တာအိုခန္ဓာနှင့် တာအိုသစ်သီး
Vol. 175 Ch. 2619
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိမှာ တံခါးပိတ်ကျင့်ကြံနေခဲ့စဥ် သူသည် သိုင်းတာအို၏ ဓမ္မအစီအရင်များကို ကောက်ချက်ချခြင်းမှာ မရပ်တန့်ခဲ့ပေ။ သူသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မည့်ဆဲဆဲမှာ သူသည် အဓိကအချက်များကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တချို့နှင့် အခွင့်အလမ်းတချို့ကိုသာ လိုအပ်နေခဲ့သည်။
တစ်နည်းအားဖြင့်ဆိုသော် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် အချိန်တိုအတွင်းမှာ သိုင်းတာအို၏ နောက်ထပ်နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်ဖို့က လက်တွေ့မဆန်ပေ။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူသည် ရှေးဟောင်းစာအုပ်များစွာနှင့် သုတ္တန်များစွာကို လေ့လာဖတ်ရှု၍ အရည်ဖျော်ချထားခဲ့သောကြောင့် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ နောက်ထပ်အတွေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် သိုင်းတာအို၏ နောက်ထပ်ပယ်တစ်ခုသို့ မဝင်ရောက်ခင် သူသည် နောက်ထပ်နည်းလမ်းတစ်ခုကို အသုံးချကာ သူ၏ ကောင်းကင်လိုဏ်ဂူကို အရင်ဆုံးစုဖွဲ့ပြီး အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်ကောင်းဖြစ်လာနိုင်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ ပေါ်ထွက်လာမှုသည် မူကွဲတစ်ခုဖြစ်ပြီး သုံးဘုံလောကနှင့် ဒြပ်စင်ငါးမျိုးကို ကျော်လွန်နေခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုသည် သိုင်းတာအိုသစ်သီးကနေ အရင်းခံလာခဲ့သည်။
သာမန်တာအိုသစ်သီးများသည် ကျင့်ကြံသူများ၏ ဓမ္မတာအိုကိုစုဖွဲ့ထားပြီး သူတို့ကျင့်ကြံမှု၏ အဆီအနှစ်ဖြစ်လေသည်။ ထိုထဲမှာ သူတို့အမွေဆက်ခံရရှိထားသည့် လျှို့ဝှက်အတတ်နှင့် အသိအမြင်ပေါင်းများစွာရှိနေလေသည်။
သိုင်းတာအိုသစ်သီးကတော့ ၎င်းသည် သိုင်းတာအို၏ အနှစ်သာရကို စုဖွဲ့ထားခဲ့သည်။
၎င်းသည် မြင့်မြတ်သော စုဖွဲ့မှုတစ်ခုဖြစ်ရုံသာမက ၎င်းမှာ သိုင်းတာအို၏ စိတ်စွမ်အားနှင့် သက်ရှိများအားလုံး၏ ယုံကြည်မှုသဒ္ဒါတရား ပါဝင်နေသည်။
အခွင့်အလမ်းများနှင့် အမျိုးမျိုးသောစွမ်းအားများကို ပေါင်းစည်းခြင်းဖြင့်သာ အသက်ဓာတ်အားနှင့် တာအိုသစ်သီးတစ်လုံးကို ပေါ်ထွက်လာစေခဲ့သည်။ ဤအရာသည် ထူးခြားအံ့မခန်းဖြစ်ပြီး မည်သူကမှ တုပ၍မရနိုင်ပေ။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို မီးဆေးရန် သူ၏ အရိုးများနှင့် အသားများထဲသို့ သိုင်းတာအို၏ ဓမ္မအစီအရင်ကို ထည့်သွင်းပေါင်းစည်းထားခဲ့သည်။
သို့သော်လည်း တကယ်တမ်းမှာတော့ အစစ်အမှန်သိုင်းတာအိုခန္ဓာက တာအိုသစ်သီးတစ်လုံးပင်ဖြစ်လေသည်။
တာအိုခန္ဓာက တာအိုသစ်သီးတစ်လုံးဖြစ်ပြီး တာအိုသစ်သီးကလည်း တာအိုခန္ဓာပင်ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့သောအခြေအနေမှာရှိနေသည့် သမိုင်းတစ်လျှောက် တစ်ဦးတည်းသောသူဖြစ်သည်။ ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ဖို့အတွက် မဖြစ်မနေလိုအပ်ချက်မှာ တာအိုသစ်သီးကို ခြေမွှပစ်ဖို့ဖြစ်သည်ဟု အမွေအနှစ်များစွာ၏ ဓမ္မအစီအရင်များမှာ မှတ်တမ်းတင်ထာသည်။
