School Grass x School Flower (2)
Vol. 3 Ch. 42
ချမ်းသာသော အမျိုးသမီးအများစုသည် ဖက်ရှင်ပိုင်းကို ပိုအာရုံစိုက်ကြသည်။ ပိုင်ရှန့်ယင်သည် လွန်ခဲ့သော နှစ်နှစ်ခန့်က ဖက်ရှင်လောကတွင် ပေါ်ထွက်လာခဲ့သော တရုတ်ဒီဇိုင်နာတစ်ဦးဖြစ် သည်။ သူမသည် ယခင်က အမေရိကန်မဂ္ဂဇင်း Vogue တွင် ပထမဆုံး အလုပ်လုပ်ခဲ့ဖူးပြီး လွန်ခဲ့သော နှစ်နှစ်က သူမ၏ ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ် 'Ying' ကို တည်ထောင်ခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ထို့အပြင် သူမသည် United States တွင် ဖက်ရှင်ရှိုးတစ်ခုတောင် ပြုလုပ်နိုင်ခဲ့သေးသည်။
ချောင်ကျာယိသည် 'Ying' အမှတ်တံဆိပ်မှ ဒီဇိုင်းများကို အလွန်ကြိုက်နှစ်သက်ပြီး ထိုလှပသော တရုတ်ဒီဇိုင်နာကိုလည်း စိတ်ဝင်စားကာ အာရုံစိုက်နေခဲ့သည်။
"သူမက US မှာပဲ အမြဲနေတာမဟုတ်လား? ဘာလို့ ဒီမှာရှိနေတာလဲ" လုလီအံ့ဩသွားသည်။
ချောင်ကျာယိသည် လုလီကို သူ့တံတောင်ဆစ်ဖြင့် တွန်းထိုးလိုက်ရင်း
" လုလီ ငါတို့ သူနဲ့ ဓာတ်ပုံသွားရိုက်ရအောင်"
လုလီ ခေါင်းညိမ့်ကာ နောက်မှလိုက်သွားသည်။
ချောင်ကျာယိ ပိုင်ရှန့်ယင်ကို နှုတ်ဆက်လိုက်သည်။ ပိုင်ရှန့်ယင်သည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို တပ်ဆင်လျက် ချောင်ကျာယိနှင့် ယဉ်ကျေးစွာ စကားပြောဆိုခဲ့ပြီး ဓာတ်ပုံလည်းရိုက်ပေးခဲ့သည်။ နောက်ဆုံးတွင် သူမ၏မျက်လုံးများသည် လုလီပေါ်သို့ ရုတ်တရက်ကျရောက်လာပြီး သူမလက်ကို ဆန့်တန်းလိုက်သည်။
"နိဟောင်...မစ်လု"
ချောင်ကျာယိအား စောင့်ဆိုင်းနေသော လုလီသည် ပိုင်ရှန့်ယင်ဘက်မှ သူမအား နှုတ်ဆက်ဖို့ အစပြုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ပြုံးကာ ပိုင်ရှန့်ယင်၏လက်ကို လှုပ်ယမ်းလိုက်ပြီး "နိဟောင်"
သူမ အနည်းငယ် အံ့ဩသွားသည်- "မစ်ပိုင်က ကျွန်မကို သိနေတာလား?"
