← Chapters

ဒေါက်တာ

Vol. 1 Ch. 7

ဒေါက်တာ

Vol. 1 Ch. 7

ထန်းမီ ထိုနေ့က ယွီရှင်းနှင့်တွေ့ပြီး နောက်ပိုင်း နောက်နေ့တွေတွင် ထပ်မတွေ့ကြတော့ပေ။ ယွီယိလည်း စားသောက်ဆိုင်အား လာမကြည့်ခဲ့ပါ။

ဒီနေ့ နေ့လည်မှာပဲ စီးပွားရေးအတွက် [ချိုမြိန်မြိန် အိမ်မက်] အားဖွင့်ခဲ့၏။ သို့သော် ဆိုင်ကိုလာတဲ့ ဧည့်သည်ကတော့ နှစ်ယောက်သုံးယောက်သာ ရှိနေပေသည်။

ထိုစဥ် အနောက်တိုင်းဝတ်စုံအား သပ်သပ်ရပ်ရပ်ဝတ်ထားသည့် လူကြီးလူကောင်းတစ်ယောက် ဆိုင်ထဲအား ဝင်လာလေ၏။ ထိုယောကျာ်း၏ ချောမောခန့်ညားသည့် ရုပ်ရည်ကိုတွေ့လိုက်ရ

သောအခါ ကြီးကြပ်သူယွီ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်ပသွားကာ ကိုယ်တိုင်ကိုယ်ကျ သွားနှုတ်ဆက်လိုက်တော့သည်။

"မင်္ဂလာနံနက်ခင်းပါ လူကြီးမင်း ကြိုတင်ဘိုကင်ယူထားတာ ရှိပါသလား?"

ဒေါက်တာကျန်း သူမဘက်အား ခေါင်းခါပြကာ အပြုံးလှလှလေးဖြင့်…

"မရှိပါဘူး"

ကြီးကြပ်သူယွီ၏ မျက်လုံးများ ကြယ်တွေဝင်းလက်သွားရတော့၏။

"ဧည့်သည်ရော ဘယ်နှစ်ယောက်ပါသေးလဲရှင့်?"

"ဒီဘက်ကိုကြွပါ လူကြီးမင်း"

ကြီးကြပ်သူယွီ ထိုလူ့အား စားပွဲအလွတ်ဆီခေါ်လာပြီး မီးနူးကို အသာအယာလေး လက်ထဲထည့်ပေးလိုက်၏။

ဒေါက်တာကျန်း မီနူးရဲ့အချိုပွဲများရှိရာနေရာအား လှန်လိုက်ပြီး မုန့်တွေအားလုံးကို ဖြည်းဖြည်းချင်း ကြည့်နေလေသည်။

"ဒီဆိုင်ရဲ့ကိတ်မုန့်တွေက တော်တော်လှတာပဲ အပြင်မှာလည်း ဒီထဲကပုံစံအတိုင်းပဲမလား?"

ဒေါက်တာကျန်း မီနူးအား ပိတ်လိုက်ကာ ကြီးကြပ်သူယွီဆီ ပြန်ပေးလိုက်ရင်း…

ကြီးကြပ်သူယွီ မျက်နှာအား ဂိတ်ဆုံးထိ ပြုံးထားကာ ထပ်၍အကြံပြုလိုက်၏။

"တစ်ခြားမှာချင်တာ ရှိသေးလားရှင့်? ကျွန်မတို့ဆိုင်ရဲ့ငန်းအသဲက နာမည်ကြီးပါတယ်"

"ရပါတယ် အဲတာပဲ ပေးပါ"

ကြီးကြပ်သူယွီ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နေရာကနေ ထွက်လာရတော့သည်။

နောက်ဆုံးမှာတော့ အချိုပွဲလာပို့သူကလည်း ကြီးကြပ်သူယွီကိုယ်တိုင်ပင်။ ဒေါက်တာကျန်းအရှေ့သို့ ပန်းကန်ပြားရောက်လာချိန်တွင် သူကိတ်မုန့်၏ နူးညံ့သိမ်မွေ့မှုကို တွေ့လိုက်ရတာကြောင့် မျက်ခုံးများ ပင့်လိုက်မိတော့၏။

ဇွန်းဖြင့် ကိတ်မုန့်အား ဖဲ့လိုက်ကာ စားလိုက်လေသည်။ ထို့နောက် ကြီးကြပ်သူယွီအား လှမ်းခေါ်ကာ-

"နှောင့်ယှက်မိလို့ စိတ်မရှိပါနဲ့ မင်းတို့ရဲ့မုန့်ဖုတ်ဆရာကို တွေ့လို့ရနိုင်မလား?"

