်းမကိုင်ရဲဘူး၊ ရှင်ပဲ မားဆီကို ဖုန်းဆက်ပေးပါနော်"
ချီချန်းရန် အိပ်ပျော်နေပြီဖြစ်သော်လည်း ဖုန်းသံကြောင့် နိုးလာသည်။
ဖုန်းထဲမှ ပျာယာခတ်နေသော လုလီအသံကိုနားထောင်ရင်း လွန်ခဲ့သော သုံးနှစ်က သူလက်ထပ်ခဲ့သော အမျိုးသမီးမှာ တခြားသူများဖြစ်နေလေမလားဟု သံသယဖြစ်မိကာ ခဏတာ မှင်တက်သွားသည်။
ယခင်က အဆင့်အတန်းရှိပြီး ချမ်းသာသော သူဌေးသမီးလေးသည် ယခုတော့.....
ချီချန်းရန် မျက်လုံးကျယ်သွားပြီး နိုးလာသည်။ ထို့နောက် သူမအား သဘောတူရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဟု တွေးကာ သဘောတူလိုက်သည်။
လုလီ: "ကျေးဇူးပါပဲ လောင်ကုန်းရယ်၊ အားလီ ရှင့်ကို အိမ်မှာစောင့်နေမယ်နော်။ အများကြီး ချစ်တယ်၊မွ...~"
ချီချန်းရန် မပြုံးပဲမနေနိုင်တော့ဘဲ သူ့ကံကြမ္မာကို လက်ခံကာ ယောက္ခမဖြစ်သူထံ ဖုန်းဆက်လိုက်သည်။
လုလီ ဖုန်းချပြီး သိပ်မကြာခင်မှာပဲ မိခင်ဖြစ်သူထံမှ စာတိုတစ်စောင် ဝင်လာသည်။ ဤသည်မှာ သူ့လောင်ကုန်းသည် မိခင်ဖြစ်သူအား အလွယ်တကူ နားချနိုင်ခဲ့ကြောင်း သက်သေပြနေခြင်းပင်။
ထိုမက်ဆေ့ထဲတွင် အချိန်ရပါက အိမ်ပြန်လာရန် မှာထားပြီး၊ တခြားမည်သည့်အကြောင်းအရာမှ ဖော်ပြထားခြင်း မရှိပေ။
လုလီသည် 'ဟုတ်ကဲ့ မား' ဟု လန်းဆန်းတက်ကြွစွာ စာပြန်လိုက်သည်။
…
အကဗီဒီယိုထွက်ပေါပြီး နှစ်ရက်အကြာတွင် နောက်ဆုံးတော့ ချီချန်းရန် အလုပ်ခရီးထွက်နေသောမြို့တော် B မှ ပြန်ရောက်လာခဲ့သည်။
သူသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြန်လာခြင်းဖြစ်သော်လည်း လုလီသည် ရောက်ရှိချိန်ကို ကြိုမေးထားပြီး သူ့အား ကြိုရန်လေဆိပ်ကို အပြေးအလွှားထွက်လာခဲ့သည်။
ကားထဲတွင် လုလီသည် ချီချန်းရန်၏လက်မောင်းအား ဆုပ်ကိုင်ထားပြီး သူမခန္ဓာကိုယ်ကို နီးကပ်စွာ ထိကပ်ထားကာ စကားပြောလာသည်။
"လောင်ကုန်း ကျွန်မ ရှင့်ကို အရမ်းလွမ်းနေတာ"
"မြို့တော် B ကိုလိုက်လာပြီး ရှင့်ကို လာတွေ့ချင်တဲ့စိတ်ကို မနည်းထိန်းထားရတယ်"
"နောက်တစ်ခါ အလုပ်ခရီးထွက်ရင် ကျွန်မကိုပါ ခေါ်သွားပေးပါနော်"
ချီချန်းရန်သည် လုလီ၏မျက်နှာကို ငေးကြည့်နေလိုက်သည်။
သူ အလုပ်ကိစ္စနှင့်ခရီးထွက်တာ တပတ်ပဲ ကြာသေးတယ် မဟုတ်ပါလား?
ဤသည်မှာ သုံးလကြာ အလုပ်ခရီးမှ ပြန်ရောက်လာပြီးနောက် လုလီနှင့်တွေ့ဆုံစဥ်က အေးစက်ပြီး ခပ်ခွာခွာနေခဲ့သော သူမ၏ အပြုအမူကို သတိရစေသည်။
ချီချန်းရန် အတွေးနယ်ကျွံနေပြီး မည်သည့်တုံ့ပြန်ချက်မှ ထွက်မလာသည်ကို မြင်သောအခါ လုလီ သူ့လက်မောင်းအား လှုပ်ယမ်းရင်း သတိပေးလိုက်သည်။
သို့မှသာ ချီချန်းရန် အသိစိတ်ပြန်ကပ်လာပြီး လုလီအား ပြုံးပြကာ "အင်းပါ"
လုလီ ချီချန်းရန်၏ပါးကို နမ်းလိုက်သည်။
အရှေ့မှ ကားသမားသည် ခေါင်းမလှည့်လာရဲဘဲ အရှေ့ကိုသာ စိုက်ကြည့်နေသည်။
ယနေ့ ချီချန်းရန်တွင် အလုပ်ကိစ္စများမရှိသဖြင့် လုလီပုံမှန်သွားလေ့ရှိသော စားသောက်ဆိုင်တွင် နှစ်ယောက်သား စားသောက်ကြသည်။ ထိုနောက် လုလီ ထိုအခိုက်အတန့်ကို ဓာတ်ပုံရိုက်ယူပြီး Moments တွင် တင်လိုက်သည်။ ဓာတ်ပုံတစ်ပုံချင်းစီတိုင်းတွင် ချီချန်းရန်က သူမအပိုင်ဖြစ်ကြောင်း ထုတ်ဖော်ပြသနေခဲ့သည်။
Moments ၌ ပို့စ်တင်ပြီးနောက် သူမသည် ကြယ်ငါးပွင့် စားသောက်ဆိုင်တွင် ချမ်းသာသော အမျိုးသမီး၏ ခမ်းနားထည်ဝါသောဘဝကို ဖော်ပြဖို့လည်း မမေ့ခဲ့ပေ။
ထိုသည်မှာ Weibo ပေါ်တွင် သူမအား ချမ်းသာသည့်သူဌေးသမီးအဖြစ် လူသိများသောကြောင့် ဖြစ်သည်။
လုလီ ၎င်းကို လျစ်လျူရှုရန် ရွေးချယ်ခဲ့ပြီး သူမသည် သူ့လောင်ကုန်း၏ဇနီးသာဖြစ်သည်။