Chapter 5
Vol. 1 Ch. 5
ယွီယိနှင့် လော့ဟောက်တို့ စားသောက်ဆိုင်ကနေ ပြန်သွားခဲ့ကြသည်အထိ ထန်းမီ သူမကိုယ်သူမ အတိုင်းအဆမရှိ ပီတိဖြာနေဆဲပင်။
ထိုအချိန် ကြီးကြပ်သူယွီ တစ်ယောက် သူမအနားသို့ သရဲလိုပေါ်လာခဲ့ပြီး…
"စီအီးအိုယွီ ဘာပြောသွားတာလဲ?"
"သူကျွန်မရဲ့ကိတ်မုန့်ကို ကောင်းတယ်ဆိုပြီး ချီးကျူးသွားတယ်"
ကြီးကြပ်သူယွီ၏ မျက်ခုံးများ လှုပ်ခတ်သွားရတော့သည်။ ထို့နောက် သူမ ထန်းမီအား သတိထားသလို အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ-
"ငါ နင့်ကို ပြောထားမယ်နော် စီးအီအိုယွီလို ကြွေရုပ်လေးက လူတိုင်းနဲ့သက်ဆိုင်တယ် နင်တစ်ယောက်တည်း အပိုင်သိမ်းချင်မနေနဲ့"
ထန်းမီ ဘာမှပြန်မပြောဘဲ အောက်နှုတ်ခမ်းကိုသာ ဖိကိုက်လိုက်၏။ သို့သော် ကြီးကြပ်သူယွီကတော့ ဆက်၍ ပေါက်ပေါက်ဖောက်နေလေသည်။
"ဟေး စီအီးအိုယွီက အရမ်းဆွဲဆောင်မှုရှိတယ် ဆိုတာကိုတော့သိပါတယ် သူ့ရဲ့ခြေတံရှည်ရှည်တွေ ခါးသွယ်သွယ်လေးနဲ့ အရပ်က...."
ပြောနေရင်းတန်းလန်း ကြီးကြပ်သူယွီတစ်ယောက် ရှက်ရှက်နှင့် ခေါင်းငုံ့လိုက်တော့သည်။
"စီအီးအိုယွီရဲ့အနမ်းက ဘယ်လိုအရသာမျိုး ဖြစ်လောက်မလဲ? အဟီး"
ထန်းမီရုတ်တရက် ကောက်ပြောလိုက်လျှင်..။
"ဘာလို့လဲ?"
"သူက အေးစက်စက်နဲ့မို့လို့လေ"
ကြီးကြပ်သူယွီ : "...."
"ငါကတော့ သေချာပေါက် စတော်ဘယ်ရီခရင်မ်အရသာလို့ ပြောရဲတယ်။ မိန်းမပျိုလေးတွေရဲ့ အချစ်အတွက် စတော်ဘယ်ရီထက် ပိုကောင်းတာမရှိတော့ဘူး"
ကြီးကြပ်သူယွီကတော့ သူမ၏ ရင်ဖိုစိတ်လှုပ်စရာကောင်းတဲ့ ပုံပြင်လေးကို ဆက်၍ စိတ်ကူးယဥ်နေလေ၏။
'မိန်းမပျိုလေး' ဟူသောစကားလုံးအား ကြားသည့်အချိန်တွင် ထန်းမီ စိတ်ထဲကနေ ခေါင်းဟန့်လိုက်မိလေသည်။ ထို့နောက် သူမရုတ်တရက်…
"မင်္ဂလာပါ မန်နေဂျာကျန်း" ဟူ၍ပြောလိုက်သော်..။
ကြီးကြပ်သူယွီ ပန်းကန်ပြားအား ချက်ချင်းကောက်ဆွဲယူပြီး အပြုံးပန်းဆင်လိုက်လေတော့သည်။
"အာ ငါအလုပ်ရှုပ်နေလို့ အရင်သွားနှင့်တော့မယ်"
သူမပြောပြီးတာနှင့် ချက်ချင်းထွက်သွားလေ၏။ မန်နေဂျာကျန်း သူမထွက်သွားသည်အား ကြည့်နေရင်း စားပွဲပေါ်မှာ တင်ထားသည့် မာခရွန်ကို ကောက်ကိုင်လိုက်ပြီးနောက်-
ထန်းမီ မြူးတူးစွာပင် ခေါင်းညိမ့်ပြကာ- "ရတာပေါ့"
မန်နေဂျာကျန်း အပြာရောင်မာခရွန် အသေးလေးအား ကိုက်ချလိုက်လေသည်။ ထန်းမီ ကြောင်တစ်ကောင်လိုမျိုး သူ့အားတချိန်လုံးစိုက်ကြည့်နေမိ၏။ ထို့နောက် သူ၏မျက်တောင်များ ပုတ်ခတ်သွားရတော့သည်။