ကြီးကြပ်သူယွီ ခေတ္တခဏ နှုတ်ဆိတ်နေပြီးနောက်တွင်…

"အရသာ တစ်ခုခု လိုအပ်လို့လားရှင့်?"

"အိုး အဲလိုမဟုတ်ပါဘူး အရသာကတော်တော် ကောင်းပါတယ်"

ဒေါက်တာကျန်း၏ မျက်နှာထားသည် လွန်စွာနှစ်ခြိုက်နေသည့်ပုံပင်။

"အဲတာကြောင့် သူ့ကိုကိုယ်တိုင် ကျေးဇူးတင်စကားလေး ပြောချင်လို့ပါ"

ထန်းမီ ဂျုံမုန့်အား လှီးဖြတ်နေစဥ်တွင် ကြီးကြပ်သူယွီတစ်ယောက် ပန်းကန်ပြားတစ်ချပ်ကိုင်ကာ ဝင်လာခဲ့၏။ ထို့နောက် သူမစားပွဲအား ခေါက်လိုက်ကာ-

"စားပွဲနံပါတ်၉က လူက နင့်ကို တွေ့ချင်လို့တဲ့"

ထန်းမီ တောင့်ခဲသွားပြီး ကြီးကြပ်သူယွီအား ကြောင်တောင်တောင်လေး ကြည့်လိုက်မိတော့သည်။ သူမ စိုးရိမ်စိတ်ကြီးစွာ ရနေ၏။

"ကိတ်မုန့်က တစ်ခုခုများဖြစ်နေလို့လား?"

"တကယ်? တကယ်လား?"

"အဲဒါဆို အိုဗန်ကို ခဏလောက် ကြည့်ထားပေးလို့ရလား? အချိန်စေ့ရင် ဒယ်အိုးကို ထုတ်လိုက်ရုံပဲ!"

ကြီးကြပ်သူယွီ : "....."

ထန်းမီတစ်ယောက် ခုန်ပြေး သွားလေတော့သည်။

စားပွဲနံပါတ်၉ကို မရောက်ခင် သူမအင်္ကျီနှင့်ခေါင်းဆောင်းအား သပ်ရပ်အောင် အရင်ပြင်လိုက်၏။ ထို့နောက် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။

"မင်္ဂလာပါ"

ဒေါက်တာကျန်း သူမအားမော့ကြည့်လိုက်ပြီး စိတ်ဝင်စားစွာ မေးလိုက်တော့၏။

"ဟုတ်ပါတယ်ရှင့်"

ဒေါက်တာကျန်းရဲ့အကြည့်သည် ထန်းမီ၏နာမည်ကဒ်ပြားပေါ် ရောက်သွားကာ ပြုံးလိုက်လေသည်။

"ထန်းမီ နာမည်နဲ့လူနဲ့လိုက်သားပဲ မင်းက မင်းလုပ်တဲ့ ကိတ်မုန့်တွေလိုမျိုး ချိုမြိန်နေတာပဲ"

ထန်းမီ ရှက်သွေးဖြာကာ နီရဲတက်လာပြီး သတိလက်လွတ် ပြန်ပြောမိလိုက်လေ၏။

ဒေါက်တာကျန်း ခဏမျှရပ်တန့်သွားပြီးမှ ရယ်ချလိုက်တော့သည်။ ထန်းမီ အရမ်းရှက်သွားပြီး မြန်မြန်တောင်းပန်လိုက်ရ၏။

"တောင်းပန်ပါတယ်"

"အိုး အဲလိုမပြောပါနဲ့။ မင်းက အရမ်းစိတ်ဝင်စားစရာ ကောင်းတာပဲ"

ဒေါက်တာကျန်း တခစ်ခစ် ရယ်မောလိုက်ပြီးနောက်-

"ထိုင်ပြီးပြောပါ"

