← Chapters

ကောင်းကင်လိုဏ်ဂူကို အနိုင်ယူခြင်း

Vol. 175 Ch. 2611

ကောင်းကင်လိုဏ်ဂူကို အနိုင်ယူခြင်း

Vol. 175 Ch. 2611

အခြေအနေက ရုတ်တရက်ဆန်လွန်းစွာ ပြောင်းလဲသွားခဲ့သည်။

စောစောက အထီးကျန်သိုင်းသခင်နှင့် ရှစ်ဝူနန်သည် ညီတူမျှတူယှဥ်ပြိုင်နေခဲ့ကြသည်။

ယခု ရှစ်ဝူနန်သည် တစ်ခဏချင်းမှာပင် အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရလေသည်။

ရှစ်ဝူနန်၏ ရှုံးနိမ့်မှုက မြန်ဆန်၍ ရုတ်တရက်ဆန်လွန်းစွာ ဖြစ်ပေါ်လာခဲ့သည်။

တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာ အင်မော်တယ်ဘုရင်ပညာရှင်များက ခဏကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ကြပေ။

သုခဘုံသန့်စင်ကုန်းမြေမှ ကောင်းကင်ဘုံဘုရင်များသည် ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်၍ ဒေါသချောင်းချောင်းထွက်သွားကြသည်။

ရှစ်ဝူနန်၏ သုခဘုံသန့်စင်ကုန်းမြေ၏ မြင်းမိုရ်တောင်မှလာခဲ့သည်။ သူသည် သည်ဘက်မျိုးဆက်မှာ ဗုဒ္ဓကျောင်းတော်များ၏ အသန်မာဆုံးပြိုင်စံရှားဖြစ်ပြီး အန္တိမသူတော်စင်ဘွဲ့ကိုခံယူထားခါစဖြစ်သည်။

ရှစ်ဝူနန်သည် အန္တိမသူတော်စင်ဘွဲ့ကိုရရှိပြီးနောက် ဒုတိယမြောက်နေ့မှာပင် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ နေရာမှာပင် သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု ဘယ်သူကတွေးမိပါ့မလဲ။

ရှစ်ဝူနန်သည် သမိုင်းမှာ အမြန်ဆုံးသေဆုံးသွားရသည့် အန္တိမသူတော်စင်ဖြစ်လာပေလိမ့်မည်။

ကောင်းကင်ဘုံဘုရင်များက သူတို့၏ အသိစိတ်ကို ပြန်လည်ရရှိလာသည့်အချိန်မှာ တိုက်ပွဲက ဖြစ်ပွားနေလေပြီ။

သိုင်းတာအိုပင်မခန္ဓာက အဆက်မပြတ်တိုက်ခိုက်ပြီး မဟာနယ်မြေနှစ်ခုမှ ပကတိအင်မော်တယ်ပြိုင်စံရှားများထဲ မည်သူကမှ သူ့ကိုမယှဥ်နိုင်ကြပေ။

တည်ဆောက်သူသစ်ပင်အောက်မှာ သွေးများက ချောင်းမြောင်းမြစ်များလို စီးဆင်းနေသည်။

တည်ဆောက်သူသစ်ပင်အောက်မှာ ကျင့်ကြံနိုင်သည့် ပကတိအင်မော်တယ်နှင့် သူတော်စင်နှစ်ရာကို မဟာနယ်မြေနှစ်ခု၏ အနာဂတ်၊ အခြေခံအုတ်မြစ်နှင့် မျှော်လင့်ချက်များဟု သတ်မှတ်နိုင်သည်။

သူတို့သည် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ အထူးချွန်အထက်မြတ်ဆုံး အရိုက်အရာဆက်ခံသူများဖြစ်ကြသည်။

ပြိုင်စံရှားများနှင့် အရိုက်အရာဆက်ခံသူများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်သည်ကို တွေ့မြင်ရသောအခါ အင်မော်တယ်ဘုရင်များနှင့် ကောင်းကင်ဘုံဘုရင်များက ဆက်လက်၍ကြည့်မနေနိုင်တော့ပေ။

