← Chapters

Chapter 6

Vol. 1 Ch. 6

Chapter 6

Vol. 1 Ch. 6

'အချစ်လေး' ဟူသည့် အသုံးအနှုန်းက ထန်းမီကို တစ်ညလုံး စိတ်အနှောင့်အယှက် ပေးနေလေသည်။ သူမ တစ်ညလုံး ဟိုဖက်လှည့်ဒီဖက်လှည့်ဖြင့် လူးလှိမ့်နေကာ မိုးလင်းခါနီးမှသာ အိပ်ပျော်ခဲ့တော့၏။

သူမ နောက်ကျတဲ့အထိ နေခဲ့သည့်အတွက် အအိပ်လွန်သွားခဲ့၏။ ထိုအချိန်တွင် ထန်းမီ သူမ၏အလုပ်ချိန် မနက်၁၀နာရီမှစတာကိုပင် ကျေးဇူးတင်မိလေတော့သည်။

သူမ လေးတိလေးကန်ဖြင့် မျက်နှာသစ်သွားတိုက်ပြီးနောက် မနေ့ညက အမည်မသိဖုန်းနံပါတ်အား ကြည့်ရင်း မနက်စာစားနေလေ၏။

'ဒါပေမယ့် သူဘာအစွမ်းအစမှမရှိဘဲ ဘော့စ်ရဲ့ကိုယ်ရေးကိုယ်တာ ဖုန်းနံပါတ်ကို ရနိုင်ပါ့မလား?'

ထန်းမီ နွားနို့သောက်ရင်း သူမ၏ခံစားချက်များ ရောထွေးနေလေသည်။

'တကယ် စီအီးအိုယွီမှာ စိတ်နှစ်မျိုးရှိတာလား? ငါဖုန်းခေါ်ပြီး စမ်းသပ်ကြည့်သင့်လား မသင့်ဘူးလား?'

သူမ၏နှလုံးသားလေးသည် ကောင်းကင်နှင့် မြေကြီးကြားမှာ ဗျာများနေရတော့သည်။ အဆုံးမှာတော့ သူမ စပ်စုချင်စိတ်ကို မလွန်ဆန်နိုင်တော့ဘဲ ဖုန်းနံပါတ်အား ကောက်နှိပ်လိုက်လေ၏။

'တီ'ဟူသော အသံတစ်ခုဆီက အရမ်းကို ကြာနေသလိုပင်။ အသံတစ်ခုနှင့်တစ်ခုကြားမှာ ထန်းမီ အသက်အောင့်လိုက် ရှူထုတ်လိုက်ဖြစ်နေသည်။ 'တီ'ဆိုသည့် အသံ၅ခါမြောက်တွင်တော့ တစ်စုံတစ်ယောက် ဖုန်းကိုင်လာခဲ့၏။

ထိုအသံသည် ရေခဲလိုအေးစက်နေပြီး ခပ်တန်းတန်း ဖြစ်နေလေသည်။ မနေ့ညက နွေးထွေးသည့် ခပ်ဩဩအသံနှင့် တစ်ခြားစီပင်။ ထန်းမီ ခတ္တခဏ နှုတ်ဆိတ်သွားရတော့သည်။

ဒါသည် သူမရင်းနှီးတဲ့ ယွီယိ၊ ခံစားချက်လုံးဝမရှိတဲ့ ယွီယိပင်တည်း။

သူမ နှုတ်ခမ်းများအား ဖိအားပေးလိုက်ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့်…

"မင်းက ထန်းမီ?"

"ငါ့ ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ?"

"အိုး ကျွန်မ မနက်က နိုးလာတော့ ဖုန်းခေါ်ထားတာတွေ့လို့ပါ အဲတာကြောင့်ပြန်ခေါ်လိုက်တာ ရှင့်ဖုန်းနံပါတ်ဖြစ်နေမယ်လို့ လုံးဝမထင်ထားဘူး ဟဲဟဲ"

ယွီယိ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်-

"လော့ဟောက် ငါ့ဖုန်းကို ယူသုံးထားတာဖြစ်မယ် နောက်မှ သူ့ကို မေးလိုက်မယ်"

"အမ်...." ထန်းမီ အချိန်အကြာကြီးစဉ်းစားနေပြီးနောက် ကံကိုယုံဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

"စီအီးအိုယွီ ဒီလိုမေးတာက ရဲတင်းလွန်းတယ်ဆိုတာ ကျွန်မသိပါတယ် ဒါပေမယ့် ရှင်မနေ့ညက လုပ်ခဲ့တာကို မှတ်မိလားဟင်?"

