← Chapters

ကောင်းကင်လိုဏ်ဂူအသွင်ပြောင်းလဲခြင်းနှင့် လွန်ကဲစွာဖိနှိမ်ခြင်း

Vol. 175 Ch. 2620

ကောင်းကင်လိုဏ်ဂူအသွင်ပြောင်းလဲခြင်းနှင့် လွန်ကဲစွာဖိနှိမ်ခြင်း

Vol. 175 Ch. 2620

“အဲဒီအသံက...”

အင်မော်တယ်ဘုရင်များသည် မလှမ်းမကမ်းရှိနက်မှောင်နေသောလေဟာနယ်ကို အိုတိုးအမ်းတမ်းအမူအရာနှင့် စိုက်ကြည့်လိုက်ကြသည်။

တည်ဆောက်သူသစ်ပင်ဘေးပတ်လည်မှ အင်မော်တယ်များနှင့် ကိုယ်တော်များက သူတို့၏ မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုနှင့်အတူ ကြက်သေသေနေကြသည်။

အထီးကျန်သိုင်းသခင်....။

ထိုအသံသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ အသံ ဖြစ်လေသည်။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦး၏ ပူးပေါင်းတိုက်ခိုက်မှုမှာ အထီးကျန်သိုင်းသခင်၏ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ဘူးလား။

လေဟာနယ်ကပင် ထိုးဖောက်ခံလိုက်ရသော်လည်း အထီးကျန်သိုင်းသခင်က မသေသေးဘူးလား။

မိုချင်မှာ ကျေနပ်သဘောကျသောအမူအရာတစ်ခုရှိလာပြီး သူမ၏ လက်သီးကို အလိုလိုဆုပ်လိုက်သည်။ သူမက နက်မှောင်နေသော လေဟာနယ်ထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာသည့် ပုံရိပ်ကိုကြည့်ပြီး မျက်နှာမလွှဲရဲပေ။ ထိုပုံရိပ်က နောက်တစ်ဖန်ပျောက်ကွယ်သွားမည်ကို သူမက စိုးရိမ်နေခြင်းဖြစ်သည့်အလားပင်။

ယွင်ကျူးက စိတ်သက်သာစွာသက်ပြင်းချပြီး တည်ဆောက်သူသစ်ပင်တောင်ထွတ်မှာရှိသော ဆူဇီမိုကို အပြစ်တင်လိုသောဟန်ဖြင့် ကြည့်လိုက်သည်။

“သူက ပိုပြီးတော့သန်မာလာတဲ့ပုံပဲ”

ကျွင်းယုက နက်မှောင်နေသောလေဟာနယ်ကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

မိစ္ဆာမဟာနယ်မြေဘက်ခြမ်းမှာ...။

ဖုန့်စန်းထျန်နှင့် အခြားသူများက သက်ပြင်းချ၍ ပြုံးလိုက်ကြသည်။

အထီးကျန်သိုင်းသခင်သည် သိုင်းတာအိုပင်မခန္ဓာသာဖြစ်သော်လည်း သူသေသွားမည်ဆိုလျှင် ထျန်ဟွမ်ဂိုဏ်းက ပြင်းထန်စွာဗြောင်းဆန်ကုန်ပေလိမ့်မည်။

တည်ဆောက်သူသစ်ပင်ပေါ်မှာ အင်မော်တယ်ဘုရင်မလင်းလုံကလည်း အထီးကျန်သိုင်းသခင် အဆင်ပြေသည်ကို တွေ့မြင်သောအခါ ညင်သာစွာသက်ပြင်းချလိုက်သည်။

သို့သော်လည်း သူမက တွေဝေရှုပ်ထွေးသော အမူအရာဖြင့် နက်မှောင်နေသောလေဟာနယ်ကို ကြည့်နေသည်။

သူမ၏ အတွေ့အကြုံနှင့် ဗဟုသုတနှင့်ပင်လျှင် သူမသည် ပြန်လည်ရှင်သန်ရန် သိုင်းတာအိုပင်မခန္ဓာအသုံးပြုခဲ့သော ဓမ္မအစီအရင်ကို ထွင်းဖောက်မမြင်နိုင်ပေ။

ဤပြောင်းလဲမှုအပြီး၌ သိုင်းတာအိုပင်မခန္ဓာက သူ့အတွက်တစ်မူထူးခြားသော ကောင်းကင်လိုဏ်ဂူတစ်ခု ဖန်တီးလိုက်ပြီဖြစ်သည်ကိုသာ သူမက အကြမ်းဖျင်းဆုံးဖြတ်နိုင်သည်။

