Little Wife (2)
Vol. 3 Ch. 48
Spa ၏ VIP အနားယူခန်းတွင် ချောင်ကျာယိသည် လုလီပြောပြနေသည့် လင်မယားနှစ်ယောက်ပေါင်းပြီး ဖြားယောင်းမြူစွယ်ခဲ့သော မင်းသမီးကို ပညာပေးခဲ့သည့် ဇာတ်လမ်းအား နားထောင်ရင်း စားပွဲကိုလက်ဖြင့်ပုတ်ကာ ကျေနပ်နေသော အမူအရာမှာ ထိန်းမနိုင် သိမ်းမရဖြစ်သွားသည်။
လုလီ ဤအရာကို စနစ်တကျ ကိုင်တွယ်တတ်လာသည့်အခါ ချီချန်းရန်ဆိုသူမှာ အမှန်စင်စစ် ဝံပုလွေတစ်ကောင်ပမာဖြစ်လာသည်။
လုလီသည် ဖျော်ရည်ကို ပိုက်ဖြင့် စုပ်သောက်လိုက်ပြီး - ကျန်းရှစ်ကျားပြဿနာကို ကိုင်တွယ်ပြီးပေမယ့် နောက်ထပ် ကျန်းရှစ်ကျားလို မိန်းမတွေ ထပ်မပေါ်လာနိုင်ဘူးလို့ အာမခံလို့မရဘူး"
ခင်ပွန်းဖြစ်သူနှင့်သူမကြားတွင် နက်ရှိုင်းသောခံစားချက်များ ရှိကြပေမယ့် အပြင်မှာ သူမခင်ပွန်းကို မက်မောနေကြသည့် မိန်းမတွေအကြောင်းကိုတွေးမိတိုင်း လုလီရင်ထဲတွင် ကြောက်စိတ်တစ်ခုကတော့ ကြီးစိုးနေဆဲဖြစ်သည်။
ဤအရာအားလုံး၏ ပြဿနာအရင်းခံမှာ 'စုံတွဲအတု အယောင်' ခေါင်းစဉ်မှလွဲ၍ အခြားအကြောင်း အရာမရှိပေ။
အများအမြင်တွင် သူမတို့ဇနီးမောင်နှံအား အတုအယောင်စုံတွဲဟု ထင်နေကြသောကြောင့် သူမရှေ့မှာတင် အရှက်မဲ့စွာဖြင့် သူမခင်ပွန်းအား မက်မောတပ်မက်နေကြသည်။ အကယ်၍ သူမနှင့်ခင်ပွန်းဖြစ်သူ၏ ချစ်ခြင်းမေတ္တာသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကြောင်း လူတိုင်းသိသွားကြမည်ဆိုလျှင် ထိုဖျားယောင်းသွေးဆောင်ချင်နေသော မိန်းမပျက်များသည် ကိုယ့်နေရာကိုယ် သိသွားကြမည်ဖြစ်သည်။
သို့သော် လုလီ အနည်းငယ် စိုးရိမ်နေမိသည်။
သူမတွေ့ရှိခဲ့သည်မှာ ယခင်က သူမ လုပ်ဆောင်ခဲ့သော အရာများသည် မည်သည့်ထိရောက်မှုမှ မရှိခဲ့ဘူးဆိုတာပဲ ဖြစ်သည်။
သူမ Weibo ပေါ်တွင် ခင်ပွန်းဖြစ်သူအား Mention ခေါပြီး ချစ်ကြောင်းဖွင့်ဟခဲ့တာတွေ၊ အများရှေ့တွင် ခင်ပွန်းသည်အတွက် အချစ်သီချင်းနှင့်ကပြခဲ့သည့် ဗီဒိယိုအား ချပြခဲ့တာတွေ ဤအရာအားလုံးက အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
