← Chapters

တည်ဆောက်သူသစ်ပင်နိုးထလာခြင်း

Vol. 175 Ch. 2622

တည်ဆောက်သူသစ်ပင်နိုးထလာခြင်း

Vol. 175 Ch. 2622

အင်မော်တယ်ဘုရင်ညတာရှည် ဆုတ်ဖြဲလိုက်သည့် နက်ရှိုင်းသောလေဟာနယ်ထဲကနေ နတ်ဆိုးဆန်သေားစွမ်းအားတစ်ခုက ရုတ်တရက်ပစ်လွင့်ထွက်ပေါ်လာသည်။ အသတီစရာအစိမ်းရောင်အလင်းတစ်ခုက ဖျတ်ခနဲလက်ပြီး အင်မော်တယ်ဘုရင်ညတာရှည်၏ နှာရောင်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

အင်မော်တယ်ဘုရင်ညတာရှည်၏ စိတ်အာရုံသည် သူ့နောက်သို့ပြေးလိုက်လာနေသည့် အထီးကျန်သိုင်းသခင်အပေါ် လုံးလုံးလျားလျားကျရောက်နေခဲ့သည်။ သူ့ရှေ့ရှိလေဟာနယ်ထဲမှာ သေစေနိုင်သော သတ်ဖြတ်ခြင်းစွမ်းအားတစ်ခုက ပုန်းကွယ်နေလိမ့်မည်ဟု သူကထင်မှတ်မထာခဲ့ပေ။

တစ်ချိန်တည်းမှာပင် အထီးကျန်သိုင်းသခင်အပြင် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူ့ကိုသတ်ဖြတ်ရဲမည့် နောက်ထပ်အခြားလူတစ်ယောက်ရှိနေဦးမည်ဟု သူကထင်မှတ်မထားခဲ့ပေ။

အက်မော်တယ်ဘုရင်ညတာရှည်သည် သိုင်းတာအိုပင်မခန္ဓာ၏ အမဲလိုက်ခြင်းခံရပြီးနောက် အစကတည်းက ပျာပျာသလဲအခြေအ​နေမှာရှိနေခဲ့သည်။ သူက အငိုက်မိသွားခြင်းနှင့်အတူ သူသည် လေဟာနယ်၏ အနက်ပိုင်းထဲကနေ ရုတ်တရက်ပေါ်ထွက်လာသည့် မသတီစရာအစိမ်းရောင်အလင်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

အန္တိမအင်မော်တယ်ဘုရင်တစ်ပါးက နေရာမှာပင် သေဆုံးသွားသည်။

အင်မော်တယ်ဘုရင်များက တုန်လှုပ်သွားကြလေသည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ ဤအဆင့်ထိ ပကတိအင်မော်တယ်အဆင့်သတ်ချက်မှတ်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများသည် ကြီးမားသောပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး အန္တိမသူတော်စင်ပင် အထီးကျန်သိုင်းသခင်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော်လည်း မည်သည့်အင်မော်တယ်ဘုရင်ပညာရှင်ကမှ မသေဆုံးခဲ့သေးပေ။

အင်မော်တယ်ဘုရင်တစ်ပါး၏ သေဆုံးမှုသည် အလွန်တရာအရေးပါလေသည်။

ဒါ့အပြင် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးက သေဆုံးသွားသည်။

တကယ်ဆို အန္တိမအင်မော်တယ်ဘုရင်တစ်ပါး၏ သေဆုံးမှုနှင့်အတူ ဧကရာဇ်တစ်ပါးက ပေါ်ထွက်လာနိုင်လေသည်။

ဟမ်...

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ရုတ်တရက် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

နက်ရှိုင်းသောလေဟာနယ်ထဲမှာ ပုန်းကွယ်နေသည့် တည်ရှိမှုကနေ အလွန်တရာအန္တရာယ်များသော အော်ရာတစ်ခုကို သူက ခံစားမိနေ၏။

ဤပညာရှင်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ကျော်လွန်ပြီး ဧကရာဇ်နယ်ပယ်ကိုပင်​ရောက်ရှိနေဖို့ အခွင့်များသည်။

ထို့ကြောင့်ပင် သူသည် အင်မော်တယ်ဘုရင်ညတာရှည်ကို ရှင်းလင်းစွာ သတ်​ဖြတ်ပြီး လျင်မြန်စွာပျောက်ကွယ်သွားခြင်းဖြစ်သည်။