ထန်းမီ လက်များ အလျင်အမြန် ဝှေ့ယမ်းလိုက်ရ၏။

"မဟုတ်တာ ကျွန်မရပ်နေနိုင်ပါတယ်"

ဒေါက်တာကျန်းလည်း ထပ်မပြောတော့ဘဲ ဇွန်းအားကောက်ယူကာ ဝိုင်လောင်းထားသည့် သစ်သီးကိတ်ကို ဖဲ့ယူပြီး နှုတ်ခမ်းဖျားပေါ်တွင် နေရာချလိုက်လေသည်။

"ခရင်မ်နဲ့ သစ်သီး‌ရောထားတာလေးကို ကြိုက်တယ်။ ပြီးတော့ ကိတ်မုန့်အရသာလေးနဲ့ သင်းသင်းလေး မွှေးနေတဲ့ ဝိုင်ရနံ့လေးနဲ့ဆိုတော့ ဘယ်လောက်စားစား စားလို့မဝနိုင်ဘူး။"

သူ ကိတ်မုန့်အား စားပြီးနောက် အစာသွတ်မုန့်ပန်းကန်အား ထပ်လှမ်းလိုက်၏။

"ဒီငန်းအစာသွတ်မုန့်က ပိုပြီးတောင်လှသေးတယ်။ အနုစိတ်ဆန်ပြီး စားတောင်မစားရက်တော့ဘူး။"

ထန်းမီ ပြုံးလိုက်ကာ-

"ဧည့်သည်တွေ မုန့်ကို ထိတောင်မထိဘဲ စားပွဲပေါ်မှာချန်ပြီး ပြန်သွားရင် စားဖိုမှူးတွေ ကျွန်မကို ဆူလိမ့်မယ်။"

ဒေါက်တာကျန်းတစ်ယောက် အပြုံးလေးတစ်ပွင့်ဖြင့် သူ့ရှပ်အင်္ကျီ အိတ်ကပ်ထဲရှိ လိပ်စာကတ်အား ထုတ်ကာ ထန်းမီထံ ကမ်းပေးလိုက်တော့သည်။

"စိတ်ရောဂါအထူးကု‌ဆရာဝန်?"

ဒေါက်တာကျန်း ခေါင်းညိမ့်ပြကာ-"မင်းမှာ ရင်ဆိုင်ရခက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိရင် လာတွေ့လို့ ရပါတယ်"

'ဒီလူ ကြည့်ရတာ စျေးကြီးမည့်ပုံပင်’

သူမ တကယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်လိုလာပါက စူပါမားကတ်သို့သွားကာ အသင့်စားခေါက်ဆွဲနှင့် တိုင်ပင်လိုက်တာများ၏။

"မင်းကငါ့အတွက် ကိတ်မုန့်လှလှလေး လုပ်ပေးထားတာဆိုတော့ တစ်ဝက်ဈေးနဲ့ လာလို့ရတယ်"

ထန်းမီ အနည်းငယ် ရှက်သွားရပြန်သည်။ စိတ်ရောဂါအထူးကု ဆရာဝန်တွေအားလုံး စိတ်ကို ဖတ်နိုင်သလားဆိုတာ သူမတကယ်ပင် သိချင်မိတော့၏။

သူမ မုန့်ဖုတ်ခန်းထဲသို့ ပြန်ရောက်သည်နှင့် ကြီးကြပ်သူယွီတစ်ယောက် သူမဆီအား အူယားဖားယားဖြင့် ပြေးလာလေသည်။

"သူ နင့်ကို လိပ်စာကတ်ပေးလိုက်တာကို တွေ့တယ် ပြကြည့်!"

ထန်းမီ သူမလက်ထဲအား ထည့်ပေးလိုက်သော် ကြီးကြပ်သူယွီကတော့ ကျောက်မျက်ရတနာအား ကိုင်ထားရသလို လက်ထဲတွင် တယုတယ ကိုင်ကြည့်နေတော့သည်။

"အိုး စိတ်ရောဂါအထူးကု ဆရာဝန်ပေါ့! ဝင်ငွေများသလို အိုင်ကျူလည်း မြင့်တယ်"

ထန်းမီ တစ်ချက်ကြည့်လိုက်ပြီးနောက်-

"ဘာလဲ စိတ်မကျန်းမမာ ဖြစ်နေတာလား?"