ယွီယိ ချက်ချင်း ပြန်မဖြေပေ။ သူတစ်ခုခုအား စဉ်းစားနေသလိုပင်။ တိတ်ဆိတ်မှု ကြာရှည်လာသည်အမျှ ထန်းမီ ပိုပြီးစိုးရိမ်လာရလေသည်။ ထိုမေးခွန်းကြောင့် ယွီယိ ဒေါသထွက်သွားမှာကို သူမစိတ်ပူမိ၏။ တခြားကိစ္စလည်း ရှိကောင်းရှိနိုင်သေးသည်။

"ငါ အိမ်ပြန်ရောက်တော့ စာအုပ်နည်းနည်းဖတ်ပြီး အိပ်ရာတန်းဝင်တာလေ ဘာဖြစ်လို့လဲ?"

ယွီယိ၏စိတ်မပါသောအသံသည် ဖုန်းထဲမှတစ်ဆင့် ဖြတ်သန်းလာလေ၏။ ဤအခိုက်အတန့်တွင် ထန်းမီ သူ့အား စိတ်ဆိုးအောင် လုပ်တာထက် ဆိုးရွားလှတဲ့အရာ မရှိတော့ဘူးဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

သူမ၏နှုတ်ခမ်းများ ခြောက်သွေ့လာကာ-

'သူ ယွီရှင်းရဲ့တည်ရှိမှုကို မသိဘူးလား? ဒါပေမယ့် ယွီရှင်းလုပ်ခဲ့သမျှက သိသာထင်ရှားနေတာကို!'

ထို့နောက် ယွီယိ သူမအား တန်းနှုတ်ဆက်လေတော့၏။ ထန်းမီ သူဒီစကားလုံးများအား ပြောနေသည့်အချိန် ဖြစ်နေမယ့်ခံစားချက်မရှိသည့် မျက်နှာအား မြင်ယောင်မိကာ နှလုံးသားထဲဟာတာတာ ခံစားလိုက်ရလေသည်။

"စီအီးအိုယွီ ရှင်ပြုံးတဲ့အချိန် ပါးချိုင့်တွေ ပေါ်လာတတ်တာကို သိရဲ့လား?"

ဖုန်းမချခင် သူမပါးစပ်မှလွှတ်ခနဲ ပြောလိုက်မိ၏။

တစ်ဖက်ကနေ ဘာတုံ့ပြန်မှုမှမရှိတော့သော်လည်း ဆန့်ကျင်ဘက်အနေနဲ့ ထန်းမီ၏ နှလုံးသားလေးကတော့ ပေါ့ပါးသွားလေတော့သည်။

သူမ၏နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားကာ ပြုံးရွှင်စွာဖြင့်…

"နှုတ်ဆက်ပါတယ် စီအီးအိုယွီ"

တစ်ဖက်က ဖုန်းချသွားပြီးနောက် ယွီယိငြိမ်သက်ကာ ဖုန်းအား အချိန်အကြာကြီးကိုင်ထားဆဲပင်။ နောက်ဆုံးတွင် ဆိုဖာပေါ်မှာအား တင်လိုက်ချိန်တွင် လော့ဟောက် ဧည့်ခန်းထဲသို့ လျှောက်ဝင်လာသည်ကို မြင်လိုက်ရ၏။

"စီအီးအိုယွီ ဒေါက်တာကျန်းရောက်ပါပြီ"

