← Chapters

အတိုင်းအရှည်ကိုစဉ်းစားခြင်း

Vol. 175 Ch. 2625

အတိုင်းအရှည်ကိုစဉ်းစားခြင်း

Vol. 175 Ch. 2625

ဆူဇီမိုသည် ကောင်းကင်အရှင်ဆဗြဟ္မ၏ အစစ်အမှန်သရုပ်သကန်ကို လောလောဆယ်မှာ ထုတ်ဖော်ပြောဆိုဖို့ စိတ်ကူးမရှိတော့ပေ။

တစ်ဘက်မှာ အဲဒါသည် ဧကရာဇ်ပိုရွှင်း၏ သတိပေးချက်ကြောင့်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ဤဖြစ်ရပ်အပြီး၌ သုခဘုံသန့်စင်ကုန်းမြေတင်မကဘဲ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေရှိ ကျင့်ကြံသူများ၏ နှလုံးသားများထဲမှာပင် ကောင်းကင်အရှင်ဆဗြဟ္မသည် အလွန်တရာထင်မြင်ချက်ကောင်းသော ဂုဏ်သတင်းတစ်ခုကို ရရှိလာခဲ့ပြီဖြစ်သည်။

ဆူဇီမိုသည် ယခုအချိန်မှာရှေ့သို့ထွက်ပြီး ကောင်းကင်အရှင်ဆဗြဟ္မသည် ဧကရာဇ်ပိုရွှင်းဖြစ်သည်ဟု အမှန်တရားကို ထုတ်ဖော်ပြောဆိုမည်ဆိုလျှင် သူ့အတွက် ရလဒ်တစ်ခုသာလျှင် ရှိလာပေလိမ့်မည်။

သူသည် ယုတ်ညံ့သောရည်ရွယ်ချက်များနှင့် ငမိုက်သားတစ်ယောက်အဖြစ် ပြုမူဆက်ဆံခံရပေလိမ့်မည်။

တကယ်ဆို သူသည် မိစ္ဆာမဟာနယ်မြေမှ သူလျှိုတစ်ယောက်ဖြစ်ပြီး ကောင်းကင်အရှင်ဆဗြဟ္မကို စွပ်စွဲပြောဆိုရန် ဤနေရာသို့ ရောက်ရှိလာကာ မဟာနယ်မြေနှစ်ခုကြား သွေးခွဲခြင်းဖြစ်နေသည်ဟုပင် မရေမတွက်နိုင်သောလူများက သူ့ကို သံသယဝင် စွပ်စွဲလာကြပေလိမ့်မည်။

ကောင်းကင်အရှင်ဆဗြဟ္မက ကိုယ်တိုင်လှုပ်ရှားမှု မပြုလုပ်လျှင်တောင် မရေမတွက်နိုင်သော မျက်ကန်းယုံကြည်သူများက ရှေ့သို့ထွက်ကာ သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲကြပေလိမ့်မည်။

အခြားသူများအတွက် သူ့ကိုယ်သူစွန့်လွှတ်အနစ်နာခံခဲ့သော ဗုဒ္ဓကျောင်းတော်များ၏ မေတ္တာတရားကြီးမားသည့် ဧကရာဇ်ကို သူ့လိုမျိုး အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ထံမှ စကားလုံးများကြောင့် ဘယ်သူက သံသယဝင်ကြမှာလဲ။

အင်မော်တယ်များနှင့် ကိုယ်တော်များစွာ ဝန်းရံထားသည့် ကောင်းကင်အရှင်ဆဗြဟ္မကိုကြည့်ရင်း ဆူဇီမိုသည် သူ၏ ရင်ထဲမှာ အေးစက်မှုကို ခံစားလာရသည်။

ကောင်းကင်ဘုံကမ္ဘာ၏ အခြေအနေသည် ပို၍ပင် ဖရိုဖရဲဖြစ်လာနေပြီး နောက်ပိုင်းဘာတွေဖြစ်လာမည်ကို မည်သူကမှ မသိရပေ။

တကယ်တော့ ဆူဇီမိုကို စိတ်သက်သာရာရစေသည့်အရာမှာ ဧကရာဇ်ပိုရွှင်းတွင် ပြိုင်ဘက်များ မရှိနေခြင်း မဟုတ်ပေ။

သည်ဘက်မျိုးဆက်မှာ ဧကရာဇ်ပိုရွှင်းတစ်ယောက်တည်းကသာ ပြန်လည်ပေါ်ထွက်လာခြင်းမဟုတ်ပေ။ သူ့ထက်ပင် သက်တမ်းပိုရင့်သော မိစ္ဆာဧကရာဇ်တစ်ပါးကလည်း ပြန်လည်ပေါ်ထွက်လာပြီး ယခုအခါ မိစ္ဆာမဟာနယ်မြေမှာ အုပ်စိုးနေသည်။

