← Chapters

အနှိုင်းမဲ့ရက်စက်ကြမ်းကြုတ်မှု

Vol. 175 Ch. 2621

အနှိုင်းမဲ့ရက်စက်ကြမ်းကြုတ်မှု

Vol. 175 Ch. 2621

“ဟမ့်...”

အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများသည် သူတို့စုဖွဲ့ထားသော ကောင်းကင်လိုဏ်ဂူများက အထီးကျန်သိုင်းသခင်အသွင်ပြောင်းလဲထားသည့် နက်မှောင်နေသောကောင်းကင်လိုဏ်ဂူဖြင့် ဝါးမျိုခြင်းခံလာရသည်ကို ရုတ်တရက် နားလည်သဘောပေါက်လာကြသည်။

သူတို့ကောင်းကင်လိုဏ်ဂူအကြီးများက ဆုတ်ဖြဲခံနေရသည်။

အင်မော်တယ်ဘုရင်များက တုန်လှုပ်သွားကြလေသည်။

အထီးကျန်သိုင်းသခင်၏ ကောင်းကင်လိုဏ်ဂူသည် သူတို့ကောင်းကင်လိုဏ်ဂူအကြီးများကိုပင် ဝါးမျိုနိုင်နေသည်။

သမိုင်းတစ်လျှောက်မှာ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများ မရေမတွက်နိုင်အောင် ရှိခဲ့ကြဖူးသည်။ သူတို့ထဲမှာ ဝါးမျိုစွမ်းအားကို ပိုင်ဆိုင်ထားသည့် မကြုံစဖူး ထူးခြားအံ့မခန်းနှင့် ကြောက်စရာကောင်းသော ကောင်းကင်လိုဏ်ဂူများကို ကျင့်ကြံထားသည့် ပြန်ဝင်စားမွန်းစတားတချို့ရှိခဲ့ဖူးလေသည်။

သို့သော်လည်း ထိုကောင်းကင်လိုဏ်ဂူများသည် နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ၊ ကောင်းကင်လိုဏ်ဂူစွမ်းအားများ၊ နတ်ဘုရားလက်နက်​များ သို့မဟုတ် ဓမ္မရတနာများကိုသာ ဝါးမျိုနိုင်ကြသည်။

အထီးကျန်သိုင်းသခင်လိုမျိုး အခြားသော အင်မော်တယ်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများကို တိုက်ရိုက်ဝါးမျိုနိုင်သည့် အင်မော်တယ်ဘုရင်တစ်ပါးပါးကို သူဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။

သူတို့၏ ကောင်းကင်လိုဏ်ဂူများအားလုံးမှာ သူတို့၏ ကျင့်ကြံမှုများ၏ လေးနက်သိမ်မွေ့မှုများ ပါဝင်နေသည်။

အင်မော်တယ်ဘုရင်တိုင်းသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများထဲမှာ နတ်ဘုရားဖြစ်သည်ဟုဆိုနိုင်သည်။

တစ်ဘက်လူ၏ ကောင်းကင်လိုဏ်ဂူကို ဝါးမျိုခြင်းသည် သူက ထိုကောင်းကင်လိုဏ်ဂူမှာပါဝင်သော ဓမ္မတာအိုကိုပါ ဝါးမျိုလိုသည်ဟု အဓိပ္ပါယ်ရလေသည်။

သို့သော်လည်း ကောင်းကင်လိုဏ်ဂူထဲမှာရှိသော ဓမ္မတာအိုများက ကွဲပြားခြားနားကြသည်။

လူတစ်ယောက်သည် အခြားလူတစ်ယောက်၏ ဓမ္မတာအိုကို သူတို့၏ ကောင်းကင်လိုဏ်ဂူထဲသို့ အတင်းအကျပ် ဝါးမျိုလိုက်မည်ဆိုလျှင် သူ၏ ကောင်းကင်လိုဏ်ဂူထဲမှာ ပြင်းထန်ကြမ်းတမ်းသော ဓမ္မတာအိုပဋိပက္ခတစ်ခုကို ​ဖြစ်ပွားလာမည်ဟု အဓိပ္ပါယ်ရလေသည်။

ဤသည်မှာ သူ၏ ကောင်းကင်လိုဏ်ဂူကို စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းနှင့်တူလေသည်။