ယွီယိ ခေါင်းညိမ့်ပြလိုက်၏။ ထို့နောက် လော့ဟောက်၏နောက်မှ သူ့ဆီလျှောက်သည့် ဒေါက်တာကျန်းအား မြင်လိုက်ရလေသည်။ ဒေါက်တာကျန်းသည် အဆင့်အတန်းမြင့် သုံးမျိုးပါအနောက်တိုင်းဝတ်စုံအား အင်္ဂလိပ်လူကြီးလူကောင်းကဲ့သို့ ဝတ်ဆင်ထား၏။ သူယွီယိအရှေ့က ဆိုဖာခုံပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ညှို့ဓာတ်ပြင်းပြင်းအပြုံးလေးဖြင့် စကား စလိုက်တော့သည်။

"ဒီနေ့က ငါတို့ ပုံမှန်ရက်ချိန်းလည်း မဟုတ်ဘူး အလှည့်ကျော်လိုက်တဲ့အတွက် ခြေကြွခပိုပေးရမယ်နော်"

သူ့ဘေးတွင် ရပ်နေသော လော့ဟောက်က ထိုသူအား ပြန်လည် ချေပလိုက်ချင်သော်လည်း နောက်ဆုံးတော့ မသိမသာလေးသာ ထွက်သွားခဲ့၏။

"မနေ့ညက သူ ထပ်ပေါ်လာတယ်"

ဒေါက်တာကျန်းတစ်ယောက် အရမ်းစိတ်ဝင်စားသွားကာ မျက်ခုံးများ ပင့်လိုက်မိတော့သည်။

"အိုး?"

"ငါ မှန်းကြည့်မယ် အဲဒီဝန်ထမ်းက မိန်းကလေးလား?"

ယွီယိ စကားတစ်လုံးမှ ပြန်မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေလိုက်လျှင်..။ ဒေါက်တာကျန်း အလျင်အမြန် လက်ရမ်းပြလိုက်ရတော့သည်။

"ဟုတ်ပါပြီ။ ဒါပေမယ့် သူကမင်းတစ်ခုခုကို လိုချင်တောင်းတမှ ပေါ်လာတယ်ဆိုတာတော့ သိပါတယ်နော်"

"အဲတာကြောင့် ငါသူ့ကို အလုပ်ခန့်ထားတာလေ။"

ယွီယိကတော့ ခပ်တည်တည်ပင်။

ဒေါက်တာကျန်း ခဏရပ်တန့်သွားပြီးနောက် ဒဲ့တိုးပြောချလိုက်လေတော့သည်။

ဒေါက်တာကျန်း၏ ပြုစားနိုင်သည့်မျက်ဝန်းတစ်စုံက ခပ်ရေးရေး ပြုံးနေသယောင်ပင်။

"သူက အဲတာကို မင်းထက်အရင် သတိထားမိတာနေမှာ"

ယွီယိ နှုတ်ဆိတ်နေတာကြောင့် ဒေါက်တာကျန်းကပဲဆက်၍…

"အရင်က မင်းအလေးနက်ထားပြီး စဥ်းစားဖူးတဲ့အရာမျိုးရှိလား? မင်းက အမြဲ မင်းကိုယ်မင်း ဘာမှစိတ်မဝင်စားဘူးဆိုပြီး ထင်ထားလည်း သူက တစ်ချိန်ပြီး တစ်ချိန်ပေါ်လာအုန်းမှာပဲ"

ယွီယိ ဆက်၍ တိတ်ဆိတ်နေလေသည်။ သူ ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိတာက မွေးရာပါပဲ ဖြစ်လိမ့်မည်။ သို့သော် အဲတာက သူ့ခံစားချက်တွေကို နားမလည်နိုင်တာတော့ မဟုတ်ပေ။

ဥပမာ သူ့ဝန်ထမ်းတွေ နားချိန်မှာ ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေကြတာမျိုး ဒါမှမဟုတ် သူ့အတွင်းရေးမှူး စန်းလန် ကောင်လေးနှင့် ပြတ်တုန်းက ပုန်းလျှိုးကွယ်လျှိုးဖြင့် မျက်လုံးတွေ နီရဲသည်အထိ ငိုနေတာကို သူမြင်လိုက်တဲ့ အချိန်ကလိုမျိုး၊ လော့ဟောက် အချိုပွဲများ စားတဲ့အချိန်တိုင်း ပျော်ရွှင်မှုအပြည့်ဖြစ်နေတာမျိုး… သူတို၏ခံစားချက်များ အားလုံးကို သူနားလည်သည်။ သို့သော် မခံစားရချေ။

"မင်းကို ဒီမေးခွန်းမေးတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ အဲတော့ မင်းအဖြေကဘာလဲ? အရင်တိုင်းပဲလား?"

