← Chapters

Anti-Prostitution (3)

Vol. 3 Ch. 46

Anti-Prostitution (3)

Vol. 3 Ch. 46

ကျန်းရှစ်ကျားသည် ဝမ်ကျင်းအား မှီလိုက်သော်လည်း သူမ၏မျက်လုံးများသည် မသိစိတ်အတွင်းမှ ဆန့်ကျင်ဘက်လူကိုသာ အာရုံစိုက်နေမိသည်။

ထိုအမျိုးသားနှစ်ယောက် ပြောနေကြတဲ့ ဘဏ္ဍာရေးဆိုင်ရာ စကားလုံးများကို သူမနားမလည်ပေ။ သူမခံစားမိသည်မှာ မျက်စိရှေ့ရှိ အမျိုးသား၏ အေးဆေးတည်ငြိမ်ဟန်ရှိသော အသွင်အပြင်သည် ဝမ်ကျင်းအား အံကြိတ်စေသည်ဆိုသည့် အချက်ပင်။

လာမည့်လတွင် ဝမ်ကျင်း အသက် ၅၆ နှစ်ပြည့်မည်ဖြစ်သည်။ ထိုယောက်ျားထက် အများကြီး ပိုကြီးနေသည်။

ကျန်းရှစ်ကျားသည် ချီရှင်းအကြောင်း အတွေးဝင်သွားသည်။ ချီရှင်းသည် ချီချန်းရန်၏ဝမ်းကွဲဖြစ်သောကြောင့် ချီရှင်းနှင့်ခင်မင်ရင်းနှီးရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် ချီရှင်းသည် အမှန်တကယ် ချီချန်းရန်၏သွေးချင်းဆွေမျိုး မဟုတ်ကြောင်း သိရှိလာခဲ့သည်။ ချီချန်းရန်သည် တစ်နှစ်လုံးနေ၍ သူ့ဝမ်းကွဲညီမကို စကားတစ်ခွန်းမှ မပြောသလို ချီရှင်းကလည်း သူမ၏ဝမ်းကွဲအပေါ် ထူးခြားသော အတွေးများရှိနေသည်ကို သူမ သတိထားမိသည်။

ချီရှင်း၏ IQ သည် မြင့်မားခြင်းမရှိသလို၊ စိတ်ထင်ရာကိုလည်း မျက်နှာမှာပေါ်အောင် ပြတတ်သူဖြစ်သည်။ လုလီက သူ့အား ယဉ်ကျေးစွာဆက်ဆံခြင်းမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။

ချီချန်းရန်နှင့်ဝမ်ကျင်းတို့သည် စီးပွားရေးအကြောင်း ဆွေးနွေးနေစဉ် အချက်တစ်ခုသာ ကျန်ရှိတော့သည်။

ချီချန်းရန်က သူ့စျေးနှုန်းကို သတ်မှတ်ထားပြီးဖြစ်၍ ဝမ်ကျင်း တစ်လျှောက်လုံး နောက်ဆုတ်နေခဲ့သည်။ ဤနောက်ဆုံးအချက်သည် လုပ်ငန်းရှင်တစ်ဦး၏ဂုဏ်သိက္ခာအဖြစ် ကျန်ရစ်ခဲ့မည့် နောက်ဆုံးအမှတ်အသား ဖြစ်သည်။ ဝမ်ကျင်းသည် ထောင်ချောက်ကို ဟပ်မိနေသည်။

ချီချန်းရန်သည် အချိန်ကိုကြည့်လိုက်ပြီး ဆက်အချိန်မဖြုန်းချင်တော့သဖြင့် ထလိုက်သည်။

ဝမ်ကျင်း ချက်ချင်း မတ်တပ်ထရပ်ပြီး "မစ္စတာချီ။"