"ကိုယ် စိတ်ပြောင်းသွားပြီ မင်းကမီးဖိုချောင်နဲ့ ပိုသင့်တော်တာ"
ထန်းမီ ရယ်ပြလိုက်ကာ- "ကျေးဇူးတင်ပါတယ်"
နေ့လည်ခင်းတွင် ကျင်းပခဲ့သော အခမ်းအနား ပြီးဆုံးသွားပြီးနောက် ညနေခင်းတွင်စားသုံးသူ အများအပြား ရောက်လာခဲ့ကြသည်။ စဖွင့်တဲ့ရက်ဖြစ်တာကြောင့် သူတို့အားလုံး ည၉နာရီခွဲ အထိတောင် အလုပ်ရှုပ်နေလေ၏။ ထို့နောက်မှသာ စားသောက်ဆိုင်အား ပိတ်နိုင်ခဲ့တော့သည်။
"အားလုံး တာဝန်ကျေပါတယ် အိမ်ပြန်ပြီး နားလိုက်ကြတော့" မန်နေဂျာ စားသောက်ဆိုင်အား သော့ခတ်လိုက်ပြီး ဝန်ထမ်းများကို နှုတ်ဆက်နေလေသည်။ ပြောပြီးပြီးချင်းပင် ဝန်ထမ်းများကလည်း ငှက်များအတောင်ပံ ခတ်သကဲ့သို့ ချက်ချင်း ပျောက်ကွယ် သွားကြလေတော့၏။
ထန်းမီ အချိန်ကိုကြည့်ကာ ဘတ်စ်ကား မှီလောက်သေးသည်ဟု ထင်တာကြောင့် မှတ်တိုင်ဆီ လမ်းလျှောက်သွားလိုက်သညခ။ မှတ်တိုင်တွင် သူမ တစ်ယောက်တည်း ဖြစ်နေသော်လည်း လမ်းပေါ်မှာတော့ လူတွေအများကြီးရှိနေသဖြင့် သိပ်တော့မကြောက်ပေ။ ထို့ပြင် သူမဘေးတွင်လည်း ကြွက်သားအဖုအထစ်များနှင့် ယောက်ျားကြီးပုံပါသည့် ဆိုင်းဘုတ် ရှိနေသေးသည်။ အပေါ်တွင်တော့ [အမျိုးသားကျန်းမာရေးဂရုစိုက်ပါ] ဟူသော စာလုံးအကြီးကြီး ရေးထားသေး၏။
ထိုအချိန်တွင် သူမအိတ်ထဲကနေ ဖုန်းသံမြည်လာလေသည်။ ပထမကတော့ ဖုရှင်းဟု ထင်ထားသော်လည်း ကြည့်လိုက်ချိန်တွင် အမည်မသိနံပါတ်တစ်ခုဖြစ်နေသည်ပင်။
သူမ နေရာအများကြီးတွင် အလုပ်လျှောက်ခဲ့ဖူးသဖြင့် အင်တာဗျူးဖြေဖို့အတွက် ဖုန်းခေါ်ခံရလေ့ရှိသည်။ ဝန်ထမ်းရေးရာက ဒီအချိန်ကြီးဖုန်းခေါ်တယ်ဆိုတော့ သူတို့အလုပ်ထဲမှာ နစ်မြှုပ်နေတာ ဖြစ်လိမ့်မည်။
သူမအလုပ်ရသွားပြီ ဖြစ်ကြောင်းကို ပြောမလို့ရှိသေး တစ်ဖက်တွင် ယောက်ျားတစ်ယောက်၏ ချိုမြိန်သောအသံ ထွက်ပေါ်လာလေသည်။
ထန်းမီ လန့်ဖျပ်သွားကာ မျက်တောင်များခတ်လိုက်မိတော့၏။ သူမထင်တာမမှားဘူးဆိုရင် ဒါယွီယိ၏အသံပင်။ ဒီအသံနှင့် ပုံမှန်ယွီယိ၏အသံကြားတွင် ထင်ရှားတဲ့ ကွဲပြားမှုကြီး ရှိနေလေသည်။ သူပြုံးနေတယ်ဆိုတာကိုတောင် သူ့အသံမှ တဆင့်သိနိုင်၏။
ကြောင်အစွာ သူမဖုန်းအား အချိန်အတော်ကြာအောင် ကိုင်ထားမိပြီးနောက် ဖြည်းဖြည်းချင်း ယဉ်ကျေးစွာ ပြန်ဖြေလိုက်တော့သည်။
"စီအီးအိုယွီ ကျွန်မက ထန်းမီပါ"
တစ်ဖက်မှယွီယိသည် ညင်သာစွာရယ်ကာ-
"သိတယ်လေ"
'....ဒီတော့ ဖုန်းမှားခေါ်မိတာ မဟုတ်ဘူးပေါ့?'