ယွီယိကတော့ ထိုအရာနှင့်ပတ်သက်ပြီး ဆိုးဝါးတယ်လို့ မတွေးမိပါ။ သူပျော်ရွှင်မှုကို မခံစားနိုင်သလို တစ်ချိန်တည်းမှာပဲ အထီးကျန်မှုကိုလည်း မခံစားရပေ။ တကယ်ဆို ဒီလိုစိတ်မျိုးနှင့် သူ အမြဲတမ်းမှန်ကန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်။

"လူသားတွေ ဘာလို့အထီးကျန်ကြလဲ သိလား?"

ဒေါက်တာကျန်း သူ့အား ပြုံးပြကာ-

"ဘာကြောင့်လဲဆိုရင် သူတို့ ချစ်ရတဲ့သူတွေ သူတို့အနားမှာ မရှိကြလို့လေ"

ဧည့်ခန်းထဲတွင် အတော်အတန်ကြာအောင် ငြိမ်သက်သွားခဲ့ကြ၏။ ထို့ကြောင့် ဒေါက်တာကျန်းကပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေ၏။

ပထမ‌ဆုံးအကြိမ် ယွီယိ ခက်ထန်စွာ မျက်မှောင်ကြုတ်လိုက်မိတော့၏။

'လွမ်းတယ်? ဘာလို့လွမ်းတာလဲ? သူကိတ်မုန့်ပဲ စားချင်နေတာ ကိတ်မုန့်စားရတာကို လွမ်းနေတာလို့ပြောရင် ပိုမှန်လိမ့်မယ်!'

"အိုး!"

ဒေါက်တာကျန်း ရုတ်တရက် ထပြောလိုက်လေသည်။

"မင်းကိုယ့်မျက်နှာကိုယ် ပြန်ကြည့်သင့်တယ်။ အခု မင်းမျက်နှာက ပြင်းထန်နေတာပဲ"

ဒေါက်တာကျန်းကတော့ ရယ်မောနေဆဲပင်။

"သူ လုပ်တဲ့ကိတ်မုန့်က တော်တော်အရသာရှိတယ် ထင်တယ်။ ငါလည်းတစ်နေ့ကျ စားရဖို့အခွင့်အရေးရမယ်လို့ မျှော်လင့်မိတယ်ကွာ။"

ယွီယိ [ချိုမြိန်မြိန် အိမ်မက်] ၏ လိပ်စာအား သူ့ဆီချပေးလိုက်တော့သည်။

ဒေါက်တာကျန်း အကျယ်ကြီး အော်ရယ်မိသွားတော့၏။

"ယွီယိ မင်းက ခံစားချက် မရှိတာမဟုတ်ဘူး ခံစားချက်တွေ နိုးထလာအောင် လုပ်ပေးနိုင်တဲ့လူနဲ့ မဆုံစည်းသေးရုံပါ။"

"တကယ်တော့ မင်းရဲ့နှလုံးသားက အဲဒီခံစားချက်တွေကို နှိုးဆွပေးမယ့် လူတစ်ယောက်ကို စောင့်နေတာ အဲလူက မင်းအရှေ့မှာ ပေါ်လာပြီဆိုတာ ငါယုံတယ်"

သူ့မျက်နှာထားပြောင်းသွားသည်ကို ကြည့်ပြီး ဒေါက်တာကျန်း ကျေနပ်စွာ ပြုံးလိုက်လေသည်။

"မင်းသိလား အချစ်ကရောဂါ အများစုကို ကုသနိုင်တယ်ဆိုတာ?"

