Chapter 4
Vol. 1 Ch. 4
ဒီတစ်ခေါက် ထန်းမီ [Sweet Dream ချိုမြိန်မြိန် အိမ်မက်] သို့ လာသည့် အခါမှာတော့ သူမ၏ စိတ်အခြေအနေများ လုံးဝမတူညီတော့သလို ခံစားလိုက်ရသည်။
သူမ သွက်လက်ပေါ့ပါးစွာ စားသောက်ဆိုင်ထဲသို့ ဝင်လိုက်ချိန်တွင် ဆိုင်အပြင်အဆင် အနည်းငယ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရ၏။ ပန်းကန်ခွက်ယောက်များ လဲထားပြီး စားပွဲခင်းများကိုလည်း အဝါနုရောင်လေးအား ပြောင်းလဲထားလေသည်။ ထို့အပြင် နူးညံ့ပြီးခပ်မှိန်မှိန် အလင်းရောင်အောက်တွင် "ချိုမြိန်မြိန် အိမ်မက်" ဟူသော စာလုံးများအား စီတန်းထားပေ၏။
စားသောက်ဆိုင် မန်နေဂျာ၏ ရုံးခန်းထဲတွင် ထန်းမီ စာချုပ်အားဖတ်နေရင်း မန်နေဂျာ ပြောပြနေသည်များအား နားထောင်နေသည်ပင်။
"စမ်းသပ်ကာလ ၃လ ရှိပါတယ်။ မင်းကောင်းကောင်းအလုပ်လုပ်ရင် အမြဲတမ်းဝန်ထမ်းအဖြစ် ရာထူးတိုးခံရမယ်။ မုန့်ဖုတ်ဆရာရဲ့ အလုပ်ချိန်ကတော့ မနက်၁၀နာရီကနေ ညနေ၇ နာရီထိပါ။ အလုပ်များတဲ့နေ့ဆို အဲဒီထက်နောက်ကျလိမ့်မယ်။ လတိုင်းရဲ့ ဒုတိယမြောက် တနင်္လာနေ့က မင်းရဲ့မပြောင်းလဲတဲ့ နားရက်ပဲ ကျန်တဲ့ အချိန်တွေကတော့ မင်းရဲ့နားချိန်က မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလှည့်ကျဖြစ်လိမ့်မယ်။ မေးစရာရှိသေးလား။"
ထန်းမီ ခေါင်းယမ်းကာ-
"မရှိပါဘူး"
'ဒီ လစာနဲ့ဆိုရင် ဘာမှမေးစရာကို မလိုတော့တာ'
"တခြား အဆင်မပြေတာမရှိရင် ဒီမှာလက်မှတ်ထိုးပေးပါနော်။ စားသောက်ဆိုင်က နောက်အပတ်မှာလုပ်ငန်းစပါမယ်။ မင်းကိုယ်တိုင် အလုပ်နဲ့ အရောတဝင်ဖြစ်ပြီး ဘယ်လိုကိုင်တွယ်ရမလဲ။ သိဖို့ ဒီနေ့က စလုပ်လို့ရပြီ။"
"ဟုတ်ကဲ့ပါ"
ထန်းမီ ဘောပင်ကိုင်ကာ သူမနာမည်ဖြင့် နံဂါးပျံနေသလို၊ ဖီးနစ်ငှက်ကနေသလို လက်မှတ်မျိုးအား ကောက်ထိုးလိုက်တော့၏။
စားသောက်ဆိုင်မန်နေဂျာသည် စာချုပ်အား စစ်ဆေးလိုက်ပြီးနောက် ဘာအခက်အခဲမှ မရှိသောကြောင့် ဝမ်းသာနေလေသည်။
"စားသောက်ဆိုင်ဖွင့်တဲ့အချိန်ကျရင် စေ့စပ်ပွဲအတွက် အော်ဒါမှာထားတာရှိတယ်။ တခြားဌာနတွေက အကုန်ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြမှာဆိုတော့ မင်းပဲ ကိတ်မုန့်အတွက် တာဝန်ယူလိုက်တော့နော်။"
ထန်းမီ ဆွံ့အသွားရတော့သည်။
သူမ စစဝင်ချင်းမှာတင် ဒီလိုကြီးမားတဲ့တာဝန်ကိုပေးအပ်ခံလိုက်ရ၏။
...