သူမ ခေါင်းထဲတွင်အတွေးများဖြင့် ရှုပ်ထွေးနေစဉ် တစ်ဖက်ရှိ ယွီယိ့အသံအား ထပ်ကြားလိုက်ရ၏။
"စားသောက်ဆိုင်မှာ စောင့်နေမယ်နော်"
သူပြောပြီးသည်နှင့် တန်း၍ဖုန်းချသွားတော့သည်။
ထန်းမီ ဘာတွေဖြစ်နေလဲဆိုသည်ကို မသိသော်လည်း သူမ၏ဘော့စ်အမိန့်အား မလွန်ဆန်ရဲသဖြင့် စားသောက်ဆိုင်သို့ အမြန်ပြန်ပြေးရတော့၏။
စားသောက်ဆိုင်အပြင်ဘက်တွင် ရပ်ထားသောကားသည် ယွီယိ၏ကားဆိုတာ ဧကန်သေချာပေမယ့် ပုံမှန်စီးနေကျဖြစ်တဲ့ တန်ဖိုးကြီးအရှိန်အဝါတွေ လွှမ်းခြုံထားသည့် 'ဘန်တလေ' မဟုတ်ဘဲ လူအများက 'မိန်းကလေးတွေကို ကြိုဖို့အတွက် နတ်လက်နက်' ဟုခေါ်ကြသော လမ်ဘော်ဂီးနီ ဖြစ်နေ၏။
ထန်းမီ ပို၍ပင် ကြောင်အနေမိတော့သည်။ သူမ စားသောက်ဆိုင်၏ အရှေ့ဘက်တံခါးများအား လှမ်းကြည့်လိုက်ချိန်တွင် အစောကမန်နေဂျာ သော့ခတ်ထားသော တံခါးကလည်း အခု ပွင့်နေချေသည်။ ထို့နောက် သူမအသက်ကို ဝဝရှူသွင်းပြီး တံခါးအားတွန်းကာ ဝင်သွားလိုက်၏။
တံခါးဖွင့်သံကြား၍ ယွီယိ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ နောက်တွင် ကြောင်တောင်တောင်လေး ရပ်နေသော ထန်းမီအား မြင်လိုက်ရတော့သည်။ ထိုအချိန်တွင် သူ့နှုတ်ခမ်းပါးလေးမှတစ်ဆင့် သဘာဝဆန်ဆန် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာ၏။
'အချစ်… အချစ်လေး?'
ထန်းမီ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
'စီအီးအိုယွီကို တစ်ခုခု ဝင်ပူးနေသလိုပဲ! ငါ 110 ဒါမှမဟုတ် အရေးပေါ်ကား အရင်ခေါ်မှရတော့မယ်!'
သူမ၏မှန်းဆလို့မရသည့် မျက်နှာထားလေးက သူ့အား ဆွဲဆောင်နေသလိုမျိုး ယွီယိ မတ်တတ်ရပ် လိုက်ပြီး သူမ၏မျက်လုံးနှင့် တန်းနေအောင် သူ့ကိုယ့်ကို နှိမ့်လိုက်ကာ စိတ်ဝင်တစား စိုက်ကြည့်နေလေသည်။
ထိုမှသာ ယွီယိတွင် ပါးချိုင့်များရှိသည်ကို ထန်းမီ သိလိုက်ရတော့၏။
'ဘုရားရေ ငါအဲတာလေးတွေကို တို့ကြည့်ချင်လိုက်တာ! မဟုတ်ဘူး မဟုတ်သေးဘူး အခုချိန်မှာ အရေးကြီးဆုံးက ငါစီအီးအိုအတွက် အရေးပေါ်ကား ခေါ်ပေးရမလား?'