ချီချန်းရန် ခေါင်းညိတ်ကာ "နောက်ကျနေပြီ မစ္စတာဝမ်" ဟု ဆိုကာ ထွက်ခွာသွားခဲ့သည်။

ဝမ်ကျင်းအံကိုကြိတ်လိုက်သည်။

ချီချန်ယန်၏ သဘောထားသည် အလွန်ရှင်းလင်းနေသည်။ သူ့အား ပြန်ထိုင်ပြီး ဆွေးနွေးစေလိုပါက သူတောင်းဆိုချက်အတိုင်း လိုက်လျောရမည်၊ မဟုတ်လျှင် အချိန်ဖြုန်းနေမည်မဟုတ်။

ချီချန်းရန်၏ နောက်ကျောသည် တံခါးဝတွင် ပျောက်ကွယ်သွားသည်။

ကျန်းရှစ်ကျားသည် အိမ်သာသွားရန် အကြောင်းပြပြီး စားပွဲပေါ်မှ စာရွက်စာတမ်းတစ်စောင်ကို ကောက်ယူကာ အပြင်ထွက်လာခဲ့သည်။

ဝမ်ကျင်းသည် စီးကရက်တစ်လိပ်ကို မီးညှိပြီး 'b*tch' ဟု အော်ဆဲလိုက်သည်။

ညနေခင်းတစ်လျှောက်လုံး ထိုအမျိုးသမီး၏ မျက်လုံးများသည် ချီချန်းရန်ပေါ် ရောက်ရှိနေသည်ကို သူသတိထားမိပြီးသားဖြစ်သည်။

ကျန်းရှစ်ကျားသည် စင်္ကြံတစ်လျှောက် လျှောက်သွားသည်။ သူမမျက်လုံးထဲတွင် ယောက်ျားတိုင်းက အတူတူပဲ ဖြစ်သည်။ ကိုယ့်ကိုယ်ကို ချစ်ခြင်းမေတ္တာကြီးမားပြီး ဂုဏ်သိက္ခာစောင့်ထိန်းသူဟု စိတ်ကြီးဝင်နေသူ၊ သူ့ဘေးတွင် မိန်းမတစ်ယောက်လာထိုင်သည်ကိုပင် လုံးဝသည်းမခံနိုင်သူ တကယ်တော့ ထိုအမျိုးသားသည် လူလိမ္မာဟန်ဆောင်နေခြင်းသာဖြစ်ပေလိမ့်မည်။ ဒါဟာ ဟန်ဆောင်မှုသက်သက်ဆိုတာ သူမသိသည်။

ထို့အပြင် ထိုသူသည် မည်မျှပင် ချစ်ခြင်းမေတ္တာကြီးမားသလို ဟန်ဆောင်နေပါစေ အတုအယောင် ဇနီးမောင်နှံ၏ ခင်ပွန်းသည်လည်းဖြစ်သည်။

နေ့ခင်းက လုလီပြောခဲ့သောစကားများသည် ယုံနိုင်စရာမရှိပေ။ တကယ်တော့ မိမိခင်ပွန်းနှင့် ဆက်ဆံရေးမကောင်းကြောင်း မည်သည့်အမျိုးသမီးမျှ အများရှေ့တွင် ပွင့်ပွင့်လင်းလင်း ဝန်ခံပြောဆိုမည်မဟုတ်ပါပေ?

လုလီကဲ့သို့သော ဇနီးသည်များစွာကို သူမမြင်ဖူးသည်။ ခင်ပွန်းသည်က မိမိအပေါ် မချစ်သလို၊ အပြင်တွင် တရားမ၀င်သားသမီးများပင် ရှိနေတတ်သည်။ သို့သော် ပတ်ဝန်းကျင်က မေးလျှင် ဒေါသကို မျိုချပြီး "ကျွန်မလောင်ကုန်းက ကျွန်မကိုအရမ်းချစ်တာလေ" ဟု ပြုံးရယ်ကာ ဟန်ဆောင်ရသေးသည်။

-

"ဥက္ကဌချီ။"

