← Chapters

အပြစ်ဒဏ်

Vol. 175 Ch. 2613

အပြစ်ဒဏ်

Vol. 175 Ch. 2613

ထာဝရပျက်သုဥ်းခြင်းသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးကနေ ဆင်းသက်လာခဲ့သည်။

အသင်္ချေကောင်းကင်ဘုံကပ်ဘေးများသည် မရေမတွက်နိုင်သော ရှေးဟောင်းမှော်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး အဖျက်စွမ်းအားအော်ရာတစ်ခုကို ထုတ်ဖော်ကာ ကောင်းကင်တစ်ခွင်အုပ်မိုး၍ ဆင်းသက်လာခဲ့သည်။

အဲဒီမှာ ကပ်ဘေးပေါင်းစုံပါဝင်နေပြီး ကပ်ဘေးတစ်ခုချင်းစီက မရေမတွက်နိုင်သော ကပ်ဘေးငယ်များအဖြစ် ဆင့်ကဲပြောင်းလဲကာ ကောင်းကင်ဘုံကပ်ဘေးများ၏ ဆူနာမီလှိုင်းတစ်ခုကဲ့သို့ ဓားအင်မော်တယ်ယွဲ့ဟွားကို ဝါးမျိုရန် တလိပ်လိပ်တိုးဝင်လာကြသည်။

ချက်ချင်းပင် ကမ္ဘာဖျက်မြင်ကွင်းတစ်ခုက ဓားအင်မော်တယ်ယွဲ့ဟွား၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာသည်။

ကောင်းကင်ဘုံကပ်ဘေးများ၏ ဆူနာမီလှိုင်းထဲမှာ ဓားအင်မော်တယ်ယွဲ့ဟွားသည်။ အနည်းငယ်တုန်ယင်နေပြီး မနှိုင်းယှဥ်သာအောင် အရေးမပါအရာမရောက်သည့်ပုံပေါ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစစ်အမှန်အမြုတေ၏ ထက်ရှမှုက အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရပြီဖြစ်သည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ဖိအားဒဏ်ကို တောင့်ခံရင်း သူ၏ မျက်လုံးနှစ်ဖက်က နီရဲလာခဲ့သည်။ သူသည် သူ့မှာရှိသမျှအကုန်ထုတ်ဖော်နေသည့်အလား သူက တာအိုသစ်သီးနှင့် အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး အစစ်အမှန်အမြုတေကို လှည့်ပတ်ကာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။

သို့သော်လည်း သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များသည် ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ ကောင်းကင်ဘုံကပ်ဘေးများ၏ ဆူနာမီလှိုင်းများထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ သူတို့သည် မည်သည့်ဝဲဂယက်မှမဖြစ်စေဘဲ တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့သည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှင့် ကြုံတွေ့ရချိန်မှာ သူ၏ တန်ပြန်တိုက်ခိုက်မှုများအားလုံးက အရာမရောက်တော့ပေ။

ထိုစဥ်မှာပင် တက္ကသိုလ်မှမဟာအကြီးအကဲ၏ လျှို့ဝှက်အတတ်က ဆင်းသက်လာခဲ့ပြီး ကောင်းကင်လွှမ်းခြုံလက်ဖဝါးတစ်ဖက်က ဓားအင်မော်တယ်ယွဲ့ဟွား၏ ဦးခေါင်းထက်မှာပေါ်ပေါက်ကာ တိုးဝင်လာသော ကောင်းကင်ဘုံကပ်ဘေး၏ ဆူနာမီလှိုင်းကို ပင့်ထောက်ထားလိုက်သည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက သန်မာသော်လည်း သိုင်းတာအိုပင်မခန္ဓာမှာ ကျင့်ကြံမှုနယ်ပယ်ကန့်သတ်ချက်ရှိနေပြီး ထာဝရပျက်သုဥ်းခြင်းသည် တက္ကသိုလ်၏ မဟာအကြီးအကဲကဲ့သို့ အန္တိမအင်မော်တယ်ဘုရင်တစ်ပါးကို မထိခိုက်စေနိုင်ပေ။

သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးများ၏ ဆူနာမီလှိုင်းက အဆက်မပြတ် တလိပ်လိပ်တိုးဝင်ပြီး ကောင်းကင်လွှမ်းခြုံလက်ဝါး၏ လက်ချောင်းများကြားကနေဖြတ်ကျော်ကာ ဓားအင်မော်တယ်ယွဲ့ဟွားကို ဆက်လက်၍ခြိမ်းခြောက်လိုနေသည်။

ဟမ့်...