သူမ အသက်ကိုမနည်း ပြန်ရှူလိုက်ရကာ နောက်ဆုံးတော့ သူမစကားပြောလိုက်နိုင်လေပြီ။
"စီ- စီအီးအိုယွီ ရှင်ဘာဖြစ်နေတာလဲဟင်?"
'လိမ်နေတာ! ရှင်ဘာမှမဖြစ်ဘူးဆိုရင် ဘယ်လိုလုပ် ကျွန်မကို အချစ်လေးလို့ ခေါ်မှာလဲ! ဘယ်လိုလုပ် ပါးချိုင့်တွေပေါ်တဲ့ အထိပြုံးနေမှာလဲ!'
"အော် မင်းလုပ်ထားတဲ့ ကိတ်မုန့်လေးကို စားချင်နေလို့ စားသောက်ဆိုင်ကိုလာခဲ့တာ ဒါပေမယ့် ဒီရောက်တော့ အားလုံးပြန်သွားကြပြီတဲ့လေ"
ယွီယိ၏လေသံသည် အနည်းငယ် နောင်တရနေပုံပင်။
"အခု ကိုယ့်အတွက် တစ်ခုလောက် လုပ်ပေးလို့ရမလား?"
ထန်းမီ ပခုံးပေါ်တွင် လွယ်ထားသောအိတ်အား ချလိုက်ကာ မုန့်ဖုတ်ခန်းထဲသို့ လျှောက်ဝင်သွား၏။
"ကိုယ် အချိန်ပိုကြေးပေးပါ့မယ် အချစ်လေးရဲ့"
ထန်းမီ ခြေထောက်ပင် ယိုင်ကနဲဖြစ်သွားကာ မြေပြင်ပေါ် လဲကျမိမလိုဖြစ်သွားရတော့သည်။
ယွီယိ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ကျယ်လာသလိုပင်။
ထန်းမီ လက်အရင်ဆေးလိုက်၏။ နောက်ကျနေပြီဖြစ်သည့်အတွက် ရှုပ်ထွေးတာကိုတော့ မလုပ်နိုင်ပေ။ ဒီနေ့ကျန်နေတဲ့ ကိတ်မုန့်အပိုင်းအစတွေနှင့် သစ်သီးအနည်းငယ်လည်း ရှိသေးတာကြောင့် သူမ ရိုးရှင်းတဲ့ သစ်သီးကိတ်ကိုသာ လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ယွီယိ သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူမ ခရင်မ်နယ်တာ၊ သစ်သီးလှီးတာ ၊ ကိတ်မုန့်အလှဆင်နေတာများကို တစ်လျှောက်လုံး မျက်တောင်မခတ် ထိုင်ကြည့်နေလေသည်။ နှစ်ယောက်သား တစ်ချိန်လုံး စကားမပြောကြပေမယ့် ကသိကအောက်ဖြစ်မနေချေ။ ပိုလို့ပင် စိတ် ပေါ့ပါးစရာကောင်းနေ၏။