တာအိုသစ်သီးကို ခြေမွှခြင်းဖြင့် ထွက်ပေါ်လာသော သိပ်သည်းပြင်းထန်သည့် စွမ်းအားကနေတစ်ဆင့် ခန္ဓာကိုယ်၏ အပြင်ဘက်မှာရှိသောလေဟာနယ်က ကြေမွသွားလိမ့်မည်ဖြစ်ပြီး ကောင်းကင်ဘုံနှင့် သုံးဘုံလောကကို ချိတ်ဆက်နိုင်သည့် အခန်းတစ်ခန်းကို ဖန်တီးကာ အဲဒါက ကောင်းကင်လိုဏ်ဂူ ဖြစ်လာပေလိမ့်မည်။
ထိုဖြစ်စဥ်က အလွန်တရာအန္တရာယ်များလေသည်။
တာအိုသစ်သီးကို ကြေမွစေပြီးနောက် စုဆောင်းရရှိလာသော စွမ်းအားက မလုံလောက်ဘဲ ကောင်းကင်လိုဏ်ဂူတစ်ခုကို မထောက်ပံ့နိုင်ဘူးဆိုလျှင် ၎င်းသည် အဆင့်ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးသွားသည်ဟု အဓိပ္ပါယ်ရလေသည်။
သူတို့သည် သေလျှင်သေ မဟုတ်လျှင် ဒုတိယမြောက်အကောင်းဆုံးရွေးချယ်မှုအဖြစ် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
သူတို့၏ ဘဝသက်တမ်းများက မြင့်တက်လာမည်ဖြစ်သော်လည်း သူတို့သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဘယ်တော့မှတက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ကူးသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ခြေမွှဖျက်ဆီးပစ်ဖို့ဖြစ်သည်။
အစစ်အမှန်သိုင်းတာအိုခန္ဓာက သိုင်းတာအို၏ တာအိုသစ်သီးဖြစ်လေသည်။
အစစ်အမှန်သိုင်းတာအိုခန္ဓာကို ခြေမွှပစ်ခြင်းသည် တာအိုသစ်သီးကြေမွသွားခြင်းနှင့် တူပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် လေဟာနယ်ထဲမှာ အခန်းတစ်ခန်းဖွင့်လှစ်ကာ ကောင်းကင်လိုဏ်ဂူကို စုဖွဲ့ထားနိုင်မည့် အခွင့်အရေးတစ်ခု ရှိနေပေမည်။
ဤကောင်းကင်လိုဏ်ဂူသည် သိုင်းတာအိုပင်မခန္ဓာကနေ အရင်းခံလာလိမ့်မည်ဖြစ်သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် အစကတည်းက မူကွဲတစ်ခုဖြစ်လေသည်။
တစ်နည်းအားဖြင့်ဆိုသော် ဤကောင်းကင်လိုဏ်ဂူက ပေါ်ထွက်လာမည်ဆိုလျှင် ၎င်းသည် သုံးဘုံလောကနှင့် ဒြပ်စင်ငါးမျိုးကို ကျော်လွန်ပြီး မူကွဲကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ်ပြောင်းလဲနိုင်မည့် တည်ရှိမှုတစ်ခုဖြစ်ဖို့များလေသည်။
ထိုအတွေးက အရမ်းကို ကြောက်စရာကောင်းလွန်းသည်။
သာမန်တာအိုသစ်သီးတစ်လုံးကို ခြေမွှပစ်မည်ဆိုလျှင်တောင် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ အဆင့်ချိုးဖျက်တက်လှမ်းသည့်ဖြစ်စဥ်က အန္တရာယ်များနေသည်။
သိုင်းတာအိုပင်မခန္ဓာကဲ့သို့ မူကွဲတစ်ခုအတွက် အစစ်အမှန်သိုင်းတာအိုခန္ဓာသည် တာအိုသစ်သီးတစ်လုံးကဲ့သို့ ကြေမွသွားရုံနှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို အမှန်တကယ်ချိုးဖျက်တက်လှမ်းနိုင်မလား မသိရပေ။
သူက ကျရှုံးသွားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် ဒုတိယမြောက်အကောင်းဆုံးရွေးချယ်မှုအဖြစ် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်သို့ ဝင်ရောက်ဖို့ပင် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။