ချီချန်းရန် ဓာတ်လှေကားထဲဝင်ခါနီးတွင် အနောက်မှ တစ်စုံတစ်ယောက် ခေါ်နေသည်ကို ကြားလိုက်ရသည်။

ကျန်းရှစ်ကျား ပြေးလာပြီး လက်ထဲရှိ စာရွက်စာတမ်းကို ချီချန်းရန်အား လှမ်းပေးလိုက်တယ် "ဥက္ကဌချီ၊ အခန်းထဲမှာ ရှင် စာရွက်စာတမ်းတစ်ခု ကျန်ခဲ့လို့ ကျွန်မ ယူလာပေးတာ"

အတွင်းရေးမှုးကျောက်သည် ကျန်းရှစ်ကျားထံမှ စာရွက်စာတမ်းကိုယူ၍ လှန်ကြည့်လိုက်သည်။

ချီချန်းရန်သည် စာရွက်ကိုစောင်းကြည့်ကာ 'အင်း' ဟုပြောပြီး ဓာတ်လှေကားထဲသို့ ဝင်သွားသည်။

ကျန်းရှစ်ကျားလည်း နောက်ကလိုက်သွားသည်။

အတွင်းရေးမှုးကျောက် အံ့ဩသွားပုံရသည်။ ကျန်းရှစ်ကျား သူ့ကို ပြုံးပြလိုက်ပြီး "ကျွန်မ အလုပ်ပြီးသွားပြီ"

ဓာတ်လှေကား အောက်သို့ဆင်းလာသည်။

“ဥက္ကဌချီ၊”

ကျန်းရှစ်ကျား အချိန်မဖြုန်းပဲ စကားစလိုက်သည်။ “ဒီနေ့ ရှင့်ရဲ့မိန်းမကို ကုန်တိုက်မှာတွေ့ခဲ့တယ်”

ကျန်းရှစ်ကျားသည် လုလီအကြောင်းဖော်ပြလိုက်သောအခါ ချီချန်းရန်က သူမအား နောက်တစ်ကြိမ် မျက်နှာလှည့်ကြည့်လာသည်။

ကျန်းရှစ်ကျားက မျက်လုံးများမှိတ်သွားသည်အထိ ရယ်လိုက်ပြီး "ရှင်က အလုပ်အရမ်းများတော့ သူ့ကို အချိန်မပေးနိုင်ဘူးဆိုပြီး ရှင့်ဇနီးက ညည်းနေတာ"

"ဒါတကယ်ပဲလား? ဥက္ကဌချီ" သူမသည် စူးစမ်းလိုသောမျက်လုံးများနှင့် ချီချန်းရန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

ချီချန်းရန်က 'အင်း' ဟု ခပ်တိုးတိုးသာ တုံ့ပြန်သည်။

သို့သော်လည်း အတွင်းရေးမှုးကျောက် အနည်းငယ် စူးစမ်းနေမိသည်။ ဒီအမျိုးသမီးကို မဒမ်သိလို့လား? သူပြောတာတစ်ခါမှ မကြားမိပါဘူး..

ကျန်းရှစ်ကျားသည် တစ်လမ်းလုံး စကားတွေပြောနေပြီး ရင်းနှီးကျွမ်းဝင်သလို ဟန်ဆောင်နေသည်။

ဓာတ်လှေကားမှာ အောက်သို့ဆက်ဆင်းနေဆဲဖြစ်သည်။

မြေအောက်ကားပါကင်သို့ ရောက်သောအခါ ကျန်းရှစ်ကျားသည် ချီချန်းရန်၏ နောက်ကျောကို စိုက်ကြည့်လိုက်သည်။ ထို့နောက် စာရွက်ကြားတွင် အခန်းကဒ်ကိုညှပ်ပြီး ထည့်ပေးလိုက်သည်ကို သူမ တွေးလိုက်သည်။

ကျန်းရှစ်ကျားသည် မြို့လယ်ခေါင်ရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် နေထိုင်လျက်ရှိပြီး စုဟယ်ပင်လယ်အကွေ့နှင့်လည်း နီးသည်။