ထန်းမီ ခုဏက ယွီယိဆီက 'အချစ်လေး' ဟု အခေါ်ခံလိုက်ရတာကြောင့် လက်တွေဆက်တိုက် တုန်နေခဲ့သော်လည်း အခုတော့ အနည်းငယ် စိတ်ငြိမ်သွားပြီ ဖြစ်သည်။ ယွီယိတစ်ယောက် ပုံမှန်မဟုတ်တာကိုလည်း သူမသတိထားမိ၏။ သူ့ဆံပင်များကို တမင်တကာ ဖွထားကာ အဝတ်အစားများကလည်း ပုံမှန်လိုသပ်ရပ်မနေပေ။ သူ့အင်္ကျီရဲ့အပေါ်ကြယ်သီး နှစ်လုံးကိုပါ ဖြုတ်ထားသဖြင့် လှပတဲ့ညှပ်ရိုးလေးများမှာ အထင်းသားပင်။ ထို့အပြင် စားသောက်ဆိုင်တစ်ခုလုံးတွင် မုန့်ဖုတ်ခန်းမီးကိုပဲ ဖွင့်ထားတာကြောင့် ယွီယိထိုင်နေသည့်နေရာတွင် မီးရောင်မှိန်မှိန်လေးသာ လင်းနေခဲ့သည်။
ယွီယိ၏တစ်ကိုယ်လုံးက ဆက်စီကျကျ ဆန်းကြယ်တဲ့ အရှိန်အဝါများ ထွက်ပေါ်နေသည်ကို ထန်းမီ သတိထားမိချိန်တွင် အသက်ရူမှားမလိုတောင် ဖြစ်သွားရတော့သည်။
… သတို့သမီး သူမအတွက် ချန်ပေးသွားသည့် ကိတ်ပင်။ ဒီနေ့ အရမ်းအလုပ်ရှုပ်နေခဲ့တာကြောင့် အဲတာကို စားဖို့တောင် အချိန်မရခဲ့လိုက်ပေ။
ယွီယိ မျက်မှောင်ကြုတ်ကာ ထန်းမီအား ကြည့်၍…
'အာ..သူပြောတာကိုတော့ သူမှတ်မိနေသေးတာပဲ သူ့ဝိညာဉ်ကတော့ သာမန်ပဲပေါ့ ဒါဆိုဘယ်နေရာက သာမန်မဟုတ်တာလဲ?'
ထန်းမီ ခပ်ရေးရေးလေးပြုံးပြပြီး သူမမှာရှိသည့်သစ်သီးကိတ်နှင့် လဲပေးလိုက်တော့သည်။
"ဆောရီးပါ မှားသွားလို့"
ယွီယိ ပြုံးကာ ပန်းကန်ပြားပေါ်ရှိ ဇွန်းအား ယူလိုက်ပြီး ကိတ်မုန့်ကို ဖဲ့လိုက်ချိန်တွင် အတွင်းသားထဲမှ ရက်စ်ဘယ်ရီနှင့် သစ်သီးယိုတွေ ပေါက်ထွက်လာလေသည်။
"အိုး တော်တော်လှတာပဲ အရောင်ကလည်း ဆွဲဆောင်မှုရှိတယ် ခရင်မ်ထဲကို ရက်စ်ဘယ်ရီ ထည့်ထားတာလား?"
"ဟုတ်ကဲ့"
ယွီယိ ဇွန်းအား ပါးစပ်ထဲထည့်ကာ ကိတ်မုန့်ကို စားလိုက်လေ၏။
"ဒီနူးညံ့ပြီး ပျော့အိအိ ဗနီလာကိတ်၊ ခရင်မ်ရဲ့ သစ်သီးအရသာလေး၊ ရောသမာထားတဲ့ ချိုချဉ်ချဉ် ယိုလေး၊ ကိုယ့်လျှာပေါ်မှာ ပန်းတွေ ပွင့်လာတော့မလိုပဲ"
ထန်းမီအား ပြုံးကြည့်ရင်းဆက်၍…
"ကိုယ်တွေးထားတာထက် အများကြီး ပိုစားကောင်းတယ်"
ထန်းမီ တစ်ခါမျှ ယွီယိအပြုံးသည် ဒီလောက်ထိ ကြည့်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အထူးသဖြင့် သူ့မျက်နှာပေါ်တွင် ထင်ရှားနေသည့် ပါးချိုင့်လေးတွေပင်။ ...
