← Chapters

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး

Vol. 175 Ch. 2612

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး

Vol. 175 Ch. 2612

ဓားအင်မော်တယ်ယွဲ့ဟွားက အလွန်တရာလွဲမှားစွာ ခံစားနေရသည်။

ရှစ်ဝူနန်၊ ကျိုးဝူချန်နှင့် အခြားသူများ၏ တိုက်တွန်းလှုံ့ဆော်မှုအောက်မှာ တည်ဆောက်သူသစ်ပင်အောက်ရှိ ကျင့်ကြံသူထက်ဝက်​ကျော်က သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ခဲ့ကြသည်။

တစ်ချိန်လုံးတိုက်ခိုက်မှုမရှိခဲ့သော ကျင့်ကြံသူများက အနည်းအကျဥ်းသာရှိပြီး သူက သူတို့ထဲမှတစ်ယောက်ဖြစ်သည်။

ယွင်ကျူးနှင့် မိုချင်က သိုင်းတာအိုပင်မခန္ဓာနှင့် သိရှိထားပြီး တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။

အန္တိမပကတိအင်မော်တယ်အနေဖြင့် ကျွင်းယုသည် အခြားသူများနှင့် ပူးပေါင်းတိုက်ခိုက်ရသည်ကို ရှက်ရွံ့ပြီး လှုပ်ရှားခဲ့ခြင်း မရှိပေ။

ဓားအင်မော်တယ်ယွဲ့ဟွား မတိုက်ခိုက်ခဲ့သည့်အကြောင်းအရင်းက ရိုးရှင်းလေသည်။

ကြီးမားသောကပ်ဘေးတစ်ခုက သူ့ထံသို့ ဆင်းသက်လာတော့မည်ဟု သူ၏ ဆဋ္ဌမမြောက်အာရုံက သူ့ကိုပြောနေသောကြောင့်ဖြစ်သည်။

ဒါ့အပြင် ဘာမှန်းမသိရသော အကြောင်းအရင်းတချို့ကြောင့် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် သူ့အပေါ်မှာ လှုပ်ရှားမှုပြုလုပ်လာတော့မည်ဟု သူကခံစားနေရသည်။

ထို့ကြောင့်ပင် ဓားအင်မော်တယ်ယွဲ့ဟွားမတိုက်ခိုက်ခဲ့ခြင်းမှာ သူပြုလုပ်လိုက်သော တစ်စုံတစ်ရာသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်ပေးသလိုဖြစ်သွားမည်ကို သူက စိုးရိမ်နေသောကြောင့်ဖြစ်သည်။

သို့သော်လည်း သူက သူ့ကိုယ်သူချုပ်ထိန်းထားပြီး မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကို မတိုက်ခိုက်ခဲ့သော်လည်း သူက ထိုသူနှင့်ရန်ငြိုးရန်စမရှိတာတောင် နောက်ဆုံးမှာ ပစ်မှတ်ထားခံရဦးမည်ဟု သူကထင်မှတ်မထားခဲ့ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက စဥ်းစားရခက်နေပြီး မကျေမချမ်းနှင့် စိတ်ထိခိုက်ခံစားနေရသည်။ စောစောက အထီးကျန်သိုင်းသခင်သည် သူ၏ မိစ္ဆာသဘာဝကို ထုတ်ဖော်ခဲ့ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ် အင်မော်တယ်ဘုရင်များပင်လျှင် သူ့လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြသည်။

သူ့လိုမျိုး ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ပေါ်မှ အဆင့်-၉ တစ်ယောက်က ဘာများလုပ်နိုင်မှာလဲ။

အထီးကျန်သိုင်းသခင်သည် လက်ချောင်းတစ်ချောင်းနှင့်ပင် သူ့ကိုဖိခြေနိုင်လောက်လေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ခုခံဖို့အတွက် ဆက်လက်၍စိတ်အာရုံမရတော့ပေ။ သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တည်ဆောက်သူသစ်ပင်တောင်ထွတ်ရှိရာဘက်သို့ လှည့်ထွ​က်ပြေးကာ အကူအညီလှမ်းအော်တောင်းလိုက်သည်။

“ထွက်ပြေးချင်တာလား”

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်ပြီး ဖျတ်ခနဲဆိုသူက အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် ဓားအင်မော်တယ်ယွဲ့ဟွားရှိရာသို့ ပြေးလိုက်သွားသည်။