ထို့နောက် သူ ဆိုဖာပေါ်မှထလိုက်ပြီး ရှပ်အင်္ကျီအား ပြန့်နေအောင် ပြန်ပြင်လိုက်၏။

"ကဲ! အချိန်‌စေ့ပြီ အချိန်စာရင်းအတိုင်း ကျသင့်ငွေကို ဘဏ်အကောင့်ထဲလွှဲပေးပါ ဒါဆို သွားလိုက်ပါဦးမယ်"

သူ ယွီယိကို ပြုံးပြပြီးနောက် တည်ငြိမ်စွာပင် တံခါးအား ကျော်ဖြတ်ကာ ထွက်သွားလေတော့သည်။

သူ့အခန်းသည် အရမ်းသန့်ရှင်းသပ်ရပ်ပြီး ရိုးရိုးရှင်းရှင်းပင်။ မလိုအပ်သည့် အရာဝတ္ထုများလည်း မရှိချေ။ ထို့နောက် သူအိပ်ရာဘေးအား သွားကာ သူ့ခေါင်းအုံးပေါ်တွင် တင်ထားခဲ့သည့် မှတ်စုစာအုပ်လေးအား ကောက်ယူကြည့်လိုက်၏။

ဒါ ယွီရှင်း၏လက်ရေးပင်။

ယွီရှင်းသည် သူ့နှလုံးသားအား ကိုယ်စားပြုတဲ့အတွက် သူ့ကိုယ်သူ ယွီရှင်းဆိုတဲ့ နာမည်ကို ရွေးပေးခဲ့ခြင်းပင်။

သူ ရုတ်တရက် စိတ်တိုသွားပြန်တော့သည်။ ယွီယိ စာရွက်ပိုင်းလေးအား လုံးနေအောင် ချေမွလိုက်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်လေ၏။ ခဏကြာတော့ တွန့်ချေထားတဲ့ စာရွက်လုံးအား အမှိုက်ပုံးထဲမှ ပြန်ကောက်ယူကာ ပြန်ဖြန့်လိုက်တော့သည်။

ယွီယိ ရေ၏အပူရှိန်အား သတ္တိရှိရှိရင်ဆိုင်ပြီး ရေနွေးနွေးလေး အရေပြားကို ထိလိုက်တော့မှ အနည်းငယ် စိတ်ပြေလျော့သွားရတော့သည်။

ငယ်စဥ်ကတည်းက စိတ်ခံစားချက်များကို မခံစားရတဲ့သူ ဖြစ်တာကြောင့် သူ့ဆန္ဒကို ထုတ်ပြဖို့လိုသည့် ကိစ္စများသိပ်မရှိခဲ့ပေ။ မွေးကတည်းက သူလုပ်သမျှ အရာတိုင်းသည် သူ့မိဘများ မှတ်ယူထားသည့် 'ယွီယိ လုပ်သင့်တဲ့အရာ' များသာဖြစ်ခဲ့၏။ နောက်ပြီး သူတို့ထင်ထားသော 'ယွီယိ သေချာပေါက် မကြိုက်တဲ့အရာ' ဆိုတာသည်မှာလည်း သူကိုယ်တိုင် မကြိုက်သည့်အရာတွေသာ ဖြစ်သည် ဟု သဘာဝကျကျပင် ယုံကြည်မိခဲ့လေသည်။

တစ်နည်းအားဖြင့် သူ့တွင် 'ကြိုက်တယ်' 'မကြိုက်ဘူး' ဆိုသည့် စိတ်နေစိတ်ထားမျိုးရှိမနေချေ။

သူ အသက်၁၂နှစ်တွင် ထို ကိစ္စဖြစ်ပျက်ခဲ့ပြီးနောက် ယွီရှင်းပေါ်လာခဲ့၏။

ဒေါက်တာကျန်းပြောခဲ့သလို ယွီရှင်းက ယွီယိတစ်စုံတစ်ရာအား လိုချင်စိတ်ပြင်းပြနေမှ ပေါ်လာတတ်၏။ အခြေအနေ တော်တော်များများတွင် ယွီယိ သူ၏ကိုယ်ပိုင်အတွေးများကိုတောင် သတိမထားမိချိန်တွင် ယွီရှင်းကတော့ လှုပ်ရှားပြီးနေပြီပင်။

'ယွီရှင်းက ယွီယိရဲ့အနက်ရိူင်းဆုံး စိတ်ဝိညာဥ် ဖြစ်တာကြောင့် သူ့ထက် ပိုထိလွယ်ရှလွယ်တာ များလား?'