ဧကရာဇ်ပိုရွှင်းက သုခဘုံသန့်စင်ကုန်းမြေမှာ ကောင်းကောင်းမွှေနှောက်နိုင်မည်ဆိုလျှင်တောင် သူသည် အလွန်ဆုံး ထိုမဟာနယ်မြေကိုသာ သိမ်းပိုက်နိုင်ပေလိမ့်မည်။

သူသည် မိစ္ဆာမဟာနယ်မြေကို ပြန်လည်ထိန်းချုပ်လိုသည်ဆိုလျှင် သူသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးနှင့် သေချာပေါက်ရင်ဆိုင်ရပေလိမ့်မည်။

ထိုအချိန်ကျလျှင် မိစ္ဆာဧကရာဇ်နှစ်ပါးကြားမှာ တိုက်ပွဲတစ်ခုက သေချာပေါက်ဖြစ်ပွားလာပေလိမ့်မည်။

အဲဒါက နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်စေသောရလဒ်ဖြစ်လာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

တစ်ဘက်က ရှုံးနိမ့်သွားမည်ဆိုလျှင်တောင် တစ်ဘက်ကကြီးမားသော ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ရပေလိမ့်မည်။ ဤသည်က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေအတွက် ကောင်းမွန်သောအခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သည်။

ထိုအချိန်ကျလျှင် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေသည် ကျန်ရစ်ခဲ့သော မိစ္ဆာဧကရာဇ်ကို ဖိနှိမ်ဖို့အတွက် သူတို့၏ ခွန်အားကိုပင် အသုံးချ​ကာ ကစဥ့်ကလျားအခြေအနေကို တည်ငြိမ်စေနိုင်မည်ဖြစ်သည်။

“စောစောက အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ”

ထိုစဉ်မှာပင် ဒေါသချောင်းချောင်းထွက်နေသော အော်ဟစ်သံတစ်သံက ထွက်ပေါ်လာပြီး သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းပကားတစ်ခုက မဟာနယ်မြေနှစ်ခုမှ အင်မော်တယ်များနှင့် ကိုယ်တော်များကို လွှမ်းခြုံကာ သူတို့ကို ရင်တလှပ်လှပ်ခံစားလာရစေသည်။

ဤသည်က ဧကရာဇ်တစ်ပါး၏ အမျက်ဒေါသဖြစ်သည်။

ဆူဇီမိုသည် အသံထွက်ပေါ်လာရာဘက်ကိုကြည့်ပြီး သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုနေသည့် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်ကို တွေ့မြင်လိုက်ရသည်။ သူ၏ အကြည့်က အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများကို ဖြတ်သန်းသွားပြီး အေးစက်စွာမေးလိုက်သည်။

“ညတာရှည်က သေသွားပြီ... ချင်စဲရောပဲ ဒါတောင် မင်းတို့တွေက ဘယ်သူ့ကိုမှ မတွေ့မြင်ခဲ့ရဘူးလား... မင်းတို့အားလုံး မျက်စိကန်းနေကြတာလား”

အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများသည် သူတို့၏ ခေါင်းများကိုငုံ့ပြီး ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။

သူတို့အားလုံးသည် အင်မော်တယ်ဘုရင်များအဖြစ် ကြည်ညိုလေးစားခံရပြီး သူတို့ထဲမှများစွာက အန္တိမအင်မော်တယ်ဘုရင်များဖြစ်သော်လည်း သူတို့သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ရှေ့မှာ နာခံစွာ ဦးညွှတ်ရလေသည်။

သူတို့သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ဆူပူအော်ငေါက်မှုမှာ ခွန်းတုံ့ပြန်ရဲခြင်းပင် မရှိပေ။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။

မင်းသားချင်စဲကလည်း သေဆုံးသွားပြီဖြစ်သည်။

ချင်စဲသည် သိုင်းတာအိုပင်မခန္ဓာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး သူ၏ ခန္ဓာကိုယ်က ပျက်စီးသွားသော်လည်း သူ့မှာ အမြုတေစိတ်ဝိညာဉ်တစ်ခု ကျန်ရစ်ခဲ့ဆဲဖြစ်ပြီး အဲဒါကို အင်မော်တယ်ဘုရင်ညတာရှည်က ကာကွယ်ပေးထားခဲ့သည်။