တက္ကသိုလ်၏ မဟာအကြီးအကဲက အေးစက်​စွာနှာတစ်ချက်မှုတ်ပြီး ရုတ်တရက် သူ၏ ကောင်းကင်လွှမ်းခြုံလက်ဖဝါးဆီ ခွန်အားကိုပို့လွှတ်ကာ လက်သီးတစ်လုံးအဖြစ် ဖမ်းဆုပ်လိုက်၏။

ဘုန်း...

ကောင်းကင်ဘုံကပ်ဘေးများ၏ ဆူနာမီလှိုင်းက ရုတ်တရက်ပေါက်ကွဲထွက်ပြီး လေထဲမှာ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

ကောင်းကင်လွှမ်းခြုံလက်ဝါး၏ ဖမ်းဆုပ်မှုမှာ အန္တိမအင်မော်တယ်ဘုရင်တစ်ပါး၏ ကြောက်စရုကောင်းသောစွမ်းအား ပါဝင်နေပြီး ထာဝရပျက်သုဥ်းခြင်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ချက်ချင်းပင် ဖျက်ဆီးလိုက်သည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ကောင်းကင်လွှမ်းခြုံလက်ဝါးနှင့် ထာဝရပျက်သုဥ်းခြင်း၏ ဘေးတည့်တည့်မှာရှိနေသည်။ ထိုစွမ်းအားနှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုတုန်ခါလှိုင်းက တလိပ်လိပ်တိုးဝင်လာပြီး မုန်တိုင်းတစ်ခုအဖြစ် စုဖွဲ့ကာ သူ့ကိုချက်ချင်းပင် လွှမ်းခြုံသွားသည်။

ဓားအင်မော်တယ်ယွဲ့ဟွားက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

ထာဝရပျက်သုဥ်းခြင်းသည် တက္ကသိုလ်၏ မဟာအကြီးအကဲကြောင့် ပျက်စီးသွားသော်လည်း အဲဒီမှာ ကျိုးပဲ့ပျက်စီးသွားသော ကောင်းကင်ဘုံကပ်ဘေးများစွာနှင့် ရှေးဟောင်းမှော်စာလုံးများစွာရှိနေပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ဓမ္မတာအိုကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ဤကဲ့သို့သော ဓမ္မတာအိုတစ်ခုက အင်မော်တယ်ဘုရင်တစ်ပါးကို မခြိမ်းခြောက်နိုင်ပေ။

သို့သော် ဓားအင်မော်တယ်ယွဲ့ဟွားသည် ပကတိအင်မော်တယ်တစ်ဦးသာဖြစ်ပြီး အဲဒါကို လုံးဝမခုခံနိုင်ပေ။

တက္ကသိုလ်၏ မဟာအကြီးအကဲက ထာဝရပျက်သုဥ်းခြင်းကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ မရွေးချယ်ဘဲ အဲဒါကိုတားဆီးထားရုံမျှသာဆိုလျှင် ဓားအင်မော်တယ်ယွဲ့ဟွားသည် ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးကို ရရှိပေလိမ့်မည်။

သို့သော်လည်း တက္ကသိုလ်မှ မဟာအကြီးအကဲသည် ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထိပ်တိုက်ရင်ဆိုင်ဖို့ရွေးချယ်ခဲ့သည်။ တုန်ခါလှိုင်းက ဖြန့်ကြက်သွားပြီး ဓားအင်မော်တယ်ယွဲ့ဟွားအနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ နောက်ကျသွားခဲ့ပြီဖြစ်သည်။

တစ်ခဏချင်းမှာပင် ဓားအင်မော်တယ်ယွဲ့ဟွား၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများစွာပေါ်ထွက်လာခဲ့သည်။ ဒဏ်ရာတချို့က နက်ရှိုင်းလွန်းပြီး သူ၏ အရိုးများကိုပင် တွေ့မြင်နေရကာ ဒဏ်ရာတချို့က တုန်လှုပ်စရာ​ကောင်းသောပုံစံဖြင့် သူ၏ ကိုယ်တွင်းအင်္ဂါများကိုပင် ထွက်ပေါ်လာစေသည်။

ချောက်ချားစရာအကောင်းဆုံးအရာမှာ ဓားအင်မော်တယ်ယွဲ့ဟွား၏ လက်တစ်ဖက်သည် ကောင်းကင်ဘုံကပ်ဘေး၏ ကြေမွနေသောမှော်စာလုံးတချို့ဖြင့် ထိတွေ့မိသွားပြီး သူ၏ လက်က ပိုင်းဖြတ်ခံလိုက်ရသည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် မြေပြင်ပေါ်သို့ကျဆင်းသွားပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်တွန့်လိမ်လှုပ်ရှားကာ စူးစူးဝါးဝါးအော်ဟစ်နေသည်။ သူသည် သွေးများအလိမ်းလိမ်းဖြစ်နေပြီး လူသားတစ်ယောက်နှင့်ပင် ဆက်လက်၍မတူတော့ပေ။

“ဟမ်...”