သူမ၏ Fan များ တိုးလာခဲ့သော်လည်း ဤသည်မှာ Personal အကောင့်တွင်သာဖြစ်ပြီး 'မက်မွန်သီး စုံတွဲ' ၏ Super Chat တွင် Fan အရေအတွက် တိုးလာခြင်းမရှိပေ။ ဆုကြေးပေးပြီး လှုံဆော်မှုအပြီးတွင် Super Chat သည်ပိုပြီး တိတ်ဆိတ်သွားခဲ့သည်။
သူမကလွဲရင် နေ့တိုင်းဝင်ရောက်သူ ၁၀ ယောက်လောက်သာ ရှိသည်။
ပြီးတော့ ၎င်းတို့နှစ်ယောက်သည် အတုအယောင်စုံတွဲတွေဖြစ်ပြီး 'ဒါ' ကိုတောင် မလုပ်ဖူးဘူး ဟု အခိုင်အမာပြောနေကြသည့် သူအများအပြားရှိနေသေးသည်ကိုလည်း သူမ မနေ့ကတွေ့ခဲ့သေးသည်။
ထိုဝေဖန်နေသောသူများသည် အလုပ်အကိုင်မရှိ အားယားနေ၍ စုံတွဲတစ်တွဲ၏ ဘဝအကြောင်းကို အထင်အမြင်နဲ့ မှန်းဆနေကြတာလား? မသိရင် ၎င်းတို့သည် သူမတို့ကုတင်အောက်ဝင်ပြီး 'ဒါ' ကို မလုပ်ခဲ့ဘူးဆိုတာကို မျက်ဝါးထင်ထင်မြင်ခဲ့ရသလို တထစ်ချပြောဆိုနေခြင်းဖြစ်သည်။
လုလီ ထိုအကြောင်းကို စဥ်းစားလေ ပိုဒေါသထွက်လေဖြစ်လာပြီး "ဒီကောလဟာလတွေကို ငါ ဘယ်လို ဖြေရှင်းရမလဲ၊ ငါနဲ့ ငါ့လောင်ကုန်းရဲ့ ဆက်ဆံရေးက အဆင်ပြေပြေရှိနေတယ်လို့ ဖြေရှင်းပြီးသားကို ငါတို့ 'ဒါ' ကို လုပ်ပါတယ်ဆိုပြီး လူသိရှင်ကြား ထုတ်ပြောနေရဦးမှာလား?"
"ဒီအရာမျိုးကို ငါပါးစပ်က ထုတ်ပြောလာဖို့ သူတို့ လိုချင်နေတာလား? သူဌေးသမီးတစ်ယောက်အနေနဲ့ ငါ့မျက်နှာကို ထိန်းထားဖို့လိုသေးတယ် မဟုတ်ဘူးလား"
ချောင်ကျာယိ: "တကယ်တော့ နည်းလမ်းရှိတယ်၊ နင့်ပါးစပ်ကထုတ်ပြောစရာမလိုဘူး"
လုလီ: "?"
ချောင်ကျာယိ- "နင် ဗီဒီယိုအတိုတစ်ခု ရိုက်ပြလိုက်ရင် ရတယ်။ ဒါက ပိုပြီး လက်တွေ့ကျတယ်"
လုလီ: “…”
လုလီသည် ချောင်ကျာယိ၏နားရွက်ကိုဆွဲကိုင်လိုက်ပြီး "နင် ငါ့ကို ပြည့်တန်ဆာဆန့်ကျင်ရေးက လာဖမ်းအောင် လုပ်နေတာလား?"
ချောင်ကျာယိ: "အိုး...Sorry..ငါက နောက်လိုက်တာပါ"
လုလီ- "ငါ ဟာသပြောနေတာ မဟုတ်ဘူး၊ ငါအခုအရမ်းစိတ်ဆိုးနေပြီ။ ငါ့အတွက်နည်းလမ်းစဉ်းစားပေး"
ချောင်ကျာယိ သက်ပြင်းချလိုက်ပြီး လုလီကို ကြည့်လိုက်သည်။
“ဒါက ရိုးရှင်းပါတယ်” သူမ ပြုံးပြီး ပြောလိုက်သည်။ "နင် ချီချန်းရန်နဲ့ ကလေးယူလိုက်ရုံပဲ"
လုလီ: "???"