နက်ရှိုင်းသောလေဟာနယ်ထဲမှာ ပုန်းကွယ်နေသည့် လျှို့ဝှက်ဆန်းကြယ်သောပညာရှင်သည် အင်မော်တယ်ဘုရင် ညတာရှည်ကိုသာမက ဧကရာဇ်၏သား ချင်စဲကိုပင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

အစကတော့ အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်ရောက်ရှိလာခြင်းမှာ အန္တိမအင်မော်တယ်ဘုရင်တစ်ပါး၏ သေဆုံးမှုကြောင့်ဖြစ်သည်ဟု ဆူဇီမိုက မှတ်ယူခဲ့သည်။

ကြည့်ရသည်မှာ အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်သည် သူချစ်ခင်မြတ်နိုးရသောသား သေဆုံးမှုကြောင့် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခြင်း ဖြစ်နိုင်လေသည်။

တကယ်တော့ အဲဒီမှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော ပညာရှင်သည် အင်မော်တယ်ဘုရင်ညတာရှည်နှင့် မင်းသားချင်စဲကိုသတ်ဖြတ်ရင်း မဟာသူတော်စင်ကျောက်စိမ်းကျမ်းကိုပါ ယူသွားခြင်းဖြစ်လောက်သည်။

“မဟာသူတော်စင်ကျောက်စိမ်းကျမ်းက မင်းတို့တွေထဲ ဘယ်သူ့ဆီမှာလဲ”

ထိုစဥ်မှာပင် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်က အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများကို စိုက်ကြည့်ပြီး မကောင်းဆိုးဝါးဆန်ဆန်လေသံဖြင့် အေးစက်စွာမေးလိုက်သည်။

အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများက ထိတ်လန့်သွားပြီး သူတို့၏ ခေါင်းများကို အလောတကြီး ခါယမ်းပြလိုက်ကြသည်။

ဤကိစ္စက သေးငယ်သောကိစ္စမဟုတ်ဘဲ သူတို့က ဝတ်ကျေတန်းကျေမပြုမူရဲပေ။

အင်မော်တယ်ဘုရင်ချင်းယန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“အင်မော်တယ်ဧကရာဇ်... ချင်စဲက မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ကြောင့် အရင်ဆုံးဒဏ်ရာရရှိပြီး သူ့ရဲ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့တယ်... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ကပဲ မဟာသူတော်စင်ကျောက်စိမ်းကျမ်းနဲ့အတူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်”

“တာအိုရောင်းရင်းညတာရှင်က ချင်စဲရဲ့ အမြုတေစိတ်ဝိညာဥ်နဲ့ မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို ယူပြီး သူတို့ကို ကာကွယ်ပေးထားခဲ့တယ်”

“အခု... တာအိုရောင်းရင်းညတာရှည်နဲ့ ချင်စဲက သေဆုံးသွားပြီဆိုတော့ မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့လူက လုယူသွားတာဖြစ်လောက်တယ်”

အင်မော်တယ်ဘုရင်ချီဖျင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက်ပြောလိုက်သည်။

“အင်မော်တယ်ဧကရာဇ်... အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူ ထုတ်ဖော်ခဲ့တဲ့နည်းလမ်းတွေက ကြည့်ရတာ...”

သူကစကားပြောချင်သော်လည်း ရပ်တန့်လိုက်သည်။

“ပြောလေ...”

အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်ကင်က အော်ငေါက်လိုက်သည်။

“အဲဒါက စုန်းမျိုးနွယ်က နည်းလမ်းတွေနဲ့တူနေတယ်”

အင်မော်တယ်ဘုရင်ချီဖျင်က ပြောလိုက်သည်။

အင်မော်တယ်ဘုရင်ချင်းယန်ကလည်း ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီအချိန်တုန်းက လေဟာနယ်ရဲ့ အနက်ပိုင်းထဲမှာ မသတီစရာအစိမ်းရောင်အလင်းတစ်ခုက တာအိုရောင်းရင်းညတာရှည်ရဲ့ နှာရောင်ထဲကို ဝင်ရောက်သွားတယ်... အဲဒါက သူ့ကိုသတ်ပစ်လိုက်တာပဲ”

“စုန်းမျိုးနွယ်လား”

အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင် သုန်မှုန်နေသောအမူအရာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်သ​ည်။

ဤကိစ္စသည် ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက်မှ ပညာရှင်များနှင့်ပတ်သက်နေသည်ဆိုလျှင် အဲဒါကိုကိုင်တွယ်ဖို့က တကယ်ပင်ခက်ခဲလာပေလိမ့်မည်။

သူသည် အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများထံမှ စကားလုံးတချို့မျှနှင့် စုန်းကမ္ဘာသို့ သွားရောက်ပြီး လက်သည်တရားခံကို ထုတ်ပေးခိုင်းဖို့က​ ဖြစ်နိုင်ပါ့မလား။