သူ​ဖြတ်သွားရာနေရာတိုင်း မည်သူကမှ သူ့ကို မတားဆီးရဲကြပေ။

ထိုစဥ်မှာပင် သူ့ရှေ့မှာ ပုံရိပ်တစ်ခု ဖျတ်ခနဲရောက်ရှိလာသည်။ ထိုပုံရိပ်က သူ၏ ကျောပေါ်မှာ အလွန်တရာ ​ကျယ်ပြောသော ကြယ်တာရာကောင်းကင်တစ်ခုကို တင်ဆောင်လာသည့်အလား လျှို့ဝှက်ဆန်းကြယ်နေသည်။

အန္တိမပကတိအင်မော်တယ် ကျွင်းယုက ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

သူမသည် အထီးကျန်သိုင်းသခင်ကို ကိုင်တွယ်ဖို့အတွက် အခြားသူများနှင့် မပူးပေါင်းလိုခဲ့ပေ။ ယခုအချိန်မှာ သူမတစ်ယောက်တည်းကသာ ရှေ့သို့ထွက်ရဲပြီး သိုင်းတာအိုပင်မခန္ဓာ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလာခဲ့သည်။

ထိုသည်ကိုတွေ့မြင်သောအခါ မိုချင်က ထိတ်လန့်သွားပြီး ကျွင်းယု၏ အသက်အန္တရာယ်ကို စိုးရိမ်လာခဲ့သည်။

မည်သို့ပင်ဆိုစေ သူမ၏ ထင်မြင်ချက်အရ အထီးကျန်သိုင်းသခင်သည် သူ၏ ပြု​မူလှုပ်ရှားမှုတိုင်းမှာ အကြောက်အလန့်ကင်းမဲ့လေသည်။ သူသည် မိစ္ဆာမဟာနယ်မြေကနေလာပြီး တိုက်ခိုက်ရာမှာ ပြတ်သားမှုရှိသည်။ သူ၏ လမ်းမှာ ပိတ်ရပ်ခဲ့သော အင်မော်တယ်ဘုရင်များပင်လျှင် သူ၏ ဖိနှိမ်ခြင်းခံခဲ့ရသည်ဆိုပါက ကျွင်းယုက ဘာများလုပ်နိုင်ဦးမှာလဲ။

“မပူပါနဲ့”

ထိုစဥ်မှာပင် ယွင်ကျူး၏ အသံက တည်ကြည်ခိုင်မာစွာဖြင့် မိုချင်၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။

“ကျွင်းယု ဘာမှဖြစ်မှာမဟုတ်ဘူး”

ယွင်ကျူးက သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို သိရှိထားသည်။ ထို့ကြောင့်ပင် သိုင်းတာအိုပင်မခန္ဓာက ကျွင်းယုကို ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်း သူမက သေချာပြောနိုင်ခြင်းဖြစ်သည်။

ကျွင်းယုက သူ၏ လမ်းကို ပိတ်ဆို့တားဆီးလာသောအခါ သိုင်းတာအိုပင်မခန္ဓာက ခဏမျှရပ်တန့်ပြီး မှင်သေသေဖြင့် ပြောလိုက်သည်။

“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး”

သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်ပြီဖြစ်သည်။

သူ၏ ယခင်တိုက်ခိုက်မှုများနှင့်မတူဘဲ ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဖွတ်ဖွတ်ညက်ညက်ကြေစေသော ထိုးချက်တစ်ချက်ကို မထုတ်ဖော်ခဲ့ပေ။

ထိုအစား သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး လက်ညှိုးဓားတစ်လက်ကိုသာစုဖွဲ့ကာ ကျွင်းယု၏ နှာရောင်ရှိရာသို့ ပစ်ထိုးလိုက်၏။

လက်ညှိုးဓားက ရောက်ရှိမလာခင်မှာပင် ကျွင်းယုသည် သူမ၏ နှာရောင်မှ စူးရှသောနာကျင်မှုတစ်ခု ခံစားလာရသည်။

“သူက တကယ့်ကို အရမ်းသန်မာတာပဲ”

ကျွင်းယုက သူမဘာသာသူမတွေးလိုက်သည်။

အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်ရချိန်မှာ သူမသည် ထိန်ချန်မထားရဲပေ။ သူမက လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ညင်သာစွာထိုးညွှန်ကာ အော်ပြောလိုက်သည်။