ဤလူက ဘယ်သူလဲ...။

သူက ဒီနေရာမှာ ဘယ်အချိန်ကတည်းက ရှိနေတာလဲ။

သူက အင်မော်တယ်ဘုရင်ညတာရှည်၏ ရန်သူတစ်ယောက်လား သို့မဟုတ် သူသည် မဟာသူတော်စင်ကျောက်စိမ်းကျမ်းအတွက် ​ဤနေရာကိုရောက်ရှိနေတာလား သို့မဟုတ် အဲဒီမှာ အခြားသောအကြောင်းအရင်းတချို့များ ရှိနေဦးမလား။

သိုင်းတာအိုပင်မခန္ဓာကို ဝေခွဲမရဖြစ်စေဆုံးအရာမှာ ထိုမသတီစရာအစိမ်းရောင်အော်ရာက သူနှင့် ရင်းနှီးကျွမ်းဝင်နေပုံရှိပြီး သူက အလွန်တရာမနှစ်မြို့မှုကို ခံစားနေရသည်။

သူက စုန်းမျိုးနွယ်ကလား။

အင်မော်တယ်ဘုရင်တစ်ပါး၏ အဆင့်မှာ သူတို့အနေဖြင့် သေရဖို့က အင်မတန်ခဲယဥ်းနေပြီဖြစ်သည်။

ဝင်ရောက်လာသူက အင်မော်တယ်ဘုရင်ညတာရှည်ကို ရှင်းလင်းတိကျစွာသတ်ဖြတ်နိုင်ခဲ့သည့်အချက်သည် သူ၏ နည်းလမ်းများက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သက်သေပြပေးနေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ပြေးလိုက်မသွားပေ။ သူသည် လျှို့ဝှက်ဆန်းကြယ်ပညာရှင်၏ အော်ရာကို လုံးဝအာရုံမခံမိတော့ပေ။

ဤလူသည် ဤနေရာမှာချောင်းမြောင်းနေပြီး အင်မော်တယ်ဘုရင်ညတာရှည်ကို သတ်ဖြတ်ပြီးနောက် သူက ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလား ပျောက်ကွယ်သွားသည်။

သူ၏ အာရုံခံသတိစိတ်က သူ့ကို ထပ်တလဲလဲသတိပေးလာခဲ့သည်။

သူက ​ဤနေရာမှာ ဆက်နေလို့ မရနိုင်တော့ပေ။

သူ၏ အာရုံခံသတိစိတ်၏ သတိပေးမှုမရှိလျှင်တောင် သိုင်းတာအိုပင်မခန္ဓာက ဆုတ်ခွာဖို့ကို ပြင်ထားခဲ့ပြီဖြစ်သည်။

သူ့နောက်ဘက်မလှမ်းမကမ်းမှာ စွမ်းအားကြီးမားသော အသက်ဓာတ်ပုံစံတစ်ခုက နိုးထလာနေ​သည်။

တည်ဆောက်သူသစ်ပင်...။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ ရုတ်ရုတ်သဲသဲအခြေအနေကြောင့် သို့မဟုတ် အကြောင်းအရင်းတချို့ကြောင့်ဖြစ်ကောင်းဖြစ်ပေမည်။ တည်ဆောက်သူသစ်ပင်က ကြိုတင်၍နိုးထလာခဲ့ပြီဖြစ်သည်။

တည်ဆောက်သူသစ်ပင်၏ စွမ်းအားအရ ဧကရာဇ်များကလွဲလျှင် လက်ရှိအင်မော်တယ်ဘုရင် ပညာရှင်များအားလုံးပင် အဲဒါကိုရှောင်လွှဲရပေမည်။

ဒါ့အပြင် အင်မော်တယ်ဘုရင်ညတာရှည်၏ သေဆုံးမှုသည် မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဧကရာဇ်တစ်ပါးကို သတိထားမိသွားစေဖို့ အခွင့်များလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိအစွမ်းအစနှင့်ပင်လျှင် သူသည် ဧကရာဇ်ပညာရှင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခြင်း မရှိပေ။

သူသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ခြေမွှဖျက်ဆီးရန် အန္တိမအင်မော်တယ်ဘုရင်များကို အသုံးချခြင်းခဲ့ဖြင့် သူလိုချင်သည့်အရာကိုရရှိသွားခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် ဤနေရာမှာဆက်နေဖို့ မလိုအပ်တော့ပေ။