"ဘာလဲ မလုပ်နိုင်ဘူးထင်လို့လား?"
"အဲလိုမဟုတ်ပါဘူး။ မင်္ဂလာဆောင်ကိတ်က သာမန်ကိတ်တွေနဲ့ မတူလို့ပါ။ ဒီဇိုင်းကို သတို့သမီးနဲ့ ဆွေးနွေးဖို့လိုပါတယ်"
"အဲဒါကို စိတ်မပူနဲ့ သတို့သမီးက တို့သူငယ်ချင်းပါ။ သူက ငါတို့ရဲ့ဝန်ဆောင်မှုအတွက် တကူးတကလာတာ ကိတ်မုန့်ကိုလည်း သူမဘာသာ ဒီဇိုင်းဆွဲထားတယ်တဲ့ မင်းကလုပ်ပေးရုံပဲ"
ထိုမှသာ ထန်းမီ၏စိတ်ဖိစီးမှုများ ချက်ချင်း တစ်ဝက်လောက် လျှော့ကျသွားတော့သည်။
"အဲလိုဆိုရင်တော့ ဘာပြဿနာမှမရှိတော့ပါဘူး"
စာချုပ်အား အပြီးသတ်ပြီးသည်နှင့် စားသောက်ဆိုင်မန်နေဂျာသည် တခြားဝန်ထမ်းများကိုခေါ်ကာ သူမအား အတိုချုပ် မိတ်ဆက်ပေးလာသည်။
လူတိုင်း လက်ခုပ်ဩဘာတီးကာ ကြိုဆိုခဲ့ကြ၏။ အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လူချောတစ်ယောက်သည် သူမအားပြုံးပြပြီး…
ထန်းမီ ထိုချီးကျူးစကားကြောင့် ရှက်သွေးဖြာကာ- "လူတိုင်းအဲလိုပြောကြပါတယ်"
စားသောက်ဆိုင်မန်နေဂျာသည် ထိုကိုယ်လူချောလေးအား ညွှန်ပြကာ ထန်းမီကို လှမ်းမိတ်ဆက်ပေး၏။
"သူ့နာမည်က ကျန်းရှူ ပြီးတော့ သူက လော်ဘီမန်နေဂျာလေ"
"မင်္ဂလာပါ မန်နေဂျာကျန်း"
ထန်းမီ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်တော့သည်။
ကျန်းရှူ သူမကို ကြည့်ရင်း ပြုံးဖြီးဖြီးရုပ်သည် သူ့မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်လွင်လာ၏။
"မင်း ရုပ်ရည်နဲ့ဆို မီးဖိုချောင်ထဲမှာနေရမှာ နှမြောဖို့ကောင်းလိုက်တာ ငါတို့လော်ဘီကိုပဲ ဝင်လိုက်ပါလား?"
စားဖိုမှူး ကတော့ လက်ခံတဲ့ပုံမပေါ်ပေ။
"ဆိုင်တောင် မဖွင့်သေးဘူး မင်းကငါတို့ရဲ့ လူကို လုနေပြီလားကွ?"
အားလုံး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြသောကြောင့် စားသောက်ဆိုင်မန်နေဂျာသည် သူတို့အား တိတ်တိတ်နေကြရန် အမူအရာလုပ်ပြလိုက်၏။ ထို့နောက် သူမဆက်လက်ပြီး ထန်းမီအား သူတို့နှင့် မိတ်ဆက်ပေးလေတော့သည်။
"သူက စားဖိုမှူး ချန်ဖန်းကျိုး ပြီးတော့ သူမက လော်ဘီကြီးကြပ်သူ ယွီရှောင်ရှောင် "
ထန်းမီ အားလုံးကို တစ်ယောက်ချင်းဆီ မိတ်ဆက်ပြီးနောက်တွင် စားသောက်ဆိုင်မန်နေဂျာက သူမ အား စားသောက်ဆိုင်နှင့် အရောတဝင်ဖြစ်အောင် ကြီးကြပ်သူယွီကို နေရာအနှံ့လိုက်ပြခိုင်းလေ၏။။
ထန်းမီ ကြီးကြပ်သူယွီနှင့်အတူ ခဏလောက် လှည့်ပတ်ကြည့်နေလေသည်။
ထို့နောက် ဘေးမှာဘယ်သူမှ မရှိတော့သည့်အချိန်တွင် ကြီးကြပ်သူယွီ ထန်းမီနားကပ်ကာ မသိမသာလေး ခိုးပြောလိုက်၏။
"ဒါရိုက်တာဟဲ့ရဲ့မျက်နှာကို ကိတ်မုန့်နဲ့ပစ်ပေါက်ခဲ့တဲ့သူက နင်လား?"