တည်ဆောက်သူသစ်ပင်အောက်မှာ...။

သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး ​နက်မှောင်နေသောလေဟာနယ်ထဲကနေ ဖြည်းဖြည်းချင်းလျှောက်လှမ်းထွက်လာသည်။ သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရင်ကနှင့် မကွာခြားသည့်ပုံပင်။

သို့သော်လည်း အထီးကျန်သိုင်းသခင်က ပို၍ပင်ကြောက်စရာကောင်းလာသည်ကို အင်မော်တယ်ဘုရင်မလင်းလုံနှင့် အခြားသူများက ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်ကြသည်။

သူတို့သည် အထီးကျန်သိုင်းသခင်ထံမှ ကောင်းကင်လိုဏ်ဂူတစ်ခု၏ အော်ရာကို အာရုံခံမိလာကြသည်။

“ကောင်းကင်လိုဏ်ဂူနယ်ပယ်လား”

အင်မော်တယ်ဘုရင်များက သုန်မှုန်နေသောအမူအရာများဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။

အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်ပေါ်ရှိနက်မှောင်နေသော ကောင်းကင်လိုဏ်ဂူက သူနှင့်တစ်သားတည်းကျနေသည့်အလား မကောင်းဆိုးဝါးဆန်ဆန် တဖျပ်ဖျပ်ဖြစ်နေပြီး ခပ်ရေးရေးသာတွေ့မြင်နိုင်သည်။

“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

အင်မော်တယ်ဘုရင်များက တွေဝေရှုပ်ထွေးသွားပြီး သတိထားသည့်အနေဖြင့် မဆင်မခြင်မတိုက်ခိုက်ကြပေ။

အထီးကျန်သိုင်းသခင် ဆင့်ခေါ်ထားသော ကောင်းကင်လိုဏ်ဂူသည် သူတို့သိရှိထားသည့် ကောင်းကင်လိုဏ်ဂူများနှင့် အလွန်တရာ ကွဲပြားခြားနားနေသည့်ပုံပင်။

ပုံမှန်အခြေအနေအောက်မှာ ကျင့်ကြံသူတစ်ယောက်၏ တာအိုသစ်သီးကြေမွခြင်းက သူတို့၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ဖြစ်သင့်လေသည်။

မည်သို့ပင်ဆိုစေ ကြေမွသွားသော တာအိုသစ်သီးက လေဟာနယ်ကိုပင် ထိုးဖောက်နိုင်သော ဤကဲ့သို့ သိပ်သည်းပြင်းထန်သည့် စွမ်းအားတစ်ခုကို ထုတ်ဖော်ပေလိမ့်မည်။ ၎င်းကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာ ထည့်ထားမည်ဆိုလျှင် ၎င်းသည် ထိုခန္ဓာကိုယ်ကို ပြာကျသွားသည်အထိ ပေါက်ကွဲသွားစေဖို့ လုံလောက်လေသည်။

သူတို့က ကောင်းကင်လိုဏ်ဂူတစ်ခုကို မစုဖွဲ့နိုင်ခင်မှာပင် အရင်သေရပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုသော် အင်မော်တယ်ဘုရင်နယ်ပယ်သို့ တက်လှမ်းလာသည့်အခါ သူတို့၏ ကောင်းကင်လိုဏ်ဂူများကို သူတို့၏ ခန္ဓာကိုယ်အပြင်ဘက်မှာသာ စုဖွဲ့ရမည်ဖြစ်သည်။

ကောင်းကင်လိုဏ်ဂူများက သူတို့ခန္ဓာကိုယ်များ၏ အပြင်ဘက်မှာရှိသော်လည်း ထိုအရာက သူတို့နှင့် အလွန်တရာရင်းနှီးစွာဆက်စပ်နေသည်။ သူတို့က ကောင်းကင်လိုဏ်ဂူများကို အသုံးချကာ ကောင်းကင်နှင့်ချိတ်ဆက်ပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူနိုင်မည်ဖြစ်သည်။

သို့သော်လည်း အထီးကျန်သိုင်းသခင်၏ ကောင်းကင်လိုဏ်ဂူက သူ့ခန္ဓာကိုယ်အတွင်းမှာရှိနေပုံရသည်။