သူက အဲဒါကို မဖိနှိမ်နိုင်ဘူးဆိုလျှင် သူ၏ ကောင်းကင်လိုဏ်ဂူသည် ပေါက်ကွဲထွက်ပြီး တစ်ဘက်လူက မတိုက်ခိုက်ခင်မှာပင် သူ၏ ကျင့်ကြံမှုက ဆိတ်သုဥ်းပျောက်ကွယ်သွားရပေလိမ့်မည်။

အထက်ဘုံလောက၏ ထိပ်သီးလေလံစံအိမ်များနှင့် အရောင်းအဝယ်စံအိမ်များမှာ ကျဆုံးသွားသော အင်မော်တယ်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူအပိုင်းအစများကဲ့သို့ တန်ဖိုးမဖြတ်နိုင်သောရတနာတချို့ တကယ်ပင်ရှိတတ်လေသည်။

ထိုကောင်းကင်လိုဏ်ဂူအပိုင်းအစများမှာ ကျဆုံးသွားသော အင်မော်တယ်ဘုရင်များ၏ ဓမ္မတာအိုများပါဝင်နေသည်။

ကောင်းကင်လိုဏ်ဂူနယ်​ပယ်ပညာရှင်တချို့အနေဖြင့် သူတို့သည် ပဋိပက္ခများစွာမရှိဘဲ ဓမ္မတာအိုများကို နားလည်ဆင်ခြင်ရန် ဤကဲ့သို့သော ကောင်းကင်လိုဏ်ဂူအပိုင်းအစများကို အချိန်များစွာပေးပြီး တဖြည်းဖြည်းချေဖျက်ဝါးမျိုရပေမည်။

သို့သော်လည်း အထီးကျန်သိုင်းသခင်က သူတို့၏ ကောင်းကင်လိုဏ်ဂူများကို အတင်းအကျပ်ဝါးမျိုနေသည့်နည်းလမ်းက တကယ့်ကို မကြုံစဖူးနှင့် ရူးမိုက်ရာကျသော အပြုအမူဖြစ်လေသည်။

ဒါ့အပြင် အထီးကျန်သိုင်းသခင်သည် အန္တိမအင်မော်တယ်ဘုရင်တစ်ပါး၏ ကောင်းကင်လိုဏ်ဂူကြီးတစ်ခုကိုသာ ဝါးမျိုနေခြင်းမဟုတ်ဘဲ သူက အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးပါး၏ ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုစလုံးကို တစ်ထိုင်တည်း ဝါးမျို​လိုနေလေသည်။

“မင်းက ဒီလောက်တောင် အစားကြူးနေတာ စားပိုးနင့်ပြီးသေမှာမကြောက်ဘူးလား”

အင်မော်တယ်ဘုရင်ညတာရှည်က ဒေါသချောင်းချောင်းထွက်နေသောအမူအရာဖြင့် အော်ပြောလိုက်သည်။

သူတို့က အသက်ရှင်နေတုန်းဖြစ်ပြီး သူတို့၏ အထွတ်အထိပ်အခြေအနေမှာရှိနေကြသည်။ သူတို့၏ ကောင်းကင်လိုဏ်ဂူများမှာ သူတို့၏ ဓမ္မတာအိုများပါဝင်နေရုံသာမက သူတို့၏ စွမ်းအားကြီးမားသော စိတ်စွမ်းအားများလည်း ပါဝင်နေသည်။

အထီးကျန်သိုင်းသခင်သည် စီးပိုခြယ်လှယ်လွန်းပြီး လွန်လွန်ကျူးကျူးဖြစ်လေသည်။ သူက သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုချင်နေရုံသာမ​က သူတို၏ စိတ်စွမ်းအားများကိုပါ ချိုးနှိမ်ချင်နေလေသည်။

အင်မော်တယ်ဘုရင်လောရှန်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်ပြီး သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူအကြီးက ကျိန်းစပ်နေသောရွှေရောင်အလင်းဖြင့် ပြည့်နှက်နေသော ဗုဒ္ဓအရောင်အဝါတစ်ခုနှင့်အတူ တောက်ပလာခဲ့သည်။

“ဒီမိစ္ဆာက သေချင်နေတယ်ဆိုမှတော့... သူ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