ထန်းမီ မျက်မှောင်ကြုတ်မိသွားကာ-
"ဒါရိုက်တာဟဲ့? အဲဒီဝန်ထမ်းရေးရာဒါရိုက်တာရဲ့ မျိုးရိုးနာမည်က'ဟဲ့'လား?"
"ဝန်ထမ်းရေးရာဒါရိုက်တာတွေရဲ့ မျိုးရိုးနာမည်က 'ဟဲ့'ဖြစ်လို့ မရဘူးလား?"
ကြီးကြပ်သူယွီ ချက်ချင်း ခွန်းတုံ့ပြန်လိုက်လျှင်…
"အဲလိုတော့ မဟုတ်....."
"ထားလိုက်ပါ ဒါရိုက်တာဟဲ့က အရေးမကြီးပါဘူး ဘာကအရေးကြီးလဲဆိုရင် စီအီးအိုယွီကိုယ်တိုင် နင့်ကိုလူတွေ့မေးမြန်းခဲ့တာဆို? ငါ့ကို စီအီးအိုယွီ အကြောင်းပြောပြ"
ထန်းမီ : "......"
ဆိုတော့ကာ ကြီးကြပ်သူယွီလည်း စီအီးအိုယွီ၏ရဲ့ပရိသတ်ဖြစ်နေတာပဲ။
"ထွေထွေထူးထူးတော့မရှိပါဘူး သူကျွန်မရဲ့အချိုပွဲတွေကို နည်းနည်းပါးပါးမြည်းကြည့်တယ် ဒါပေမယ့် ဘာမှတ်ချက်မှတော့ မပေးခဲ့ဘူး ဒီအတိုင်းကျွန်မကို အလုပ်တန်းခန့်လိုက်တာ"
ထန်းမီ အမှန်တရားတခုလုံးအား ပြန်ပြောပြလိုက်တော့၏။ အတွေ့အကြုံတစ်ခုလုံးသည် သာမန်မျှပဲဟုသာ သူမခံစားမိသည်။ ထင်သလောက် အံ့ဩစရာရှိနေချေ။
သို့သော် ကြီးကြပ်သူယွီကတော့ ပီတိဖြာနေသောပုံဖြင့်…
"စီအီးအိုယွီသာ ငါလုပ်ထားတဲ့ မုန့်ကို စားမယ်ဆိုရင် ငါနောက်ထပ် ပေါင်ချိန် ၅ကီလိုဂရမ်လောက် ကျသွားလည်း ဖြစ်တယ်"
ထန်းမီ : "....."
'အင်း..သိပ်လောဘမကြီးရှာပါဘူး'
စားသောက်ဆိုင်သည် တရားဝင်မဖွင့်ရသေးတဲ့အတွက် အချိန်ဇယားအားဖြင့် ညနေ၆နာရီမှာလူတိုင်း အလုပ်ဆင်းကြရသည်။ ထန်းမီ အိမ်ပြန်ရောက်တဲ့အချိန် ဖုရှင်းတစ်ယောက် ဧည့်ခန်းထဲရှိ ကြမ်းပြင်ပေါ်တွင် မဂ္ဂဇင်းထိုင်ဖတ်နေသည်ကို တွေ့လိုက်ရ၏။ ထန်းမီရဲ့ခြေသံကိုကြားတော့ သူမ မဂ္ဂဇင်းအား အလျင်အမြန်ပင် ပိတ်ချပစ်လိုက်တော့သည်။
ဖုရှင်း လျင်မြန်စွာ လှုပ်ရှားလိုက်သော်လည်း [မုန့်ဖုတ်ဘုရင်] ဆိုတဲ့ စာလုံးအကြီးကြီးအား ထန်းမီ အမိအရ မြင်လိုက်၏။
ဖုရှင်း မဂ္ဂဇင်းအား ကြမ်းပြင်ပေါ်ပစ်ချကာ ခြေထောက်ဖြင့် ဆိုဖာအောက်ထဲသို့ ရောက်အောင်ကန်လိုက်ပြီး စမ်းတဝါးဝါးဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
ထန်းမီ ခေါင်းညိမ့်ပြကာ- "အင်း တော်တော်ကောင်းပါတယ် လူတိုင်းက ဖော်ရွေကြတယ်"
ဖုရှင်း သူမရဲ့မျက်နှာထား ပုံမှန်ဖြစ်နေတာကို မြင်မှသာ စိတ်အေးပြီး သက်ပြင်းချနိုင်တော့၏။
"အဲဒါဆို ကောင်းတာပေါ့ ကောင်းတယ် ဆိုင်ဖွင့်ရင် ငါလာခဲ့အုန်းမယ်"
"ဆိုင်စဖွင့်တဲ့အချိန်ကျ စေ့စပ်ပွဲတစ်ခုရှိနေမှာ သူတို့ နင့်ကို ဝင်ခွင့်ပေးမှာ မဟုတ်လောက်ဘူး"
ဖုရှင်း : "......"