ကြီးကြပ်သူယွီ ချက်ချင်းပင် ပက်ခနဲ တုံ့ပြန်လာလေသည်။

"စိတ်ရောဂါကုဆရာဝန်တွေက သူတို့လူနာတွေကို ရမ္မက်ဆေးပေးပြီးရော ကုသပေးတတ်လား?"

ကြီးကြပ်သူယွီ : "......"

************************

ယွီကျီအဆောက်အအုံထဲရှိ စီးအီးအိုရုံးခန်းထဲတွင် ယွီယိ စာရွက်စာတမ်းများအား ဖတ်နေလေသည်။ ထိုအချိန်တွင် စားပွဲပေါ်ရှိ ဖုန်းတစ်ချက် တုန်ခါသွားတာကြောင့် ကြည့်လိုက်ချိန် [ဒေါက်တာကျန်း] ဆီက မက်ဆေ့ခ်ျဖြစ်တော့၏။

ယွီယိ ဖုန်းအားကောက်ကိုင်ကာ ဝင်ဖတ်ကြည့်လိုက်လျှင်...။

"ငါ မိန်းကလေးထန်းမီနဲ့ တွေ့လာခဲ့တာ သူလုပ်တဲ့ ကိတ်မုန့်တွေက တော်တော်လေးစားကောင်းတယ်။ လူတွေကိုပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ မှော်ပညာလိုပဲ။ မင်းဘာလို့ သူ့ကိုရွေးချယ်ခဲ့လဲဆိုတာ ငါသိသွားပြီထင်တယ်။ သူ့ကို ငါ့ကိုယ်ပိုင် မုန့်ဖုတ်ဆရာအဖြစ် အလုပ်ခန့်ချင်တယ်ဆိုတဲ့ အကြောင်း လှမ်းပြောတာ ပြီးတော့ လိပ်စာကဒ်လည်း ပေးခဲ့သေးတယ်။"

ထို မက်ဆေ့ခ်ျနှင့်အတူ ပုံနှစ်ပုံကိုပါ တွဲပို့ထား၏။

ယွီယိ မက်ဆေ့ခ်ျအား ခဏစိုက်ကြည့်လိုက်ပြီးနောက် ပုံနှစ်ပုံကို သူ့ဖုန်းထဲသို့ ဆေ့ဗ်လိုက်ပြီး စာကိုတော့ ဖျက်ပစ်လိုက်တော့သည်။

ထန်းမီ တစ်နေကုန် အလုပ်များနေခဲ့တာကြောင့် သူမ အိမ်ကိုရောက်သည်နှင့် အိပ်ရာပေါ်တွင် အပြားလိုက် လှဲအိပ်လိုက်ပြီး လှုပ်တောင်လှုပ်ချင်စိတ် မရှိပေ။

ဖုရှင်း လက်ထဲတွင် အသင့်စား‌ခေါက်ဆွဲဘူးအား ကိုင်ထားရင်း တံခါးဘောင်တွင် မှီရပ်နေရင်း…

"ထန်းထန်း နင် ညစာမစားဘူးလား?"

"စားသောက်ဆိုင်မှာ စားခဲ့တယ်"

"အော် နင်ညကျ တစ်ခုခုစားမယ်ဆို ငါ့ကို ပြောဖို့ မမေ့နဲ့နော်"

ထန်းမီ : "...."

'ကိုယ့်ဘာသာကိုယ် လုပ်စားလို့ မရဘူးလား!'

ထန်းမီ တိတ်တဆိတ် ဆုံးဖြတ်လိုက်လေ၏။ သူမ ဖုရှင်းကို အလိုလိုက်ပြီး အကျင့်ဆိုးကို လုပ်ပေးနေမယ့် အစား ခဏနေဗိုက်ဆာလာမှပဲ အခန်းထဲတွင် ဘီစကစ်အား ခိုးစားလိုက်တော့မည် ဟုပင်။

သူမ မှောက်အိပ်လိုက်ပြီးနောက် ယွီယိ၏နံပါတ်အား ထပ်မံရှာဖွေလိုက်မိသည်။ သူမနံပါတ်များအား ကြည့်ရင်း အသံတိတ်မိ၏။ ထို့နောက် ရုတ်တရက် အိတ်ထဲရှိ ဒေါက်တာကျန်း၏ လိပ်စာကဒ်အား ထုတ်လိုက်ပြီး လူတစ်ကိုယ် စိတ်နှစ်မျိုးအကြောင်းကို မေးရန်သင့်မသင့် စဉ်းစားချိန်ဆနေ၏။

'မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး သူသေချာပေါက်ကျသင့်ငွေ တောင်းလိမ့်မယ်၊ သူမ အလကားမေးလို့ရတဲ့ နေရာမှာပဲ မေးသင့်တယ်"

သူမ ကွန်ပျူတာအားဖွင့်ကာ

[ လူတစ်ကိုယ် စိတ်နှစ်မျိုး ] ဟု ရိုက်ရှာလိုက်တော့သည်။

ထို့နောက် အကြောင်းအရာများ တန်းစီကျလာပြီး သူမ တချို့အား ဝင်ဖတ်လိုက်၏။ တော်တော်များများမှာ တွေ့ရတာက လူတစ်ကိုယ် စိတ်နှစ်မျိုးဆိုတာသည် ငယ်ဘဝ စိတ်ဒဏ်ရာကနေ ပေါက်ဖွားလာသည်ဟုပင်။ ထန်းမီ မျက်ခုံးများပင့်သွားမိတော့သည်။

'စီအီးအိုယွီမှာ ဘယ်လိုငယ်ဘဝ စိတ်ဒဏ်ရာမျိုး ရှိမှာလဲ? သူ့ပုံစံကသာ တစ်ခြားတ‌စ်ယောက်ရဲ့ငယ်ဘဝ စိတ်ဒဏ်ရာဖြစ်မယ့်ပုံ။'

'အင်းး အဲလိုလည်းမသေချာပါဘူး သူ့လိုရာထူးစည်းစိမ်ဥစ္စာတွေနဲ့လူတွေမှာပြောလို့မရတဲ့ လျှို့ဝှက်ချက်တွေရှိတတ်တယ်။ xxplayတို့ bdsmတို့ ...

ထန်းမီ ခေါင်းထဲက မဟုတ်တရုတ်အတွေးများအား ရှင်းထုတ်လိုက်ပြီး ဖုရှင်းကို ရှာဖို့ ဧည့်ခန်းထဲ အမြန်ပြေးဝင်လိုက်၏။

"ရှောင်ရှင်းရှင်း ငါတစ်ခုခုစားချင်လို့ နင်ရော စားဦးမလား?"

ဆိုဖာပေါ်မှာလှဲနေပြီး တီဗီကြည့်နေသည့် ဖုရှင်းတစ်ယောက် စပရင်လို ထခုန်လိုက်တာ ကော်ဖီ မှန်စားပွဲပေါ်ရှိ ခေါက်ဆွဲဘူးကိုတောင် ရိုက်ချမိတော့မလိုပင်။

ထို့နောက် သူမ နည်းနည်းပါးပါး ဟိုခါဒီခါလိုက်ကာ ထန်းမီ လက်ကိုဆွဲရင်း စားစရာဝယ်ဖို့ ထွက်လာကြ၏။ သူတို့နေတဲ့ မြို့ဆင်ခြေဖုံးက အိုဟောင်းနေပြီ ဖြစ်သော်လည်း ဒီနေရာတစ်ဝိုက်တွင် ဈေးတန်းများ စီတန်းရှိနေကာ တက္ကသိုလ် အနောက်ပေါက်ကဲ့သို့ပင်။

သူတို့နှစ်ယောက် ဟင်းပွဲရွေးပြီးနောက် အကင်အချို့မှာလိုက်ကြ၏။ ရိုးရိုးရှင်းရှင်း ဆိုင်အရှေ့ဘက်မှာပဲ ထိုင်စားဖြစ်ကြခဲ့သည်။ ထန်းမီ သူမမျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အစားထဲနှစ်မျောနေသော ဖုရှင်းကို ကြည့်ပြီး ကောက်မေးလိုက်လေ၏။

"နင့်မှာ ငယ်ဘဝစိတ်ဒဏ်ရာရှိလား?"

"ဟမ်?"