သာမန်ပကတိအင်မော်တယ်များအနေဖြင့် ကောင်းကင်လိုဏ်ဂူကို တက်လှမ်းဖို့အတွက် သူတို့၏ တာအိုသစ်သီးများကို ခြေမွှပစ်ရုံမျှသာဖြစ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာခြေမွှပစ်ရမည့်အရာသည် သူ၏ ဓမ္မတာအိုနှင့်အတူ သူသိပ်သည်းစုဖွဲ့ထားသည့် အစစ်အမှန်သိုင်းတာအိုခန္ဓာဖြစ်နေသည်။ သူက ကျရှုံးသွားမည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ဝိညာဥ်က ဖျက်ဆီးခံရပေလိမ့်မည်။
ဒါ့အပြင် သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာသည် ပြီးပြည့်စုံသည့်အဆင့်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူပြုလုပ်သော လှုပ်ရှားမှုတိုင်းက သာမန်အင်မော်တယ်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူအသေးများကိုပင် ချိုးဖျက်နိုင်လေသည်။
သာမန်ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဥ်ရတနာများကပင် သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။
ဤကဲ့သို့သော အစစ်အမှန်သိုင်းတာအိုခန္ဓာတစ်ခုကို ဘယ်သူက ဘယ်လိုခြေမွှနိုင်မှာလဲ။
သူက အခက်အခဲများဖြင့် ပြည့်နှက်နေသော စိတ်ကူးတစ်ခုဖြစ်ပြီး အသက်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်က ပါးပါးကလေးသာရှိလေသည်။
အတန်ကြာအောင် စဥ်းစားတွေးတောပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ထိုအန္တရာယ်ကိုစွန့်စားဖို့ ဆုံးဖြတ်ခဲ့သည်။
အဲဒါက အန္တရာယ်များသော်လည်း သူက ပြင်ဆင်ထားမှုမရှိခြင်း မဟုတ်ပေ။
ပထမတစ်ချက် သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ချိုးဖျက်ရန် ပြင်ပအားတစ်စုံတစ်ရာအပေါ် မှီခိုရပေမည်။
သို့သော် ထိုပြင်ပအားသည် အရမ်းသန်မာနေလို့ မရပေ။ ဧကရာဇ်တစ်ပါးက လောကတစ်ခု၏ စွမ်းအားကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာကို ဖျက်ဆီးပစ်မည်ဆိုလျှင် သူ၏ ဓမ္မတာအိုကပင် ပျက်စီးကာ သန့်စင်ခံရပေလိမ့်မည်။
ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့မည့်အကြောင်းကို ပြောနေစရာမလိုတော့ပေ။ သူသည် မည်သည့်အရာမှ စုဖွဲ့မလာခင် ဘာမှမကျန်အောင် သတ်ဖြတ်ခံရပေလိမ့်မည်။
စိတ်အချရဆုံးရွေးချယ်စရာမှာ အစစ်အမှန်သိုင်းတာအိုခန္ဓာကို တစ်စတစ်စဖျက်ဆီးရန် အန္တိမအင်မော်တယ်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူစွမ်းအားကို အသုံးချဖို့ဖြစ်လေသည်။
ဒါ့အပြင် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးက လုံလောက်မှုမရှိပေ။ အနည်းဆုံး အန္တိမအင်မော်တယ်ဘုရင်ဆယ်ဦးလောက် ရှိနေရပေမည်။
ဒုတိယအချက် အစစ်အမှန်သိုင်းတာအိုခန္ဓာက ကြေမွသွားပြီးနောက် အသက်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်ပါးပါးကလေးက တကယ်ပင်ရှိနေ၏။
အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ မျိုးဆက်သွေးမှာ နဂါးဖီးနစ်၏ သွေးပါဝင်နေသည်။ ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာမှာ မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင်ဆယ့်နှစ်ပါး၏ ဂမ္ဘီရကျင့်စဥ်မှ နောက်ဆုံးပင်ကိုနတ်ဘုရားစွမ်းအား... ဖိနစ်ထွက်ရပ်လမ်းစွမ်းအား ပါဝင်နေသည်။
