လင်းချဲ့က သူ့ကို စိုက်ကြည့်နေတဲ့ ယွိယီကို လှမ်းကြည့်ကာ မေးလိုက်၏။ လင်းချဲ့ : "ကျွန်တော် ထန်မီ နဲ့ ထမင်းတူတူစားနေတုန်း ခင်ဗျ။ စီအီးအိုယွီမှာ ဘာပြသနာရှိလို့လဲ?" ယွိယီ : "ပြသနာကတော့ တကယ်ကို ရှိနေတယ်။ မင်းကို သူမနဲ့ ထမင်းတူတူစားဖို့ ဘယ်သူ ခွင့်ပြုတာလဲ?" လင်းချဲ့က အဓိပ္ပါယ်မရှိတဲ့ အမေးစကားကြောင့် လှောင်ပြောင်လိုက်ရင်း " ယွီကျစ်က ဝန်ထမ်းတွေက ဘယ်သူနဲ့ ထမင်းတူတူစားမယ်ပါ စီအီးအိုဆီက ခွင့်ပြုချက် အရင်တောင်းရတာလား? " လင်းချဲ့ကို ကြည့်နေသော ယွိယီက အပြုံးကြီးကြီးတစ်ခုကို ပြုံးပြလိုက်လေသည်။ "ယွီကျစ်ဝန်ထမ်းတွေကတော့ မလိုပါဘူး။ မစ်ယွီကတော့ လိုတယ်" ===== အချစ်ဇာတ်လမ်းဆိုပေမဲ့ နဖူးစာရွာလည်လို့ တွေ့ကြရတဲ့ဇာတ်လမ်းမျိုးလို့ ဆိုချင်ပါတယ်။ ချန်ကော်ပိုရေးရှင်း စားသောက်ဆိုင်ရဲ့ စီအီးအို ယွိယီမှာ မီချယ်လင်းစားဖိုမှူးထက် သာလွန်တဲ့ စားတော်ဆက် ရှိပါတယ်။ ဒါပေမဲ့ ကံဇာတ်ဆရာအလိုကျ ထန်မီဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံမိခဲ့တယ်။ အကောင်းတကာ့ အကောင်းဆုံးတွေကိုသာ မြည်းစမ်းခဲ့တဲ့ ယွိယီတစ်ယောက် ထန်မီရဲ့လက်ရာမှာ ကျဆုံးသွားခဲ့ရာမှာတော့...။