မည်သို့ပင်ဆိုစေ သူတို့သည် သူတို့၏ အရိုက်အရာဆက်ခံသူများကို အရင်ဆုံးကယ်တင်ရပေမည်။

အထီးကျန်သိုင်းသခင်က ရှေ့သို့ဆက်တိုးလာမည်ဆိုလျှင် ပကတိအင်မော်တယ်ပြိုင်စံရှားနှစ်ရာထဲ ရှင်သန်နိုင်မည့်သူ များစွာမရှိပေ။

မဟာနယ်မြေနှစ်ခုမှ အန္တိမအင်မော်တယ်ဘုရင်များက သူတို့၏ ဣန္ဒြေကို ထိန်းထားကြသည်။

ဤကဲ့သို့သောကိစ္စအတွက် သာမန်အင်မော်တယ်ဘုရင်များ ဝင်ပါမည်ဆိုလျှင် လုံလောက်နေလေပြီ။

အန္တိမအင်မော်တယ်ဘုရင်တစ်ပါးက အန္တိမပကတိမိစ္ဆာတစ်ဦးကို ကိုင်တွယ်ဖို့အတွက်နှင့် ဝင်ပါလာမည်ဆိုလျှင် အဲဒါကအရမ်းကို လွန်ကဲရာကျနေပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက ရုတ်ရုတ်သဲသဲအခြေအနေကို အခွင့်ကောင်းယူကာ လူအုပ်ကြားထဲမှ ဓားအင်မော်တယ်ယွဲ့ဟွားကို သတ်ဖြတ်တော့မည့်ဆဲဆဲမှာပင် အင်မော်တယ်ဘုရင်သုံးပါးနှင့် ကောင်းကင်ဘုံဘုရင်လေးပါးက ဆင်းသက်ရောက်ရှိလာပြီး သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်ကြသည်။

ကောင်းလိုဏ်ဂူနယ်ပယ်ပညာရှင်ခုနှစ်ဦးက တိုက်ပွဲမြေသို့ရောက်ရှိလာပြီး သိပ်သည်းပြင်းထန်ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်ဖော်ကာ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်အပေါ် ဆင်းသက်ကျရောက်စေလိုက်သည်။

“မိစ္ဆာ... မြန်မြန်ရပ်လိုက်စမ်း... သွေးရဲ့ဆာလောင်မှုက အကန့်အသတ်မဲ့တယ် ဒါပေမဲ့ မင်းက နောင်တရခွင့်ရှိသေးတယ်... သားသတ်ဓားကိုလွှတ်ချပြီး ဗုဒ္ဓတစ်ပါးဖြစ်လာဖို့ မင်းမှာအခွင့်အရေးရှိသေးတယ်”

ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကင်ဘုံဘုရင်တစ်ပါးက ဂါထာမန္တန်အသံကိုရွတ်ဆိုပြီး တစ်ချိန်တည်းမှာပင် သူ၏ သစ်သားလိုက်ရိုက်တံကိုမြှောက်ကာ သူ့လက်ထဲရှိ သစ်သားငါးရုပ်ပေါ်သို့ စိတ်နှလုံးထိခိုက်ဖွယ်ရာပုံစံဖြင့် ပြင်းထန်စွာခေါက်ချလိုက်၏။

တခြားသောအင်မော်တယ်ဘုရင်ပညာရှင်နှစ်ဦးကလည်း သူတို့၏ လက်ဖဝါးများကိုဆန့်ထုတ်ကာ သိုင်းတာအိုပင်မခန္ဓာကို ဖိချလိုက်ကြသည်။

“ဟမ်း..”

ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များ၏ တိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက နောက်မဆုတ်ဘဲ ရှေ့သို့ဆက်တိုးလာခဲ့သည်။ အေးစက်စွာနှာတစ်ချက်မှုတ်ရင်း သူက သူ၏ လက်သီးကိုမြှောက်ကာ နှစ်ကြိမ်ဆက်တိုက်ပစ်ထိုးပြီး အင်မော်တယ်ဘုရင်ပညာရှင်နှစ်ဦး၏ လက်ဖဝါးများနှင့် ထိတွေ့ရိုက်ခတ်သွားစေသည်။

ထိုသည်ကို တွေ့မြင်သောအခါ ကျင့်ကြံသူများစွာ၏ ရင်ထဲတွင် ရယ်စရာကောင်း၍ ထူးဆန်းသောခံစားချက်တစ်ခု ပေါ်ထွက်လာသည်။

မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်က ငမိုက်သားတစ်ယောက်လား သို့မဟုတ် စိတ်လွတ်သွားတာတာလား သူတို့မသိပေ။

အင်မော်တယ်ဘုရင်ပညာရှင်များကို လက်ဗလာနှင့် တိုက်ခိုက်ခြင်းက ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းဖြစ်မနေဘူးလား။

ဘန်း... ဘန်း....