သို့သော်လည်း သူသည် ဤပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုတည်းကိုသာ မှီခိုထားမည်ဆိုလျှင် လုံလောက်ဖို့ဝေးကွာလွန်းလေသည်။
ဖီးနစ်ထွက်ရပ်လမ်းသည် အစကတည်းက ကျရှုံးဖို့ ကိုးဆယ်ရာခိုင်နှုန်းရှိနေသည်။
ဒါ့အပြင် ဤပင်ကိုနတ်ဘုရားစွမ်းအားသည် ကောင်းကင်လိုဏ်ဂူအကြီးများ၏ ဖိနှိမ်မှုအောက်မှာ ၎င်း၏ သက်ရောက်မှုအပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
တတိယအချက်နှင့် အရေးကြီးဆုံးမှာ သူကောက်ချက်ချထုတ်နုတ်ထားသည့် လမ်းကြောင်းက မှန်ကန်နေရပေမည်။
တာအိုခန္ဓာ၏ ပျက်စီးမှုသည် လေဟာနယ်ကို အမှန်တကယ်ကြေမွစေပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့နိုင်စေမည့် ဤကဲ့သို့သောတာအိုသစ်သီးတစ်လုံးကို အစစ်အမှန်သိုင်းတာအိုခန္ဓာက ပိုင်ဆိုင်ထားရပေမည်။
အားလုံးထဲမှာမှ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ဤစိတ်ကူးကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်နေသည်။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ လုံလောက်သည့် အန္တိမအင်မော်တယ်ဘုရင်များရှိနေသောကြောင့်ဖြစ်သည်။
ဒါ့အပြင် မိုးကောင်းကင်ကိုလွှာတွေ့ဆုံပွဲကျင်းပရာနေရာသည် တည်ဆောက်သူသစ်ပင်အနီးနားမှာဖြစ်သည်။
ကြီးမားသောတိုက်ပွဲတစ်ခုက ပေါ်ထွက်လာပြီး သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာက ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲဖို့ ကြေမွသွားသည်နှင့် ဤကောင်းကင်လိုဏ်ဂူသည် တည်ဆောက်သူသစ်ပင်၏ အသက်ဓာတ်အားကို ဝါးမျိုစုပ်ယူကာ သူ၏ အသက်ဓာတ်ကို ဆွဲဆန့်နိုင်မည်ဖြစ်သည်။
တည်ဆောက်သူသစ်ပင်အောက်မှာ...။
အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသော အန္တိမအင်မော်တယ်ဘုရင်ဆယ့်ရှစ်ဦးသည် အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပြီးနောက် သူတို့သည် မိစ္ဆာမဟာနယ်မြေရှိရာဘက်သို့ အကဲခတ်ကြည့်နေကြသည်။ မည်သည့်ထူးခြားမှုကို ရှာမတွေ့သည့်အခါ သူတို့က စိတ်သက်သာစွာသက်ပြင်းချလိုက်သည်။
အင်မော်တယ်ဘုရင်ညတာရှည်က လှောင်ရယ်လိုက်သည်။
“အထီးကျန်သိုင်းသခင်က အဲလောက်ထိမောက်မာဝင့်ကြွားနေတော့ သူ့မှာ လှည့်ကွက်တချို့ရှိမယ်လို့ငါထင်နေတာ... အခုတော့သူက ကိုယ့်နေရာကိုယ်မသိတဲ့ အရူးတစ်ယောက်ထက် မပိုဘူးပဲ”
“ဟီးဟီး”
အင်မော်တယ်ဘုရင်ချင်းယန်က ရယ်မောလိုက်သည်။
“ဒီကောင်လေးက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာတုန်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုပြုလုပ်ပြီး အဝီစိကိုထွက်ပြေးသွားနိုင်ခဲ့တယ်... သူက သူ့မှာငရဲဖိနှိမ်မီးဖိုရှိနေတာနဲ့ပဲ သူလုပ်ချင်တာလုပ်လို့ရမယ်လို့ တကယ်ထင်နေတာကိုး”
“ငါတို့တွေက ပူးပေါင်းပြီး လေဟာနယ်ကို ချိပ်ပိတ်လိုက်တာနဲ့ သူ့ရဲ့ငရဲဖိနှိမ်မီးဖိုက ဟန်ပြသက်သက်ပစ္စည်းတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ သူမသိခဲ့ဘူးဘဲ”
