← Chapters

Indescribable (3)

Vol. 3 Ch. 40

Indescribable (3)

Vol. 3 Ch. 40

ညစာစားပြီးနောက် နှစ်ယောက်သား အိမ်ပြန်ခဲ့ကြသည်။ လုလီသည် ချီချန်းရန် ပြန်ရောက်လျှင် သူနှင့်အတူကြည့်ရန် ရုပ်ရှင်တစ်ကားကို ရွေးချယ်ထားပြီးဖြစ်သည်။ မီးတွေပိတ်လိုက်ပြီး နှစ်ယောက်သား ဆိုဖာပေါ်တွင်မှီရင်း ဖန်သားပြင်ပေါ်ရှိ ရုပ်ရှင်ကို အာရုံစိုက်လိုက်ကြသည်။

ဇာတ်ကားအဆုံးတွင် အမျိုးသားနှင့်အမျိုးသမီး ဇာတ်ဆောင်များ၏ စိတ်လှုပ်ရှားဖွယ် ရင်းနှီးသည့် ဇာတ်ဝင်ခန်းတစ်ခုပါဝင်လာသည်။

ဇာတ်ဝင်ခန်း၏သရုပ်ဆောင်ချက်မှာ ပြင်းပြင်းထန်ထန်မဟုတ်သော်လည်း ဒါရိုက်တာ၏ကျွမ်းကျင်သော ရိုက်ချက်များကြောင့် ဇာတ်ဝင်ခန်းနှင့်အတူ သီချင်းသံစဥ်မှာ လိင်ပိုင်းဆိုင်ရာခံစားချက်ကို နှိုးဆွလာအောင် ဖန်တီးထားသည်ကို တွေ့ရသည်။

လုလီသည် ထိုဇာတ်ဝင်ခန်းကိုကြည့်ပြီး မျက်နှာထူပူလာကာ ဆိုဖာအနောက်ဖက်သို့ ကွေးဝင်သွားသည်။

ချီချန်းရန်သည် လုလီ၏ သိမ်မွေ့သော လှုပ်ရှားမှုကို သဘာဝကျကျသတိပြုမိပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ချီချန်းရန်၏လက်သည် သူမခါးတစ်ဝိုက်သို့ ထိတွေ့လာသည်ကို ခံစားမိသောအခါ လုလီ"လောင်ကုန်း" ဟု အော်လိုက်သည်။

"အင်း"

ချီချန်းရန်က လုလီခန္ဓာကိုယ်ရှိ မွှေးရနံ့ကိုရှူရှိုက်ရင်း အေးစက်စွာ ပြန်ဖြေလိုက်သည်။

ထို့နောက် သူမအား ထိုင်နေရာမှ လှဲချလိုက်ပြီး အပေါ်မှ အုပ်မိုးလိုက်သည်။ သူ၏လှုပ်ရှားမှုများသည် ဆန္ဒပြင်းပြမှုကို ဖော်ညွှန်းလို့နေသည်။

လုလီသည် သူမမျက်နှာကို ချီချန်းရန်၏လည်ပင်းနားတွင် ပေါ့ပေါ့ပါးပါးထိကပ်လိုက်ပြီး

- "လောင်ကုန်း၊ ရုပ်ရှင်က မပြီးသေးဘူးလေ"

ချီချန်းရန်က အသံတိုးတိုးဖြင့် ပြောလာသည်။- "နောက်မှ ထပ်ကြည့်တော့မယ်"

ချီချန်းရန်သည် ဘာကြောင့်မှန်းမသိပဲ အိမ်ပြန်ရောက်ပြီး လုလီကိုမြင်သည်နှင့် 'ဒါ' ကိုပဲ တွေးနေမိသည်။

ယခင်က ထိုအရာကို မလိုချင်ခဲ့တာတော့မဟုတ်ပဲ သူ၏ ရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှုကြောင့်ဟုသာ ထင်ခဲ့သည်။ယခုမူ သူမအား ဖြည်းဖြည်းချင်း လှည့်စားရသည့် ခံစားချက်ကို နှစ်သက်လာသည်။

သူ လုလီ၏ဂါဝန်ကို ဆွဲလှန်လိုက်စဥ် အလင်းရောင်ဖျော့ဖျော့အောက်တွင် သူမ၏ဘယ်ဘက်ဒူးခေါင်း၌ ညိုမည်းနေသော အရာကို တွေ့လိုက်ရသည်။

လုလီ အေးအေးဆေးဆေးပြန်ဖြေသည် -"ကတုန်းက ခိုက်မိထားတာပါ၊ ဘာမှမဖြစ်ပါဘူး။"

'This is Love' သီချင်းကကွက်ထဲတွင် ဒူးထောက်ရသည့် လှုပ်ရှားမှုတစ်ခုပါဝင်ကာ ထို့နေ့က သူမဝတ်ဆင်ထားသည်မှာ စကတ်တိုဖြစ်ပြီး ဒူးစွပ်စွပ်ရန်လည်း မေ့သွားခဲ့သည်။ လေ့ကျင့်ခန်း ၏ ကြမ်းပြင်မှာ မာကျောနေသဖြင့် သူမ၏ဒူးခေါင်းတွင် အညိုအမည်းဖြစ်နေသည်က ပုံမှန်ပင် ဖြစ်သည်။