ကောင်းကင်လိုဏ်ဂူတစ်ခုက သူ့ရဲခန္ဓာကိုယ်တွင်းမှာ ရှိနေတာလား။ တကယ်တော့ သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်လိုဏ်ဂူက သူ့ခန္ဓာကိုယ်၏ အတွင်း သို့မဟုတ် အပြင်မှာ မဟုတ်ပေ။

အတိအကျဆိုရလျှင် သိုင်းတာအိုပင်မခန္ဓာကိုယ်တိုင်က ကောင်းကင်လိုဏ်ဂူဖြစ်လေသည်။

အသစ်ဖြစ်ပေါ်လာသော သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကောင်းကင်လိုဏ်ဂူနှင့် တစ်သားတည်းကျနေပြီးသားဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီးနောက် လောကမှာ ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်သည်။

သိုင်းတာအိုမှ ပင်မခန္ဓာသည် အစစ်အမှန်သိုင်းနယ်ပယ်နှင့် ပြီးပြည့်စုံသော အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ အဆင့်မှာသာ ရှိနေဆဲဖြစ်သည်။

သို့သော်လည်း ပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာ၏ အတုမရှိမှုနှင့် အခြားသောနည်းလမ်းတစ်ခုကို အသုံးချကာ ကောင်းကင်လိုဏ်ဂူတစ်ခုကို အရင်ဆုံးစုဖွဲ့ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။

သူ၏ တာအိုခန္ဓာက သူ၏ တာအိုသစ်သီးပင် ဖြစ်နေခဲ့သောကြောင့်ပင်။

ထို့ကြောင့် ဤအရာသည် အခြားမည်သူကမှ မတုပနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

အင်မော်တယ်ဘုရင်ညတာရှည်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး အေးစက်စွာပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်... မင်းက အခုလိုအ​ခြေအနေမှာ ပြန်ပြီးရှင်သန်နိုင်ခဲ့တာ တကယ်ကို အစွမ်းထက်ပါပေတယ်... ကြည့်ရတာတော့ မင်းက ဒီအဖြစ်ဆိုးကနေ အကျိုးအမြတ်ရရှိခဲ့တဲ့ပုံပဲ”

“အော်မီထောဖော...”

ကောင်းကင်ဘုရင်လောရှန်က ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အထီးကျန်သိုင်းသခင်က အသက်ရှင်သေးတယ်ဆိုမှတော့ ငါတို့က သူ့ကိုနောက်တစ်ခါထပ်ပြီး သတ်ဖြတ်ကြရုံပေါ့”

“အမှန်ပေါ့”

စကားလုံးအချို့နှင့်အတူ အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦးက သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများကို နောက်တစ်ဖန်ပင့်မြှောက်ကာ သတ်လိုဖြတ်လိုသောအော်ရာတစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာကြသည်။

“မင်းတို့တွေက ငါ့ကိုသတ်ချင်သေးတာလား”

သိုင်းတာအိုပင်မခန္ဓာက အန္တိမအင်မော်တယ်ဘုရင် ဆယ့်ကိုးဦးကိုကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာခါယမ်းကာ တဖြည်းဖြည်းပြောလိုက်သည်။

“မင်းတို့တွေက တော်တော်နုံအကြတာပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက တန်ပြန်တိုက်ခိုက်လိုက်ပြီဖြစ်သည်။

မည်သည့်အပိုအလိုလှုပ်ရှားမှုမှမရှိဘဲ သူက ဝင်ရောက်လာသော ကောင်းကင်ဘုရင်လောရှန်ကို ပစ်ထိုးလိုက်လေသည်။

ထိုထိုးချက်မှာ သိုင်းတာအို၏ ဓမ္မအစီအရင်ပါဝင်နေရုံသာမက ဤကောင်းကင်လိုဏ်ဂူအသစ်၏ စွမ်းအားလည်း ပါဝင်နေသည်။

ဘုန်း...