အင်မော်တယ်ဘုရင်နှစ်ဦးက အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် တိုက်ခိုက်လိုက်ကြသော်လည်း ပို၍ပင်မြန်ဆန်စွာ ဆုတ်ခွာသွားကြသည်။

တစ်ခဏချင်းမှာပင် အင်မော်တယ်ဘုရင်နှစ်ဦးသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်နှစ်ချက်ဖြင့် လွင့်စင်ထွက်သွားသည်။

အင်မော်တယ်ဘုရင်နှစ်ဦးက တုန်လှုပ်သွားကြသည်။

သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် မဖျက်ဆီးနိုင်လုနီးပါး နတ်ဘုရားစွမ်းအားတစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာတိုးဝင်လာသည်ကို ခံစားမိလိုက်သည်။

သူတို့နှစ်ယောက်က အဲဒါကို လုံးဝ မခုခံနိုင်ကြပေ။

ဖျောက်...

အင်မော်တယ်ဘုရင်နှစ်ပါးသည် သူတို့၏ လက်များမှ စူးရှသောနာကျင်မှုကိုခံစားလိုက်ရပြီး အရိုးများအက်ကွဲသံက ​ထွက်ပေါ်လာသည်။

အားလုံး၏ အကြည့်အောက်မှာပင် အင်မော်တယ်ဘုရင်နှစ်ဦး၏ လက်များပေါ်ရှိအသားများက စုတ်ပြဲသွားပြီး သူတို့၏ အရိုးများက အပိုင်းပိုင်းကျိုးကြေကာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားသည်။

သူတို့၏ ကိုယ်တွင်းအင်္ဂါများကလည်း ပြင်းထန်စွာလှုပ်ခါသွားပြီး သူတို့သည် စိတ်အားညှိုးငယ်နေသောအမူအရာများနှင့် သွေးများစွာကို ထွေးထုတ်လိုက်ရသည်။

ဟာ...

ကျင့်ကြံသူများက တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်လိုက်ကြသည်။

ပုံမှန်ကျင့်ကြံမှုအတွင်း အင်မော်တယ်ဘုရင်ပညာရှင်များသည် သူတို့စုဖွဲ့ထားသော ကောင်းကင်လိုဏ်ဂူများကိုသုံးပြီး သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အားဖြည့်မီးဆေးထားကြပေလိမ့်မည်။ သူတို့၏ ကိုယ်ကာယကသန်မာပြီး သူတို့၏ ခွန်အားက တုန်လှုပ်စရာကောင်းကာ ပကတိဧကနယ်ပယ်ထက် များစွာကျော်လွန်နေသည်။

သို့သော်ယခု... အင်မော်တယ်ဘုရင်နှစ်ပါးက ပကတိမိစ္ဆာတစ်ဦးထံမှ ထိုးချက်နှစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြသည်။ အဲဒါက မည်ကဲ့သို့သောစွမ်းအားမျိုးလဲ။

မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်က ဘယ်လောက်တောင်သန်မာနေတာလဲ။

ကျန်ရှိနေသော အင်မော်တယ်ဘုရင်တစ်ဦးနှင့် ကောင်းကင်ဘုရင်လေးဦးက ဖြစ်ပျက်​မှုမှာ တုန်လှုပ်သွားကြသည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်ငါးဦးသည် အလိုအလျောက်နားလည်မှုရှိပြီး တွေဝေတုံ့ဆိုင်းမှုမရှိဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများကို ဆင့်ခေါ်လိုက်ကြသည်။

ဘန်း... ဘုန်း... ဘုန်း...

ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်ငါးဦးသည် သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများကို ထုတ်ဖော်ပြီး ဘာကိုမှထိန်ချန်မထားရဲတော့ပေ။ သူတို့သည် သူတို့၏ အင်မော်တယ်ဘုရင်နယ်ပယ်တိုက်ခိုက်ရည်ခွန်အားကို အထွတ်အထိပ်ထိ မြှင့်တင်လိုက်ကြသည်။

မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ ဒုက္ခပေးတတ်ပြီး ကြောက်စရာကောင်းသောနည်းလမ်းများက သူတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်လာခဲ့ပြီဖြစ်သည်။

သူတို့သည် လူတိုင်း၏ ရှေ့မှောက်မှာ အထီးကျန်သိုင်းသခင်၏ လက်ထဲတွင် အရှက်တကွဲမရှုံးနိမ့်ချင်ပေ။

သိုင်းတာအိုပင်မခန္ဓာက အေးစက်နေသော အကြည့်နှင့် ချောက်​ချားစရာကောင်း၍ မကောင်းဆိုးဝါးဆန်ဆန်အော်ရာတစ်ခုနှင့်အတူ အင်မော်တယ်ဘုရင်တစ်ဦးနှင့် ကောင်းကင်ဘုံဘုရင်လေးဦးကို ကြည့်လိုက်သည်။

ထို့နောက်ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာက သူ၏ သွေးချီကို လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သော ဆူနာမီသံက ထွက်ပေါ်လာပြီး သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာသည်။

သူ၏ မျက်လုံးထဲကနေ ခရမ်းရောင်မီးတောက်နှစ်ခုကလည်း လောင်ကျွမ်းလာခဲ့သည်။ သူတို့က နက်ရှိုင်း၍ တောက်ပနေပြီး မည်သူကမှ လျစ်လှူရှု၍ မရနိုင်ပေ။

နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့နောက်တစ်ဖန်တက်လှမ်းပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်ငါးဦးကို ဆန့်ကျင်ကာ ပစ်ထိုးလိုက်သည်။

ထိုထိုးချက်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်ငါးဦးကို လွှမ်းခြုံသွားသည်။

၎င်းက မီးကဲ့သို့ ပေါက်ကွဲထွက်ပြီး ဒီရေလှိုင်းများကဲ့သို့ တလိပ်လိပ်တိုးဝင်လာသည်

ထိုထိုးချက်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း ၎င်းသည် သိုင်းတာအို၏ ဓမ္မတာအိုများအားလုံးနှင့် စိတ်စွမ်းအားကို စုဖွဲ့ထားသည်။

၎င်းက ယိမ်းယိုင်မှုမရှိဘဲ ဆန့်ကျင်တိုက်ခိုက်လိုလေသည်။

၎င်းသည် လူတစ်ယောက်ကို အတိအကျလက်စားချေစေပြီး သူတို့စိတ်ရှိသည့်အတိုင်း ကျေးဇူးတရားကို ပြန်ပေးဆပ်စေနိုင်မည့်တာအိုဖြစ်သည်။

ဤသည်မှာ မည်သည့်အပိုအလိုလှုပ်ရှားမှုမှမရှိဘဲ ရိုးရှင်းသောထိုးချက်တစ်ချက်သာဖြစ်သည်။

၎င်း၏ တာအိုကကို အရိုးရှင်းဆုံးဖြစ်အောင် ပြုလုပ်လိုက်ခြင်းဖြစ်လေသည်။

ပင်မခန္ဓာ၏ လက်သီးက သိုင်းတာအိုဖြစ်လေသည်။

ပြီးပြည့်စုံသော အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ ဓမ္မတာအိုနှင့် စွမ်းအားများအားလုံးသည် ထိုထိုးချက်မှာ စုဝေးနေသည်။

ဝုန်း...

သိုင်းတာအိုပင်ခန္ဓာ၏ လက်သီးက သူ့ရှေ့မှာရှိသော ကောင်းကင်လိုဏ်ဂူငါးခုနှင့်ရိုက်ခတ်ပြီး လေဟာနယ်က တုန်ခါသွားသည်။ ထို့နောက် ချက်ချင်းပင် အင်မော်တယ်ဘုရင်နှင့် ကောင်းကင်ဘုရင်လေးဦး၏ အကြည့်များက တဖြည်းဖြည်းပြောင်းလဲသွားကြသည်။

သူတို့ငါးယောက်သည် တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်အလား သိုင်းတာအိုပင်မခန္ဓာကို တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုနှင့်အတူ ငေးကြည့်နေကြသည်။

ဘန်း... ဘုန်း...