တက္ကသိုလ်၏ မဟာအကြီးအကဲသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ ဆိုးဆိုးဝါးဝါးအခြေအနေကို တွေ့မြင်ရသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက သူ၏ ကောင်းကင်လိုဏ်ဂူအကြီးကို ပင့်မြှောက်ပြီး သိုင်းတာအိုပင်မခန္ဓာကို တွန်းထုတ်ကာ ဓားအင်မော်တယ်ယွဲ့ဟွား၏ ဘေးသို့ ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။

တက္ကသိုလ်၏ အကြီးအကဲသည် အင်မော်တယ်ဆေးလုံးတချို့ကို ထုတ်ယူ​ပြီး ဓားအင်မော်တယ်ယွဲ့ဟွား၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူက လက်ဟန်ချိပ်စည်းများကို အဆက်မပြတ်လှုပ်ရှားပြီး ကုသရေးလျှို့ဝှက်အတတ်တချို့ကို ထုတ်ဖော်ကာ ဓားအင်မော်တယ်ယွဲ့ဟွားအပေါ် သက်ရောက်စေလိုက်သည်။

“အား.. အား... အရမ်းနာတယ်”

ကုသရေးလျှို့ဝှက်အတတ်တချို့အပြီး၌ ဓားအင်မော်တယ်ယွဲ့ဟွား၏ အော်ဟစ်သံက ပို၍ပင်စူးစူးဝါးဝါးဖြစ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က တွန့်လိမ်ကာ တဆတ်ဆတ်လှုပ်နေပြီး သူ၏ ဒဏ်ရာများက ပြန်လည်သက်သာလာမည့် မည်သည့်လက္ခဏာမှမပြသပေ။

အင်မော်တယ်ဆေးလုံးမှာ သက်ရောက်မှုတချို့ရှိနေသောကြောင့် သို့မဟုတ် ကုသရေးလျှို့ဝှက်အတတ်တချို့ကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဓားအင်​မော်တယ်ယွဲ့ဟွားသည် အသိစိတ်တချို့ကို ပြန်လည်ရရှိလာပုံရပြီး တောင်းပန်တိုးလျှိုးနေသောအမူအရာဖြင့် မဟာအကြီးအကဲကို ကြည့်လိုက်သည်။

“အဲဒါ အရမ်းနာတယ်... မြန်မြန်လုပ်ပါ ကျုပ်ကိုသတ်ပေးပါ... ကျုပ်ကို မြန်မြန်ဆန်ဆန်သေရအောင် သတ်ပေးပါ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ အသံက အနည်းငယ်တုန်ယင်နေသည်။

တောင်ခြေရင်းမှ ဓားအင်မော်တယ်ယွဲ့ဟွားကိုကြည့်ရင်း ကျင့်ကြံသူများသည် သူ၏ ကြောက်စရာ​ကောင်းသော စူးစူးဝါးဝါးငိုယိုအော်ဟစ်သံကိုကြားရသောအခါ သူတို့က ပင့်သက်ကိုရှိုက်ပြီး တုန်လှုပ်သွားကြသည်။

“ထာဝရပျက်သုဥ်းခြင်း... အဲဒါက အရမ်းကိုကြောက်ဖို့ကောင်းတာပဲ”

“သူက အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားနဲ့ ထိခတ်ခံရတာနဲ့ ဘယ်ဒဏ်ရာကိုမှ မကုသနိုင်တော့ဘူး... ဒီပုံစံနဲ့ဆိုရင် ဓားအင်မော်တယ်ယွဲ့ဟွားက သိပ်ကြာကြာခံနိုင်တော့မှာမဟုတ်ဘူး... သူက ဒဏ်ရာတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး သေသွားရလိမ့်မယ်”

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ မဟာဓားအင်မော်တယ်သုံးပါးထဲကတစ်ပါး... ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ရဲ့ အဆင့်-၉... သူက ဒီနေ့မှာ ဒီလိုမျိုး အ​ခြေအနေနဲ့ အဆုံးသတ်ရတော့မယ်ဆိုတော့...”

