← Chapters

အဆုံးမဲ့ည

Vol. 175 Ch. 2616

အဆုံးမဲ့ည

Vol. 175 Ch. 2616

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောလိုက်သည့်အခါ တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာရှိသော အင်မော်တယ်များနှင့် ကိုယ်တော်များက တုန်လှုပ်သွားကြသည်။

မိစ္ဆာမဟာနယ်မြေမှာ အထီးကျန်သိုင်းသခင်ပေါ်ထွက်လာသည်မှာ ဘယ်နှနှစ်ကြာသေးလို့လဲ။

အထီးကျန်သိုင်းသခင်သည် မကြာသေးခင်ကမှ အန္တိမပကတိမိစ္ဆာဘွဲ့ကို ခံယူထားခါစဖြစ်သည်။

ယနေ့... သူသည် မဟာနယ်မြေနှစ်ခုမှ အန္တိမပကတိအင်မော်တယ်ဘုရင်များနှင့် ဆန့်ကျင်တိုက်ခိုက်လိုသည်ဟု အမှန်တကယ်ပင် ထုတ်ဖော်ကြေညာနေသည်။

ထိုအခိုက်အတန့်မှာ အန္တိမပကတိအင်မော်တယ်နှင့် အန္တိမသူတော်စင်တို့က အထီးကျန်သိုင်းသခင်၏ ပစ်မှတ်များမဟုတ်ကြောင်း လူတိုင်းက တဖြည်းဖြည်းနားလည်သဘောပေါက်လာကြသည်။

အထီးကျန်သိုင်းသခင်၏ မျက်လုံးထဲမှာ အဆင့်သတ်မှတ်ချက်နှစ်ခုက တကယ်ပင်ဟာသတစ်ခုသာဖြစ်သည်။

အထီးကျန်သိုင်းသခင်သည် ဤနေရာသို့ ရောက်ရှိလာသည်မှာ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ အင်မော်တယ်ဘုရင်များအတွက်ဖြစ်သည်။ ဒါ့အပြင် အန္တိမအင်မော်တယ်ဘုရင်များအတွက် ဖြစ်လေသည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ ကျင်းပခဲ့ကတည်းက မိစ္ဆာမဟာနယ်မြေကနေ မည်သူကမှ ဤနေရာမှာ ပြဿနာလာမရှာရဲခဲ့ပေ။

ဒါ့အပြင် ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက အတိတ်ကာလနှင့်ကွာခြားမှုရှိလေသည်။

မဟာနယ်မြေနှစ်ခုသည် သာမန်အင်မော်တယ်ဘုရင်တစ်ရာကျော်နှင့် အန္တိမအင်မော်တယ်ဘုရင်နှစ်ဆယ်ကျော်ကိုပင် စေလွှတ်ပေးခဲ့လေသည်။

ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ နောက်ဆုံးအချိန်ထိ အရာရာတိုင်းက ချောချောမွေ့မွေ့နှင့် အေးအေးချမ်းချမ်းရှိနေခဲ့သည်။

ယနေ့... မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် ​တစ်ယောက်တည်းဖြင့် သွေးမုန်တိုင်းတစ်ခုကို ဖြစ်စေလာမည်ဟု ဘယ်သူကတွေးမိခဲ့ပါ့မလဲ။

“မင်းမှာတခြားဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”

အင်မော်တယ်ဘုရင်ညတာရှည်က တိုက်ခိုက်လိုက်ပြီဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။ သူ၏ လက်ကိုမြှောက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်သည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာပြီးနောက် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များစွာကို ကောင်းကင်လိုဏ်ဂူထဲမှာ စုဖွဲ့ထားကြသည်။

ကောင်းကင်လိုဏ်ဂူကတော့ ၎င်းသည် နှစ်ပေါင်းများစွာ တောက်လျှောက် ကိုယ်ကာယနှင့် မျိုးဆက်သွေးကို အားဖြည့်ပေးနေခဲ့သည်။ ထို့ကြောင့် အင်မော်တယ်ဘုရင်တစ်ပါး၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးမှာ ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားပါဝင်နေပြီး လှုပ်ရှားမှုတိုင်းမှာ တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်သည်။

ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များကြား တိုက်ပွဲတစ်ခုသည် သဘာဝဆီသို့ပြန်သွားခြင်းနှင့် အနည်းငယ်တူပြီး ကိစ္စများက ပို၍ရိုးရှင်းလာခဲ့သည်။

အဲဒါသည် အင်မော်တယ်ဘုရင်ညတာရှည်ထံမှ ရိုးရှင်းသောလက်ဝါးရိုက်ချက်တစ်ချက်ဟုထင်ရသော်လည်း ၎င်းမှာ ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားပါဝင်နေသည်။ ၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာရှိသောလေဟာနယ်ကို ချိပ်ပိတ်လိုက်ပြီး သူ့ကိုရှောင်တိမ်းခြင်းကနေ တားဆီးထားကာ သူက အဲဒါကို ထိပ်တိုက်ရင်ဆိုင်ရတော့မည်ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက အမူအရာကင်းမဲ့နေပြီး သူ၏ သွေးချီကို လှည့်ပတ်ကာ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများ၏ ကျယ်လောင်သောအသံကို ထွက်ပေါ်လာစေသည်။

“ဘယ်လောက်တောင်သန်မာလိုက်တဲ့သွေးချီလဲ”

သွေးချီမြင့်တက်လာသောအသံကို ကြားရသောအခါ ဘေးပတ်လည်မှ အင်မော်တယ်ဘုရင်များက တိတ်တဆိတ်ထိတ်လန့်သွားကြသည်။

အထီးကျန်သိုင်းသခင်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ မဝင်ရောက်ရသေးခင်မှာပင် ဤမျှအတိုင်းအတာထိ ဘယ်လိုတောင်ကျင့်ကြံထားခဲ့တာလဲ။

ဤလူသည် ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ထားပြီးသားဖြစ်ပြီး အဲဒါကိုထုတ်ဖော်ခြင်းမရှိဘဲ သူ၏ အော်ရာကို ဖုံးကွယ်ထားတာများလား။

ဘန်း...

သိုင်းတာအိုပင်မခန္ဓာက ပစ်ထိုးလိုက်ပြီး အင်မော်တယ်ညတာရှည်၏ လက်ဝါးနှင့် ထိတွေ့ရိုက်ခတ်သွားသည်။ နှစ်ဖက်စလုံးက ဆတ်ခနဲတုန်ယင်သွားကြသည်။

“ဟုတ်ပြီလေ”

အင်မော်တယ်ဘုရင်ညတာရှည်၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက အကြောက်အလန့်မရှိဘဲ လေထဲမှာ မတ်တတ်ရပ်ကာ တန်ပြန်တိုက်ခိုက်နေသည်။ နှစ်ဘက်စလုံးသည် လေထဲမှာအဆက်မပြတ်တိုက်ခိုက်ပြီး သူတို့၏ လက်သီး လက်ဝါးများက ကျယ်လောင်သောမြည်သံများဖြင့် ထိတွေ့ရိုက်ခတ်ကာ လေထဲတွင် အက်ကွဲကြောင်းများစွာပေါ်ထွက်ပြီး လောကကို တုန်ခါသွားစေသည်။

ဤသည်မှာ အင်မော်တယ်ဘုရင်များကြား တိုက်ပွဲတစ်ခုဖြစ်လေသည်။ ကောင်းကင်လိုဏ်ဂူများကို အသုံးပြုခြင်းမရှိလျှင်တောင် လေဟာနယ်က လှုပ်ခတ်သွားရဆဲဖြစ်သည်။

နှစ်ဘက်စလုံးသည် ဆယ်ချီကျော်ကြာအောင် ထိတွေ့ရိုက်ခတ်ခဲ့ပြီးနောက် ညီတူမျှတူယှဥ်ပြိုင်လိုက်ကြသည်။

အင်မော်တယ်ဘုရင်ညတာရှည်က သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ်မှေးကျဥ်းလိုက်သည်။

အန္တိမအင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို နှစ်ပေါင်းသိန်းချီကြာအောင် ကောင်းကင်လိုဏ်ဂူဖြင့် အားဖြည့်ပေးထားခဲ့သည်။ ယနေ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးတာတောင် သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ရင်ဆိုင်ရချိန်မှာ မည်သည့်အသာစီးမှမရရှိနိုင်ခဲ့ပေ။