ကြင်နာတတ်တဲ့ ဖုရှင်းလေး ပြောစရာစကားများ ပျောက်ဆုံးသွားသည်အထိ နာကျင် သွားရတော့သည်။
ထန်းမီ ညစာစားပြီးနောက် သူမ၏အခန်းထဲကို ပြန်လာပြီး သူမအားပေးလိုက်သည့် ကိတ်ဒီဇိုင်းကို လေ့လာနေလေသည်။
ဖုရှင်းသည်လည်း သူမအား သန်းခေါင်ယံချိန် ရောက်သည်အထိ မနှောင့်ယှက်ပေ။ ထန်းမီ အိပ်ပျော်သွားပြီဆိုတာ သေချာတော့မှ ဧည့်ခန်းထဲသို့ ခြေဖျားလေးထောက်ကာ တိတ်တဆိတ် ဝင်လာလိုက်တော့၏။ ဖုန်းမီးကို လမ်းပြအနေဖြင့်သုံး၍ သူမ ဆိုဖာအောက်သို့ကန်ခဲ့သည့် မဂ္ဂဇင်းအား ပြန်ယူရန် ကြိုးစားနေတော့သည်။
သူမ ကြမ်းပြင်ပေါ်မှာဒူးထောက်၍ တံခါးပိတ်ထားသည့် ထန်းမီရဲ့အခန်းကိုကြည့်ရင်း မဂ္ဂဇင်းထဲက စာရွက်အချို့ကို လှန်လှောကာ အောက်ထပ်သို့ ခြေဖျားထောက်၍ ပြန်ဆင်းလာခဲ့၏။
ထန်းမီ တံခါးပိတ်သံကြားကာ မျက်လုံးများပွင့်လာခဲ့လေသည်။ သို့သော် သူမမျက်နှာကျက်အား ခဏစိုက်ကြည့်နေပြီးနောက် ပြန်အိပ်ပျော်သွားပြန်တော့သည်။
ဖုရှင်း မဂ္ဂဇင်းအား အပြင်ဘက်ရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်ကာ အထဲသို့ ပြန်ဝင်လာလိုက်သည်။ အဲဒီမဂ္ဂဇင်းထဲမှာ သူပါမယ်ဆိုတာသိခဲ့ရင် သူမသေရမယ်ဆိုရင်တောင် အဲတာကို လုံးဝ ဝယ်ခဲ့မည်မဟုတ်ပေ။
ဖုရှင်း ထန်းမီ၏အခန်းအား တစ်ချက်အကဲခတ်လိုက်ပြီးနောက် သူမ အခန်းထဲကိုသာ ဝင်သွားလိုက်လေတော့သည်။
နောက်ရက်တွေတွင် ထန်းမီ စားသောက်ဆိုင် မန်နေဂျာပေးထားသည့် ယူနီဖောင်းအဖြူလေးဖြင့် အလုပ်သစ်မှာ ကြိုးစားပမ်းစားလုပ်နေလေသည်။ ထို့ရက်များတွင် အဖြစ်အပျက်များစွာနှင့် အလုပ်များစွာ ပြီးဆုံးသွားခဲ့၏။
ဆိုင်ဖွင့်တဲ့ရက် နေ့ခင်းပိုင်းတွင်မှ စေ့စပ်ပွဲကျင်းပမှာဖြစ်တာကြောင့် သူမဧည့်သည်များကို ဝန်ဆောင်မှုမပေးရသော်လည်း စားသောက်ဆိုင်မန်နေဂျာက တခြားဧည့်သည်များအား လက်ဆောင်ပေးဖို့အတွက် သူမကိုအဆာပြေမုန့်လေး တချို့ပြင်ဆင်ခိုင်းခဲ့သည်။