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ကောင်းကင်ဘုရင်လောရှန်၏ ကောင်းကင်လိုဏ်ဂူအကြီးနှင့် ထိတွေ့ရိုက်ခတ်သွားသည်။

တကယ်တော့... ဤသည်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်လိုဏ်ဂူနှင့် ကောင်းကင်ဘုရင်လောရှန်၏ ကောင်းကင်လိုဏ်ဂူအကြီးတို့ကြား ထိတွေ့ရိုက်ခတ်မှုလည်း​ဖြစ်လေသည်။

စူးစူးဝါးဝါးငိုကြွေးလိုက်သည့်အလား လောကက တုန်ခါသွားသည်။

နှစ်ဘက်စလုံးက လေထဲတွင် မျှခြေမှာ ခဏမျှ လွန်ဆွဲနေခဲ့ကြပြီး ကောင်းကင်ဘုရင်လောရှန်၏ အမူအရာက ပြောင်းလဲလာသည်။

သူ၏ ကောင်းကင်လိုဏ်ဂူအကြီးသည် ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ ခပ်ဖျော့ဖျော့အက်ကွဲကြောင်းများ စတင်ပေါ်ထွက်လာကာ အချိန်မရွေးလဲပြိုကျလာနိုင်သည်။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“အထီးကျန်သိုင်းသခင်က ကောင်းကင်လိုဏ်ဂူတစ်ခုကို အခုတင်စုဖွဲ့လိုက်တာလေ... ဆိုတော့... အဲဒါက ကောင်းကင်လိုဏ်ဂူအသေးပဲဖြစ်မှာပေါ့... ဒါတောင် ငါ့ရဲ့ကောင်းကင်လိုဏ်ဂူအကြီးက အဲဒါကိုဘာလို့မခုခံနိုင်ရတာလဲ”

ကောင်းကင်ဘုရင်လောရှန်က တုန်လှုပ်၍ ဒေါသချောင်းချောင်းထွက်လာသည်။

သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နိုင်သည်မှာ ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကြောင့်သာ မဟုတ်ပေ။

သူ၏ ကြောက်စရာကောင်းသော စွမ်းပကားသည် သူ၏ ပြီးပြည့်စုံသော အစစ်အမှန်သိုင်းတာအိုခန္ဓာနှင့် ကောင်းကင်လိုဏ်ဂူအသေး၏ ပေါင်းစည်းမှုဖြစ်နေသောကြောင့်ပင်။

ပထမဆုံးထိုးချက်ကို ထုတ်ဖော်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ ဆက်တိုက်ပစ်ထိုးလိုက်သည်။ အင်မော်တယ်ဘုရင်ဆယ့်ကိုးဦးရှိနေသည့်အတွက် စုစုပေါင်းထိုးချက်ဆယ့်ကိုးချက်ဖြစ်လေသည်။

ပကတိအစစ်အမှန်သိုင်းနယ်ပယ်မှာ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူအသေး အင်မော်တယ်ဘုရင်များကို ဖိနှိမ်နိုင်ခဲ့သည်။

ယခု သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်လိုဏ်ဂူတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်စွမ်းအားကို ထိန်းချုပ်လာနိုင်ပြီဖြစ်ကာ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားမြင့်တက်လာခဲ့၏။ သူသည် လက်ရှိအန္တိမအင်မော်တယ်ဘုရင်များကို လုံးလုံးလျားလျားဖိနှိမ်နိုင်နေပြီဖြစ်လေသည်။

သူက ကောင်းကင်လိုဏ်ဂူအဖြစ် အသွင်ပြောင်းလဲသွားသည့်ခဏမှာပင် တိုက်ပွဲအခြေအနေက လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာပြီး လောကက တသိမ်သိမ့်လှုပ်ခါသွား၏။

တည်ဆောက်သူသစ်ပင်အောက်မှာ လေဟာနယ်က အဆင်မပြတ် ဆုတ်ဖြဲခံလိုက်ရသည်။

အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦး၏ ကောင်းကင်လိုဏ်ဂူများက သိုင်းတာအိုပင်မခန္ဓာကြောင့် လှုပ်ခါ၍ အက်ကွဲလာခဲ့သည်။ သူတို့က အဲဒါကို လုံးဝမခုခံနိုင်ပေ။

“သူက ဘာလို့အဲလောက်ထိ သန်မာနေရတာလဲ”

အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦးက တုန်လှုပ်သွားကြသည်။

အန္တိမအင်မော်တယ်ဘုရင်များက သိုင်းတာအိုပင်မခန္ဓာကို အလယ်မှာထားပြီး ဝိုင်းပတ်ထားသော်လည်း တကယ်တမ်းမှာတော့ သူတို့သည် အချိန်မရွေး လဲပြိုကျသွားနိုင်သည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