အင်မော်တယ်များနှင့် ကိုယ်တော်များက ထိုသည်ကိုတွေ့မြင်သောအခါ စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာကြသည်။

အစကတော့ လူတိုင်းသည် သိုင်းတာအိုပင်မခန္ဓာက ထိုးချက်တစ်ချက်နှင့်အတူ ရှစ်ဝူနန်နှင့် အခြားသူများကို သတ်ဖြတ်လိုက်စဥ် သူတို့က သနားဂရုဏာသက်မှုကို ခံစားနေခဲ့ရသည်။

သို့သော်ယခု... ဓားအင်မော်တယ်ယွဲ့ဟွားနှင့်နှိုင်းယှဥ်လျှင် ရှစ်ဝူနန်နှင့် အခြားသူများသည် မည်သည့်နာကျင်မှုမရှိဘဲ သေဆုံးသွားရသည်မှာ ကံကောင်းလှသည်ဟု ဆိုရပေမည်။

နောက်ထပ်လူတစ်ယောက်က သက်ပြင်းချလိုက်သည်။

“သူသာ စောစောက ကြိုသိမယ်ဆိုရင် ဓားအင်မော်တယ်ယွဲ့ဟွားက ထွက်ပြေးခဲ့မှာ မဟုတ်လောက်ဘူး... သူက ဒီလိုမျိုးနာကျင်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံစားနေမယ့်အစား အထီးကျန်သိုင်းသခင်ရဲ့ တစ်ခါတည်းသတ်ဖြတ်တာကိုခံရဖို့ ရွေးချယ်မိမှာပဲ”

မိုချင်သည် ဓားအင်မော်တယ်ယွဲ့ဟွားကို မနှစ်မြို့တော့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူမသည် သူ့ကို ဤကဲ့သို့သော ဆိုးဆိုးဝါးဝါးပုံစံနှင့် တွေ့မြင်ရသောအခါ ညင်သာစွာသက်ပြင်းချပြီး သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။

ဓားအင်မော်တယ်ယွဲ့ဟွားသည် တစ်ခါက သူမရှေ့မှာ ပြောဆိုခဲ့ဖူးသည်။

“အထီးကျန်သိုင်းသခင်က ငါ့ရှေ့မှာပေါ်ထွက်လာရဲမယ်ဆိုရင် ငါက ခုတ်ချက်တစ်ချက်နဲ့ သူ့မျက်နှာကို လှီးဖြတ်ပြီး သူ့ရဲ့ဒဏ္ဍာရီကို ဖျက်ဆီးပစ်မယ်”

ထိုစကားလုံးများကို မနေ့တစ်နေ့ကမှ ပြောခဲ့သည်ဟုထင်ရသည်။

သူမက ထိုမြင်ကွင်းကို ပြန်လည်အမှတ်ရချိန်မှာ အဲဒါက အနည်းငယ် ကြောင်တိကြောင်တောင်နိုင်နေသည်။ အရင်တုန်းက ဓားအင်မော်တယ်ယွဲ့ဟွားကိုယ်တိုင်ပင်လျှင် သူသည် တစ်နေ့မှာ အထီးကျန်သိုင်းသခင်နှင့် အမှန်တကယ်ကြုံတွေ့ရပြီး ဤကဲ့သို့သောအခြေအနေနှင့် အဆုံးသတ်ရလိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။

လက်ရှိကျင့်ကြံသူများစွာရှိနေသော်လည်း ယွင်ကျူးကလွဲလျှင် အထီးကျန်သိုင်းသခင်က ဓားအင်မော်တယ်ယွဲ့ဟွားကို ဘာ့ကြောင့်ပစ်မှတ်ထားသလဲ အခြားသူများက မသိရှိလောက်ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားသည် ဆူဇီမိုကို ထပ်တလဲလဲပစ်မှတ်ထားခဲ့ပြီး သူ့ကိုသတ်ဖြတ်ပစ်ဖို့အတွက် အပြင်လူများနှင်ပြင် ပူးပေါင်းကာကြိုးပမ်းခဲ့လေသည်။

သူသည် ဓားအင်မော်တယ်ယွဲ့ဟွားကို တိုက်ရိုက်သတ်ဖြတ်လိုက်မည်ဆိုလျှင် အဲဒါက ထိုသူကို သနားညှာတာလွန်းရာကျနေပေလိမ့်မည်။