အင်မော်တယ်ဘုရင်ဆယ့်ကိုးဦးသည် သူတို့၏ သွေးချီများကို လှည့်ပတ်ပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများကို မရမကထိန်းထားကာ သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ဖိအားပေးဖို့ကြိုးစားလိုက်ကြသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်ကို သူ၏ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူထဲမှာ ခပ်ရေးရေးသာ မြင်ရတော့သည်။

သူသည် ကောင်းကင်လိုဏ်ဂူအကြီးဆယ့်ကိုးခုထဲ မည်သည့်တစ်ခုကိုမှ တွန်းဖယ်မထုတ်ဘဲ သူ၏ အစွမ်းကုန်ဖြင့် အားလုံးကို ဝါးမျိုလိုနေသည်။

အဲဒါသည် သာမန်ကောင်းကင်လိုဏ်ဂူတစ်ခုသာဖြစ်မည်ဆိုလျှင် ၎င်းသည် အခြားသော အင်မော်တယ်ဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများကို တိုက်ရိုက်ဝါးမျိုနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်လိုဏ်ဂူသည် မူကွဲတစ်ခုဖြစ်ပြီး သုံးဘုံလောကအတွင်းမှာမရှိသလို ဤလောက၏ နိယာမများဖြင့် ကန့်သတ်ခြင်း ခံမထားရပေ။

သိုင်းတာအိုပင်မခန္ဓာ၏ ကောင်းကင်လိုဏ်ဂူသည် အချိန်တိုအတွင်းမှာ ကောင်းကင်လိုဏ်ဂူကြီးဆယ့်ကိုးခုကို မသန့်စင်နိုင်ပေ။

သို့သော်လည်း သူ၏ ကောင်းကင်လိုဏ်ဂူသည် အရာရာတိုင်းကို စုပ်ယူဝါးမျိုနိုင်သည့် အဆုံးမဲ့အသူတရာချောက်နက်တစ်ခုကဲ့သို့ဖြစ်သည်။ သူက ကောင်းကင်လိုဏ်ဂူကြီးဆယ့်ကိုးခု၏ ဓမ္မတာအိုများကို အရင်ဆုံး အတင်းအကျပ်ဝါးမျိုပြီး နောက်မှဖြည်းဖြည်းချင်းသန့်စင်ရမည်ဖြစ်သည်။

နှစ်ဘက်စလုံးက ခဏကြာသည်အထိ မျှခြေမှာလွန်ဆွဲနေကြသည်။ အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများ၏ အမူအရာများက တဖြည်းဖြည်းပျက်ယွင်းလာကြသည်။

အထီးကျန်သိုင်းသခင်သည် သူတို့၏ မတူညီသောဓမ္မတာအိုများကို ဝါးမျိုသည့်အခါ သူ၏ နက်မှောင်နေသော ကောင်းကင်လိုဏ်ဂူက ပေါက်ကွဲထွက်မသွားပေ။ ထိုအစား ထိုအရာက ပို၍ပင်ကြောက်စရာကောင်းလာခဲ့သည်။

ကောင်းကင်လိုဏ်ဂူ၏ အချင်းဝက်က ပို၍ပင်ကြီးမားလာပြီး ၎င်း၏ ဝါးမျိုနိုင်သည့်စွမ်းအားကလည်း ပို၍ပင်သန်မာအားကောင်းလာသည်။

သူတို့၏ ကောင်းကင်လိုဏ်ဂူများမှာပါဝင်သော ဓမ္မတာအိုများက သူတို့၏ ခွန်အားနှင့်အတူ အားလျော့လာသည်ကို အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများက ရှင်းလင်းစွာ အာရုံခံမိလာကြသည်။

ဤတိုင်းသာဆက်သွားလျှင် သူတို့၏ နှစ်ပေါင်းသိန်းချီ ကြိုးစားအားထုတ်မှုက အထီးကျန်သိုင်းသခင်၏ ဝါးမျိုခြင်းခံရနိုင်လေသည်။

တကယ်ဆို သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများသည် ကျင့်ကြံမှုနယ်ပယ်မှာပင် လျှောကျပြီး ကောင်းကင်လိုဏ်ဂူအသေးများ ဖြစ်လာနိုင်သည်။

ဤသည်က သူတို့လက်မခံနိုင်သည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

“နောက်ဆုတ်ရမယ်”

ထိုအတွေးက အင်မော်တယ်ဘုရင်ချင်းယန်၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာသည်။