တကယ်​တော့ သူက အံ့အားသင့်သွားရုံသာဖြစ်ပြီး စိုးရိမ်ကြောင့်ကြနေခြင်း မရှိပေ။

အထီးကျန်သိုင်းသခင် စောစောက ထုတ်ဖော်လိုက်သောစွမ်းအားက သူ့ကို ခြိမ်းခြောက်ဖို့ မလုံလောက်ပေ။

ဒါ့အပြင် သူက သူ၏ ခွန်အားအပြည့်အဝကို အသုံးမပြုရသေးပေ။

အင်မော်တယ်ဘုရင်ပညာရှင်များအနေဖြင့် ကောင်းကင်လိုဏ်ဂူများက သူတို့၏ အသန်မာဆုံးနည်းစနစ်ဖြစ်သည်။

အခြားသောအင်မော်တယ်ဘုရင်ပညာရှင်များကလည်း အကြည့်ချင်းဖလှယ်ပြီး စိတ်လက်ပေါ့ပါးစွာဖြင့် ပြုံးလိုက်ကြသည်။

လက်ရှိအခြေအနေအရ သူတို့က ဝင်ရောက်တိုက်ခိုက်စရာမလိုအပ်ပေ။ အင်မော်တယ်ဘုရင်ညတာရှည်တစ်ယောက်တည်းကပင် အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ဖို့အတွက် လုံလောက်လေသည်။

“ညတာရှည်... သူနဲ့အချိန်ဆွဲမနေနဲ့... သူ့ကို တတ်နိုင်သမျှမြန်မြန်ဖိနှိမ်လိုက်”

အင်မော်တယ်ဘုရင်ချင်းယန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ”

အင်မော်တယ်ဘုရင်ညတာရှည်က အော်ငေါက်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ သူ၏ ကောင်းကင်လိုဏ်ဂူအကြီးကို ပင့်မြှောက်လိုက်သည်။

သူ၏ နောက်ဘက်မှာ လေဟာနယ်က ရုတ်တရက်ပြိုကျသွားပြီး မည်သည့်အလင်းရောင်မှမရှိသော နက်မှောင်နေသည့် လေဟာနယ်တစ်ခုပေါ်ထွက်လာသည်။

ဤသည်က သူ၏ ညတာရှည် ကောင်းကင်လိုဏ်ဂူဖြစ်လေသည်။

ဤကောင်းကင်လိုဏ်ဂူထဲမှာ လူတစ်ယောက်သည် အဆုံးမဲ့သောညတစ်ညသို့ ကျဆင်းသွားလိမ့်မည်ဖြစ်ပြီး အလင်းရောင်ကို တွေ့မြင်ရဖို့ မလွယ်ကူတော့ပေ။

ကောင်းကင်လိုဏ်ဂူအကြီး၏ ပေါ်ထွက်လာမှုနှင့်အတူ အင်မော်တယ်ဘုရင်ညတာရှည်၏ အော်ရာက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း မြင့်တက်လာခဲ့သည်။

“ကဲ....လက်စသတ်ဖို့ အချိန်ကျပြီ”

အင်မော်တယ်ဘုရင်ညတာရှည်က မှင်သေသေဖြင့်ပြောလိုက်သည်။ သူက သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူထဲသို့ လက်လှမ်းပြီး နက်မှောင်နေသောလှံတစ်လက်ကို ဆွဲထုတ်လိုက်သည်။

ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာ...။

ကျင့်ကြံသူများသည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ တက်လှမ်းလာပြီးနောက် သူတို့၏ အသိစိတ်ရှိဓမ္မရတနာများကို ကောင်းကင်လိုဏ်ဂူထဲမှာထားကာ ၎င်းဖြင့် အားဖြည့်နိုင်မည်ဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ အသိစိတ်ရှိဓမ္မရတနာက ကောင်းကင်လိုဏ်ဂူနှင့် လုံးလုံးလျားလျားပေါင်းစည်းသွားသောအခါ သူတို့သည် ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

မည်သည့်ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာမှာမဆို ကောင်းကင်လိုဏ်ဂူ၏ ဓမ္မတာအိုပါဝင်ပြီး အလွန်တရာစွမ်းအားကြီးမားလေသည်။

ရွှစ်...

