← Chapters

Anti-Prostitution (2)

Vol. 3 Ch. 45

Anti-Prostitution (2)

Vol. 3 Ch. 45

ချီချန်းရန်သည် ပုံမှန်အားဖြင့် အလုပ်များနေတတ်ပြီး လုလီအား အချိန်ပေးနိုင်ခဲသည်။

သို့သော် လုလီအတွက်မူ ဤနေထိုင်မှုပုံစံကို ကျင့်သားရနေပြီး ချမ်းသာသော သူဌေးကတော်တစ်ယောက်၏ဘဝကို အပြည့်အဝ ဖြတ်သန်းနေခဲ့သည်။

D Brand ထုတ်ကုန်အသစ် ဆိုင်ပေါ်ရောက်ရှိလာသည်နှင့် လုလီ ဈေးဝယ်ထွက်ရန် သီးသန့်အချိန်တစ်ခု ပြင်ဆင်လိုက်သည်။

သူမသည် D Brand အမှတ်တံဆိပ်ကို အလွန်ကြိုက်နှစ်သက်ပြီး ရာသီတိုင်းတွင် ထိုအမှတ်တံဆိပ်၏ဒီဇိုင်းအသစ်များသည် သူမ၏အခန်းထဲသို့ အလိုအလျောက်ရောက်ရှိနေတတ်သည်။ ယခုတစ်ကြိမ်တွင်မူ ခင်ပွန်းဖြစ်သူအတွက် အမျိုးသားဝတ်စုံများကို ကိုယ်တိုင် ကိုယ်ကျရွေးချယ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။

ဆိုင်ရောက်သောအခါ လုလီ နက်ကတိုင်တစ်ခုကို ကောက်ယူကြည့်လိုက်သည်။

ငွေမှင်ရောင်သည် ခင်ပွန်းဖြစ်သူ၏ စိတ်နေစိတ်ထားနှင့် လိုက်ဖက်ပြီး အပြာရောင်မှာ သူမ၏အပြာရောင် dress ဝတ်စုံနှင့်လိုက်ဖက်ညီမည်ဟု ထင်မြင်ယူဆမိသည်။

နောက်ဆုံး၌ လုလီသည် အရောင်းဝန်ထမ်းအား ထိုနက်ကတိုင်နှစ်ခုကို ထုတ်ပိုးပေးရန် ပြောလိုက်သည်။

"ဟုတ်ကဲ့ မစ်လု" ဟု အရောင်းဝန်ထမ်းလေးက ရိုသေစွာပြုံးကာ ပြောလိုက်သည်။

ထို့နောက် လုလီသည် အင်္ကျီလက်ကြယ်သီးများကို ဆက်လက်ကြည့်ရှုနေခဲ့သည်။

ထိုအချိန်တွင် ချီရှင်းနှင့် ရုတ်တရက်တွေ့ရလိမ့်မည်ဟု သူမ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ချီရှင်းတစ်ယောက်တည်းမဟုတ်ပဲ ဘေးတွင် သူငယ်ချင်းတစ်ယောက် ရှိနေသည်။

လုလီသည် ချီရှင်းဘေးရှိ အမျိုးသမီးကို မှတ်မိသည်။ သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် 18 လိုင်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်ပြီး idol drama တွင် ကျန်းရှစ်ကျား အမည်ရ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားသူဖြစ်သည်။

ကျန်းရှစ်ကျားသည် မကြာသေးမီက ချမ်းသာသော ရွှေသူဌေးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး နောက်လတွင် သူ့မွေးနေ့ကျရောက်မည်ဖြစ်ရာ ချီရှင်းအား လက်ဆောင်ဝယ်ရန် အကူအညီတောင်းခံထားခြင်းဖြစ်သည်။

ချီရှင်းလည်း လုလီကို မြင်သွားသည်။ သို့သော် သူမ မမြင်ဟန်ဆောင်ကာ ဖြတ်လျှောက်ရန်ကြိုးစားလိုက်သော်လည်း ကျန်းရှစ်ကျားက လုလီဘက်သို့ လက်ညှိုးထိုးပြပြီး "အဲ့ဒါ နင့်ဝမ်းကွဲမဟုတ်လား?"

ချီရှင်းသည် မေးစေ့ကိုအနည်းငယ် မော့ထားကာ သူမဘက်မှ စကားပြောလာမည်ကို စောင့်ဆိုင်းနေသော လုလီအား မြင်သွားသကဲ့သို့ ဟန်ဆောင်လိုက်ပြီး "လီကျဲ"ဟု အော်လိုက်သည်။

'နင့်ကိုသဘောမကျပေမဲ့ နင်ဆီက ကျဲလို့ ခေါ်ခံရတဲ့ ခံစားချက်ကို ငါစောက်ရမ်းကြိုက်တယ်' ဟု လုလီ တွေးလိုက်ပြီး ပျင်းရိစွာ ပြန်ဖြေလိုက်သည်။ "ပစ္စည်းလာဝယ်ကြတာလား?"