သူတို့ထဲမှတစ်ယောက်က ကြောက်ရွံ့ထိတ်လန့်ပြီး နောက်ဆုတ်ဖို့ ရွေးချယ်သည်နှင့် အခြားသောအန္တိမအင်မော်တယ်ဘုရင်များကလည်း ဆုတ်ခွာကြရပေလိမ့်မည်။

အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦးက တွေဝေတုံ့ဆိုင်းနေကြဆဲဖြစ်သည်။

အထီးကျန်သိုင်းသခင်သည် မည်သို့ပင်ဆိုစေ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူတို့က နှစ်ပေါင်းများစွာကျော်ကြားလာခဲ့သူများဖြစ်သည်။

ဒါ့အပြင် အခြေအနေက ဆယ့်ကိုးယောက်တစ်ယောက် ရင်ဆိုင်နေရသောအခြေအနေဖြစ်သည်။ သူတို့အနေဖြင့် ဤကဲ့သို့ပင် ဆုတ်ခွာဖို့က သူတို့၏ နာမည်ဂုဏ်သတင်းကို ကြီးမားစွာထိခိုက်လာပေလိမ့်မည်။

အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများက တွေဝေတုံ့ဆိုင်းနေစဥ် သိုင်းတာအိုပင်မခန္ဓာက သူတို့ကို ထပ်မံ၍ စဥ်းစားခွင့်မပေးပေ။

“ဝါမျိုလိုက်စမ်း”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ကောင်းကင်လိုဏ်ဂူကို ဖွင့်လှစ်ပြီး ညင်သာစွာ အော်ငေါက်လိုက်သည်။

သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး လေထဲမှာ အလွန်ကြီးမား၍ ထူးဆန်းသော ကောင်းကင်လိုဏ်ဂူတစ်ခုပေါ်ထွက်လာပုံရသည်။ ၎င်းက အဆက်မပြတ်လည်ပတ်ပြီး ဘေးပတ်လည်မှာရှိသော ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုကို စတင်၍ ဆုတ်ဖြဲလာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာ၏ တန်ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်လာခဲ့လေသည်။

ယခု... သူတို့သည် သိပ်သည်းပြင်းထန်ကြီးမားသော စုပ်ယူစွမ်းအားဖြင့် သက်ရောက်ခံလိုက်ရပြီး သူတို့က လုံးဝတောင့်မခံနိုင်တော့ဘဲ လုံလုံးလျားလျားပြိုကျလာခဲ့သည်။

ကောင်းကင်လိုဏ်ဂူစွမ်းအား၏ အဆုံးမဲ့စီးကြောင်းတစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူဖြင့် ဝါးမျိုခြင်းခံလိုက်ရသည်။

ပျက်စီးသွားသော ကောင်းကင်လိုဏ်ဂူအပိုင်းအစတချို့ကိုပင် သိုင်းတာအိုပင်မခန္ဓာ၏ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူက ဝါးမျိုလိုက်သည်။

သာမန်ကောင်းကင်လိုဏ်ဂူများသည် ကောင်းကင်ဘုံထိ ရောက်ရှိနိုင်ပြီး သုံးဘုံလောကနှင့် ချိတ်ဆက်နိုင်လေသည်။ သူတို့သည် လောကမှာရှိသော အမြုတေချီကို ရူးသွပ်စွာစုပ်ယူပြီး အညစ်အကြေးများကို ဖယ်ရှားကာ သူတို့ကိုသန့်စင်၍ ကောင်းကင်လိုဏ်ဂူများကို တဖြည်းဖြည်းကြီးပြင်းလာစေနိုင်မည်ဖြစ်သည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်လိုဏ်ဂူက အစကတည်းက မူကွဲတစ်ခုဖြစ်ပြီး သုံးဘုံလောကကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးအမြုတေချီကိုစုပ်ယူခြင်းဖြင့် ဤကောင်းကင်လိုဏ်ဂူကို ကြီးပြင်းစေဖို့ကလည်း ခက်ခဲပေလိမ့်မည်။

အခြားသော ကောင်းကင်လိုဏ်ဂူများကို စုပ်ယူပြီး သူတို့၏ ဓမ္မတာအိုများကို သန့်စင်ခြင်းဖြင့်သာ အဲဒါကို အသွင်ပြောင်းလဲနိုင်မည်ဖြစ်လေသည်။

All Chapters