← Chapters

Little Wife (1)

Vol. 3 Ch. 47

Little Wife (1)

Vol. 3 Ch. 47

အတွင်းရေးမှုးကျောက်သည် ဤတာဝန်ကို ထမ်းဆောင်ပြီးနောက် ဥက္ကဌထံ အစီရင်ခံရန် ဖုန်းဆက်လိုက်သည်။

“အင်း...ကောင်းပြီ။”

ချီချန်းရန်သည် အတွင်းရေးမှုးကျောက်နှင့် ဖုန်းပြောဆိုမှုအပြီးတွင် ဖုန်းကိုချကာ သူ့ပေါင်ပေါ်တွင် ထိုင်နေသော လုလီအား ကြည့်လိုက်သည်။

လုလီထံ ပြောစရာတစ်ခုရှိနေသည် - "ဒါ ပထမဆုံးအကြိမ်ဖြစ်နေလို့ မဟုတ်ရင် ပြည့်တန်ဆာ တိုက်ဖျက်ရေးအဖွဲ့ကို ကျွန်မ ဖုန်းဆက်မိမှာ"

သူမ ဤစကားများကို ဘယ်ကနေ သိလာမှန်းမသိသော်လည်း ချီချန်းရန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

လုလီသည် သူမရှေ့တွင် အခန်းကတ်တစ်ခု ရုတ်တရက် ပြုတ်ကျလာသည်ကို မြင်သောအခါ သူမ မည်မျှထိတ်လန့်သွားသည်ကို ဘုရားသခင် သိသည်။

ချီချန်းရန်သည် သူမနှင့်အချင်းများပါက ငြင်းဆန်နိုင်မည်မဟုတ်မှန်း စိတ်ထဲသိနေခဲ့သည်။

သို့သော် လုလီသည် မည်သည့်အငြင်းပွားမှုမှ မလုပ်ခဲ့ပဲ သူ ရှင်းပြသည်ကို အာရုံစိုက်နားထောင်ပေးပြီး အခန်းကတ်တွင်ပါရှိသည့် လိပ်စာနှင့်မှတ်စုကို ကြည့်ကာ နောက်ဆုံးတွင် ကောက်ချက်ချလိုက်သည်။

"တစ်စုံတစ်ယောက်က ကျွန်မလောင်ကုန်းကို အပြင်ဆွဲထုတ်ဖို့ကြိုးစားနေတာပဲ"

ထိုအမျိုးသမီးသည် ဖျော်ဖြေရေးလောကမှ အဆင့်(၁၈) မင်းသမီးတစ်ယောက်ဖြစ်သည်။

ချီချန်းရန်သည် ထိုသို့ သူ့အပေါ် လုလီ၏ယုံကြည်စိတ်ချခြင်းကို ခံရသည့်အတွက် ထိုခံစားချက်မှာကောင်းမွန်လှသည်ဟု ထင်မိသည်။

လုလီ- "လောင်ကုန်းက ကျွန်မကို တခြားသူတွေထက် ပိုချစ်တယ်၊ အဆင့်(၁၈) မင်းသမီးတစ်ယောက်က ကျွန်မတို့ကို ကွဲအောင်လုပ်နိုင်မှာတဲ့လား?"

ချီချန်းရန်သည် လုလီ၏ ခါးကို ပိုပြီးတင်းတင်းကျပ်ကျပ် ဖက်လိုက်ကာ "ကိုယ့်ကိုယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါပဲ"

လုလီသည် သူမမျက်နှာပေါ် အပြုံးရိပ်လေးတင်လိုက်ရင်း "မလိုပါဘူးရှင်၊ ကိုယ့်ခင်ပွန်းအပေါ် ယုံကြည်ရမှာ ဇနီးတစ်ယောက်ရဲ့တာဝန်ပါ"

သူမ ငယ်စဥ်ကတည်းကပင် ဟောင်ကောင်ရှိ ချမ်းသာသောလူတန်းစားများနှင့် ဆက်ဆံဖူးသည့် မင်းသမီးအများအပြား၏ အပြုအမူကို မြင်ဖူးသည်။ သို့သော် ဤသို့ အခန်းကတ်ပေးကာ သေးသေးမွှားမွှား သွေးဆောင်မှုမျိုးကတော့ ကလေးဆန်ပြီး ရှက်စရာကောင်းလှသည်။ ပြတ်ပြတ်သားသားပြောရလျှင် သူမအမေသည် လူမှုအသိုင်းအဝိုင်း၏ ထိပ်ဆုံးထိပါ ရအောင် ဖြားယောင်းနိုင်ခဲ့သူဖြစ်သည်။ သူမသည်လည်း ထိုမြေခွေးမ၏သမီးဖြစ်သောကြောင့် မိခင်ဖြစ်သူထံမှအမွေ အနည်းငယ်ဆက်ခံထားပုံရသည်။ သို့သော် ယခု ထိုပညာအား ချီချန်းရန်၏ ကြီးမားသော ဧရိယာကလွှမ်းခြုံနိုင်ခဲ့သည်။

လုလီသည် ချီချန်းရန်၏မျက်နှာကို ကြည့်ရင်း ရုတ်တရက်ဝမ်းနည်းလာသည်။

"လောင်ကုန်း" သူမ သက်ပြင်းချလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ချီချန်းရန်- "ဘာဖြစ်လို့လဲ?"

လုလီ မျက်ရည်များကျလာပြီး "လောင်ကုန်း အရမ်း လွန်သွားပြီ..."