သူ့ကိုအပြစ်ပေးဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ သူ့ကိုနာကျင်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများနှင့်အတူ သေဆုံးသွားရစေ​ဖို့ဖြစ်သည်။

အစိမ်းရောင်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဘက်မှာ...။

လင်းလောက သွေးများအလိမ်းလိမ်းနှင့် စူးစူးဝါးဝါး အော်ဟစ်နေသော ဓားအင်မော်တယ်ယွဲ့ဟွားကို ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

“အမေ... ထာဝရပျက်သုဥ်းခြင်းကို ချေဖျက်ဖို့အတွက် နည်းလမ်းမရှိဘူးလား”

လင်းလောက မေးလိုက်သည်။

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“ရှိတာပေါ့... ဒါပေမဲ့ ယွဲ့ဟွားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ရဲ့ လျှို့ဝှက်ချက်ကို နားလည်ဆင်ခြင်ပြီး အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်မလာသရွေ့ အဲဒါက အရမ်းကိုခက်ခဲတယ်”

“သူ့ရဲ့လက်ရှိအခြေအနေအရဆို သူက ကောင်းကင်လိုဏ်သူနယ်ပယ်ကို တက်လှမ်းဖို့နေနေသာ အသက်ရှင်ဖို့တောင် မလွယ်တော့ဘူး”

လင်းလောက ထပ်မံ၍မေးလိုက်သည်။

“ထာဝရပျက်သုဥ်းခြင်းက ဘာပဲပြောပြော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုပဲကို အင်မော်တယ်ဘုရင်တွေက အဲဒါကို တွန်းဖယ်ထုတ်ပြီး မဖိနှိမ်နိုင်ဘူးလား”

“ဒါပေါ့... ငါတို့လုပ်နိုင်တာပေါ့”

အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်သည်။

“ဒီမှာရှိနေတဲ့ ဘယ်အင်မော်တယ်ဘုရင်မဆို သူတို့ရဲ့ ကောင်းကင်လိုဏ်ဂူကိုဆင့်ခေါ်လိုက်တာနဲ့ ထာဝရပျက်သုဥ်းခြင်းကို ဖယ်ထုတ်ပစ်နိုင်တယ်”

“ဒါပေမဲ့... တစ်ချိန်တည်းမှာပဲ ယွဲ့ဟွားက ကောင်းကင်လိုဏ်ဂူရဲ့စွမ်းအားကို ခံနိုင်ရည်မရှိဘဲ ဖိခြေသတ်ဖြတ်ခံရလိမ့်မယ်”

ထာဝရပျက်သုဥ်းခြင်း၏ ဓမ္မတာအိုသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတစ်ခုချင်းစီနှင့် ပေါင်းစည်းနေခဲ့ပြီဖြစ်သည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးချင်သည်ဆိုလျှင်တောင် ၎င်းသည် ထာဝရပျက်သုဥ်းခြင်း၏ စွမ်းအားဖြင့် ထိခတ်ခြင်းခံရပေလိမ့်မည်။

သူ့ထံမှ ထာဝရပျက်သုဥ်းခြင်းကို ဖယ်ထုတ်ခြင်းသည် သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် သူ၏ အမြုတေစိတ်ဝိညာဥ်ကပင် ဖိခြေခံရပြီး​ ကြေမွပျက်စီးသွားလိမ့်မည်ဟု အဓိပ္ပါယ်ရလေသည်။

ခဏမျှရပ်တန့်ပြီးနောက် အင်မော်တယ်ဘုရင်မလင်းလုံက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဒါပေမဲ့... အဲဒါက လုံးဝမရတာတော့ မဟုတ်ဘူး.... အဆုံးမဲ့အသက်ဓာတ်ကို စုဖွဲ့ထားတဲ့ ကောင်းကင်လိုဏ်ဂူနဲ့ အင်မော်တယ်ဘုရင်တစ်ပါးရှိမယ်ဆိုရင် သူက ထာဝရပျက်သုဥ်းခြင်းကို ချေဖျက်ပြီး သူ့အသက်ကို ကယ်တင်နိုင်ကောင်းကယ်တင်ပေးနိုင်လိမ့်မယ်”

“ဒါပေမဲ့... အဲလိုမျိုး အင်မော်တယ်ဘုရင်တွေက အရမ်းကိုရှားပါးတယ်... အနည်းဆုံးတော့ငါက ကောင်းကင်ဘုံကမ္ဘာမှာ အဲလိုမျိုးကောင်းကင်လိုဏ်ဂူတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်ဘုရင်တစ်ပါးကို မကြားဖူးဘူး။”

All Chapters