ထိုကိစ္စသည် ရယ်စရာကောင်းသည်ဟု ယွီယိတွေးလိုက်မိ၏။

'ဟမ်..ရယ်စရာကောင်းတယ်? သူ'ရယ်စရာကောင်းတယ်'ဆိုတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာကို တကယ်ကြုံနေရပြီလား?'

ခပ်နွေးနွေးရေသည် သူ့ခေါင်းပေါ်မှတစ်ဆင့် ကျဆင်းသွားလေတော့သည်။ ယွီယိ ခေါင်းနည်းနည်း မော့လိုက်ပြီး နဖူးပေါ်ရှိရှေ့ဆံပင်များအား အနောက်သို့လှန်သပ်လိုက်၏။

ရုတ်တရက် နားထဲတွင်ထန်းမီ၏ အသံအား ကြားယောင်လာတာကြောင့် သူလှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။

သူခေါင်းစောင်းကာ မှန်ထဲရှိ သူ့ပုံရိပ်အားကြည့်ရင်း ဖန်သားပေါ်ကရေငွေ့များကို လက်ဖြင့်သာသာလေး သုတ်လိုက်၏။ ထို့နောက် သူပါးစပ်ထောင့်များအား ကွေးတက်သွားအောင် မနည်း ကြိုးစားလိုက်တော့သည်။

သူ့နှုတ်ခမ်းများ အနည်းငယ် လှုပ်ရုံသာရှိသေး ယွီယိ ခပ်မြန်မြန်ပင် အေးစက်တဲ့ ကြွေပြားနံရံ‌အား မှီလိုက်လေ၏။

'သူဘာတွေလုပ်နေတာလဲ?'

သူအသက်ပြင်းပြင်းရှူ၍ ရေပန်းအား ပိတ်ကာ တဘက်တစ်ထည်နှင့် ထွက်လိုက်တော့သည်။

ယွီရှင်း ကျေးဇူးကြောင့် သူထန်းမီ၏ ကိုယ်ရေးအကျဉ်းချုပ်ကို စားပွဲပေါ်မှာတင်ထားလေသည်။ ယွီယိ၏ လက်တစ်ဖက်သည် သူ၏ဆံပင်များအားပွတ်သပ်နေကာ ကျန်တစ်ဖက်ကတော့ ကိုယ်ရေးအကျဉ်းချုပ်အား လှန်လှောနေ၏။

သူမ၏လုပ်ငန်းအတွေ့အကြုံသည် သာမန်မျှသာရှိပြီး ပညာရေးပိုင်းကလည်း ထင်ရှားနေတာမျိုး မရှိပေ။ တစ်ခုတည်းသော ထူးခြားနေတဲ့ မှတ်တမ်းက ဘွဲ့ရပြီးနောက် ပြင်သစ်မှာ မုန့်ဖုတ်ပညာ သင်ယူခဲ့ခြင်း ဖြစ်သည်။

သူမသည် တကယ်အရည်အချင်း ပြည့်ဝတဲ့အတွက် အလုပ်ခန့်ခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာ သံသယဝင်စရာပင် မလိုချေ။

သူ ဒီကိုယ်ရေးအကျဉ်းချုပ်အား အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီဖြစ်သော်လည်း ဒီအရာကနေ ဘာကို အဖြေရှာနေမှန်း စဉ်းစားလို့မရသေးပေ။

ယွီယိ ဖိုင်တွဲကို ချလိုက်ပြီး အဝတ်ဗီရိုဆီသွားကာ အဝတ်အစား ကောက်ဝတ်လိုက်တော့သည်။

လော့ဟောက် တစ်ချိန်လုံး ဧည့်ခန်းထဲကနေပဲ သူ့အားစောင့်နေကာ ယွီယိ အောက်ထပ်ကို ဆင်းလာတာကို မြင်သည်နှင့် ချက်ချင်း မတ်တတ်ရပ်လိုက်၏။