ချီရှင်း မပြုံးမရယ်ပဲ ပြန်ဖြေလာသည်။ "ဟုတ်၊ ကျဲရော ဒီမှာ ပစ္စည်းလာဝယ်တာလား?"

လုလီသည် သူမ၏မျက်လုံးများကို ပင့်တင်လိုက်ပြီး "နင့် ကောအတွက် လိုအပ်တာလေးတွေ လာဝယ်တာလေ"

"မစ်လုနဲ့ မစ္စတာချီတို့က တကယ့်ကို ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေကြတာပဲ" ကျန်းရှစ်ကျား ကြားဖြတ်ကာ စကားလှအောင် ပြောလိုက်သည်။

ကျန်းရှစ်ကျားသည် သူမအား စကားကူပေးနေမှန်း ချီရှင်းသိလိုက်သည်။ ကျန်းရှစ်ကျား၏မျက်နှာထက်ဝယ် လုလီအား စကားလုံးများဖြင့် ချဲ့ကားပြောဆိုခဲ့သော်လည်း စိတ်ထဲတွင် လှောင်ပြောင်နေသည်။ သူနှင့်ချီချန်းရန်သည် စုံတွဲအတုအယောင်မှန်း မည်သူက မသိပဲ နေမည်နည်း?

လုလီသည် နာမည်ကြီးအမှတ်တံဆိပ်များကိုသာ ဝယ်ချင်နေသည့် ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး - "ကျေးဇူးပါပဲ၊ ကျွန်မနဲ့ ကျွန်မလောင်ကုန်းက ဒီလိုပဲ အမြဲ ချစ်ချစ်ခင်ခင်နေတတ်ကြပါတယ်"

ကျန်းရှစ်ကျား မျက်ခုံးများကို ပင့်တင်လိုက်ပြီး "ဒါနဲ့ အချိန်တိုင်း မစ်လုတစ်ယောက်တည်း စျေးဝယ်ထွက်နေရတယ်နော်၊ မစ္စတာချီက မစ်လုစျေးဝယ်ထွက်တာကို မလိုက်ပေးဘူးလား?"

လုလီ- "အော်...ဒါက ဒီလိုရှိတယ်၊ ကျွန်မလောင်ကုန်းက ကျွန်မအတွက် ပိုက်ဆံရှာဖို့ အာရုံစိုက်နေတာမို့ ကျွန်မနဲ့ လိုက်ဖို့ အားမနေဘူးလေ"

ထို့နောက် လုလီသည် သူ့လက်ချောင်းအား လက်ကြယ်သီးနှစ်ခုဆီသို့ ညွှန်ပြလိုက်ပြီး- "ဒါတွေကို ထုပ်ပိုးပေးပါ"

ဘေးတွင်ရပ်နေသည့် အရောင်းဝန်ထမ်းလေးသည် သဘောပေါက်စွာ ချက်ချင်းခေါင်းညိတ်ပြပြီး “ဟုတ်ကဲ့ မစ်လု”

ကျန်းရှစ်ကျားသည် လုလီ ညွှန်ပြရာနေရာမှ လက်ကြယ်သီးကို မြင်ရသောအခါ သူ မျက်လုံးတွေ မှောင်ကျသွားသည်။

သူမသည် ရွှေသူဌေးသားလေးအား အချိန်အတော်ကြာအောင် မြူစွယ်ခဲ့ပြီးမှ အသုံးပြုနိုင်သည့် ဒုတိယကတ်ကို ရရှိခဲ့ပြီး ဤသည်မှာလည်း အကန့်အသတ်နှင့်သာ သုံးခွင့်ရှိသည်။ သူမ ဒီနေ့ လက်ဆောင်ဝယ်ဖို့ထွက်လာခဲ့ပေမယ့် အညံ့စားတွေကို သဘောမကျသလို ပစ္စည်းကောင်းတွေကျတော့ ဈေးကြီးလွန်းနေသည်။

လုလီသည် ၎င်းတို့နှစ်ယောက်နှင့် လေကုန်ခံပြီး စကားပြောရန် ပျင်းလွန်းသဖြင့် အိတ်ကိုကောက်ယူကာ "ဘိုင့်" ဟု ပြောကာ ထွက်သွားသည်။