အင်မော်တယ်ဘုရင်ညတာရှည်က သူ၏ ကောင်းကင်လိုဏ်ဂူကို ပင့်မြှောက်ပြီး ရှေ့သို့တက်လှမ်းသွားသည်။

သူ၏ လက်ထဲမှာ နက်မှောင်နေသောလှံကို ဝေ့ယမ်းပြီး သူက ကမ္ဘာဖျက်စွမ်းအားတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ပစ်ထိုးလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်​ငြိမ်နေပြီး သူ၏ နှာရောင်ထဲမှာ အစိမ်းရောင်အလင်းတစ်ခု​ဖျတ်ခနဲလက်သွားသည်။ ငရဲဖိနှိမ်မီးဖိုက ပေါ်ထွက်လာပြီး ရှေးကျသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေကာ ၎င်း၏ ပတ်လည်တွင် ထူးခြားသောစွမ်းပကားတစ်ခုနှင့်အတူ လျှပ်စီးလျှပ်ပန်းများက ရစ်ပတ်နေသည်။ အင်မော်တယ်ဘုရင်များသည် ငရဲဖိနှိမ်မီးဖိုကို ​တွေ့မြင်သောအခါ သူတို့၏ မျက်လုံးများက ဝင်းလက်သွားကြသည်။

ဤအရာသည် အတိတ်ကာလတုန်းက မဟာဧကရာဇ်အနန္တ၏ ဧကရာဇ်လက်နက်ဖြစ်ခဲ့သည်။

ငရဲဖိနှိမ်မီးဖိုသည် အနန္တငရဲကို ထိန်းချုပ်နိုင်သည့် သော့ချက်ဖြစ်လေသည်။

ငရဲဖိနှိမ်မီးဖိုပေါ်မှာ မည်သည့်ကောင်းကင်လိုဏ်ဂူအော်ရာမှမရှိပေ။ ထိုအချက်သည် အထီးကျန်သိုင်းသခင်က ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ လုံးဝမဝင်ရောက်ရသေးကြောင်း လူတိုင်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။

အင်မော်တယ်ဘုရင်ပညာရှင်များက တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားသည့်အလား တွေဝေရှုပ်ထွေးသေညအမူအရာများနှင့်အတူ ငရဲဖိနှိမ်မီးဖိုကို စိုက်ကြည့်လိုက်ကြသည်။

ငရဲဖိနှိမ်မီးဖို၏ အဆင့်က ကျဆင်းနေခဲ့သည်။ ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ၎င်းသည် အသိစိတ်ဓမ္မရတနာတစ်ခု၏ အဆင့်သို့ ရောက်ရှိလာရုံမျှသာဖြစ်သည်။

သို့သော်ယခု ငရဲဖိနှိမ်မီးဖိုပေါ်တွင် ကောင်းကင်ဘုံကပ်ဘေးဆယ်ခုကနေ ကျန်ရစ်ခဲ့သော အကြွင်းအကျန်လောင်ကျွမ်းရာအမှတ်အသားများကို သူတို့က တွေ့မြင်နေရသည်။

ဒဏ္ဍာရီက အမှန်ပဲလား။

အထီးကျန်သိုင်းသခင်က ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးကို တကယ်ပဲဆွဲဆောင်နိုင်ခဲ့တာလား။

ထိုသတင်းပျံ့နှံ့ခဲ့စဥ်က ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားပကတိအင်မော်တယ်များကိုမပြောနှင့် အင်မော်တယ်ဘုရင်များစွာပင်လျှင် အဲဒါကိုလှောင်ပြောင်ထေ့ငေါ့ပြီး မယုံကြည်ခဲ့ကြပေ။

မည်သို့ပင်ဆိုစေ သမိုင်းတစ်လျှောက်မှာ ဒသမမြောက်ကပ်ဘေး​ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေ။