အဲဒါကို စုန်းမျိုးနွယ်မှပညာရှင်တစ်ဦး တကယ်ပဲပြုလုပ်ခဲ့သည်ဆိုလျှင်တောင် လက်သည်တရားခံက ရူးမိုက်စွာဖြင့် အဲဒါကို ဝန်ခံစရာအကြောင်းမရှိပေ။

အကြီးမားဆုံးဖြစ်နိုင်ခြေမှာ ဤကိစ္စကို ဒီတိုင်းသာ ထားရပေတော့မည်။

ထိုသို့အတွေးဖြင့် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်က မချင့်မရဲခံစားလာရသည်။

သူသည် အင်မော်တယ်ဘုရင်ညတာရှည်သေဆုံးမှုအတွက် သနားဂရုဏာသက်မှုကိုသာ ခံစားရရုံဖြစ်သည်။

သို့သော်လည်း ချင်စဲ၏ အရွယ်မတိုင်ခင် သေဆုံးမှုနှင့် မဟာသူတော်စင်ကျောက်စိမ်းကျမ်း၏ ဆုံးရှုံးမှုက သူ့ကို ဒေါသချောင်းချောင်းထွက်စေလေသည်။

အင်မော်တယ်ဘုရင်ချင်းယန်နှင့် အခြားသူများကလည်း ဤကိစ္စ၏ ဖြစ်နိုင်ခြေရှိသောရလဒ်ကို ပြောနိုင်ကြသည်။ ထိုသို့ဖြင့် ယခုအချိန်မှာ အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်၏ ရင်ထဲရှိ မကျေမချမ်းမှုကို သူတို့က ခံစားမိနိုင်ကြသည်။

ဇင်ဆရာဟွေ့ဝမ်က မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်သည်။

“ကျုပ်အထင်တော့ ဒီကိစ္စရဲ့ လက်သည်တရားခံက မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ပဲ”

သုခဘုံသန့်စင်ကုန်းမြေ၏ အန္တိမသူတော်စင်ရှစ်ဝူနန်သည် သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်များသည် သိုင်းတာအိုပင်မခန္ဓာကို မုန်းတီးနေကြပြီဖြစ်သည်။

စုန်းမျိုးနွယ်နှင့်ပတ်သက်၍ သူတို့ပြုလုပ်နိုင်တာ ဘာမှမရှိဘူးဆိုမှတော့ သူတို့သည် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်၏ အမျက်ဒေါသကို မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ပေါ်သို့ လွှဲအပ်ပုံချရပေလိမ့်မည်။

ဇင်ဆရာဟွေ့ဝမ်က ပြောလိုက်သည်။

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲမှာ မွှေနှောက်ဖျက်ဆီးဖို့အတွက် ရောက်မလာခဲ့ဘူးဆိုလျှင် သူက မိတ်ဆွေလေးချင်စဲကို ဒဏ်ရာအပြင်းအထန်ရရှိစေပြီး တာအိုရောင်ရင်းညတာရှည်နောက်ကို လိုက်လံဖမ်းဆီးတာ မရှိခဲ့ဘူးဆိုရင် သူတို့နှစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်ခံရပြီး သေသွားခဲ့ရမှာမဟုတ်ဘူး”

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်…”

အင်မော်တယ်ဘုရင်မဟာမိုးကောင်းကင်က သူ၏ မျက်ခုံးကို အနည်းငယ်မှေးကျဥ်းပြီး တီးတိုးရေရွတ်လိုက်၏။

နောက်ခဏ၌ သူက ပြောလိုက်သည်။

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်မှာ ငရဲဖိနှိမ်မီးဖိုရှိနေတာပဲ... သူက အဝီစိမှာပုန်းကွယ်နိုင်တယ်... ငါ့ရဲ့အစွမ်းအစနဲ့တောင် ငါက သူ့ကိုဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ဇင်ဆရာဟွေ့ဝမ်က အလောတကြီး ထပ်မံ၍ ပြောဆိုလိုက်သည်။

“အထီးကျန်သိုင်းသခင်က ပုန်းကွယ်နိုင်ပေမယ့် သူ့ရဲ့ထျန်ဟွမ်ဂိုဏ်းက မိစ္ဆာမဟာနယ်မြေမှာရှိနေသေးတာပဲ... ကျုပ်တို့ကဘာလို့...”