“ကြယ်တာရာအကျဥ်းထောင်”

ကျွင်းယုသည် ထိန်ချန်ထားခြင်းမရှိဘဲ ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

စွမ်းအားကြီးမား၍ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ချက်ချင်းပင် ဆင်းသက်ရောက်ရှိလာသည်။

လေဟာနယ်ထဲမှာရှိသော အရာရာတိုင်းက မလှုပ်ရှားနိုင်တော့ဘဲ အချိန်စီးဆင်းမှုကိုပင် အာရုံမခံနိုင်တော့ပေ။ သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာရှိသော လေဟာနယ်က ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားပုံရလေသည်။

သို့သော်လည်း သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ကနေ ခရမ်းရောင် ရောင်လျှံစက်ဝန်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာသည်။ ၎င်းက မရေမတွက်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော​မှော်စာလုံးများဖြင့်တောက်ပနေပြီး သိုင်းတာအိုပင်မခန္ဓာက ကြယ်တာရာအကျဥ်းထောင်ကနေ ချက်ချင်းပင် ရုန်းထွက်လာနိုင်ခဲ့သည်။

အတိအကျဆိုရလျှင် သူက ရုန်းထွက်နိုင်ခြင်းပင် မဟုတ်ပေ။

ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် သိုင်းတာအိုပင်မခန္ဓာအပေါ် များစွာသက်ရောက်စေခဲ့ခြင်းမရှိပေ။

အခြေအနေတစ်ရပ်လုံးက စစ်တုရင်ကစားပွဲတစ်ခုနှင့်တူနေသည်။

ကျွင်းယုသည် ရွှေ့ကွက်တစ်ကွက်အပြီးမှာ အရေးနိမ့်သွားရသည်။

သိုင်းတာအိုပင်မခန္ဓာက ကျွင်းယုရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ၏ လက်ညှိုးဓားကို သူမ၏ နှာရောင်အထက်မှာ ရစ်ဝဲကာ သတ်ဖြတ်လိုစိတ်နှင့်အတူ ဓားချီကို အချိန်မရွေးပစ်ထုတ်ဖို့ အဆင်သင့်ဖြစ်နေသည်။

ဖျတ်ခနဲဆို ကျွင်းယုက သူမ၏ နောက်ဘက်သို့ ထောင့်ဖြတ်ရွေ့လျားလိုက်သည်။ သူမ၏ လှုပ်ရှားမှုနည်းစနစ်က ထူးဆန်းပြီး အလွန်တရာလျှို့ဝှက်ဆန်းကြယ်နေ၏။

နတ်မိမယ်လင်းလုံ၏ နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများ။

နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများက အလျင်အဟုန်ကို အလေးပေးထားခြင်းမဟုတ်ပေ။ သို့သော်လည်း တိုက်ပွဲတစ်ခုမှာ သူမသည် သေစေနိုင်သည့်အခြေအနေများကနေ မကြာခဏရှင်သန်နိုင်ခဲ့ပြီး ဟာကွက်သစ်များကို ရှာတွေ့နိုင်ခဲ့သည်။

ကျွင်းယုသည် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်ပြီး လောလောဆယ်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် အကွာအဝေးတစ်ခုခြားပြီးမှ ထပ်မံ၍အစီအစဥ်ချဖို့ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ကျွင်းယုက ဘေးတစ်ဘက်သို့ ရှောင်တိမ်းလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည့်အလား သူမနောက်သို့ ရွေ့လျားလိုက်ပါလာသည်။

သူတို့နှစ်ယောက်သည် တူညီလုနီးပါးပုံစံဖြင့် တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ပြီး သူတို့ကြားမှာ မည်သည့်အကြားအလပ်မှ ရှိမလာခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ လက်ညှိုးဓားက ကျွင်းယု၏ နှာရောင်ထက်မှာ ရစ်ဝဲနေဆဲဖြစ်ပြီး ကျွင်းယုက ရင်တစ်ချက်ထိတ်သွားကာ နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို ထပ်မံ၍အလောတကြီး ထုတ်ဖော်လိုက်သည်။

သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ လိုက်လံတိုက်ခိုက်မှုကနေ ရုန်းထွက်လိုသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အရိပ်တစ်ခုပမာ သူမနောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာခဲ့သည်။

“အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ”

ကျွင်းယုက ထိတ်လန့်သွားသည်။

အထီးကျန်သိုင်းသခင်က နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းတွေကို ဖြေရှင်းပြီး သူတို့ကိုတောင် ထုတ်ဖော်နိုင်တာလား။

“မင်းက ငါ့ပြိုင်ဘ​က်မဟုတ်ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ”

သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် အလေးပေး၍ ​ဖိပြောလိုက်သည်။ ဖျတ်ခနဲဆို သူက ဓားအင်မော်တယ်ယွဲ့ဟွားရှိရာသို့ ပြေးလိုက်သွားသည်။

“မသွားနဲ့... ရလဒ်က အခုချိန်ထိမထွက်ပေါ်သေး...”