"မြန်မြန်သွားကြ... ထျန်ဟွမ်ဂိုဏ်းကို ချက်ချင်းပြန်ကြ"

သိုင်းတာအိုပင်မခန္ဓာက မထွက်ခွာခင် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို သုံးပြီး ဖုန့်စန်းထျန်ဆီသို့ အသံတစ်ခုကို ပို့လွှတ်ပေးလိုက်သည်။

ဖုန့်စန်းထျန်သည် ရုတ်ရုတ်သဲသဲအခြေအနေကို တစ်ချိန်လုံးအာရုံစိုက်ထားပြီး တည်ဆောက်သူသစ်ပင်ထံမှာ ထွက်ပေါ်လာသည့် ပြင်းထန်ကြမ်းတမ်းသည့် စွမ်းအားကို သူက အာရုံခံမိသွားခဲ့ပြီဖြစ်သည်။

ဤရှေးဟောင်းဂမ္ဘီရသစ်ပင်နိုးထလာသည်နှင့် သူတို့သည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှဖြစ်စေ၊ သုခဘုံသန့်စင်ကုန်းမြေမှဖြစ်စေ သို့မဟုတ် မိစ္ဆာမဟာနယ်မြေမှဖြစ်စေ ကိစ္စမရှိတော့ပေ။

၎င်း၏ ပိုင်နက်နယ်မြေအတွင်းမှာ ဝင်ရောက်လာသည့် မည်သည့်သက်ရှိကိုမဆို ၎င်းသည် မူမမှန်မှု၊ ရန်စမှုနှင့် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပေလိမ့်မည်။

ဖုန့်စန်းထျန်သည် သိုင်းတာအိုပင်မခန္ဓာထံမှ ပို့လွှတ်လိုက်သောအသံကို ကြားလိုက်သောအခါ သူက တွေဝေတုံ့ဆိုင်းမှုမရှိဘဲ ပြတ်သားစွာ လေဟာနယ်ကိုဆုတ်ဖြဲကာ ယန်ပေးချန်၊ မင်းကျန်နှင့် အခြားသူများကို အာကာသဥမင်ထဲသို့ခေါ်ဆောင်ပြီး ပျောက်ကွယ်သွားလေသည်။

အခြားတစ်ဘက်မှာ တည်ဆောက်သူသစ်ပင်က လုံးလုံးလျားလျားနိုးထလာပြီး ပြင်းထန်ကြမ်းတမ်းသော အသက်ဓာတ်အားတစ်ခုကို ထုတ်ဖော်လိုက်သည်။

သူတို့သည် သူတို့၏ ဘေးပတ်လည်မှ သက်ရှိများကို အာရုံခံမိသွားသည့်အလား တုတ်ခိုင်သောသစ်ကိုင်းများက အစိမ်းရောင်အနာကွန်ဒါများကဲ့သို့​ ကခုန်လာကြသည်။ သူတို့က တဖျတ်ဖျတ်တလက်လက်အရောင်အဝါဖြင့် ပြည့်နှက်နေပြီး ရူးသွပ်ဖောက်ပြန်သွားပုံ​ရလေသည်။

ဖြောင်း... ဖြောင်း...

သစ်ကိုင်းတချို့က ဖြတ်သန်းလာပြီး အင်မော်တယ်ဘုရင်ပညာရှင်တစ်ရာကျော် လူအုပ်ကြီးကို ပစ်ရိုက်ချလိုက်သည်။ ချက်ချင်းပင် အင်မော်တယ်ဘုရင်ဆယ်ဦးကျော်က လွင့်စင်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားကြသည်။

အင်မော်တယ်ဘုရင်တစ်ပါးသည် သူ၏ ကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်လိုက်သော်လည်း ၎င်းသည် သစ်ကိုင်းရိုက်ချက်ဖြင့် ကြေမွပြီး ပျက်ပြယ်သွားလေသည်။

သာမန်အင်မော်တယ်ဘုရင်များက တည်ဆောက်သူသစ်ပင်နှင့် ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့နေသည်။

အင်မော်တယ်ဘုရင်များပင် ထိုသို့ဆိုလျှင် လက်ရှိပကတိအင်မော်တယ်များနှင့် သူတော်စင်များအားလုံးသည် တည်ဆောက်သူသစ်ပင်၏ သစ်ကိုင်းများစတင်ကျဆင်းလာသည်နှင့် သေရပေလိမ့်မည်။