"ကိုယ့်ကို စီအီးအိုယွီလို့မခေါ်ပါနဲ့"
သူကြားဖြတ်ကာ ဝင်ပြောလိုက်လေ၏။
"ကိုယ့်နာမည် ယွီရှင်း"
ထိုအခိုက်အတန့်တွင် သူမအတွေးထဲရှိ မီးသီးလေး လင်းသွားရတော့သည်။ ဘာတွေဖြစ်နေလဲဆိုတာ သူမ နားလည်သွားချေပြီ။
"မဟုတ်ဘူး"
အဲတာလည်း ဟုတ်သည်။ စီအီးအိုယွီ အရင်က ပြောဖူးတာကို သူမမှတ်မိ၏။ ဒီတော့ သူမအရှေ့က လူက သူပဲဖြစ်ရမည်။ ဒါပေမယ့် စီအီးအိုယွီကတော့ သူမနှင့်အတူ ဒီလိုဟန်ဆောင်ဂိမ်းမျိုး ဆော့လိမ့်မည်ဟု မထင်ပေ။
ထန်းမီ မျက်မှောင် ကြုတ်လိုက်မိတော့၏။ ရှားလော့ဟုမ်း ပြောဖူးတာ ရှိသည်။
'မဖြစ်နိုင်တာတွေကို ရှင်းထုတ်လိုက်တာနဲ့ ကျန်ခဲ့တဲ့အရာက ဘယ်လောက်ပဲ မဖြစ်တန်ပါစေ အမှန်တရားပဲ'တဲ့။
"စိတ်နှစ်မျိုးရှိနေတာများလား? ဟားဟား"
ထန်းမီ တောင့်တင်း သွားရတော့သည်။
"ဘာဖြစ်လို့လဲ အချစ်လေးရဲ့?"
ထန်းမီ : "...."
'ငါ ဒီညကို ကျော်ဖြတ်နိုင်မယ့်ပုံမပေါ်ဘူး..'
ယွီရှင်း ကိတ်မုန့်အား ကုန်စင်သည်အထိ စားပြီးနောက်တွင် ထန်းမီအား စိတ်ကျေနပ်အားရနေပုံဖြင့် ထန်းမီနှင့်စကားစဖို့ လမ်းကြောင်းရှာလေသည်။
"ကိတ်ကတော်တော် စားကောင်းတယ် ညဘက်ခရင်မ်ကိတ်စားရင် ဝိတ်တက်တာလေး တစ်ခုပဲ"
ထို့နောက် သူမအား ရုတ်တရက် သံသယအကြည့်များဖြင့် စောင်းကြည့်ကာ-
"သိလား? ဒီလိုကိတ်တွေက ကယ်လိုရီ၃၀၀၀လောက် ရှိတာ သုံးမိနစ်လောက်နမ်းဖို့ သုံးရတဲ့စွမ်းအင်နဲ့ ညီမျှတယ်"
ထန်းမီ : "...."
'နေပါဦး သူဘာကို ပြောချင်နေတာလဲ? သူစီအီးအိုယွီရဲ့ အနမ်းကဘယ်လို အရသာမျိုးလဲဆိုတာ သိရတော့မှာလား?!'
သူမ၏နားရွက်များ နီရဲသွားတာသည်ကို ယွီရှင်းစိုက်ကြည့်ရင်း သူ့မျက်လုံးတွေထဲတွင် ပြုံးရိပ်များ သန်းနေလေသည်။
" … ဘာ … ဘာမှမဟုတ်ပါဘူး"
ထန်းမီ ခေါင်းငုံ့လိုက်ပြီး ရှက်ရှက်ဖြင့် ကိတ်အားအလောတကြီး စားလိုက်တော့၏။ အခုအချိန်တွင် မက်ချာက အလွန့်အလွန်ကို ခါးနေပါစေလို့ပဲ သူမ မျှော်လင့်နေမိတော့သည်။
"ဘယ်လိုလုပ်မလဲ ကိုယ်ကမက်ချာ ကိတ်မှမစားတာ"
ထန်းမီ အူတူတူလေးဖြစ်သွားကာ မေးခွန်းထုတ်လိုက်၏။
ယွီရှင်း တခစ်ခစ်ရယ်ရင်း ခုံပေါ်မှ ထလိုက်ကာ-
ထိုအချိန် ထန်းမီ၏အိတ်ထဲမှ ဖုန်းသံထွက်ပေါ်လာလေသည်။ ဒီတစ်ကြိမ်တော့ ဖုရှင်းပင်။
ထန်းမီ ကတိုက်ကရိုက်ပင် ဖုန်းချလိုက်ပြီးထလိုက်၏။
"ကျွန်မ ဒီနေရာကို ရှင်းလိုက်အုန်းမယ်"
ယွီရှင်း ချက်ချင်းပင် သူမ၏လက်အား လှမ်းဆွဲလိုက်ကာ မျက်ခုံးများ အနည်းငယ်ပင့်ပြရင်း...