ပိုင်ရှန့်ယင်သည် အနည်းငယ် နှုတ်ဆိတ်သွားပြီးမှ ပြုံးကာ "မစ်လုရဲ့ အကဗီဒီယိုကို ကျွန်မတွေ့ခဲ့တယ်"
လုလီ: “…”
ချောင်ကျာယိသည် 'Ying'အမှတ်တံဆိပ်ကို မည်မျှ ကြိုက်နှစ်သက်ကြောင်း ပိုင်ရှန့်ယင်အား ပြောပြပြီး တရုတ်ပြည်သို့ ရောက်ရှိနေသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သည်။
ပိုင်ရှန့်ယင်သည် သူမ၏ နားထင်စပ်ရှိ ဆံပင်များကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း ပြုံးကာ "ဒီနှစ် 'Ying' ဖက်ရှင်ရှိုးကို မြို့တော် S မှာ ကျင်းပမှာမလို့ ဒီကို ရောက်နေတာပါ"
"မစ်လုနဲ့ မစ်ချောင်တို့ကို အခုလို တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မ ရှင်တို့ဆီကို ဖိတ်စာပို့လိုက်ပါ့မယ်"
လုလီနှင့်ချောင်ကျာယိသည် ခေါင်းညိတ်ကာ သဘောတူကြောင်း တုံ့ပြန်လိုက်သည်။
ချောင်ကျာယိသည် ပိုင်ရှန့်ယင်တွဲရိုက်ထားသော ဓာတ်ပုံအား အကောင့်ပေါ် တင်ခဲ့ပြီး လုလီကိုလည်း ဓာတ်ပုံရိုက်ရန် မေးမြန်းခဲ့သည်။
လုလီသည် အမွှေးတိုင်ကို အနံ့ခံလိုက်သည်
- "ငါ သူ့တံဆိပ် သိပ်မကြိုက်ဘူး၊ဘာလို့ ဓာတ်ပုံတောင်းရိုက်ရမှာလဲ?"
ချောင်ကျာယိ: "သူက ဘယ်လောက် အံ့သြဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ နင်မသိဘူးလား? သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရတာ"
လုလီ: "အမ်။ ပြီးတော့?"
ချောင်ကျာယိ- "သူက ငယ်ငယ်လေးကတည်းက ဖက်ရှင်ဒီဇိုင်းကို ဝါသနာပါပြီး ဖက်ရှင်နဲ့ပတ်သက်တဲ့ ကျောင်းကိုတက်ခဲ့တယ်လို့ကြားတယ်၊ သူ အမေရိကမှာ ကျောင်းတက်တုန်းက ကျောင်းစရိတ်အတွက် အချိန်ပိုင်းအလုပ်နဲ့ ပညာသင်ဆုတွေအတွက် ရတဲ့ဝင်ငွေတွေကို အသုံးပြုခဲ့ရတယ်၊ ပြီးတော့ သူ့အမှတ်တွေက အရမ်းကောင်းခဲ့တာတဲ့။ အိုး...ပြီးတော့ သူမရဲ့ ဘွဲ့နှင်းသဘင် ပရောဂျက်က သူမရဲ့ ရည်းစားဟောင်းအတွက် အမှတ်တရတစ်ခုလို့လဲ ပြောလို့ရတယ်"
လုလီ မျက်လုံးကိုမှိတ်ထားရင်း “ဒီအကြောင်းကို နားထောင်ရတာ စိတ်လှုပ်ရှားစရာပဲ”
ဤသည်မှာ ရွေအဆင်းနှင့် အချင်းဆေးခဲ့ရသော သူမ ဘဝနှင့်နှိုင်းယှဥ်ပါက မိုးနှင့်မြေလို ကွာခြားလွန်းလှသည်။
-
ပိတ်ရက်တွင် လုလီသည် ချီချန်းရန်နှင့်အတူ ချီစံအိမ်ကြီးသို့ လိုက်လာခဲ့သည်။
နောက်ဆုံးတစ်ခေါက် အဘွားချီဆီသို့ သွားခဲ့စဥ်က အပ်စိုက်ကုသမှုအတွက် အပ်တွေယူသွားခဲ့သည်။ ဒီတစ်ခါတော့ လုလီကိုယ်တိုင် ဖုတ်ထားသည့် ကိတ်မုန့်များ ယူဆောင်လာခဲ့သည်။
အဖွားချီသည် ကိတ်မုန့်များကို မြင်သည်နှင့်ချက်ချင်း မြည်းကြည့်လိုက်သည်။ ထို့နောက် သူမသည် လုလီ၏လက်ကိုကိုင်ကာ သူမ၏ ကောင်းမွန်သောအပြုအမူကို ချီးကျူးလိုက်ပြီး သူမ၏ အကဗီဒီယိုကိုမြင်ပြီး အကကတာလည်း တော်ကြောင်းပြောပြသည်။
ထိုစကားကိုကြားပြီးနောက် လုလီ၏အပြုံးသည် တောင့်တင်းသွားရသည်။
သူမ၏အကဗီဒီယိုအား တစ်ကမ္ဘာလုံးမှလူတွေအကုန်လုံး ကြည့်ပြီးကြပြီဟူသော ခံစားချက်ကို အဘယ်ကြောင့် ခံစားမိတာလဲ?
နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မောအိပ်လေ့ရှိသော အဘွားချီသည် အိမ်အကူများကို ၎င်းတို့နှစ်ဦး အနားယူရန် အခန်းဆီသို့ လိုက်ပို့ခိုင်းလိုက်သည်။
နေ့ခင်းဘက်တွင် ချီအိမ်တော်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး ဥယျာဉ်အတွင်းရှိ ငှက်များနှင့် အင်းဆက်ပိုးမွှားသံများ၊အိမ်နောက်ဖေးတွင် အိပ်စက်နေသော ရွှေအိုရောင်ခွေးလေး၏ အသံသာကြားရသည်။
လုလီနှင့်ချီချန်းရန်သည် အိပ်ခန်းထဲသို့ ဝင်ရောက်ကာ အနားယူနေကြသည်။
ဤအိပ်ခန်းသည် ချီချန်းရန် ကလေးဘဝတုန်းက အသုံးပြုခဲ့သော အခန်းဖြစ်ပြီး အခန်းထဲတွင် သူ့ငယ်ဘဝ၏ခြေရာ အများအပြား ကျန်ရှိနေသေးသည်။
လုလီ မအိပ်ချင်သဖြင့် ဝင်လာသည်နှင့် ချီချန်းရန်၏ အိပ်ခန်းအား စတင်လှန်လောကြည့်ရှုနေခဲ့သည်။
ချီချန်းရန်- "မင်း ဘာရှာနေတာလဲ?"
လုလီ- "လောင်ကုန်း၊ ရှင့်အခန်းထဲမှာ ဓာတ်ပုံတွေမရှိဘူးလား?"
ချီချန်းရန်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ စာတမ်းတစ်စောင်ကို ဖတ်နေရင်း- "ဓာတ်ပုံ?"
လုလီ ခေါင်းညိတ်ပြလိုက်ပြီး “အွန်း”
သူမ၏ယခင်အိပ်ခန်းဆိုလျှင် ငယ်စဉ်ကလေးဘဝမှ လူကြီးဖြစ်သည်အထိ ရိုက်ကူးထားသည့်ဓာတ်ပုံများကို နံရံတွင်ချိတ်ဆွဲထားတတ်သည်။
လုလီသည် အိပ်ယာပေါ် ပစ်လှဲချလိုက်ပြီး ချီချန်းရန်နံဘေးတွင် ခေါင်းမော့ကာ ပြုံးပြလိုက်သည် "လောင်ကုန်း၊ ငယ်ငယ်တုန်းက ဓာတ်ပုံတွေရှိသေးလား? ကျွန်မ ကြည့်ချင်တယ်"
ချီချန်းရန်သည် လုလီ၏မျက်လုံးများကို ကြည့်ကာ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း နောက်ဆုံးတွင် အိပ်ရာမှထကာ စာကြည့်ခန်းသို့ထွက်လာခဲ့သည်။
သူ ပြန်ရောက်လာတော့ သူ့လက်ထဲတွင် အယ်လ်ဘမ်တစ်ခု ရှိနေသည်။