"နောက်ကိုဆုတ်ကြ"

အင်မော်တယ်ဘုရင်ချင်းယန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ အစွမ်းအစနှင့်ပင်လျှင် သူသည် လူများစွာကို ဂရုစိုက်မပေးနိုင်ပေ။ သူသည် မဟာနတ်မိမယ်သုံးပါးနှင့် သူနှင့်အနီးဆုံးမှာရှိနေသော ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ပကတိအင်မော်တယ်ပြိုင်စံရှားများကိုသာ ခေါ်ဆောင်ပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိရာသို့ ထွက်ပြေးဖို့ပြင်လိုက်သည်။

​

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ပကတိအင်မော်တယ်ထောင်ချီကိုတော့ သူက ဂရုစိုက်မပေး​နိုင်တော့ပေ။

အင်မော်တယ်ဘုရင်မလင်းလုံသည် တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာ တစ်ချိန်လုံးရှိနေပြီး ဆင်းသက်မလာခဲ့ပေ။

ထိုအခိုက်အတန့်မှာ သူမသည် လင်းလေနှင့် လင်းလောကို သူမနှင့်အတူခေါ်ပြီး သူမ၏ အကြည့်က ဆူဇီမိုရှိရာသို့ ရွေ့လျားရောက်ရှိသွားသည်။ သူမက စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

"မပူပါနဲ့... ငါနင့်ကို ဒီနေရာကနေ အရင်ဆုံးခေါ်ထုတ်သွားပေးမယ်"

အင်မော်တယ်ဘုရင်များအားလုံးသည် လူတိုင်းကို ဂရုစိုက်မပေးနိုင်ဘဲ သူတို့၏ ဘေးပတ်လည်မှာရှိသော ပကတိအင်မော်တယ်များနှင့် သူတော်စင်များကိုသာ ခေါ်ဆောင်သွားနိုင်ကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လေဟာနယ်ကို ဆုတ်ဖြဲပြီး ဤနေရာကနေ ထွက်ပြေးဖို့ပြင်လိုက်ကြသည်။

သို့သော်လည်း ထိုစဥ်မှာပင် တည်ဆောက်သူသစ်ပင်ကနေ ကြီးမားသော အစိမ်းရောင်ရောင်လျှံစက်ဝန်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင် ကီလိုမီတာငါးဆယ်ကို လျင်မြန်စွာလွှမ်းခြုံသွားလေသည်။

အင်မော်တယ်ဘုရင်များ ချိုးဖျက်လိုက်သောလေဟာနယ်များက အစိမ်းရောင်ရောင်လျှံစက်ဝန်း၏ အုပ်မိုးမှုအောက်မှာ ချက်ချင်ပင် ပြန်လည်ကောင်းမွန်လာပြီး အာကာသဥမင်များကလည်း ပျောက်ကွယ်သွားလေသည်။

လေဟာနယ်က သူ့ဘာသာသူ ကုသ၍ အာကာသဥမင်များက ပျောက်ကွယ်ကာ မဟာနယ်မြေနှစ်ခုမှ ကျင့်ကြံသူများက ရပ်လျက်သားကျန်ရစ်ခဲ့ကြသည်။

ဟာ...

အင်မော်တယ်ဘုရင်များက ပင့်သက်ကိုရှိုက်ပြီး တိတ်တဆိတ်ထိတ်လန့်သွားကြသည်။

တည်ဆောက်သူသစ်ပင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

ဤနတ်ဘုရားသစ်ပင်က သူတို့အားလုံးကို ဤနေရာမှာထိန်းထားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်တော့မှာလား။

အစကတော့ သိုင်းတာအိုပင်မခန္ဓာသည် ချက်ချင်းထွက်ခွာသွားနိုင်ခဲ့သည်။ သို့သော်လည်း သူက တည်ဆောက်သူသစ်ပင်ထံကနေဖြာထွက်လာသည့် အစိမ်းရောင်ရောင်လျှံစက်ဝန်းကို တွေ့မြင်သောအခါ ရုတ်တရက်ရပ်တန့်သွားသည်။

အခြားသူများ၏ ကြောက်ရွံမှု​နှင့် စိုးရိမ်ထိတ်လန့်မှုတို့နှင့်မတူဘဲ...။

သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ရောင်လျှံစက်ဝန်းကိုကြည့်ကာ တစ်စုံတစ်ရာကို တွေးမိသွားပုံရသည်။ စဥ်းစားတွေးတောရင်း သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်များက ကခုန်လာခဲ့သည်။

ဖြောင်း...