သူသည် ဤပုံစံတိုင်း ဆက်မသွားနိုင်တော့ပေ။

မဟုတ်ပါက အထီးကျန်သိုင်းသခင်၏ ကောင်းကင်လိုဏ်ဂူက ပေါက်ကွဲမထွက်ခင်မှာပင် သူ၏ ကောင်းကင်လိုဏ်ဂူအကြီးက ရှင်းလင်းစွာ ဝါးမျိုခံရပေလိမ့်မည်။

သူ့မှာရုန်းထွက်ဖို့ခွန်အားကျန်ရှိနေတုန်း တတ်နိုင်သမျှမြန်မြန်ထွက်ခွာရပေမည်။

အထီကျန်သိုင်းသခင်၏ ဓမ္မတာအိုက အရမ်းကို နတ်ဆိုးဆန်လွန်းသည်။ သူ့ကို ဖိနှိမ်နိုင်မည့်သူများက ပကတိကောင်းကင်လိုဏ်ဂူများကို ပိုင်ဆိုင်ထားသည့် အထွတ်အထိပ်အင်မော်တယ်ဘုရင်များသာ ဖြစ်ပေတော့မည်။

ထိုသို့အတွေးဖြင့် အင်မော်တယ်ဘုရင်​ချင်းယန်က နောက်ဆုတ်ရင်း တည်တံ့စွာဖြင့် အော်ပြောလိုက်သည်။

“အားလုံးပဲ... အရင်ဆုံးတောင့်ခံထားကြ... ငါက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို သတင်းပို့လိုက်မယ်”

အင်မော်တယ်ဘုရင်ချင်းယန်က ဆုတ်ခွာလိုက်သည့်ခဏမှာပင် သူ့စကားမဆုံးသေးခင် အခြားသောအင်မော်တယ်ဘုရင်များကလည်း ဆုတ်ခွာလိုက်ကြပြီဖြစ်သည်။

အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးဦး၏ ပူးပေါင်းတိုက်ခိုက်မှုက ချက်ချင်းပင် ပြိုကွဲသွားလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကနေ လျှို့ဝှက်ဆန်းကြယ်၍ ကြောက်စရာကောင်းသော ဓမ္မတာအိုများစွာက လျှံထွက်လာကာ မရေမတွက်နိုင်သော ကျိန်းစပ်နေသည့် ရှေးဟောင်းမှော်စာလုံးပေါင်းများစွာအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ့ကိုလှည့်ပတ်ကာ သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။

သူ၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး အင်မော်တယ်ညတာရှည်၏ အော်ရာကို အမိအရဖမ်းထားသည်။ ချက်ချင်းပင် သူက အနားသို့ချဥ်းကပ်ပြီး လေထုကိုဆုတ်ဖြဲကာ ရှေ့သို့ပစ်ထိုးလိုက်သည်။

အင်မော်တယ်ဘုရင်ညတာရှည်၏ ကောင်းကင်လိုဏ်ဂူအကြီးသည် သိုင်းတာအိုပင်မခန္ဓာကြောင့် အပိုင်းပိုင်းစုတ်ပြဲနေပြီး သူ၏ အော်ရာက အားနည်းနေသည်။ ယခုအချိန်မှာ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အားပါပြင်းထန်သောထိုးချက်ကို လုံးဝမခုခံနိုင်တော့ပေ။

ဘန်း... ဘုန်း...

ထိုထိုးချက်က ကမ္ဘာတုန်လောက်လေသည်။

အင်မော်တယ်ဘုရင်ညတာရှည်၏ ကောင်းကင်လိုဏ်ဂူအကြီးက လုံးလုံးလျားလျားလဲပြိုကျသွားသည်။

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ချက်ချင်းပင်တိုးဝင်လာပြီး အင်မော်တယ်ဘုရင်ညတာရှည်၏ ကောင်းကင်လိုဏ်ဂူအကြီးကို ဖြတ်ကျော်လာခဲ့သည်။

လက်သီးမှာ ခွန်အားကျန်ရှိနေဆဲဖြစ်ပြီး အင်မော်တယ်ဘုရင်ညတာရှည်၏ ရင်ဘတ်ပေါ်ကို ကျဆင်းထိခတ်သွားသည်။

စီးပိုးခြယ်လှယ်ပြီး ကြောက်စရာကောင်းသောစွမ်းအားက အင်မော်တယ်ဘုရင်ညတာရှည်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ခြေမွှဖျက်ဆီးပစ်လိုက်သည်။