ထိုမုန့်လေးများသည် လွယ်ကူတယ်လို့ ထင်ရသော်လည်း သူတို့သည် ဧည့်သည်တွေ၏ ဆိုင်အပေါ် ပထမဆုံးထင်မြင်မှုကို လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ထန်းမီ အင်တိုက်အားတိုက်ဖြင့် သေချာလုပ်ပေးခဲ့၏။ သူမ အသဲပုံ မာခရွန်တွေနှင့် အလှဆင်ထားသည့် ကိတ်မုန့်အသေးစားလေးများကိုပါ ပြင်ဆင်ထားလေသည်။
[အသဲပုံမာခရွန်]
[အလှဆင်ထားသည့် ကိတ်အသေးစား]
စားသောက်ဆိုင်ထဲတွင် အားလုံး ဆိုင်ဖွင့်ဖို့အတွက် အင်အားအပြည့်ဖြင့် ပြင်ဆင်နေကြလေသည်။ ထန်းမီကတော့ မင်္ဂလာဆောင်ကိတ်ကိုပြင်ဖို့အတွက် ဆိုင်ကို မနက်အစောကြီး ရောက်လာခဲ့ကာ သတို့သမီးနှင့် တိုင်ပင်ထားသည့် ပြင်ဆင်မှုအသစ်များအားလုံး စုံစုံလင်လင်ပါဝင်အောင် စစ်ဆေးနေ၏။
သူမ၏ကြိုတင်ပြင်ဆင်မှုများ အားလုံးပြီးဆုံးသွားချိန်တွင် ကိတ်မုန့်ကိုစတင်ဖုတ်ခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် လက်ရာပြောင်မြောက်နေခဲ့သည်။ မုန့်ဖိုထဲတွင် သူမတစ်ယောက်တည်း လုပ်နေရသော်လည်း လက်မအားတာမျိုး ခြေမခိုင်တာမျိုး လုံးဝဖြစ်မနေပေ။
စေ့စပ်ပွဲအခမ်းအနားသည် နေ့လည်ခင်းတွင် စတင်ခဲ့လေသည်။ ဝိတ်တာများ သူမလုပ်ထားသည့် ကိတ်မုန့်အား ထုတ်လာသည်ကို တွေ့လိုက်ရမှသာ ထန်းမီ စိတ်သက်သာရာရကာ ပင့်သက်ရိူက်လိုက်မိတော့၏။
သူမ ထောင့်တစ်နေရာတွင် ကြီးကြပ်သူယွီနှင့်အတူရပ်ကာ စကားစမြည်ပြောနေကြသည်။ သတို့သမီး ခန်းမထဲသို့ဝင်လာကာ စင်္ကြံပေါ်သို့လျှောက်လာသည်အား မြင်လိုက်ရချိန်တွင် ထန်းမီ၏မျက်လုံးများ မျက်အိမ်ထဲမှ ထွက်ကျတော့မလိုတောင် ဖြစ်ခဲ့ရတော့သည်။
'တခမ်းတနားကြီး ဝတ်စရာမလိုပေမယ့် အင်္ကျီစနည်းနည်းလေးလောက်နဲ့လည်း အဆင်မပြေဘူးလေ!
ဒီဇိုင်းက ကောင်းတယ်ဆိုတာ ဝန်ခံပေမဲ့လည်း ဒါစေ့စပ်ပွဲလေ သူတောင်းစားဂိုဏ်းမှ မဟုတ်တာ!'
ထိုအချိန်တွင် ကြီးကြပ်သူယွီ သူမအနားအား ကပ်လာကာ-
"နင် “ဓားသုံးစင်း” မဆော့ဖူးဘူးလား? အဲက သူတောင်းစား ဇာတ်ကောင်က ဒီပုံစံအတိုင်းပဲ"
ထန်းမီ : "....."