ဖုရှင်း သူမအား စက္ကန့်အနည်းငယ်လောက် ကြောင်ကြည့်နေပြီးနောက်-

"နင် ငါ့ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို မသိသေးဘူးလား? ငါပထမနှစ်မှာ အတန်းခေါင်းဆောင်ကို ဖွင့်ပြောတုန်းက အငြင်းခံရတာရယ်၊ ဒုတိယနှစ်မှာ ယဉ်ကျေးမှု ကော်မတီ‌ခေါင်းဆောင်ကို ဖွင့်ပြောတုန်းက အငြင်းခံရတာရယ်၊ ငါတတိယနှစ်မှာ...ဘယ်သူ့ကို ဖွင့်ပြောခဲ့တာပါလိမ့်? ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ငြင်းကြတာပါပဲ ပြီးတော့ ငါ အလယ်တန်းပထမနှစ်မှာတုန်းက ပန်ကောင်းနဲ့ တော်တော်လေး အဆင်ပြေခဲ့တာ ငါသူ့ကို ကြိုက်တယ်လို့လည်း ပြောလိုက်ရော နောက်နေ့တွေ ငါ့ကို စကားဆက်မပြောတော့ဘူး… ပြီးတော့ ငါ အထက်တန်း တတိယနှစ်မှာတုန်းက......နောက်ပြီး ငါတက္ကသိုလ်ဒုတိယနှစ်မှာတုန်းက......"

ထန်းမီ : "...."

သူမ ထိုအဖြစ်အပျက်များအား သိပြီးသားဖြစ်သော်လည်း ဒီလိုတစ်ဆက်တည်း စီလိုက်တော့ တကယ်ကို ကြေကွဲဖွယ် ကောင်းလွန်းနေသလိုပင်။

"နင် အဖြေရှာမရရင် ဒီလူကိုသွားတွေ့ပြီး ပြောပြလိုက်"

ဖုရှင်း : "....."

သူမ ကတ်အားယူလိုက်ပြီး အိတ်ထဲသို့ ပစ်ထည့်လိုက်လေ၏။ ထို့နောက် နှာခေါင်းအား ပွတ်သပ်ပြီး ထန်းမီအား မျက်နှာချင်းဆိုင်ကာ-

"နင် ငါ့ကိုတကယ် ဂရုစိုက်တယ်ဆိုရင် စီအီးအိုယွီနဲ့ 'အင်တာဗျူး' ကို တကယ်ရအောင် လုပ်ပေးစမ်းပါဟာ ငါသာ သူ့ကို တွေ့ခွင့်ရရင် နောက် 'ရာထူးတိုးဖို့' က မိနစ်နည်းနည်းပဲ လိုတော့မှာ!"

ထန်းမီ နှုတ်ခမ်းအား ကိုက်လိုက်မိတော့၏။

"ငါ သူ့ကို နေ့တိုင်း‌တွေ့ရတယ်လို့ ထင်လို့လား?"

ဖုရှင်း မျက်တောင်အား တဖျတ်ဖျတ်ခတ်လိုက်ကာ အကင်တုတ်အား ချလိုက်ပြီး…

"အားယိုး ထန်းထန်း ငါ ဘာလို့နင်ပြောတဲ့ပုံက တစ်ခုခုဖြစ်နေတယ်လို့ ခံစားနေရတာလဲ? မိန်းမတစ်‌ယောက်က သူ့ယောက်ျား အိမ်ပြန်မလာလို့ ညည်းညူ နေသလိုမျိုးပဲ?"

သူမ၏စကားသည် ထန်းမီမျက်နှာအား နီရဲသွားစေခဲ့သည်။ သူမ ချက်ချင်းပင် စားပွဲအောက်ကနေ ဖုရှင်းအား ကန်ပစ်လိုက်၏။

"ဖုရှင်း နင်အရှက်မရှိဘူးလား?!"

ဖုရှင်း ရယ်လျက်…

"ဘာကို ရှက်ရမှာလဲ? နင် အရှက်မရှိတာ မဟုတ်ရင် ပြီးရောလေ"

ထန်းမီ သူမအား စူးဝါးစွာ စိုက်ကြည့်လိုက်ကာ တုတ်ထိုးထားသည့် အသားတွေအကုန်လုံးကို ယူပြီး လျှာဖြင့် ကောက် လျက်လိုက်လေတော့သည်။

ဖုရှင်း : "..."