သွေးများက လေထဲမှာပျံ့နှံ့သွားလေသည်။

တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာ အင်မော်တယ်များနှင့်ကိုယ်တော်များက တုန်လှုပ်၍ ထိတ်လန့်တကြားဖြစ်သွားကြသည်။

အင်မော်တယ်ဘုရင်ညတာရှည်သည် သာမန်အင်မော်တယ်ဘုရင်တစ်ပါးမဟုတ်ဘဲ ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုနှင့် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးဖြစ်လေသည်။

သို့သော်ယခု သူ၏ ခန္ဓာကိုယ်က မိစ္ဆာမဟာနယ်​မြေ၏ အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားရသည်။

အခြားသော အန္တိမအင်မော်တယ်ဘုရင်ဆယ့်ရှစ်ဦးမှာလဲ စိုးရိမ်ပူပန်နေသောအမူအရာများရှိနေပြီး သူတို့က ရှေ့သို့မတက်လှမ်းရဲကြတော့ပေ။

အန္တိမအင်မော်တယ်ဘုရင်များပင် ထိုသို့ဆိုပါက ကျန်ရှိနေသော သာမန်အင်မော်တယ်ဘုရင်တစ်ရာကျော်ကျော်က တိုက်ခိုက်ရမည်ကို ပို၍ပင် စိုးရွံ့လာကြသည်။

မိစ္ဆာမဟာနယ်မြေ၏ အထီးကျန်သိုင်းသခင်သည် ယခုတင် သူ၏ ကောင်းကင်လိုဏ်ဂူကို စုဖွဲ့ထားသော်လည်း သူသည် ဤမျှအထိစီးပိုး​ခြယ်လှယ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းနေပြီဖြစ်သည်။ သူသည် မဟာနယ်မြေနှစ်ခုမှ အင်မော်တယ်ဘုရင်များကို ခေါင်းမဖော်နိုင်သည်အထိ ဖိနှိမ်လာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာသည် အင်မော်တယ်ဘုရင်ညတာရှည်ကို ပစ်မှတ်ထားလာသည်မှာ သူတို့ကြားတွင် နက်ရှိုင်းသော ရန်ငြိုးရန်စရှိနေသောကြောင့် မဟုတ်ပေ။

ယခုအချိန်တွင် မဟာအင်မော်တယ်ကျောက်စိမ်းကျမ်းက အင်မော်တယ်ဘုရင်ညတာရှည်၏ လက်ထဲမှာရှိနေသောကြောင့်ဖြစ်သည်။

အန္တိမအင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် အင်မော်တယ်ဘုရင်ညတာရှည်သည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်ကို ခံနိုင်ရည်ရှိမည်မဟုတ်ဘူးဆိုတာ သူက ကြိုတွက်ထားမိခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ဆင်းသက်လာသည့်ခဏမှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်က မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို တွယ်ကပ်ပြီး အမြုတေသွေးလုံးတစ်လုံးနှင့်အတူ အဝေးသို့ပြေးထွက်သွားသည်။

သူထင်မှတ်ထားသည့်အတိုင်းပင် သူ၏ ခန္ဓာကိုယ်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားသည်။

သိပ်သည်းပြင်းထန်ကြီးမားသောစွမ်းအားက သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေသွေးရှိရာသို့ တိုးဝင်လာ၏။

သို့သော်လည်း ၎င်းသည် မဟာသူတော်စင်ကျောက်စိမ်းကျမ်းပေါ်မှ ချိပ်စည်၏ စွမ်းအားဖြင့် ပျက်ပြယ်သွားသည်။

အင်မော်တယ်ဘုရင်ညတာရှည်သည် အမြုတေသွေးကိုအသုံးချကာ သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာစုဖွဲ့ပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်​မြေရှိရာသို့ ထွက်ပြေးဖို့ပြင်လိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက အရိပ်တစ်ခုပမာ မရမကလိုက်ပါလာခဲ့သည်။

အင်မော်တယ်ဘုရင်ညတာရှည်က လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက သူ့ကို လိုက်မီလာခဲ့ပြီဖြစ်သည်။

ထိုစဥ်မှာပင် အပြောင်းအလဲတစ်ရပ် ဖြစ်ပွားလာခဲ့သည်။

All Chapters