"ငါ စားသောက်ဆိုင်မန်နေဂျာဆီကကြားတာ သူတို့နှစ်ယောက်က အွန်လိုင်းဂိမ်းမှာတွေ့ခဲ့ကြတာတဲ့ အဲတာကြောင့် သေချာရွေးပြီး ဒီလိုဝတ်စုံမျိုးကို စေ့စပ်ပွဲမှာ ဝတ်ထားတာတဲ့"
"ရှင်တို့ မြို့ကြီးသားတွေ တကယ်ပျော်တတ်ကြတာပဲ"
ကြီးကြပ်သူယွီ : "...."
သတို့သားနှင့်သတို့သမီး စင်ပေါ်တွင် မိန့်ခွန်းပြောကြပြီးနောက် ဝိတ်တာများက ကိတ်မုန့်အား အခန်းထဲသို့ ယူလာ၏။
ထိုကိတ်သည် ပါးလွှာတဲ့ခရင်မ်များဖြင့် ဖုံးအုပ်ထားသော သုံးထပ်မက်ချာ(လက်ဖက်စိမ်း) ကိတ်ပင်။
အထပ်တိုင်း၏အပြင်ပိုင်းအား မတူညီတဲ့သစ်သီးများဖြင့် အလှဆင်ထား၏။ အပေါ်ဆုံးအထပ်သည် အသဲပုံ ကိတ်မုန့်ပွဲဖြစ်ပြီး ထိပ်ဆုံးမှာတော့နူးညံ့တဲ့ မက်ချာအမှုန့်ကိုသုံးကာ လူနှစ်ယောက်၏ အရိပ်ပုံကို ဖန်တီးထားပြီး စတော်ဘယ်ရီသီးများနှင့်လည်း တန်ဆာဆင်ထားလေသည်။
သတို့သမီးသည် အတော်လေး ပျော်နေပုံပင်။ သူမနှင့်သတို့သား ဖဲကြိုးချည်ထားသည့် ဓားအားကောက်ယူကာ ကိတ်မုန့်ကို ခွဲပြီးနောက်တွင် လက်ခုပ်ဩဘာသံများလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။
ပွဲချိန် ပြီးသွားပြီးနောက်တွင် ကြီးကြပ်သူယွီလည်း အလုပ်များလာတော့သည်။ ထန်းမီ ဘေးပတ်လည်ကို တစ်ချက်ကြည့်ရင်း ဧည့်သည်တွေအတွက် နောက်ထပ် အဆာပြေမုန့်လေးများလုပ်ဖို့ မုန့်ဖုတ်ခန်းထဲသို့ ပြန်ဝင်လိုက်တော့၏။
ယွီယိ၏ကား စားသောက်ဆိုင် အပြင်ဘက်တွင် ထိုးရပ်လိုက်ချိန်တွင် ကြီးကြပ်သူယွီတစ်ယောက် ချက်ချင်းမှတ်မိကာ သူမ မုန့်ပန်းကန်ပြားတစ်ချပ်အားကောက်ဆွဲရင်း ကြိုဆိုရန်ဝင်ပေါက်ကို အပြေးလေး သွားလိုက်လေသည်။
"ကြီးကြပ်သူယွီ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ပါ ကျွန်တော်တို့ကို စိုးရိမ်စရာမလိုပါဘူး"
ကြီးကြပ်သူယွီ : "....."
ယွီယိခန်းမထဲအား ဝင်လာသည်နှင့်တပြိုင်နက် ဧည့်သည်တွေအများကြီး၏ အာရုံအား ဖမ်းစားလိုက်တော့သည်။ တချို့ဆို သူတို့စားစရာကိုတောင် ဘေးတွင်ခဏချကာ လိုက်ငေးနေသည်အထိပင်။ လော့ဟောက်ကတော့ ယွီယိရဲ့လက်ထောက်ဖြစ်လာသည့်နေ့ကစပြီး ဒါမျိုးတုံ့ပြန်မှုများနှင့် တစ်ဖြည်းဖြည်း နေသားကျနေပြီဖြစ်သည်။
စားသောက်ဆိုင်မန်နေဂျာ သတို့သမီးနှင့်စကားပြောနေချိန်မှာပဲ ယွီယိဝင်လာသည်အား မြင်လိုက်ရသောကြောင့် သူမယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်၏။
ယွီယိ သတို့သမီးအားကြည့်ကာ-
"ဒီနေ့ ကျွန်တော်တို့ရဲ့ အစားအသောက် ဘယ်လိုနေလဲဗျ?"