လူတိုင်း၏ ရှေ့မှောက်မှာပင် သူတို့ငါးယောက် ယခုတင်ထုတ်ဖော်လိုက်သည့် ကောင်းကင်လိုဏ်ဂူများက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကြောင့် ပြိုကျသွားပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားလေသည်။

“ဘာလဲဟ”

ကျင့်ကြံသူများက တုန်လှုပ်စွာနှင့် မယုံကြည်နိုင်မှုနှင့်အတူ မျက်လုံးများပြူးကျယ်သွားကြသည်။

ဤမြင်ကွင်းသည် ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

အန္တိမပကတိမိစ္ဆာ၏ စွမ်းအားသည် ပကတိဧကနယ်ပယ်နှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုပင် ဖြတ်ကျော်ပြီး ဤကဲ့သို့ကြောက်စရာကောင်းသောအဆင့်တစ်ခုထိ ရောက်ရှိနေပြီလား။

တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာ အန္တိမအင်မော်တယ်ဘုရင်များပင်လျှင် တုန်လှုပ်စွာဖြင့် အလိုလိုမတ်တတ်ထရပ်လိုက်ကြ၏။

သူတို့၏ ထက်ရှမှုအရ စောစောက အထီးကျန်သိုင်းသခင်၏ ထိုးချက်မှာ ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားပါဝင်ခြင်းမရှိသည်ကို သူတို့က ပြောနိုင်ကြလေသည်။

တစ်နည်းအားဖြင့်ဆိုသော် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ မတက်လှမ်းရသေးပေ။

ထိုထိုးချက်သည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကနေ ထုတ်ဖော်လိုက်သော စွမ်းအား၏ အသုံးချမှုသာဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် အဲဒါက ကြောက်စရာကောင်းလွန်းနေပြီဖြစ်သည်။

အင်မော်တယ်ဘုရင်နှင့် ကောင်းကင်ဘုရင်လေးဦးသည် ကောင်းကင်လိုဏ်ဂူအသေးများကိုသာ စုဖွဲ့ထားသော်လည်း ကောင်းကင်လိုဏ်ဂူအသေးများသည် ကောင်းကင်လိုဏ်ဂူပညာရှင်များ၏ အသန်မာဆုံးနည်းစနစ်များဖြစ်နေဆဲပင်။ အဲဒါက ထိုးချက်တစ်ချက်နှင့် ဘယ်လိုလုပ်ပြီး ဖျက်ဆီးခံလိုက်ရတာလဲ။

သူတို့အနေဖြင့်ပင်လျှင် သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများကို ထုတ်ဖော်ခြင်းမရှိဘဲ ထိုသို့ပြုလုပ်ဖို့ ခက်ခဲပေလိမ့်မည်။

ကောင်းကင်လိုဏ်ဂူအသေးငါးခု ပြိုကျသွားသည့်အခါ အင်မော်တယ်ဘုရင်နှင့် ကောင်းကင်လိုဏ်ဂူငါးဦးက တုန်လှုပ်သွားကြသည်။

သူတို့က သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာ ဆက်လက်၍ ရပ်မနေရဲတော့ဘဲ သူ့ကို ရှောင်လွှဲရန် အလောတကြီး နောက်သို့ဆုတ်ခွာလိုက်ကြသည်။

ယခုတင်ပြေးဝင်လာသော ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်ခုနှစ်ဦးသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တချို့ဖြင့် တကွဲတပြားဆီဖြစ်သွားကြသည်။

အင်မော်တယ်ဘုရင်ခုနှစ်ဦး ဆုတ်ခွာသွားသည့်ခဏမှာပင် တည်ဆောက်သူသစ်ပင်အောက်မှာ ပကတိအင်မော်တယ်ပြိုင်စံရှားများက သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာ နောက်တစ်ဖန် ပေါ်ထွက်လာကြပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ဓားအင်မော်တယ်ယွဲ့ဟွားပေါ်သို့ ရွေ့လျားရောက်ရှိသွားသည်။

ဟာ...

ချက်ချင်းပင် ဓားအင်မော်တယ်ယွဲ့ဟွားက ခေါင်းမွေးများထောင်ထ၍ ခေါင်းနားပန်းကြီးလာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကပင် သူ၏ ထိန်းချုပ်မှုအတွင်းမှာ ဆက်လက်၍မရှိတော့ပုံရသည်။

သူက ပစ်မှတ်ထားခံနေရလေပြီ။

All Chapters