ထန်းမီ ခဏလောက် ဆွံ့အနေပြီးမှ အော်ရယ်လိုက်တော့သည်။
ယွီရှင်း စိတ်အေးသွားပုံရသွားကာ ဆွဲထားတဲ့လက်အား လွှတ်ပေးလိုက်ပြီးနောက်-
"အော် ကိုယ်တောင်းပန်တယ်လို့ မင်းသူငယ်ချင်းကို ပြောပေးပါဦး။ ခုတော်တော်နောက်ကျနေပြီ ကိုယ်အိမ်ပြန်ပို့ပေးမယ်"
ထန်းမီ စားပွဲအား မြန်မြန်ရှင်းကာ ယွီရှင်းအနောက်သို့ လိုက်သွားတော့သည်။ လမ်ဘော်ဂီးနီ၏ တံခါးသည် အလိုလိုပွင့်လာခဲ့ပြီး ထန်းမီ ကားထဲတွင်ဝင်ထိုင်ပြီးသော်လည်း ဟိုလှည့်ကြည့် ဒီလှည့်ကြည့်ရုံကလွဲပြီး ဘာလုပ်ရမှန်းမသိချေ။
ယွီရှင်း စားသောက်ဆိုင်တံခါးအား သော့ခတ်ပြီးနောက် ကားထဲတွင်ဝင်ထိုင်လိုက်တော့၏။ သူ ထန်းမီအား ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှန့်သွားကာ-
"ခါးပတ်ပတ်ထား အချစ်လေး"
ထန်းမီ : "...."
'သူ တကယ်… အဲဒါကို သည်းမခံနိုင်တော့ဘူး'
"စီအီးအိုယွီ ဒါက...."
"ကိုယ့်နာမည်ကိုပဲ ခေါ်ပါဆို"
"လူကြီးမင်းယွီ ရှင်ကျွန်မကို ကစားနေတာတော့ မဟုတ်ဘူးမလား?"
ယွီရှင်း၏မျက်ခုံးများ လှုပ်ခတ်သွားကာ မျက်လုံးထဲတွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေလေသည်။
"ယွီယိ မင်းကို ကစားနေတယ်လို့ သတ်မှတ်လို့ရတယ်"
အိမ်ပြန်လမ်းတလျှောက် ထန်းမီ ထိုစကား၏အဓိပ္ပါယ်အား စာမေးပွဲဖြေတုန်းကထက်တောင် ပို၍လေးလေးနက်နက် အဖြေရှာနေရတော့သည်။ တိုက်ခန်းကိုရောက်တော့ ယွီရှင်း တိုက်ခန်းပုံစံအား စူးစမ်းနေ၏။
"မင်းဒီလိုနေရာမျိုးမှာ နေတာလား?"
ထန်းမီ မြန်မြန်ပင် ခါးပတ်ဖြုတ်ပြီးကားတံခါး ဖွင့်ကာထွက်လာလိုက်တော့သည်။
"ကောင်းကောင်းပြန်ပါ လူကြီးမင်းယွီ"
ယွီရှင်းတစ်ယောက်ကတော့ သူမတိုက်ခန်းပေါ်သို့ ယုန်လေးသဖွယ် လုံးလုံးလေး ပြေးလွှားတက်သွားသည်ကို ပြုံးကြည့်ရင်း မောင်းထွက်လာခဲ့ လိုက်လေတော့သည်။
___________
စာရေးသူမှာ ပြောစရာရှိပါတယ်။
မက်ချာကိတ် be like : ငါက ရာဇဝင်နဲ့ လာတဲ့ကိတ်လေးပါ
တောင်းဆိုပါတယ် အိန်ဂျယ်လေးတို့ရေ
ငါ့ကို အမျိုးသားဇာတ်လိုက် နာမည်ကြောင့် မမုန်းကြပါနဲ့ [ရယ်-ငို] ငါတကယ်စဉ်းစားခဲ့ပြီးပြီ အဲဒီနာမည်ထက်ပိုကောင်းပြီး ပိုသင့်တော်တဲ့နာမည် ရှာမတွေ့ဘူး အဲတာကြောင့် မူလနာမည်ပဲ ပေးလိုက်တော့တယ် [ရယ်-ငို]
မိန်းမဆန်တဲ့နာမည်ဆိုပေမဲ့ ချောမောတယ်လို့ ခံစားရတယ်လေ!
__________