သတို့သမီး ယွီယိအား ရွှင်မြူးစွာ ပြုံးပြလိုက်ပြီးနောက်-
"အရမ်းကောင်းတယ်! ဟင်းလျာတိုင်းက တော်တော်လေးကို အရသာရှိတာ အထူးသဖြင့် ကိတ်မုန့်ပေါ့ ကျွန်မ ရှင်တို့ရဲ့မုန့်ဖုတ်ဆရာကို တော်တော် သဘောကျသွားပြီ! သူ့ကို ကျွန်မအိမ်မှာ အထူးသီးသန့် မုန့်ဖုတ်ဆရာအဖြစ် အလုပ်ခန့်လို့ရလား?"
စားသောက်ဆိုင်မန်နေဂျာ ယွီယိကိုယ်စား စကားပြောပေးမယ့်အစား သူမ၏သူငယ်ချင်းကို စနောက်လိုက်တာကြောင့် သတို့သမီးသည် ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။ ယွီယိ သတို့သမီးအတွက် ဆုတောင်းပေးပြီးနောက် လော့ဟောက်ကိုခေါ်ကာ တခြားနေရာများကို လှည့်ပတ်စစ်ဆေးဖို့လုပ်လိုက်၏။
သူခပ်ဝေးဝေးသို့ ရောက်သွားမှသာ သတို့သမီးက စားသောက်ဆိုင် မန်နေဂျာအား တံတောင်ဖြင့် တို့လိုက်ပြီး...
"နင်တို့ စီအီးအိုက အရမ်းချောတာပဲ နင်ဒီနန်းဆောင်ထဲကိုဝင်တာ အချိန်တွေကြာနေပြီလေ လမင်းလေးကို မပိုင်သေးဘူးလား?"
"အမြင့်ဆုံးတောင်ထိပ်ကပန်းကို လူတိုင်းခူးနိုင်တာမှ မဟုတ်ဘဲ.."
"ခုဏက သူ ဘယ်လောက် သွေးအေးလဲ မြင်တယ်မလား? သူသာ လက်ထပ်ပြီးရင်တော့ သေချာပေါက် သူ့မိန်းမကို တော်တော်ချစ်မှာပဲ"
စားသောက်ဆိုင်မန်နေဂျာ ဘာမှပြန်မပြောဘဲ ယွီယိ၏နောက်ကျောကိုသာ သတိလက်လွတ် ငေးကြည့်နေမိတော့သည်။
ယွီယိ နောက်ထပ်ဧည့်သည် စားပွဲဝိုင်းတွေမှာ အစားအသောက်အပေါ် စိတ်ကျေနပ်မှုများကို မေးမြန်းနေ၏။ ဧည့်သည်တိုင်းသည် ကိတ်မုန့်ကိုပဲ ကြေးကြီးကြီး တန်ဖိုးဖြတ်နေကြလေသည်။
လော့ဟောက် ယွီယိအား တစ်ချက်ကြည့်ကာ တခစ်ခစ်ရယ်မောလိုက်၏။
"သူမကို အလုပ်ခန့်လိုက်တာ တော်တော်မှန်သွားတာပဲနော်"
ထန်းမီကတော့ မက်ချာအစိမ်းရောင် ကွတ်ကီးအနှစ်လေးများကို ပန်းပွင့်ပုံစံ ပုံဖော်ကာ ကွတ်ကီးတစ်ခုချင်းဆီအား အိုဗန်ထဲတွင် အတန်းလိုက် သပ်သပ်ရပ်ရပ် နေရာချနေ၏။
ကွတ်ကီးတွေအားလုံးကို နေရာချအပြီး ထန်းမီ ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူမအရှေ့မှာ ရပ်နေသော ယွီယိအား တွေ့လိုက်ရလေလျှင်..။
သူမ မုန့်အိတ်ကို လွှင့်ပစ်မိတော့မလို ဖြစ်တဲ့အထိ ရင်တုန်ပန်းတုန် ဖြစ်သွားရတော့၏။
ယွီယိ သူမကို ခေါင်းညိတ်ပြပြီး အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာလိုက်သည်။
"မင်း အလုပ်မှာ လိုက်နိုင်လား?"