နောက်နေ့ ထန်းမီ အလုပ်သွားချိန်တွင် စားသောက်ဆိုင်မန်နေဂျာ ရုံးခန်းသို့ ဆင့်ခေါ်ခံလိုက်ရ၏။ သူမ နှလုံးသည် စိုးရိမ်စိတ်များကြောင့် တဒုတ်ဒုတ် ခုန်နေခဲ့သည်။ မန်‌နေဂျာသည် သူမအား မျက်နှာချင်းဆိုင်ခုံတွင် ထိုင်ခိုင်းလိုက်ပြီးနောက် စာရွက်စာတမ်းတစ်ချို့ပေးလာ၏။

"လာမယ့်အပတ် ဗဟိုပြခန်းမှာ မုန့်ပြပွဲကျင်းပလိမ့်မယ် ရုံးချုပ်က ငါတို့စားသောက်ဆိုင်က ဖွင့်ကာစမို့လို့ ဒီအခွင့်အရေးကို အသုံးချပြီး ဆိုင်ကိုလူသိများအောင် လုပ်စေချင်နေတာ ဒီတော့ ငါတို့မင်းကို ကိုယ်စားလှယ်လွှတ်ဖို့ ဆုံးဖြတ်ထားတယ်။"

ထန်းမီ တွေဝေရင်း သူမကို စိုက်ကြည့်လိုက်တော့သည်။

"ဒါပေါ့ ယွီကျီရဲ့ တခြားဆိုင်တွေကလည်း သူတို့မုန့်တွေကိုပို့လိမ့်မယ်။ ဒါပေမယ့် မုန့်ဖုတ်ဆရာတွေတော့ ပေါ်လာမှာမဟုတ်ဘူး။ ငါမင်းကိုပေးလိုက်တဲ့ စာရွက်ကမုန့်စာရင်းပဲ။ ငါတို့စားသောက်ဆိုင်က အဲဒီထဲက အများစုကိုလုပ်ရမယ်။ မင်းရဲ့ခွင့်ရက်ကို အဲတာပြီးတဲ့အထိ ပေးထားတယ်။ တစ်ခြားဘာပြောချင်သေးလဲ?"

"မရှိ… မရှိပါဘူး!"

ထန်းမီ တော်တော်လေး ဆွံ့အသွားရတော့သည်။ သူမ အရင်ကအေမြို့ရဲ့ မုန့်ပြပွဲကို မုန့်စားတဲ့သူအနေဖြင့်သာ တက်ရောက်ခဲ့ဖူး၏။ မျက်စိကျိန်းလောက်အောင် ခင်းကျင်းထားတဲ့ ကိတ်မုန့်များအား သူမ နက်ရိူင်းလှတဲ့အားကျမှုများ ဖြစ်ခဲ့ရကာ ကံကောင်းချင်တော့ နာမည်ကြီး မုန့်ဖုတ်ဆရာတွေနှင့်ပါ တွေ့ခွင့်ခဲ့ရသည်။ သူမ မထင်ထားခဲ့တာကတော့ နှစ်အနည်းငယ်ကြာပြီးနောက် ထိုပြပွဲမှာပါဝင်ဖို့ အခွင့်အရေးပေးခံရလိမ့်မည်ဟုပင်။

မန်နေဂျာပြုံးရင်း သူမအား နှုတ်ဆက်စကား ဆိုလိုက်လေ၏။

ထန်းမီရဲ့ နှလုံးသားထဲတွင် မီးတောက်တစ်ခု ဟုန်းခနဲတောက်လောင်လာကာ ထိုမီးတောက်သည် အရမ်းပူပြင်းပြီး တောက်ပနေလေတော့သည်။

"စိတ်ချပါ မန်နေဂျာ ကျွန်မကောင်းကောင်းလုပ်ပါ့မယ်!"

__________________________________________

စာရေးသူမှာ ပြောစရာရှိပါတယ် :

ထန်းထန်း( 糖糖)ဆိုတဲ့ 'ထန်း' က ထန်းမီ (唐蜜 )က 'ထန်း' နှင့် မတူပါဘူး။

唐 က မျိုးရိုးနာမည်ဖြစ်ပြီး 糖 က အချို/ သကြား / သကြားလုံး လို့ အဓိပ္ပာယ်ရပါတယ်။

__________________________________________

All Chapters