ကျွင်းယုက ရှေ့သို့ခြေတစ်လှမ်းယူပြီး သိုင်းတာအိုပင်မခန္ဓာကို တားဆီးလိုသည်။

သို့သော်လည်း သူမ၏ နှာရောင်မှ နွေးထွေးသောအငွေ့အသက်တစ်ခုစီးဆင်းလာသည်ကို သူမက ရုတ်တရက် ခံစားမိလိုက်သည်။

ကျွင်းယုက သူမ၏ နဖူးကို အလိုလိုလှမ်းစမ်းပြီး သူမ၏ လက်က သွေးများဖြင့် ပေကျံသွားသည်။

သူမ၏ နှာရောင်က ထိုးဖောက်ခံထားရသည်။

တစ်နည်းအားဖြင့်ဆိုသော် စောစောက အထီးကျန်သိုင်းသခင်သည် သူ၏ လက်ညှိုးဓားကို ရှေ့သို့တစ်လက်မ တိုးခဲ့ပါက သူမ၏ အမြုတေစိတ်ဝိညာဥ်က ထိုးဖောက်ခံခဲ့ရပေလိမ့်မည်။

သို့သော်လည်း ထင်တိုင်းကျဲသောင်းကျန်းနေပြီဖြစ်သော အထီးကျန်သိုင်းသခင်က သူမကိုဘာ့ကြောင့်မသတ်ဖြတ်ခဲ့တာလဲ။

အထီးကျန်သိုင်းသခင်သည် သူမကို ကွဲပြားစွာ ပြုမူဆက်ဆံနေပုံရသည်ကို ကျွင်းယုက ခပ်ရေးရေးအာရုံခံမိနိုင်သည်။

အနည်းဆုံးတော့ သူသည် လွန်ကဲစွာ ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို မထုတ်ဖော်ခဲ့ပေ။ ထိုအစား သူက ခွန်အားကို ထိန်ချန်ထားသည်။

ရုတ်တရက် ကျွင်းယုသည် ကူကယ်ရာမဲ့သော ခံစားချက်တစ်ခုကိုရရှိလာသည်။

သူတို့ကြားကွာဟချက်က အရမ်းကိုကြီးမားနေသည်။

မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်၏ ရှေ့မှာ သူမ၏ တိုက်ပွဲဝင်စိတ်ဝိညာဥ်ကပင် ဆိုးဆိုးဝါးဝါးဖိနှိမ်ခံရပြီး သူမက သူမ၏ ခေါင်းကိုပင် ကောင်းကောင်းမမော့နိုင်တော့ပေ။

အနည်းငယ်ကြန့်ကြာခဲ့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အလွန်တရာမြန်ဆန်လေသည်။ ဓားအင်မော်တယ်ယွဲ့ဟွားက တည်ဆောက်သူသစ်ပင်တောင်ကြောရိုးပေါ်သို့ ရောက်ရှိတော့မည့်ဆဲဆဲမှာပင် သူက ထိုသူကို လိုက်မီလာခဲ့သည်။

ဝှစ်...

မည်သည့်စကားမှမဆိုဘဲ သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ပစ်ထိုးလိုက်သည်။

ရုတ်တရက်ဆိုသလို...။

ဓားအင်မော်တယ်ယွဲ့ဟွား၏ဘေး ​လေဟာနယ်မှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး ဆံပင်များဖြူဖွေးနေသော အဖိုးအိုတစ်ဦးက ရုတ်တရက်ပေါ်ထွက်လာသည်။ သူက သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး အော်ပြောလိုက်သည်။

“မိစ္ဆာ... ငါတို့တက္ကသိုလ်က တပည့်တစ်ယောက်ကို မင်းဘယ်လိုတောင်တိုက်ခိုက်ရဲတာလဲ”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ မဟာအကြီးအကဲက ဆင်းသက်ရောက်ရှိလာခဲ့၏။