ကျန်းရှစ်ကျားသည် ထွက်သွားသော လုလီနောက်ကျောကို စိုက်ကြည့်နေမိသည်။

-

ညနေပိုင်းတွင် ချီချန်းရန်သည် လုလီထံ ဖုန်းဆက်လာပြီး ညနေတွင် အစည်းအဝေးရှိသဖြင့် သူ့အား စောင့်မနေရန် ပြောလာသည်။

လုလီ- "လောင်ကုန်း၊ ကျွန်မ ဒီနေ့ ရှင့်အတွက် ပစ္စည်းဝယ်ထားတယ်၊ မြန်မြန်ပြန်လာနော်"

ချီချန်းရန်: "အင်းပါ"

လုပ်ငန်းအစည်းအဝေး ကျင်းပမည့်နေရာကို ကလပ်တစ်ခုတွင် စီစဥ်ထားပြီး ချီချန်းရန်အခန်းထဲသို့ရောက်ချိန် အခြားတစ်ဖွဲ့က ရောက်နှင့်ပြီးဖြစ်သည်။

သီးသန့်ခန်းထဲတွင် ဝမ်ကျင်းနှင့် သူ့လက်ထောက်နှစ်ဦးအပြင် တခြားမိန်းကလေးငယ်တစ်ချို့လည်း ရှိနေသည်။

စီးပွားရေးကိစ္စများဆွေးနွေးရာတွင် အမျိုးသမီးငယ်များကို ဖိတ်ခေါ်ခြင်းမှာ စီးပွားရေးလောကအတွက် သာမာန်ဖြစ်ရိုးဖြစ်စဥ် တစ်ခုပင်ဖြစ်သည်။

ဝမ်ကျင်း၏နောက်တွင်ထိုင်နေသော ကျန်းရှစ်ကျားသည် ချီချန်းရန်နှင့်သူ၏အတွင်းရေးမှူး ဝင်လာသည်ကိုတွေ့လိုက်ရသည်။

ဓာတ်ပုံထဲကထက်ပင် ချောမောခန့်ငြားပြီး အလွန်ကြည့်ကောင်းသော အမျိုးသားတစ်ဦး သူမမြင်ကွင်းထဲ ဝင်လာသည်။

ဝမ်ကျင်း သူ့လက်ကို ဆန့်လိုက်ပြီး "နိဟောင်...မစ္စတာချီ။"

ချီချန်းရန် ဝမ်ကျင်းနှင့် လက်ဆွဲနှုတ်ဆက်ပြီး ဆန့်ကျင်ဘက်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဝမ်ကျင်းသည် ရှုရှုအမည်ရှိ မိန်းကလေးဆီသို့ မျက်လုံးကို ဝေ့ကြည့်လိုက်သည်။ ထိုမိန်းကလေး ချက်ချင်း သဘောပေါက်သွားပြီး ချီချန်းရန်ဘေးတွင် ထိုင်ရန် ထလာသည်။

ရှုရှု ချီချန်းရန်ဆီသို့ လျှောက်သွားခဲ့သော်လည်း မထိုင်မီတွင် ထိုအမျိုးသားက သူမကို မော့ကြည့်လိုက်သည်။

ချီချန်းရန်ထံမှ အေးစက်သောအကြည့်တစ်ချက်ကြောင့် ရှုရှု သူ့ဘေးတွင် မထိုင်ရဲတော့ပဲ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထသွားခဲ့သည်။

သူမ ဝမ်ကျင်းကို အကူအညီတောင်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဝမ်ကျင်း သူ့လက်ထဲက ဝိုင်ခွက်ကို ချလိုက်ပြီး ချီချန်းရန်အား ပြုံးကာ "မစ္စတာချီ သူ့ကို သဘောမကျလို့လား?"

ချီချန်းရန်သည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များမှ အမျိုးသမီးများခေါ်ဆောင်လာခြင်းကို ဂရုမစိုက်ပဲ ဤသည်မှာ အခြားသူများ၏ ကိုယ်ပိုင်နှစ်သက်မှုဖြစ်ပြီး သူနှင့်မသက်ဆိုင်ပေ။ သို့သော် အခြားအမျိုးသမီးများ သူ့ဘက်သို့ကပ်လာပြီး ပွတ်သီးပွတ်သပ်နေခြင်းကိုမူ သူ မနှစ်သက်ပေ။

ချန်ရန်က အဖြေပေးရန် ပျင်းရိပြီး အတွင်းရေးမှူးကျောက်ထံမှ ဖိုင်များကိုယူကာ အလုပ်အကြောင်း စတင်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

ရှုရှု သူမနေရာ၌ပင် ပြန်ထိုင်လိုက်ရသည်။

All Chapters