ပုံမှန်အတိုင်း ယွီယိအမိန့်ပေးလိုက်သည်။

လော့ဟောက်က 'ဟုတ်' ဟူသော အသံနှင့်အတူ သူ့အနောက်မှ လိုက်လျှောက်လာလေ၏။

"ထန်းမီက အခြေအနေကို သတိထားမိတဲ့ပုံပဲ ကျွန်တော်တို့ သူနဲ့ဆွေးနွေးကြမလား?"

ယွီယိ တိတ်ဆိတ်နေလေ၏။ ထို့နောက် သူကားတံခါးအားဖွင့်ပြီး အထဲကိုဝင်လိုက်ကာ - "မလိုဘူး"

__________________________________________

စာရေးသူရဲ့ မှတ်စု :

စီအီးအိုယွီရဲ့ စိတ်နှစ်ခွက ဘာကြောင့်ဖြစ်လာသလဲဆိုတာ ဝတ္ထုရဲ့နောက်ပိုင်းမှာပါပါမယ်~

ပြီးတော့ ဒါကစိတ်ကူးယဉ်ဝတ္ထုပါ အဲဒီတော့ သေချာပေါက် ချဲ့ကားထားတာတွေရှိနေမှာပါ။ အများစုက ဇာတ်လမ်းလှည့်ကွက်တွေပါပဲ။ အသေးစိတ်ပြီး သိပ္ပံကျတဲ့အချက်အလက်တွေနဲ့ မစစ်ဆေးကြဖို့ အားလုံးကိုတောင်းဆိုပါတယ်။

ကျေးဇူးတင်ပါတယ်~

အခု အချိန်ပိုကြေးကိစ္စမှာ အားလုံးကိုလက်ဆောင်သေးသေးလေးပေးပါမယ်။

__________________________________________

[ လစာပေးရက် ]

ထန်းမီ သူမ၏ လစာချက်လက်မှတ်အား ကြည့်ရင်း စားသောက်ဆိုင်မန်နေဂျာကို မေးလိုက်လေသည်။

"မန်နေဂျာကြီး ဘာလို့ကျွန်မ့လစာက အရင်လကထက် ပိုများနေတာလဲ?"

စားသောက်ဆိုင်မန်နေဂျာ : "အော် ဘဏ္ဍာရေးဌာနက အပိုရတဲ့ပိုက်ဆံက အချိန်ပို လုပ်ရလို့ပေးရတာတဲ့"

[ တစ်လကြာပြီးနောက် ]

ထန်းမီ သူမ လစာချက်လက်မှတ်အား ကြည့်ရင်း နောက်တစ်ကြိမ် စားသောက်ဆိုင်မန်နေဂျာကို ထပ်သွားမေးလေ၏။

"မန်နေဂျာကြီး ဘာလို့ကျွန်မ့လစာက အရင်လကထက် ပိုများနေပြန်တာလဲ?"

စားသောက်ဆိုင်မန်နေဂျာ : "အော် ဘဏ္ဍာရေးဌာနက မင်းကိုလစာတိုးပေးဖို့ ပြောတာ"

ထန်းမီ တတိယအကြိမ် စားသောက်ဆိုင်မန်နေဂျာအား လာမေးခြင်းပင်။

"ဆိုင်မန်နေဂျာကြီး ကျွန်မ့လစာက အရင်လကထက် ပိုများနေပြန်ပြီနော်?"

သူမ ကွန်ပျူတာအား စစ်ဆေးလိုက်ချိန်တွင် လစဉ်စာစောင်မှာ ရေးထားတာက : "လတိုင်းမုန့်ဖုတ် ဆရာမထန်းမီရဲ့လစာက ပြီးခဲ့တဲ့လထက်ပိုများမယ်"ပင်။

'စီအီးအိုယွီကသူမကို မရိုးမသား လစာတွေ တိုးပေးနေတာပဲ..'

__________________________________________

All Chapters