သူ လွယ်လွယ်ကူကူပဲ လာလို့ရသည်။

သူမ ဒီည ဝမ်ကျင်းနှင့် လိုက်ဖို့မလိုတော့ပေ။ သူမ ရေချိုးလိုက်ပြီး ဆံပင်ခြောက်အောင်မှုတ်ကာ ခန္ဓာကိုယ်အား lotion လိမ်းလိုက်သည်။ ထို့နောက် သူမမျက်နှာကို မှန်ထဲတွင် ကြည့်လိုက်သည်။

သူမစိတ်ထဲတွင် ဒီညပြီးရင် သိန်းချီတဲ့ cufflink (လက်ကြယ်သီး)များကို ဝယ်ယူနိုင်တော့မည်ဆိုပြီး ယုံကြည်နေသည်။

ခဏအကြာတွင် တံခါးဘဲလ်သံ မြည်လာသည်။

ကျန်းရှစ်ကျားသည် သူမမျှော်လင့်နေသောသူ ရောက်လာပြီဆိုတာ သိလိုက်ပြီး ပြုံးလိုက်သည်။ သူမသည် ပိုးထည်အင်္ကျီကိုဝတ်ဆင်ကာ တံခါးကိုဖွင့်ရန် သွားလိုက်သည်။

သို့သော် တံခါးအားဖွင့်လိုက်ပြီး တစ်ဖက်လူ၏မျက်နှာကို မြင်လိုက်ရစဥ်တွင် သူမ၏ပြုံးနေသောမျက်နှာမှာ အေးခဲသွားသည်။

အတွင်းရေးမှုးကျောက်သည် တံခါးနားတွင် အေးစက်သောအမူအရာနှင့်ရပ်နေသည်။

"ဒါ မစ်ကျန်းရဲ့ အခန်းကဒ်ပါ" အတွင်းရေးမှုးကျောက်သည် လက်မှာကိုင်ထားသော ကတ်ကို ပေးလိုက်သည်။

ကျန်းရှစ်ကျားသည် အခန်းကတ်ကို မြင်သောအခါ ဘာပြောရမှန်းမသိ ကြောင်နေသည်။

သူမထံမှ မည်သည့်တုံ့ပြန်ချက်မှမရသည်ကို မြင်လိုက်ရသောအခါ အတွင်းရေးမှုးကျောက်သည် ကတ်အား တံခါးဘေးရှိ ကဒ်ထည့်တဲ့နေရာတွင် တိုက်ရိုက်ထည့်လိုက်သည်။

"ဥက္ကဌချီက မင်းကို အသိပေးခိုင်းတယ်၊ မင်းရဲ့ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့နဲ့ နောက်တစ်ခါဆို မင်းရဲ့ကတ်တင်မကဘူး မင်းရဲ့မျက်နှာပါ ဆုံးရှုံးရလိမ့်မယ်လို့ သတိပေးခိုင်းလိုက်တယ်"

"ဥက္ကဌချီက နေ့ခင်းဘက်မှာ အလုပ်များလို့ သူ့မိန်းမကို အချိန်မပေးနိုင်ပေမယ့် ညဘက်မှာတော့ အိမ်ပြန်ပြီး ဂရုစိုက်ပေးတယ်"

“ပြီးတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို လေးစားတတ်ဖို့ မဒမ်က ကျွန်တော့်ကို ပြောခိုင်းလိုက်တယ်။ နောက်တစ်ချက်က နောက်နောင် ဒီလိုလုပ်ရပ်မျိုး ထပ်လုပ်လာခဲ့ရင် သည်းခံနေမှာမဟုတ်ပဲ ပြည့်တန်ဆာ ဆန့်ကျင်ရေး ရဲတွေကိုအကြောင်းကြားလိုက်မယ်ဆိုတာ သိထားပေးပါတဲ့"

All Chapters