ငရဲဖိနှိမ်မီးဖိုအကြောင်းပြောဆိုချိန်မှာ အန္တိမအင်မော်တယ်ဘုရင်များ၏ အကြည့်များက ငရဲဖိနှိမ်မီးဖိုလွင့်မျောနေရာ ထိုးဖောက်ခံထားရသည့် လေဟာနယ်အနီးနားသို့ ဆင်းသက်ရောက်ရှိသွားကြသည်။
“အော်မီထောဖော”
ကောင်းကင်ဘုရင်လောရှန်က ဗုဒ္ဓအာလုတ်စကားတစ်ခုကို ရွတ်ဆိုပြီး အရင်ဆုံး လှုပ်ရှားမှုပြုလုပ်လိုက်သည်။ သူက ငရဲဖိနှိမ်မီးဖိုဘေးသို့ ရောက်ရှိလာပြီး အဲဒါကို ဆွဲယူလိုက်သည်။
“ကိုယ်တော်လောရှန်... ခင်ဗျားက ဆန္ဒစောလွန်းမနေဘူးလား”
အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများကလည တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားမှုပြုလုပ်လာကြသည်။ ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုကို နောက်တစ်ဖန်မြှောက်တင်ပြီး လေထဲမှာ ထိတွေ့ရိုက်ခတ်သွားစေသည်။
“နေကြပါဦး... အရင်ဆုံးရပ်လိုက်ကြဦး”
ကောင်းကင်ဘုရင်လောရှန်က မျက်မှောင်ကြုတ်ပြီး အော်ပြောလိုက်သည်။
“ဘာလို့လဲ... ခင်ဗျားဘာတွေကြံစည်နေတာလဲ ကိုယ်တော်”
အင်မော်တယ်ဘုရင်ချီဖျင်က လှောင်ရယ်လိုက်သည်။
“ဒီနေရာမှာရှိတဲ့လေဟာနယ်က ချိပ်ပိတ်ခံထားရပြီ... ကျုပ်တို့က ငရဲဖိနှိမ်မီးဖိုကိစ္စကို မဖြေရှင်းရသေးသရွေ့ ဘယ်သူကမှ ထွက်သွားဖို့ကို စိတ်ကူးမယဥ်နဲ့”
ကောင်းကင်ဘုရင်လောရှန်က အလောတကြီး ပြောလိုက်သည်။
“ဒီငရဲဖိနှိမ်မီးဖိုက ထူးဆန်းနေတယ်... အဲဒါကို ငါမယူလို့ မရဘူး”
“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဖျတ်ခနဲဆို အင်မော်တယ်ဘုရင်ညတာရှည်က ငရဲဖိနှိမ်မီးဖိုဘေးသို့ ရောက်ရှိလာပြီး အဲဒါကိုလက်လှမ်းကာ ဆွဲယူလိုက်သည်။
ငရဲဖိနှိမ်မီးဖိုက ၎င်း၏ နောက်ဘက်ရှိ နက်မှောင်နေသော လေဟာနယ်ဖြင့် ကပ်ငြိနေသည့်အလား တုတ်တုတ်မျှလှုပ်မလာခဲ့ပေ။
ထိုအခိုက်အတန့်မှသာ အင်မော်တယ်ဘုရင်များသည် ထူးခြားမှုတစ်စုံတစ်ရာကို သတိထားမိသွားသည်။
“ဒိလေဟာနယ်က ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ဘာလို့အဲလောက်ထိကြာနေရတာလဲ”
ကောင်းကင်ဘုရင်ချင်ယန်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ပြောလိုက်သည်။
အင်မော်တယ်ဘုရင်များကြားတိုက်ပွဲတစ်ပွဲသည် လေဟာနယ်ကို ကြေမွစေနိုင်သော်လည်း ကောင်းကင်နှင့်မြေကြီးနိယာမများ၏ လည်ပတ်မှုကြောင့် လေဟာနယ်က သူ့ဘာသာသူ ပြန်လည်ပြုပြင်ပြီး ပုံမှန်အခြေအနေသို့ သိပ်မကြာခင် ပြန်လည်ရောက်ရှိလာရမည်ဖြစ်သည်။
သို့သော်ယခု... နက်မှောင်နေသောလေဟာနယ်က ယခုအချိန်ထိ ပုံမှန်အတိုင်း ပြန်မဖြစ်သေးပေ။
အင်မော်တယ်ဘုရင်များက မလှမ်းမကမ်းရှိနက်မှောင်နေသော တွင်းနက်ကို စိုက်ကြည့်ပြီး သူတို့၏ အကြည့်များက တဖြည်းဖြည်းအေးခဲတောင့်တင်းလာသည်။
ရုတ်တရက် သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။
တွင်းနက်၏ အနက်ပိုင်းထဲမှာ တွင်းနက်နှင့် တစ်သားတည်းကျနေသည့်အလား ပုံရိပ်တစ်ခုက ခပ်ရေးရေးပေါ်ထွက်လာသည်။
“မင်းတို့တွေက ငါ့ပစ္စည်းကိုလိုချင်ရင် ငါ့ဆီက ခွင့်ပြုချက်တောင်းမှပေါ့”
တုန်လှုပ်စရာကောင်းသောအသံတစ်သံက တွင်းနက်ထဲကနေ ထွက်ပေါ်လာခဲ့လေသည်။