ချောင်ကျာယိ- "နင်တစ်ယောက်တည်းနဲ့ ကလေးရဖို့ မဖြစ်နိုင်ဘူးလေ၊ ကလေးရသွားရင် သူတို့ပြောတဲ့ 'ဒါ' ဆိုတာကို သက်သေပြနိုင်သွားမယ်၊ အဲ့နောက်မှာ အဓိပ္ပါယ်မရှိတဲ့ ကောလဟာလတွေ ထပ်ပြောလာဦးမှာတဲ့လား? နင်တို့ ဆက် ဆံရေးမကောင်းဘူးလို့ ဘယ်သူ ထပ်ပြောရဲမှာလဲ? ဆက်ဆံရေးမကောင်းရင် ကလေးဘယ်လိုယူမှာလဲ?"
"နင့် အိုင်ဒီယာကောင်းသားပဲ" ချောင်ကျာယိစကားကို ကြားသောအခါ လုလီ၏မျက်လုံးများ တောက်ပလာသည်။
ဒီတစ်ခါတော့ ချောင်ကျာယိ ဉာဏ်ကောင်းသွားသည်ဟု လုလီ ခံစားမိသည်။
လုလီသည် ချီချန်းရန်အကြောင်းကို ပြန်စဥ်းစားလိုက်သည်။
သူမ၏ခင်ပွန်းသည် အတူနေသည့်အခါတိုင်း အကာအကွယ် အမြဲယူလေ့ရှိပြီး သူမအားကိုယ်ဝန်ရစေရန် ရည်ရွယ်ချက်အနည်းငယ်မှမရှိပုံရသည်။
လုလီ အကြောင်းရင်းကိုလည်း မသိပေ။
သူမ မှတ်မိသလောက်ကတော့ သူမတို့ လက်ထပ်ပြီးကတည်းက ထိုအတိုင်း နေခဲ့ကြသည်ကိုပင်။
ဤသည်မှာ ချီချန်းရန်သည် သူမနှင့် ကလေးမလိုချင်၍လား?
လုလီ ချက်ချင်းပဲ ထိုအချက်ကို ပယ်ချလိုက်သည်။
သူမ၏ခင်ပွန်းသည် ကလေးမလိုချင်တာတေ့ာ မဖြစ်နိုင်ပေ။ ၎င်းတို့ထံ သားသမီးမရှိရင် သူ၏ဘီလီယံနှင့်ချီကြွယ်ဝသောဥစ္စာများကို မည်သူဆက်ခံမည်နည်း? ဒါ့အပြင် ခင်ပွန်းဖြစ်သူသာ သူမကို အရမ်းချစ်ပါက သူမ မွေးပေးလာမည့် ဝဝကစ်ကစ်နှင့်ချစ်စရာကောင်းသည့် ကလေးလေးကို မလိုချင်တာ ဖြစ်နိုင်ပါ့မလား?
လုလီ စဥ်းစားကြည့်ရင်း အကြောင်းပြချက် ရှာတွေ့သွားသည်။
အကြောင်းမှာ သူမ၏လောင်ကုန်းသည် သူမနှင့် နှစ်ယောက်တည်း အချိန်ကုန်ဆုံးချင်တာဖြစ်ပြီး အခုအချိန်မှာ ကလေးတစ်ယောက်ကြောင့် အနှောင့်အယှက်မဖြစ်ချင်တာကြောင့်ပဲ ဖြစ်သည်။
လုလီ သူမပါးပြင်ကို ဖောင်းထားလိုက်သည်။
သူတို့အိမ်ထောင်ကျခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ဤသည်မှာ လူနှစ်ယောက်အတွက် အချိန်ကုန်ဆုံးတာ လုံလောက်ပြီဖြစ်သည်။
၎င်းတို့မှာ ယခုချိန်တွင် ကလေးယူဖို့ စဥ်းစားသင့်ပြီဖြစ်သည်။