"ဧည့်သည်အားလုံးက ကိတ်မုန့်ကို မှတ်ချက်ကောင်းတွေ ပေးကြတယ် ဆက်ကြိုးထားပါ"
"ကျေးဇူးတင်ပါတယ်! ကျွန်မဆက်ကြိုးစားပါ့မယ်!"
စကားစသည် ထိုမျှတင်ချက်ချင်း ပြတ်တောက်သွားရတော့သည်။ ယွီယိ သူမအား နောက်ထပ်တစ်ခါ ပြန်လှည့်ကြည့်ပြီးနောက် ထွက်သွားဖို့ ပြင်လိုက်လေ၏။ ထန်းမီ သူ၏နောက်ကျောအား ကြည့်ရင်း သရဲတွေ့သလိုပင် အော်လိုက်လေသည်။
"စီအီးအိုယွီ!"
ယွီယိ ရပ်တန့်သွားကာ သူမအား လှည့်ကြည့်လိုက်ပြီး…
"ဘာပြောစရာ ရှိသေးလို့လဲ?"
တကယ်တမ်း သူမတွင် ဘာမှ ပြောစရာမရှိပေ။ သူမ သူ့အားဒီအတိုင်း ခေါ်ချင်ခဲ့တဲ့အတွက်သာ လုပ်မိလိုက်ခြင်းပင်။
...
သူမ၏အကြည့်များ ထောင့်သို့ ဖြတ်သွားချိန်တွင် မက်ချာကိတ်တစ်စိတ်အား လှမ်းမြင်မိလိုက်တာကြောင့် ထန်းမီ၏မျက်လုံးများ တောက်ပသွားကာ-
"ဒါသတို့သမီး ကျွန်မအတွက် ချန်ထားပေးခဲ့တဲ့ ကိတ်မုန့်လေ ရှင်စားကြည့်ချင်လား?"
ယွီယိ ကိတ်မုန့်စိတ်က အားကြည့်ကာ ခံစားချက်မပါသောလေသံဖြင့်-
"ငါ မက်ချာကိတ် မစားဘူး"
.......အယ်။ ထန်းမီ နောက်ထပ် ပန်းကန်ပြားလေးတစ်ချပ်အား ထုတ်လာပြန်သည်။
"ဒါက ဘလူးဘယ်ရီအရသာ မာခရွန်တွေပါ ကျွန်မ ခုဏလေးကမှ လုပ်ပြီးတာ တစ်ခုလောက် စားကြည့်မလား?"
သာမန်မာခရွန် တစ်ခုဆိုရင်တောင် သေးငယ်ပြီး ချစ်စရာကောင်းလှသည်။ သို့သော် အသဲပုံ ဒီဇိုင်းလေးဖော်လိုက်တော့ ပိုလို့တောင် ချစ်စရာကောင်းသွားသလိုပင်။
ယွီယိ လျှောက်လာပြီး မာခရွန်တစ်ခုအား ကောက်ယူကာ သူ့နှုတ်ခမ်းများကြားတွင်ညှပ်၍ ကိုက်ချလိုက်လေသည်။
ထန်းမီ အင်တာဗျူးဖြေသည့်အချိန်ကို ပြန်ရောက်သွားသလိုတောင် ခံစားမိ၏။
"ဘယ်လိုလဲဟင်?"
ယွီယိ မာခရွန်တစ်ခုလုံးကိုဝါးကာ မျိုချလိုက်ပြီးနောက် မှတ်ချက်ပေးလာခဲ့၏။
ထန်းမီ : "......အော်"
သူမ စိတ်ပျက်သွားသည်ကို မြင်လိုက်သည့် လော့ဟောက်တစ်ယောက် မနေနိုင်တော့ဘဲ သူမဆီ တိုးကပ်ကာ တီးတိုးပြောလိုက်တော့သည်။
"လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် စီအီးအိုယွီက အဆင်ပြေတယ်လို့ပြောရင် အဲတာ အရမ်းအရသာရှိတယ်လို့ ဆိုလိုတာ"