သူမစကားကို နားထောင်ပြီးနောက် ချီချန်းရန်သည် သူမ၏ သွယ်လျသော ခြေထောက်များကို သူ့နှုတ်ခမ်းဖြင့် ထိတွေ့လိုက်ပြီး ဒူးခေါင်းပေါ် ခေါင်းငုံ့ကာ ညင်သာစွာ နမ်းလိုက်သည်။

"နောက်မကနဲ့တော့" ဟု သူပြောလိုက်သည်။

လုလီ၏နားရွက်တွေ နီရဲနေပြီး "အထိုင်အထတော့ အဆင်ပြေပေမယ့် နာနေတုန်းပဲ။ ဒါကြောင့် ဒီရက်ပိုင်း ဟိုအနေထားနဲ့ မလုပ်နဲ့နော်"

ချီချန်းရန်သည်ခေါင်းမော့ကြည့်လာပြီး လုလီ၏လေးနက်သော မျက်နှာကိုမြင်မှသာ သူမဆိုလိုသည့် ကိုယ်ဟန်အနေအထားကို သတိရသွားသည်။

…

ဆိုဖာခုံမှ အိပ်ခန်းထိ ပြောင်းရွေ့လှုပ်ရှားပြီးနောက် အချိန်မှာ ညသန်းခေါင်ကျော်နေပြီဖြစ်သည်။

လုလီသည် ရေချိုးပြီးနောက် အိပ်ယာတွင် ပျင်းရိစွာလှဲလျောင်းကာ လှုပ်ချင်စိတ်လည်း မရှိတော့ပေ။

ချီချန်းရန်သည် လုလီ၏ ဆံပင်များကို ခပ်ဖွဖွထိတွေ့ကစားပြီး စကားပြောလာသည်။

"တနင်္ဂနွေနေ့ကျရင် အဖွားဆီသွားလည်မယ်"

လုလီ "အဖွားတစ်ယောက်တည်းပဲလား?"

ချီချန်းရန်- "အင်း"

လုလီ: "အွန်း ကောင်းပြီလေ"

သူမသည် အဖွားနှင့်သာ သီးသန့်တွေ့လိုပြီး တခြားဆွေမျိုးများ ရှိနေလျှင် စိတ်အနှောက်အယှက် ဖြစ်ရသည်။

ချီချန်းရန်သည် ဆန္ဒပြည့်ဝသွားပြီဖြစ်သော်လည်း မျက်စိရှေ့ရှိ ပါးလွှာပြီးနုနယ်သော လုလီ၏ကျောရိုးတစ်လျှောက်ကို ထိတွေ့ရင်း ကြောင်ပေါက်စလေးတစ်ကောင်လို ခံစားလိုက်ရသည်။ သူ ဘာကြောင့်မှန်းမသိ "ဒါ"ကို ထပ်စဉ်းစားမိပြန်သည်။

ချီချန်းရန်သည် လုလီ အိပ်မပျော်သေးသည်ကို မြင်သောအခါ သူမအား ဆွဲလှန်ပြီး နှိုးလိုက်သည်။

လုလီသည် ဒီညအတွက်တော့ ပြီးသွားလောက်ပြီဟု ထင်ထားသော်လည်း သူမ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ခင်ပွန်းဖြစ်သူ၏အထိအတွေ့သည် သိသာထင်ရှားလွန်းနေသည်။

ချီချန်းရန် စကားမပြောဘဲ လှုပ်ရှားမှုကို တိတ်တဆိတ်ဆက်လုပ်နေသည်။

လုလီ ရုတ်တရက် ငိုချလိုက်သည် ။

ချီချန်းရန်- "ဘာဖြစ်တာလဲ?"

လုလီက "ရှင် အရင်က ဒီလိုလုပ်လေ့မရှိပါဘူး"

သူမ၏ မှတ်ဉာဏ်ထဲတွင် ယခင်က ခင်ပွန်းဖြစ်သူနှင့် အလွန်သဟဇာတဖြစ်ကာ ရိုးရိုးရှင်းရှင်းနှင့် တစ်ကြိမ်တည်းပြီးဆုံးခဲ့ကြသည်။ ယခုမူ ဆိုဖာပေါ်မှ အိပ်ယာပေါ်ထိ ရောက်လာပြီးနောက် ၊ နောက်ဆုံးရေချိုးပြီး စကားအနည်းငယ်ထပ်ပြောပြီးနောက်မှာ ထိုသို့ထပ်လုပ်ချင်နေတာမျိုး ဘယ်တုန်းကမှမရှိခဲ့ဖူးပေ။

ခင်ပွန်းဖြစ်သူနှင့် ခန္ဓာကိုယ်နီးကပ်မှုရှိခြင်းသည် ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းဖြစ်သော်လည်း တဖြည်းဖြည်းသတိထားမိသည်က သူမ အားအင်တွေကုန်ခမ်းလာပြီး စိုးရိမ်စရာဖြစ်လာသည်။

လုလီ၏ မကျေမနပ်ဖြစ်နေသောအသံကို နားထောင်ရင်း ချီချန်းရန် အရှိန်ခဏရပ်လိုက်ပြီး

"ဟုတ်လား...?"

လုလီ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး “အွန်း"

"ရှင် မယုံရင် သားဆက်ခြားသုံးပစ္စည်းတွေ သွားစစ်ကြည့်၊ အရင်ကထက် အများကြီးပိုကုန်နေတာ တွေ့ရလိမ့်မယ်"

"အရင် နှစ်လစာပမာဏက အခုတစ်ပတ်အတွင်း ကုန်နေတယ်"

All Chapters