ဇင်ဆရာဟွေ့ဝမ်ပြောသည့်အဓိပ္ပါယ်က ရှင်းလေသည်။ သူသည် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်ကို မိစ္ဆာမဟာနယ်မြေမှ ထျန်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပစ်စေလိုခြင်းဖြစ်သည်။

သို့သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် ဗုဒ္ဓအာလုတ်စကားတစ်ခုက ကြားဖြတ်ဝင်ရောက်လာသည်။

“အော်မီထောဖော”

ကောင်းကင်အရှင်ဆဗြဟ္မသည် သူ၏ ခေါင်းကို ညင်သာစွာခါပြီး တောက်လောက်ပြင်းပြသောအကြည့်နှင့်အတူ ဇင်ဆရာဟွေ့ဝမ်ကို ကြည့်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ဟွေ့ဝမ်... မင်းရဲ့သတ်ဖြတ်လိုစိတ်က အရမ်းကိုပြင်းထန်နေတယ်... မင်းက အချိန်မီနိုးထမလာနိုင်ဘူးဆိုရင် မင်းက မိစ္ဆာတစ်ဦးအဖြစ်ပြောင်းလဲသွားမယ့် အန္တရာယ်ရှိနေပြီ”

ဇင်ဆရာဟွေ့ဝမ်က ဆတ်ခနဲတုန်ယင်သွားသည်။

ကောင်းကင်အရှင်ဆဗြဟ္မ၏ အကြည့်သည် သူ၏ အတွေးအကြံများအားလုံးကို ဖတ်မိနိုင်သည့်အလား ဉာဏ်ပညာကြီးမားသည့်ပုံပေါ်နေသည်။

ကောင်းကင်အရှင်ဆဗြဟ္မ၏ အကြည့်အောက်မှာ သူ၏ အတွေးအကြံများအားလုံးက ပေါ်ထွက်လာပုံရသည်။

ဇင်ဆရာဟွေ့ဝမ်သည် ကောင်းကင်အရှင်ဆဗြဟ္မ၏ အကြည့်မှာ ကောင်းကောင်းချွေးပြန်လာခဲ့သည်။ သူက သူ၏ ခေါင်းကို အလောတကြီးငုံ့ပြီး ပြောလိုက်သည်။

“အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကောင်းကင်အရှင်ဆဗြဟ္မ... ကျုပ်အမှားကိုကျုပ် အခုနားလည်ပါပြီ”

“ကောင်းတယ်”

ကောင်းကင်အရှင်ဆဗြဟ္မက ညင်သာစွာခေါင်းညိတ်လိုက်သည်။

“မင်းက ဗုဒ္ဓတစ်ပါးဖြစ်လာဖို့နဲ့ မိစ္ဆာတစ်ဦးဖြစ်လာဖို့ကြား ကွာခြားချက်က အတွေးတစ်ချက်ပေါ်မှာသာ ရှိနေတယ်ဆိုတာ မှတ်ထားရမယ်... မင်းက မင်းရဲ့နှလုံးသားကို ကောင်းကောင်းကာကွယ်စောင့်ရှောက်ပါ.. မိစ္ဆာတာအိုမှာ ကျဆင်းမသွားစေနဲ့”

ဇင်ဆရာဟွေ့ဝမ်က ထပ်တလဲလဲ သဘောတူထောက်ခံလိုက်သည်။

ကောင်းကင်အရှင်ဆဗြဟ္မသည် အင်မော်တယ်ဧကရာဇ်မဟာမိုးကောင်းကင်ကို လှည့်ကြည့်ပြီး ညင်သာစွာခေါင်း​ညိတ်ပြလိုက်သည်။

“ဒကာ... ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပြီး ကျုပ်ပြောတာကို နားထောင်ပါဦး”

“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်က အဝီစိမှာပုန်းကွယ်နေတယ်ဆိုပေမဲ့ ဧကရာဇ်ပိုရွှင်းက ထျန်ဟွမ်ဂိုဏ်းမှာ ပုန်းလျှိုးနေမလား ကျုပ်တို့မသိရဘူး”

“နောက်ပြီး မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးကလည်း မိစ္ဆာမဟာနယ်မြေမှာကြီးစိုးနေပြီ... ဒကာ ခင်ဗျားက ထျန်ဟွမ်ဂိုဏ်းကို သွားရောက်ပြီး မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက ခင်ဗျားကို သတိထားမိသွားမယ်ဆိုရင် ခင်ဗျားအနေနဲ့ မထိမခိုက်လွတ်မြောက်အောင်ပြန်ထွက်လာဖို့က ခက်ခဲလိမ့်မယ်”

“ကျုပ်တို့တွေက ဒီကိစ္စရဲ့အတိုင်းအရှည်ကို စဥ်းစားကြရဦးမယ်။”

All Chapters