ချီချန်းရန် စိတ်ရှုပ်ထွေးသွားပြီး "လွန်တယ်?"

လုလီ: "လောင်ကုန်းက အရမ်းကြည့်ကောင်းပြီး ပိုက်ဆံလဲ ရှိတော့ လောင်ကုန်းအပြင်ထွက်တိုင်း တစ်ချို့မြေခွေးမတွေက လောင်ကုန်းကို ပစ်မှတ်ထားနေကြတယ်၊ အဲ့ဒါကြောင့် အားလီကလေ လောင်ကုန်းကို စိတ်မချလို့ အပြင်ကို မထွက်စေချင်တာ။ အဟင့်~"

"ဒါပေမယ့် တစ်ဖက်က စိုးရိမ်ရပေမယ့် လောင်ကုန်းလို ပြည့်စုံလွန်းတဲ့ အမျိုးသားလေးကို ပိုင်ဆိုင်ခွင့်ရထားလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်"

ချီချန်းရန်: “…”

လုလီ စိတ်အခြေနေပြန်ကောင်းလာပြီး- "ကံကောင်းတာက အားလီက လောင်ကုန်းကို အခြားသူတွေထက်ပိုချစ်တယ်။ လောင်ကုန်းရဲ့မျက်လုံးထဲမှာလဲ အားလီတစ်ယောက်ပဲရှိတယ်။ အပြင်က ဖြားယောင်းတတ်တဲ့မြေခွေးမတွေက အားလီရဲ့ခြေချောင်းတစ်ချောင်းတောင် မမီဘူး!"

လုလီသည် ချီချန်းရန်၏လက်ကိုကိုင်လိုက်ပြီး သူမ၏ခန္ဓာကိုယ်နှင့် ထိကပ်လိုက်သည်။ "လောင်ကုန်း၊ ကျွန်မကိုကြည့်ပါဦး။ ကျွန်မရဲ့အသားအရေ ခန္ဓာကိုယ်အကုန်လုံး သဘာဝအတိုင်းလှနေတာ။ ဘယ်နေရာက ချို့ယွင်းနေတာမျိုးရှိလဲ? အိမ်မှာ ဒီလိုဇနီးသည်မျိုးရှိနေတာကို လောင်ကုန်းက အပြင်က အခြားမိန်းမတွေကိုကြည့်ဦးမှာတဲ့လား?"

လုလီ- "ကျွန်မဆံသားတောင်သူတို့တွေထက်ပိုလှတယ်!"

ချီချန်းရန် လုလီပြောတာကို နားထောင်ရန်း ခေါင်းညိတ်ကာ သဘောတူကြောင်း ပြသခဲ့သည်။

"အင်း၊ဟုတ်တယ်"

ဒါအမှန်ပဲ။

လုလီသည် ချီချန်းရန်၏တိုတောင်းသော အဖြေကို မကျေနပ်ပေ။ သူမသည် ချီချန်းရန်၏ ချီးမွမ်းစကားကို ကြားချင်သော်ငြားလည်း "ဟုတ်တယ်" ဟူသော အဖြေကိုသာပြန်ပေးသည်။

လုလီသည် ချီချန်းရန်၏ပေါင်ပေါ်တွင်ထိုင်ပြီး သူ၏လည်ပင်းနောက်ဘက်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ "လောင်ကုန်း၊ကျွန်မလှလားဟင်?"

ချီချန်းရန်သည် လုလီ၏ဝဲကျနေသော ဆံပင်စများကို နားရွက်နောက်တွင် ညင်သာစွာညှပ်ပေးလိုက်ရင်း - "အရမ်းလှတယ်"

သူမ၏အလှတရားသည် အခုခေတ်တွင် မိတ်ကပ်နှင့် ပလပ်စတစ်ဆာဂျရီကို အားကိုးနေရတဲ့ အလှလေးတွေနှင့် မတူပေ။

လုလီ- "ကျွန်မခန္ဓာကိုယ်ကရော?"

ချီချန်းရန်သည် လုလီ၏ခါးကို ညှစ်လိုက်ပြီး- "အရမ်းကောင်းတယ်"

သူမသည် ပိန်ပိန်ပါးပါးရှိသော်လည်း ဝါးခြမ်ပြားကဲ့သို့ ခြောက်ကပ်နေတာမျိုးမဟုတ်ပဲ လိုအပ်သည့်နေရာတွင် အဆီများ အနေတော်ရှိသည်။

“လောင်ကုန်း…အာ... ”

သူမ စကားကိုမစောင့်တော့ပဲ ချီချန်းရန်သည် လုလီ၏မေးစေ့ကို ပင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။

လုလီ ရပ်တန့်သွားသည်။ သူ့ မေးခွန်းမေးလို့ မပြီးသေးပေမယ့် သူမလောင်ကုန်း၏ အနမ်းကို ခံယူဖို့က ပိုအရေးကြီးသည်။ သူမ မျက်လုံးများကို မှိတ်ပြီး နာခံစွာဖြင့် ပြန်နမ်းလိုက်သည်။

ချီချန်းရန်သည် သူမကို ပွေ့ချီပြီး အိပ်ခန်းထဲ ခေါ်သွားသည်။

ပြန်လည်သိုလှောင်ထားသည့် အိပ်ယာဘေးစားပွဲရှိ သားဆက်ခြားပစ္စည်းများကို ပြန်လည်အသုံးပြုတော့မည်ဖြစ်ရာ နောက်ထပ်ပစ္စည်းထပ်ဖြည့်ရမည့် အနေထားဖြစ်သည်။

All Chapters