ထိုအခိုက်အတန့်မှာ ငရဲဖိနှိမ်မီးဖိုပေါ်ရှိ လောင်ကျွမ်းရာအမှတ်အသားဆယ်ခုကို အင်မော်တယ်ဘုရင်များက သူတို့၏ မျက်လုံးများနှင့် ကိုယ်တိုင်​မြင်တွေ့ရသောအခါ အတိတ်ကာလတုန်းက ကောလာဟလများသည် အမှန်တကယ်ဖြစ်နေဖို့များကြောင်း သူတို့က ခပ်ရေးရေးနားလည်သဘောပေါက်လာကြသည်။

ပကတိဧကကောင်းကင်ဘုံကပ်ဘေးမှာ ဒသမမြောက်ကပ်ဘေးက တကယ်ပဲရှိတာလား။

ဒါဆို သမိုင်းတစ်လျှောက်မှာ ဒသမမြောက်ကပ်ဘေးနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာ ဘာကြောင့်မရှိရတာလဲ။

အတိတ်ကာလတုန်းက မဟာဧကရာဇ်များကဲ့သို့ ပါရမီရှင်များပင်လျှင် အလွန်ဆုံး ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ကိုးခုကိုသာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။

ချွမ်း...

လူတိုင်း၏ စိတ်ကူးစိတ်သန်းများက ပြေးလွှားခုန်ပေါက်နေစဥ်မှာပင် နက်မှောင်နေသောလှံက ငရဲဖိနှိမ်မီးဖိုနှင့် ပြင်းထန်စွာထိတွေ့ရိုက်ခတ်ပြီး လျှပ်စီးလျှပ်ပန်းများက လွင့်စင်ထွက်သွားသည်။

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာက ဆက်တိုက်ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်ပေးလိုက်ရသည်။

သို့သော်လည်း ဒသမမြောက်ကပ်ဘေးကို ဖြတ်ကျော်ထားသည့် ငရဲဖိနှိမ်မီးဖိုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် အင်မော်တယ်ဘုရင်ညတာရှည်၏ တိုက်ခိုက်မှုကို ခုခံထားနိုင်ဆဲဖြစ်သည်။

ငရဲဖိနှိမ်မီးဖို၏ ကျင့်ကြံမှုက ကျဆင်းသွားခဲ့သော်လည်း ၎င်းသည် မည်သို့ပင်ဆိုစေ အတိတ်ကာလတုန်းက ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့သည်။

ဒါ့အပြင် ၎င်းသည် အနန္တငရဲကို ဖိနှိမ်ဖို့အတွက် သော့ချက်ဖြစ်လေသည်။ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာပင်လျှင် ၎င်းကို အလွယ်တကူဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။

“ဟမ်”

အင်မော်တယ်ဘုရင်ညတာရှည်က သူ၏ ကောင်းကင်လိုဏ်ဂူအကြီးနှင့် ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာကို ထုတ်ဖော်ပြီးတာတောင် သူက သိုင်းတာအိုပင်မခန္ဓာကို မဖိနှိမ်နိုင်သေးဘူးဆိုတာ တွေ့မြင်လိုက်ရသောအခါ သူ၏ အမူအရာက ပျက်ယွင်းသွားပြီး အေးစက်စွာနှစ်တစ်ချက်မှုတ်ကာ သူက နောက်တစ်ဖန်တိုက်ခိုက်လိုက်သည်။

ဤတစ်ခေါက်မှာ အင်မော်တယ်ဘုရင်ညတာရှည်၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူကလှံကိုကိုင်ဆွဲကာ တိုက်ခိုက်လိုက်သည်။ သူ၏ ကောင်းကင်လိုဏ်ဂူအကြီးက အဆုံးမဲ့စွမ်းပကားကို သယ်ဆောင်ထားပြီး သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်လာခဲ့သည်။

သူသည် သူ၏ ညတာရှည်ကောင်းကင်လိုဏ်ဂူကို အသုံးချကာ သူ၏ ကောင်းကင်လိုဏ်ဂူကို အားဖြည့်ဖို့အတွက် အထီးကျန်သိုင်းသခင်ကို လုံးလုံးလျားလျားဝါးမျိုသန့်စင်လိုလေသည်။

All Chapters