တက္ကသိုလ်၏ မဟာအကြီးအကဲက အသက်ကြီးနေပြီဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူ့မှာ ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုရှိပြီး သူက အန္တိမအင်မော်တယ်ဘုရင်တစ်ဦးဖြစ်သည်။

သာမန်အင်မော်တယ်ဘုရင်များက သိုင်းတာအိုပင်မခန္ဓာကို လုံးဝမတားဆီးနိုင်သည်ကို သူတွေ့မြင်သောအခါ တက္ကသိုလ်၏ မဟာအကြီးအကဲက ဒီတိုင်းကြည့်မနေနိုင်တော့ဘဲ ကိုယ်တိုင်ပေါ်ထွက်လာရသည်။

မည်သို့ပင်ဆိုစေ ဓားအင်မော်တယ်ယွဲ့ဟွားသည် တက္ကသိုလ်၏ နံပါတ်တစ်အမွေခံတပည့်ဖြစ်ပြီး သူတို့က သူ့ကိုအဆုံးရှုံးမခံနိုင်ပေ။

တက္ကသိုလ်၏ မဟာအကြီးအကဲက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ရင်း သူ၏ အနည်းငယ်ပိန်လှီနေသော လက်ဖဝါးကိုဆန့်ထုတ်ကာ လက်သီးတစ်လုံးအဖြစ်ဆုပ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့် ပစ်တိုက်သွားစေသည်။

ဘုန်း...

လက်သီးနှစ်လုံးက ခပ်ထိုင်းထိုင်းအသံတစ်သံဖြင့် ထိတွေ့ရိုက်ခတ်သွားသည်။

မည်သူကမှ နောက်ကို ခြေတစ်လှမ်းမဆုတ်ကြပေ။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံထဲတွင် အေးစက်စက်အလင်းတစ်ခုဖျတ်ခနဲလက်သွားပြီး သူက တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်ရှိရာသို့ အသည်းအသန်ထွက်ပြေးနေသော ဓားအင်မော်တယ်ယွဲ့ဟွားကို ကြည့်နေသည်။

သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို အသက်သွင်းပြီး သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို လှည့်ပတ်ကာ ဓားအင်မော်တယ်ယွဲ့ဟွားရှိရာသို့ အဝေးကနေ ထိုးညွှန်လိုက်သည်။

“ထာဝရပျက်သုဥ်းခြင်း”

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာသည် တိုက်ပွဲတစ်ခုမှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အသုံးပြုခဲလေသည်။

သူက ထိုအတတ်များကို မကျွမ်းကျင်သောကြောင့်မဟုတ်ဘဲ အချိန်အများစုမှာ ထိုသို့ပြုလုပ်ဖို့ မလိုအပ်သောကြောင့်ဖြစ်သည်။

သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက သူ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာနှင့် ပေါင်းစည်းထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်နေသည်။ ထိုသည်က လူတိုင်းကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ဖြူဖပ်ဖြူရော်အမူအရာနှင့် သူ၏ နှလုံးသားထဲရှိ စိတ်ပျက်အားငယ်မှုနှင့်အတူ လှည့်ကြည့်လိုက်၏။

သူ၏ ခွန်အားအရ သူသည် ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို လုံးဝမခုခံနိုင်ပေ။

ဒါ့အပြင် ထာဝရပျက်သုဥ်းခြင်းသည် သတ်ဖြတ်ခြင်းစွမ်းအားမှာ ကြယ်တာရာအကျဥ်းထောင်ထက်ပင် များစွာပိုမိုကြောက်စရာကောင်းလေသည်။

တက္ကသိုလ်၏ မဟာအကြီးအကဲက သိုင်းတာအိုပင်မခန္ဓာကို တားဆီးထားရပြီး လောလောဆယ်မှာ သူ့ကိုယ်သူ နှစ်ကိုယ်ခွဲမထုတ်နိုင်ပေ။

သူသည် သူ၏ ဝတ်ရုံစကိုသာ ဝေ့ယမ်းပြီး စွမ်းအားကြီးမားသောလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ကာ ထာဝရပျက်သုဥ်းခြင်းရှိရာသို့ ပစ်ဝင်သွားစေသည်။

All Chapters