သစ်ကိုင်းတစ်ကိုင်းက လွင့်ပျံကျဆင်းလာပြီး လေဟာနယ်ကို ရူးသွပ်စွာဆုတ်ဖြဲကာ တည်ဆောက်သူသစ်ပင်တောင်ကြောရိုးပေါ်သို့ ပစ်ရိုက်ချလိုက်သည်။

တောင်ကြောရိုးက ပြိုကျသွားလေသည်။

တောင်ကြောရိုးပေါ်မှာရှိသော ပကတိအင်မော်တယ်များနှင့် သူတော်စင်များစွာသည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ တည်ဆောက်သူသစ်ပင်၏ သစ်ကိုင်းရိုက်ချက်ဖြင့် သေဆုံးသွားကြသည်။ သူတို့၏ အမြုတေစိတ်ဝိညာဥ်များနှင့် ဝိညာဥ်များကပင် ဖျက်ဆီးခံလိုက်ရသည်။

တည်ဆောက်သူသစ်ပင်ပေါ်မှ တုတ်ခိုင်သောသစ်ကိုင်းပေါင်းထောင်ချီကတော့ သူတို့က မြောက်တက်လာခဲ့ပြီဖြစ်ပြီး အချိန်မရွေးဆင်းသက်လာဖို့ အဆင်သင့်ဖြစ်နေသည်။

ထိုအချိန်ကျလျှင် များစွာသောပကတိအင်မော်တယ်များနှင့် သူတော်စင်များကို မပြောနှင့် တည်ဆောက်သူသစ်ပင်တောင်ကြောရိုးကပင်လျှင် ဖျက်ဆီးခံရနိုင်သည်။

အင်မော်တယ်ဘုရင်ပညာရှင်များကသာ သူတို့၏ လှုပ်ရှားမှုနည်းစနစ်များ၏ အကူအညီနှင့်အတူ တည်ဆောက်သူသစ်ပင်၏ တိုက်ခိုက်မှုကနေ ရှောင်လွှဲနိုင်ပေလိမ့်မည်။

အခြားလူတိုင်းကတော့ ဤနေရာမှာ သေရပေတော့မည်။

မဟာနယ်မြေနှစ်ခုမှ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများသည် ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ စုဝေးရောက်ရှိ​နေကြသည်။

မဟာနယ်မြေနှစ်ခုမှ ပကတိအင်မော်တယ်များနှင့် သူတော်စင်များက ဤနေရာမှာသေဆုံးရမည်ဆိုလျှင် ထိုအရာသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေအတွက် ပြန်လည်အဖတ်မဆယ်နိုင်သည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်လာပေလိမ့်မည်။

လက်ရှိအခြေအနေသည် အင်မော်တယ်ဘုရင်များ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာခဲ့ပြီဖြစ်သည်။

ယခု... တည်ဆောက်သူသစ်ပင်သည် ကြိုတင်၍နိုးထလာပြီး အင်မော်တယ်ဘုရင်များအားလုံးသည် သူတို့ကိုယ်သူတို့သာကာကွယ်ကာ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်ကြသည်။

သူတို့ထဲ မည်သူကမှ သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ဂရုမစိုက်နိုင်တော့ပေ။

ထိုစဥ်မှာပင် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေရှိရာဘက်ကနေ တားဆီးမရနိုင်သောစွမ်းပကားတစ်ခုက ရောက်ရှိလာပြီး တည်ဆောက်သူသစ်ပင်ကို လွှမ်းခြုံသွားသည်။

အခြားတစ်ဘက် သုခဘုံသန့်စင်ကုန်းမြေရှိရာဘက်ကနေ...။

တဖျတ်ဖျတ်တလက်လက်နှင့် ဂမ္ဘီရရွှေရောင်အလင်းက တိမ်စိုင်အလွှာများကို ဖြတ်ကျော်ပြီး မိုးကောင်းကင်ကိုဆုတ်ဖြဲကာ ဖြန်းပက်ကျဆင်း၍ တည်ဆောက်သူသစ်ပင်ပတ်လည်မှ အစိမ်းရောင်ရောင်လျှံစက်ဝန်းကို ပျက်ပြယ်သွားစေလေသည်။

All Chapters